ခ်စ္ရမွာ ေၾကာက္ေနသူေတြ ဒီကမာၻမွာ တကယ္ရွိတယ္

[Zawgyi]

ခ်စ္ရမွာ ေၾကာက္ေနသူေတြ ဒီကမာၻမွာ တကယ္ရွိတယ္

လူေတာ္ေတာ္မ်ားမ်ားအတြက္ ရည္းစားထားတယ္ဆိုတာ လြယ္ကူတဲ့အရာပါပဲ၊ အရမ္းၾကီးစဥ္းစားေနစရာမလိုဘဲ ေန႔စဥ္အသက္ရႈေနသလို၊ နိစၥဓူဝကိစၥေတြ ျပဳလုပ္ေနသလိုကို သဘာဝက်က် ျပဳလုပ္ေနၾကတဲ့အရာပါ။

ဒါေပမယ့္ ဒါေပမယ့္ေပ့ါေလ…တခ်ိဳ႕တခ်ိဳ႕ေတြ အတြက္က်ေတာ့ ရည္းစားထားတယ္ဆိုတာ ခက္ခဲပါတယ္၊ သူတို႔အတြက္ကေတာ့ ရည္းစားထားရတယ္ဆိုတာ ဘဝအတြက္ အခက္အခဲတစ္ခုခုကို ရင္ဆုိင္ေျဖရွင္းရသလိုပါပဲ၊စုိးရိမ္ပူပန္မႈေတြ၊ ေသာကေတြ၊ ဗ်ာပါဒေပြလို႔။ ဒီလို ျဖစ္ေနတာမ်ိဳး ခံစားရျပီဆုိရင္ ခင္ဗ်ားတစ္ေယာက္တည္း ျဖစ္တာမဟုတ္ဘူးလို႔ အရင္မွတ္ပါေနာ္။ ဒီလိုမ်ိဳးကို “Commitment Phobia”  ျမန္မာလို နားလည္လြယ္ေအာင္ရုိးရုိးရွင္းရွင္းေျပာရရင္ေတာ့ ခ်ည္ေႏွာင္ရမွာ၊ ခ်ည္ေႏွာင္ခံရမွာ၊ ကတိကဝတ္ထားရမွာေတြ ေၾကာက္ျခင္းပါပဲ။

ရည္းစားျဖစ္လာျပီဆုိရင္ အျပန္အလွန္ကတိကဝတ္ေတြထားတာ၊ ခ်ည္ေႏွာင္မႈေလးေတြရွိလာတာ အဆန္းေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ တခ်ိဳ႕လူေတြအတြက္မွာေတာ့ ဒါကိုပဲ ေၾကာက္စရာလန္႔စရာထင္ေနတတ္ပါတယ္။ သူတို႔ရဲ့ အဓိက ျပႆနာက ခ်စ္ရမွာ ေၾကာက္တာ၊ အရမ္းခ်စ္သြားမွာ ေၾကာက္တာ၊ ရည္းစားျဖစ္ျပီးမွ ျပတ္သြားမွာ ေၾကာက္တာ၊ ေနာက္ဆံုး သူတို႔ကို ခ်ည္ေႏွာင္လာမွာ ေၾကာက္တာေတြလည္း ပါပါတယ္။

ဒီလကၡဏာမ်ိဳးဟာ လူတိုင္း က်ားမ မေရြး၊ အသက္အရြယ္မေရြးျဖစ္တတ္ျပီး သူတို႔ရဲ့ Dating လုပ္ပံုနဲ႔ ရည္းစားထားပံုေတြဟာလည္း သူမ်ားနဲ႔ မတူ ျခားနားတတ္ပါတယ္။ တခ်ိဳ႕က်ေတာ့ ရည္းစားထားျပီး တစ္ေယာက္ကို တစ္ေယာက္အေလးအနက္ျဖစ္မလာခင္ ျဖတ္လိုက္တာမ်ိဳး၊ တစ္လထက္ပိုျပီး မတြဲႏုိင္တာမ်ိဳးျဖစ္တတ္ပါတယ္။ ပိုနီးကပ္လာေလ၊ ပိုေၾကာက္လာေလျဖစ္ျပီး ေရွာင္ဖယ္ထြက္ေျပးခ်င္လာတာမ်ိဳးေပ့ါ။

