[Zawgyi]
Ref: Bloomberg
Min Than Htike (Akhayar)
www.akhayar.com
[Unicode]
Apple ရဲ့ Spaceship Campus အသစ်ကြီးမှာဘာတွေဖြစ်နေလဲ
Apple က Spaceship Campus ကိုအသေးစိတ် Design ဆွဲပြီးတည်ဆောက်ခဲ့တာပါ။ Architecture နယ်ပယ်ထဲမှာ လူတစ်ကာထည့်ပြောဖြစ်မယ့် အဆောက်အဦးကြီးတစ်ခုပါ။ Apple အသုံးအများဆုံးဖြစ်တဲ့ Continous Glass Design နဲ့ပဲ Glass တွေကို စီထားတာဖြစ်ပါတယ်။ Glass ကိုသုံးရတဲ့ရည်ရွယ်ချက်က သဘာဝအလင်းရောင်ပဲအသုံးပြုပြီး စွမ်းအင်ချွေတာရန်နှင့် လုပ်ငန်းခွင်လွတ်လပ်မှုကိုရရှိစေဖို့ဖြစ်ပါတယ်။
Apple က Spaceship Campus ကိုစက်ဝိုင်းပုံတစ်ဆက်တည်းတည်ဆောက်ဖို့က Steve Jobs ရဲ့စိတ်ကူးပါ။ Steve Jobs က မြင်သာတဲ့ဆက်ကြောင်းတွေ၊ အဟတွေ နဲ့ ဆေးသုတ်စုတ်တံအရာတွေကိုပါမမြင်ရတဲ့ ပြီးပြည့်စုံမှုကိုလိုချင်တာပါ။ အထဲမှာသုံးထားတဲ့ ပရိဘောဂတွေအားလုံးအတွက် မေပယ် (Maple) သားတစ်မျိုးတည်းကိုပဲသုံးထားတာဖြစ်ပါတယ်။ Campus အဆောက်အဦးပတ်လည်နံရံတွေကို ၄၅ ပေမြင့်တဲ့ ဖန်ချပ်ကြီးတွေကိုသာ အဓိကထားအသုံးပြုထားတာပဲဖြစ်ပါတယ်။ အတွင်းမှာလည်း လုပ်ငန်းခွင်ဧရိယာအားလုံးနီးပါးကို ဖန်ချပ်တွေသာအသုံးပြုထားတာပါ။
Apple Campus အသစ်ထဲမှာ ဝန်ထမ်းတွေက လက်ထဲမှာ iPhone သုံးရင်းလမ်းလေ ျှာက်ဖြစ်ကြတော့ ဖန်ချပ်တွေ၊ ဖန်တံခါးတွေကို မကြာခဏဝင်တိုက်မိကြပါတယ်။ လမ်းလေ ျှာက်လာရင် မြင်သာစေဖို့ဝန်ထမ်းအချို့က ဖန်တံခါးချပ်တွေမှာ Post-It Note တွေကပ်ထားကြပါတယ်။ အဆောက်အဦး Design ကိုအနှောက်အယှက်ဖြစ်စေတဲ့အတွက် သိပ်မကြာခင်မှာပဲ ကပ်ထားတဲ့ Note တွေဖယ်ရှားခံခဲ့ရပါတယ်။ ဖုန်းသုံးရင်းဖြစ်တာကြောင့် ဂရုတစ်စိုက်သွားရင် မြင်ရပါတယ်။ နောက်ပိုင်းမှာတော့ သိပ်ပြဿနာရှိတော့မှာမဟုတ်ပါဘူး။
Spaceship Campus ကို ဝန်ထမ်းပေါင်း ၁၃၀၀၀ ဆန့်အောင် Design ဆွဲထားတာဖြစ်ပါတယ်။ လူအများကြီးအတွက် Workspace အများကြီးမှာ ဖန်ချပ်တွေသုံးထားတာမှာ ပြဿနာအချို့ရှိခဲ့ပေမယ့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးစည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်ခဲ့တာမျိုးမရှိခဲ့ဘူးလို့သိရပါတယ်။ ဖန်ချပ်တွေကိုတိုက်မိပြီး အပြင်းအထန်ဒဏ်ရာရတဲ့ဝန်ထမ်းမရှိခဲ့ပါဘူး။
Ref: Bloomberg
Min Than Htike (Akhayar)
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။