[Zawgyi]

ကိတ္မစ္ဒယ္တန္ (Kate Middleton) ဘယ္ေလာက္ ၾကြယ္ဝသလဲ

ကိန္းဘရစ္ၿမိဳ႕စားကေတာ္ (Duchess of Cambridge) ျဖစ္တဲ့ ကိတ္မစ္ဒယ္တန္ (Kate Middleton) ရဲ႕ၾကြယ္ဝမႈကုိ စိတ္ဝင္စားၾကပါတယ္။ ဒါဟာ ဒုတိယေျမာက္ နန္းေမြဆက္ခံမယ့္ ကိန္းဘရစ္ၿမိဳ႕စား မင္းသားဝီလ်ွံ (Prince William) ရဲ႕ ၾကင္ယာေတာ္ျဖစ္တဲ့အတြက္ ထင္ေပၚေက်ာ္ၾကားမႈေၾကာင့္လည္း ဆုိႏုိင္ပါတယ္။

ကိတ္မစ္ဒယ္တန္ (Kate Middleton)

ကိတ္မစ္ဒယ္တန္ (Kate Middleton)

ဒါေပမယ့္ ‘ကိတ္မစ္ဒယ္တန္’ ဟာ ေတာ္ဝင္မင္းသားနဲ႔ လက္မထပ္ခင္ကတည္းက ခ်မ္းသာၿပီးသားပါ။ ‘ကိတ္’ တုိ႔ မိဘႏွစ္ပါးက ‘Party Pieces’ ဆုိတဲ့ ကုမၸဏီတစ္ခုကုိ ေထာင္ထားခဲ့တယ္။ ၾကြယ္ဝမႈကလည္း ေပါင္သန္း (၅ဝ) နီးပါး ရွိျပန္တယ္။ မိဘႏွစ္ပါးဟာ ေပါင္ (၁) သန္းေက်ာ္တန္တဲ့ တုိက္ခန္းကုိေတာင္ သူမအတြက္ လန္ဒန္ၿမိဳ႕မွာ ဝယ္ေပးထားခဲ့ပါတယ္။

ကိတ္မစ္ဒယ္တန္ (Kate Middleton)

ကိတ္မစ္ဒယ္တန္ (Kate Middleton)

‘ကိတ္မစ္ဒယ္တန္’ ကုိယ္တုိင္က ေတာ္ဝင္မင္းသားနဲ႔ လက္မထပ္ခင္အထိ သူ႕မိသားစုရဲ႕ကုမၸဏီမွာ ဝင္လုပ္ခဲ့တာ။ ၂ဝ၁၁ခုႏွစ္ ဧၿပီ (၂၉) ရက္ေန႔မွာ လက္ထပ္ၿပီးမွသာ ႔ ေတာ္ဝင္နန္းေတာ္ (Kensington Palace) မွာ ေနထုိင္တာျဖစ္ပါတယ္။ ေတာ္ဝင္မိသားစုမွာ ေနထုိင္တဲ့အခ်ိန္ကစၿပီး သူမရဲ႕ခရီးသြားစရိတ္၊ စားဝတ္ေနေရးနဲ႔ တျခားကုန္က်စရိတ္ေတြကုိ ေယာကၡမျဖစ္တဲ့ မင္းသားႀကီး ခ်ားလ္ (Prince Charles) ကပဲ အကုန္အက်ခံတာပါ။

မင္းသားဝီလ်ွံ (Prince William) နဲ႔ ကိတ္မစ္ဒယ္တန္ (Kate Middleton)

မင္းသားဝီလ်ွံ (Prince William) နဲ႔ ကိတ္မစ္ဒယ္တန္ (Kate Middleton)

ခရီးသြားတဲ့အခါမ်ိဳးမွာလည္း သက္ဆုိင္ရာႏုိင္ငံေတြက အကုန္အက်ခံတဲ့အတြက္ ပုိက္ဆံကုန္စရာ မလုိပါဘူး။ သူမရဲ႕အသားတင္ၾကြယ္ဝမႈကုိ ေတာ္ဝင္မိသားစုလြဲလုိ႔ ဘယ္သူမွ အတိအက်မသိေပမယ့္ နာမည္ေက်ာ္ပုဂၢိဳလ္ေတြရဲ႕ပုိင္ဆုိင္မႈကုိ တြက္ခ်က္တဲ့ Celebrity Net Worth ဝက္ဘ္ဆုိက္ကေတာ့ ေပါင္ ၇.၆ သန္း (ေဒၚလာ ၁ဝ သန္း) ရွိတယ္လုိ႔ ခန္႔မွန္းထားပါတယ္။