ဘာလို႔ ဒီလုိေတြ ျဖစ္ရလဲ

ဒီလို ျဖစ္တတ္တဲ့သူေတြရဲ့ ေနာက္ခံအေၾကာင္းရင္းေတြကို ဆန္းစစ္ၾကည့္ရင္ ေၾကာက္ရေလာက္တဲ့ အေၾကာင္းအရာေတြရွိလို႔ကို ေၾကာက္တယ္လို႔ပဲ ေျပာရပါလိမ့္မယ္။ ဒီလို ျဖစ္လာေအာင္ ေစ့ေဆာ္ေပးတဲ့ ေနာက္ခံအေၾကာင္းအရင္းေတြနဲ႔ သူတုိ႔ရဲ့ စိတ္ခံစားမႈေတြကေတာ့…

  • ရညး္စားထားျပီးမွ ဆုိင္းမဆင့္ဗံုမဆင့္ ျပတ္သြားမွာစုိးတာ
  • သင့္ေတာ္တဲ့သူနဲ႔ မေတြ႔မွာစုိးတာ
  • ရည္းစားထားျပီးမွ တငိုငိုတရယ္ရယ္ျဖစ္ေနရမွာစိုးတာ (ဥပမာ ပစ္ထားခံရတာတို႔၊ ေဖာက္ျပန္သစၥာမဲ့ခံရမွာ၊ အႏုိင္က်င့္ခံရမွာတို႔ ၾကံဳရတာေၾကာင့္ေပါ့)
  • အရင္အတိတ္က ပတ္သက္ခဲ့ဖူးတဲ့ လူေတြေၾကာင့္ နာက်င္စရာအတိတ္ေတြရိွခဲ့ဖူးတာေၾကာင့္
  • ကေလးဘဝက စိတ္ဒဏ္ရာေတြ၊ အနုိင္က်င့္ေစာ္ကားခံရဖူးတာေတြေၾကာင့္
  • ကေလးတုန္းတည္းက မျပည့္ဝခဲ့တဲ့ အလိုဆႏၵေတြ၊ မၾကင္နာဂရုစိုက္မခံရတာေတြေၾကာင့္
  • အဆင္မေျပတဲ့၊ ျပႆနာေတြရွိတဲ့ မိသားစုၾကား ၾကီးျပင္းလာရေတြေၾကာင့္ ျဖစ္ပါတယ္။

ဒီလို ျဖစ္ေနတဲ့ သူေတြကို ခ်စ္မိရင္ေတာ့ စိတ္ရွည္ရွည္ထားရပါမယ္၊ သူတို႔ရဲ့ စိုးရိမ္မႈေတြ၊ ပူပန္မႈေတြ ေပ်ာက္ကြယ္သြားတဲ့အထိ စိတ္ရွည္ေပးတာ၊ ဂရုစုိက္ေပးတာ၊ အျမဲသတိထားဆက္ဆံေပးတာမ်ိဳးလုပ္ေပးမွ ေတာ္ကာက်တာပါ။ ေနာက္ထပ္ သတိခ်ပ္ရမွာကေတာ့ ဒီလိုလူမ်ိဳးေတြဟာ ခုေခတ္စားေနတဲ့ Silent လို႔ေခၚတဲ့ သူနဲ႔ ကုိယ္၊ ကိုယ္နဲ႔ သူႏွစ္ေယာက္တည္း သိတဲ့ ပတ္ဝန္းက်င္ကုိ မသိေစခ်င္တဲ့ ခ်စ္သူဘဝမ်ိဳးကို ဦးတည္သြားတတ္တယ္ဆိုတာပါ။

