[Zawgyi]

MicroLED ဆိုတာဘာလဲ၊ OLED နဲ႔ဘယ္ေလာက္ကြာလဲ

OLED TV ေတြကိုသင္ရင္းႏွီးမွာပါ။ LCD TV ေတြထက္ပိုၾကည့္လို႔ေကာင္းတယ္ဆိုတာလည္းသင္သတိထားမိမွာပါ။ OLED ေတြကေတာ့ အေရာင္တစ္ခုခ်င္းဆီကိုတိတိက်က်ထုတ္ေပးႏိုင္တာေၾကာင့္ LCD Display ေတြထက္ပိုေတာက္ပတဲ့အေရာင္ေတြကိုျပေပးႏုိင္တာပဲျဖစ္ပါတယ္။ OLED Display ေတြကပါးလြာၿပီးထုတ္လုပ္မႈစရိတ္နည္းပါးပါတယ္။

MicroLED ဆိုတာကေတာ့ OLED ေတြနဲ႔နည္းပညာအမ်ားႀကီးမကြာပါဘူး။ MicroLED ေတြကိုစတင္ဖို႔အေျခခံတာကေတာ့ သာမန္ LED Display နည္းပညာကိုပဲအေျခခံပါတယ္။ Red ၊ Green ၊ Blue ဆိုတဲ့အေရာင္သံုးမ်ိဳးကို မီးလံုးတစ္ခုစီစီထည့္ထားတဲ့ အခ်ပ္ႀကီးေတြပါပဲ။ သာမန္ LED Display ေတြရဲ႕ LED မီးလံုးေတြထက္ MicroLED မွာပါတဲ့ LED မီးလံုးေလးေတြကပိုေသးပါတယ္။ MicroLED မီးတစ္လံုးရဲ႕အရြယ္အစားက ဆံပင္တစ္ေခ်ာင္းရဲ႕လံုးပတ္ထက္ကိုေသးပါတယ္။ MicroLED ေတြနဲ႔ OLED ေတြကထုတ္လုပ္တဲ့ကုန္ၾကမ္းအနည္းငယ္ႏွင့္ နည္းပညာအနည္းငယ္ပဲကြဲျပားတာပဲျဖစ္ပါတယ္။ MicroLED Screen ေတြကိုထုတ္လုပ္တဲ့အခ်ိန္မွာခက္ခဲတာကေတာ့ LED ေတြအမ်ားႀကီးကို စီထည့္တဲ့အပိုင္းပဲျဖစ္ပါတယ္။ LED ေလးေတြကေသးငယ္လြန္းတာေၾကာင့္ ထုတ္လုပ္မႈပိုင္းမွာအခ်ိန္တစ္ခုေပးရတာမ်ိဳးရွိပါတယ္။

MicroLED ေတြက OLED ေတြထက္ပိုေကာင္းတဲ့အခ်က္ေတြကေတာ့ OLED ေတြထက္ ပိုသက္တမ္းၾကာရွည္ခံတာနဲ႔ OLED Display ေတြထက္ပိုပါးေအာင္လုပ္ႏိုင္တာ၊ Brightness ပိုမ်ားတာပဲျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ထုတ္လုပ္မႈအတြက္အခက္အခဲေတြရွိေနေသးတာေၾကာင့္ အမ်ားအျပားေတြ႔ႏိုင္မွာမဟုတ္ေသးပါဘူး။ MicroLED ေတြက OLED ေတြထက္ ေစ်းေလးဆေလာက္ပိုမ်ားႏိုင္ပါတယ။္ Samsung ကေတာ့ The WALL ဆိုတဲ့ MicroLED TV ႀကီးကိုမၾကာေသးခင္ကပဲပြဲထုတ္ထားပါေသးတယ္။ Apple ကလည္း Apple Watch နဲ႔ iPhone ေတြမွာအသံုးျပဳဖို႔အတြက္ MicroLED ေတြအတြက္ကုိယ္ပိုင္နည္းပညာအသစ္ကိုဖန္တီးေနပါၿပီ။ 2020 ေနာက္ပိုင္းေလာက္ကစလို႔ Smartphone ေလာကထဲမွာေျပာင္းလဲမႈေတြအမ်ားႀကီးေတြ႔ရဦးမွာပဲျဖစ္ပါတယ္။