မင္းသားႀကီး ခ်ားလ္ (Prince Charles) နဲ႔ ဝီလ်ွံေမာင္ႏွံ

မင္းသားႀကီး ခ်ားလ္ (Prince Charles) နဲ႔ ဝီလ်ွံေမာင္ႏွံ

လက္ရွိ အဲလိဇဘက္ ဘုရင္မႀကီး (Queen Elizabeth II) ကြယ္လြန္သြားၿပီး လက္ရွိ ၿမိဳ႕စားမင္း (Duchy of Cornwall) ျဖစ္ေနတဲ့ မင္းသားႀကီး ‘ခ်ားလ္’ ဟာ ဘုရင္ျဖစ္လာတဲ့အခ်ိန္မွာ ‘ဝီလ်ံ’ ဟာ ၿမိဳ႕စားမင္းျဖစ္လာမွာပါ။ အဲဒီအခ်ိန္က်ရင္ သူမဟာ ပုိခ်မ္းသာလာမယ္လုိ႔ သုံးသပ္ရပါတယ္။ ေတာ္ဝင္မင္းသား ‘ဝီလ်ံ’ ဟာ ေပါင္ ၂၉.၆ သန္း (ေဒၚလာ ၄ဝ သန္း) ၾကြယ္ဝတယ္လုိ႔ သိရျပန္ပါတယ္။

အဲလိဇဘက္ ဘုရင္မႀကီး (Queen Elizabeth II) နဲ႔ ကိတ္မစ္ဒယ္တန္ (Kate Middleton)

အဲလိဇဘက္ ဘုရင္မႀကီး (Queen Elizabeth II) နဲ႔ ကိတ္မစ္ဒယ္တန္ (Kate Middleton)

ၿပီးေတာ့ ‘ကိတ္မစ္ဒယ္တန္’ ဝတ္ဆင္ထားတဲ့ ေစ့စပ္လက္စြပ္ရဲ႕တန္ဖုိးက ေပါင္ ၈၅,၇ဝဝနီးပါးရွိတာပါ။ (ဒီလက္စြပ္ဟာ မင္းသားႀကီးခ်ားလ္နဲ႔ ေစ့စပ္တုန္းက ဒုိင္ယာနာ (Diana) ဝတ္ဆင္ခဲ့တာပါ။) ဒါနဲ႔ ဘုရင္မႀကီး ‘အဲလိဇဘက္’ ကေတာ့ ေပါင္ ၄၂ဝ သန္း (ေဒၚလာ ၅၅ဝ သန္း) ၾကြယ္ဝမယ္လုိ႔ Forbes မဂၢဇင္းက ခန္႔မွန္းထားပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ကိတ်မစ်ဒယ်တန် (Kate Middleton) ဘယ်လောက် ကြွယ်ဝသလဲ

ကိန်းဘရစ်မြို့စားကတော် (Duchess of Cambridge) ဖြစ်တဲ့ ကိတ်မစ်ဒယ်တန် (Kate Middleton) ရဲ့ကြွယ်ဝမှုကို စိတ်ဝင်စားကြပါတယ်။ ဒါဟာ ဒုတိယမြောက် နန်းမွေဆက်ခံမယ့် ကိန်းဘရစ်မြို့စား မင်းသားဝီလျှံ (Prince William) ရဲ့ ကြင်ယာတော်ဖြစ်တဲ့အတွက် ထင်ပေါ်ကျော်ကြားမှုကြောင့်လည်း ဆိုနိုင်ပါတယ်။

ကိတ်မစ်ဒယ်တန် (Kate Middleton)

ကိတ်မစ်ဒယ်တန် (Kate Middleton)

ဒါပေမယ့် ‘ကိတ်မစ်ဒယ်တန်’ ဟာ တော်ဝင်မင်းသားနဲ့ လက်မထပ်ခင်ကတည်းက ချမ်းသာပြီးသားပါ။ ‘ကိတ်’ တို့ မိဘနှစ်ပါးက ‘Party Pieces’ ဆိုတဲ့ ကုမ္ပဏီတစ်ခုကို ထောင်ထားခဲ့တယ်။ ကြွယ်ဝမှုကလည်း ပေါင်သန်း (၅ဝ) နီးပါး ရှိပြန်တယ်။ မိဘနှစ်ပါးဟာ ပေါင် (၁) သန်းကျော်တန်တဲ့ တိုက်ခန်းကိုတောင် သူမအတွက် လန်ဒန်မြို့မှာ ဝယ်ပေးထားခဲ့ပါတယ်။

ကိတ်မစ်ဒယ်တန် (Kate Middleton)