ဒီေတာ့ ကိုယ္ခ်စ္ေနတဲ့သူဟာ ဒီလုိ လူမ်ိဳး ဟုတ္မဟုတ္ ဘယ္လို သိႏုိင္မလဲ

၁။ သူတို႔ရဲ့ အရင္ကခ်စ္သူရည္းစားဘဝေတြဟာ အရမ္းအခ်ိန္တိုလြန္းခဲ့တာ၊ ပံုမွန္မဟုတ္ဘဲ ျပတ္စဲသြားရတဲ့လူမ်ိဳးေတြ

အရင္က ခံထားရဖူးေတာ့ တစ္ခါေသဖူး၊ ပ်ဥ္ဖိုးေရာ လက္သမားခပါ နားလည္သြားတဲ့အမ်ိဳးအစားေတြပါ။ ေရရွည္ရည္းစားထားဖို႔ မစဥ္းစားေတာ့သလို၊ သူတို႔ကို ေလးေလးနက္နက္ခ်ည္ေႏွာင္မယ္ၾကံတုိင္း ထြက္ေျပးတတ္တဲ့လူေတြေပ့ါ။

၂။ Date လုပ္ခ်ိန္းေတြ႔ဖို႔ ဘယ္ေတာ့မွ ကတိမေပးတတ္ဘူး

ရုတ္တရက္စိတ္ပါရင္ ထြက္လာေတြ႔ႏုိင္ေပမယ့္ ကိုယ့္ကို အခ်ိန္ေပးျပီး သီးသန္႔ခ်ိန္းေတြ႔တာမ်ိဳးေတြ သူတို႔က မလုပ္ခ်င္ပါဘူး။ ခ်ိန္းျပန္ရင္လည္း “လာခဲ့မယ္ေလ” ဆိုတာထက္ “ၾကည့္ေသးတာေပါ့”လို႔ ျပန္ေျပာတတ္သူေတြ

၃။ မေရရာ မေသခ်ာတဲ့ စကားလံုးအသံုးအႏႈန္းေတြပဲ သံုးတတ္တဲ့သူေတြ

Commitment Phobia ရွိမရွိ သူတို႔ ေျပာတဲ့ စကားေတြ နားေထာင္ရင္ကို လြယ္ပါတယ္၊ “ဟုတ္ရင္ဟုတ္မွာေပ့ါ” “မသိဘူးေလ” “ဘယ္ေျပာတတ္မလဲ” ဆိုတာေတြ တသီၾကီးသံုးေလ့ရွိပါတယ္။ အလုပ္ကေန အိမ္ကို ၅နာရီ ပံုမွန္ျပန္ေရာက္တတ္ရင္ေတာင္ “ဘယ္အခ်ိန္ေရာက္မလဲမသိဘူးေလ၊ ေရာက္ရင္ ဖုန္းဆက္လိုက္မယ္” လို႔ပဲ ဆင္ေဝွ႕ရန္ေရွာင္ေျဖတတ္သူေတြပါ။

၄။ သူတို႔ရဲ့ အခ်စ္ေရးကိစၥကို လၽွိဳ႕ဝွက္ထားခ်င္ၾကတယ္

တကယ္လို႔ ခင္ဗ်ားက သူတို႔လို လူမ်ိဳးနဲ႔ ရည္းစားျဖစ္ျပီဆုိရင္ေတာ့ လူၾကားထဲ ရည္းစားေတြလို သိသိသာသာေနထိုင္ရဖို႔ မလြယ္ပါဘူး။ တစ္ခါတေလ ကိုယ္က သူ႔ရဲ့ ရည္းစားလား၊ ဘာလား ဘာမွန္းမသိတဲ့ အေျခအေနမ်ိဳးေတာင္ ျဖစ္ေနတတ္ပါတယ္။