 

Ref: WccfTech

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

MicroLED ဆိုတာဘာလဲ၊ OLED နဲ့ဘယ်လောက်ကွာလဲ

OLED TV တွေကိုသင်ရင်းနှီးမှာပါ။ LCD TV တွေထက်ပိုကြည့်လို့ကောင်းတယ်ဆိုတာလည်းသင်သတိထားမိမှာပါ။ OLED တွေကတော့ အရောင်တစ်ခုချင်းဆီကိုတိတိကျကျထုတ်ပေးနိုင်တာကြောင့် LCD Display တွေထက်ပိုတောက်ပတဲ့အရောင်တွေကိုပြပေးနိုင်တာပဲဖြစ်ပါတယ်။ OLED Display တွေကပါးလွာပြီးထုတ်လုပ်မှုစရိတ်နည်းပါးပါတယ်။

MicroLED ဆိုတာကတော့ OLED တွေနဲ့နည်းပညာအများကြီးမကွာပါဘူး။ MicroLED တွေကိုစတင်ဖို့အခြေခံတာကတော့ သာမန် LED Display နည်းပညာကိုပဲအခြေခံပါတယ်။ Red ၊ Green ၊ Blue ဆိုတဲ့အရောင်သုံးမျိုးကို မီးလုံးတစ်ခုစီစီထည့်ထားတဲ့ အချပ်ကြီးတွေပါပဲ။ သာမန် LED Display တွေရဲ့ LED မီးလုံးတွေထက် MicroLED မှာပါတဲ့ LED မီးလုံးလေးတွေကပိုသေးပါတယ်။ MicroLED မီးတစ်လုံးရဲ့အရွယ်အစားက ဆံပင်တစ်ချောင်းရဲ့လုံးပတ်ထက်ကိုသေးပါတယ်။ MicroLED တွေနဲ့ OLED တွေကထုတ်လုပ်တဲ့ကုန်ကြမ်းအနည်းငယ်နှင့် နည်းပညာအနည်းငယ်ပဲကွဲပြားတာပဲဖြစ်ပါတယ်။ MicroLED Screen တွေကိုထုတ်လုပ်တဲ့အချိန်မှာခက်ခဲတာကတော့ LED တွေအများကြီးကို စီထည့်တဲ့အပိုင်းပဲဖြစ်ပါတယ်။ LED လေးတွေကသေးငယ်လွန်းတာကြောင့် ထုတ်လုပ်မှုပိုင်းမှာအချိန်တစ်ခုပေးရတာမျိုးရှိပါတယ်။

MicroLED တွေက OLED တွေထက်ပိုကောင်းတဲ့အချက်တွေကတော့ OLED တွေထက် ပိုသက်တမ်းကြာရှည်ခံတာနဲ့ OLED Display တွေထက်ပိုပါးအောင်လုပ်နိုင်တာ၊ Brightness ပိုများတာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ထုတ်လုပ်မှုအတွက်အခက်အခဲတွေရှိနေသေးတာကြောင့် အများအပြားတွေ့နိုင်မှာမဟုတ်သေးပါဘူး။ MicroLED တွေက OLED တွေထက် ဈေးလေးဆလောက်ပိုများနိုင်ပါတယ။် Samsung ကတော့ The WALL ဆိုတဲ့ MicroLED TV ကြီးကိုမကြာသေးခင်ကပဲပွဲထုတ်ထားပါသေးတယ်။ Apple ကလည်း Apple Watch နဲ့ iPhone တွေမှာအသုံးပြုဖို့အတွက် MicroLED တွေအတွက်ကိုယ်ပိုင်နည်းပညာအသစ်ကိုဖန်တီးနေပါပြီ။ 2020 နောက်ပိုင်းလောက်ကစလို့ Smartphone လောကထဲမှာပြောင်းလဲမှုတွေအများကြီးတွေ့ရဦးမှာပဲဖြစ်ပါတယ်။

 

Ref: WccfTech

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။