ကိတ်မစ်ဒယ်တန် (Kate Middleton)

‘ကိတ်မစ်ဒယ်တန်’ ကိုယ်တိုင်က တော်ဝင်မင်းသားနဲ့ လက်မထပ်ခင်အထိ သူ့မိသားစုရဲ့ကုမ္ပဏီမှာ ဝင်လုပ်ခဲ့တာ။ ၂ဝ၁၁ခုနှစ် ဧပြီ (၂၉) ရက်နေ့မှာ လက်ထပ်ပြီးမှသာ့ တော်ဝင်နန်းတော် (Kensington Palace) မှာ နေထိုင်တာဖြစ်ပါတယ်။ တော်ဝင်မိသားစုမှာ နေထိုင်တဲ့အချိန်ကစပြီး သူမရဲ့ခရီးသွားစရိတ်၊ စားဝတ်နေရေးနဲ့ တခြားကုန်ကျစရိတ်တွေကို ယောက္ခမဖြစ်တဲ့ မင်းသားကြီး ချားလ် (Prince Charles) ကပဲ အကုန်အကျခံတာပါ။

မင်းသားဝီလျှံ (Prince William) နဲ့ ကိတ်မစ်ဒယ်တန် (Kate Middleton)

မင်းသားဝီလျှံ (Prince William) နဲ့ ကိတ်မစ်ဒယ်တန် (Kate Middleton)

ခရီးသွားတဲ့အခါမျိုးမှာလည်း သက်ဆိုင်ရာနိုင်ငံတွေက အကုန်အကျခံတဲ့အတွက် ပိုက်ဆံကုန်စရာ မလိုပါဘူး။ သူမရဲ့အသားတင်ကြွယ်ဝမှုကို တော်ဝင်မိသားစုလွဲလို့ ဘယ်သူမှ အတိအကျမသိပေမယ့် နာမည်ကျော်ပုဂ္ဂိုလ်တွေရဲ့ပိုင်ဆိုင်မှုကို တွက်ချက်တဲ့ Celebrity Net Worth ဝက်ဘ်ဆိုက်ကတော့ ပေါင် ၇.၆ သန်း (ဒေါ်လာ ၁ဝ သန်း) ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

မင်းသားကြီး ချားလ် (Prince Charles) နဲ့ ဝီလျှံမောင်နှံ

မင်းသားကြီး ချားလ် (Prince Charles) နဲ့ ဝီလျှံမောင်နှံ

လက်ရှိ အဲလိဇဘက် ဘုရင်မကြီး (Queen Elizabeth II) ကွယ်လွန်သွားပြီး လက်ရှိ မြို့စားမင်း (Duchy of Cornwall) ဖြစ်နေတဲ့ မင်းသားကြီး ‘ချားလ်’ ဟာ ဘုရင်ဖြစ်လာတဲ့အချိန်မှာ ‘ဝီလျံ’ ဟာ မြို့စားမင်းဖြစ်လာမှာပါ။ အဲဒီအချိန်ကျရင် သူမဟာ ပိုချမ်းသာလာမယ်လို့ သုံးသပ်ရပါတယ်။ တော်ဝင်မင်းသား ‘ဝီလျံ’ ဟာ ပေါင် ၂၉.၆ သန်း (ဒေါ်လာ ၄ဝ သန်း) ကြွယ်ဝတယ်လို့ သိရပြန်ပါတယ်။

အဲလိဇဘက် ဘုရင်မကြီး (Queen Elizabeth II) နဲ့ ကိတ်မစ်ဒယ်တန် (Kate Middleton)

အဲလိဇဘက် ဘုရင်မကြီး (Queen Elizabeth II) နဲ့ ကိတ်မစ်ဒယ်တန် (Kate Middleton)

ပြီးတော့ ‘ကိတ်မစ်ဒယ်တန်’ ဝတ်ဆင်ထားတဲ့ စေ့စပ်လက်စွပ်ရဲ့တန်ဖိုးက ပေါင် ၈၅,၇ဝဝနီးပါးရှိတာပါ။ (ဒီလက်စွပ်ဟာ မင်းသားကြီးချားလ်နဲ့ စေ့စပ်တုန်းက ဒိုင်ယာနာ (Diana) ဝတ်ဆင်ခဲ့တာပါ။) ဒါနဲ့ ဘုရင်မကြီး ‘အဲလိဇဘက်’ ကတော့ ပေါင် ၄၂ဝ သန်း (ဒေါ်လာ ၅၅ဝ သန်း) ကြွယ်ဝမယ်လို့ Forbes မဂ္ဂဇင်းက ခန့်မှန်းထားပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။