၅။ “ခ်စ္”ဆိုတဲ့ စကားလံုးကို အေၾကာက္အကန္ေရွာင္ပါတယ္

ဒီလို “Commitment Phobia” ရွိတဲ့သူေတြဟာ သူတို႔ရဲ့ ခံစားခ်က္ကို ထုတ္ျပဖို႔ တြန္႔ၾကပါတယ္။ တခ်ိဳ႕ဆို ေဖာ္ျပဖို႔ တြန္႔ရုံတင္မဟုတ္ဘဲ အဲဒီလို ခံစားခ်က္ေတြ ရွိမွာကိုပါ ေၾကာက္ၾကတာပါ။ ဒီေတာ့ သူတို႔ဆီက ခ်စ္တယ္ဆိုတာ ၾကားရဖို႔က ထီေပါက္သေလာက္ကို ခက္ဖို႔ ရွိတယ္။ ဒါငါ့ဘဲ၊ ငါ့ေစာ္လို႔ ေျပာတာေတြလည္း မၾကိဳက္ၾကဘူး။ မ႑ပ္တုိင္တက္ဖို႔ မေျပာနဲ႔၊ သူမ်ားေျပာလာရင္ေတာင္ အဓိပၸာယ္မရွိတဲ့ ဆင္ေျခေတြေပးျပီး ျငင္းမယ့္သူေတြပါ။

၆။ သူတို႔မွာ ရင္းရင္းႏွီးႏွီးေပါင္းလို႔ ရတဲ့ သူငယ္ခ်င္းအမ်ားၾကီးရွိမေနတတ္ဘူး

ထူးဆန္းတာ တစ္ခုက သူတို႔မွာ သူငယ္ခ်င္းအမ်ားၾကီး မရွိတာပါ၊ လူအေတာ္မ်ားမ်ားနဲ႔ သိေပမယ့္ ရင္းရင္းႏွီးႏွီးမရွိတတ္ဘူးဆိုတာမ်ိဳးေပါ့။ ဒီေတာ့ သူတို႔ရဲ့ အေၾကာင္းေပါင္းစံုကို ရင္ဖြင့္ရမယ့္သူမရွိဘဲ တစ္ေယာက္တည္း Psycho ေဖာက္ေနတတ္တယ္။

၇။ ခန္႔မွန္းရခက္တဲ့ သူမ်ိဳးေတြ

သူတို႔နဲ႔ ခ်စ္သူျဖစ္ေနရင္ေတာင္ သူတို႔ရဲ့ ဒီေန႔စိတ္ခံစားခ်က္က ဘယ္လိုဆိုတာကို ခန္႔မွန္းႏုိင္မွာမဟုတ္ပါဘူး။ ဒီေန႔ခ်ိဳခ်ိဳသာသာနဲ႔ ပံုမွန္အတုိင္းရွိေနေပမယ့္ ေနာက္ေန႔က် ေရွာင္ဖယ္ေရွာင္ဖယ္လုပ္ေနမွာပါ။ ဒီေတာ့ အျမဲအ့ံၾသေအာင္လုပ္မယ့္သူမ်ိဳးေတြပါ။

ဒီလိုလူေတြက ဘာေတြလုပ္သင့္လဲ

ကိုယ္ကိုယ္တိုင္ကလည္း ဒီလိုလူမ်ိဳး၊ ဒါမွမဟုတ္ကိုယ့္ခ်စ္သူက ဒီလိုလူမ်ိဳး ဆိုရင္ေတာ့ ဒါေလးေတြ လုပ္ၾကည့္ပါဦး။

