[Zawgyi]
Proton Battery ဆိုတာဘာလဲ
Ref: Engadget
Min Than Htike (Akhayar)
www.akhayar.com
[Unicode]
အခုသင်သုံးနေတဲ့ Phone ၊ Tablet ၊ Laptop ထဲကပါတဲ့ Battery တွေက Lithium Ion Battery တွေကိုသင်ရင်းနှီးမှာပါ။ Li-ion Battery တွေကအားအများကြီးမသိုလှောင်နိုင်တာ၊ ရာသီဥတု၊ အပူချိန် စတာတွေအပေါ်မှာအများကြီးသက်ရောက်ပြောင်းလဲတာကြောင့် Battery နည်းပညာအသစ်ကိုရှာဖွေဖန်တီးနေကြတဲ့အဖွဲ့အစည်းတွေအများကြီးရှိနေပါတယ်။
Australia နိုင်ငံ Melbourne မှာရှိတဲ့ RMIT တက္ကသိုလ်မှာ Research Team တစ်ခုက ပြန်လည်အားသွင်းနိုင်တဲ့ Proton Battery ကိုဖန်တီးနိုင်ခဲ့ပါတယ်။ Proton Battery ကိုဖန်တီးရတဲ့ရည်ရွယ်ချက်ကတော့ Li-ion Battery တွေကရှားပါးတဲ့ကုန်ကြမ်းတွေအပေါ်မှီခိုနေတာကြောင့် အချိန်အတိုင်းအတာတစ်ခုထိပဲ ရှိနေမှာဖြစ်တာကြောင့်ပါ။ Battery နည်းပညာအသစ်ကလိုကိုလိုအပ်နေတာကြာပါပြီ။ Proton Battery တွေကတော့ Carbon ကိုအဓိကကုန်ကြမ်းအဖြစ်အသုံးပြုတာကြောင့် Lithium လိုမျိုးရှားပါးတဲ့ ကုန်ကြမ်းမဟုတ်တာက အားသာချက်တစ်ခုပါ။
အခုလက်ရှိစမ်းသပ်အောင်မြင်သွားတဲ့ Proton Battery လေးကတော့ စမ်းသပ်အဆင့်မှာပဲရှိနေသေးပေမယ့် နောက် ၅ နှစ်အတွင်းမှာတွင်ကျယ်စွာသုံးလာနိုင်မယ်လို့မေ ျှာ်မှန်းထားကြောင်းပြောကြားခဲ့ပါတယ်။ Proton Battery တွေက Li-ion တွေထက် အားသိုလှောင်နိုင်စွမ်းနဲ့ သက်တမ်းကြာချိန်တွေအတွက်စမ်းသပ်မှုတွေဆက်လုပ်ဖို့လိုအပ်နေသေးတာကြောင့် Li-ion နဲ့တော့လောလောဆယ်ယှဉ်ပြောလို့မရသေးပါဘူး။ အနာဂတ်မှာ Li-ion တွေနေရာကိုအစားထိုးလာနိုင်ရင်တော့ ကြီးမားတဲ့ပြောင်းလဲမှုတွေအများကြီးဖြစ်လာဦးမှာအသေအခြာပါပဲ။
Ref: Engadget
Min Than Htike (Akhayar)
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။