  • ပစၥဳပၸန္ကို အာရုံစုိက္ပါ၊ အရွည္ၾကီး၊ အေဝးၾကီးေတြ မစဥ္းစားဘဲ လက္ရွိအခ်ိန္နဲ႔ ကုိယ့္ေရွ႕က လူကိုပဲ အေရးစိုက္ၾကည့္ပါ၊ အခုကစ ဘာေတြ ေကာင္းေအာင္ လုပ္လို႔ ရမလဲဆိုတာေပ့ါ။
  • ဘယ္သူမွ ျပီးျပည့္စံုတဲ့သူမရွိဘူးဆိုတာကို သိမွတ္လက္ခံပါ။
  • ကုိယ့္မိဘေၾကာင့္ ျဖစ္ေနရတာဆုိရင္လည္း သူတို႔နဲ႔ မတူေအာင္ ေနျပီး ျပႆနာကို အေျဖရွာလို႔ရပါတယ္။
  • တရားထုိင္ပါ၊ စိတ္ကေလးတည္ျငိမ္ေအာင္ လုပ္ဖို႔ပါပဲ။

ဒီကမာၻမွာ ခ်စ္ရမွာကို ေၾကာက္ေနတဲ့သူေတြေရာ၊ အဲဒီလို ေၾကာက္ေနတဲ့သူေတြကို ခ်စ္မိတဲ့သူေတြေရာ လြယ္တာေတြ မခက္ဘဲ အျမန္ဆံုး အဆင္ေျပပါေစလို႔ ဆႏၵျပဳရင္း…

ရိုးလူ (အခရာ)

www.akhayar.com

Ref : Psychology Today, Psychcentral.com, Visualizationworks.com

[Unicode]

ချစ်ရမှာ ကြောက်နေသူတွေ ဒီကမ္ဘာမှာ တကယ်ရှိတယ်

လူတော်တော်များများအတွက် ရည်းစားထားတယ်ဆိုတာ လွယ်ကူတဲ့အရာပါပဲ၊ အရမ်းကြီးစဉ်းစားနေစရာမလိုဘဲ နေ့စဉ်အသက်ရှုနေသလို၊ နိစ္စဓူဝကိစ္စတွေ ပြုလုပ်နေသလိုကို သဘာဝကျကျ ပြုလုပ်နေကြတဲ့အရာပါ။

ဒါပေမယ့် ဒါပေမယ့်ပေ့ါလေ…တချို့တချို့တွေ အတွက်ကျတော့ ရည်းစားထားတယ်ဆိုတာ ခက်ခဲပါတယ်၊ သူတို့အတွက်ကတော့ ရည်းစားထားရတယ်ဆိုတာ ဘဝအတွက် အခက်အခဲတစ်ခုခုကို ရင်ဆိုင်ဖြေရှင်းရသလိုပါပဲ၊စိုးရိမ်ပူပန်မှုတွေ၊ သောကတွေ၊ ဗျာပါဒပွေလို့။ ဒီလို ဖြစ်နေတာမျိုး ခံစားရပြီဆိုရင် ခင်ဗျားတစ်ယောက်တည်း ဖြစ်တာမဟုတ်ဘူးလို့ အရင်မှတ်ပါနော်။ ဒီလိုမျိုးကို “Commitment Phobia”  မြန်မာလို နားလည်လွယ်အောင်ရိုးရိုးရှင်းရှင်းပြောရရင်တော့ ချည်နှောင်ရမှာ၊ ချည်နှောင်ခံရမှာ ကြောက်ခြင်းပါပဲ။

ရည်းစားဖြစ်လာပြီဆိုရင် အပြန်အလှန်ကတိကဝတ်တွေထားတာ၊ ချည်နှောင်မှုလေးတွေရှိလာတာ အဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တချို့လူတွေအတွက်မှာတော့ ဒါကိုပဲ ကြောက်စရာလန့်စရာထင်နေတတ်ပါတယ်။ သူတို့ရဲ့ အဓိက ပြဿနာက ချစ်ရမှာ ကြောက်တာ၊ အရမ်းချစ်သွားမှာ ကြောက်တာ၊ ရည်းစားဖြစ်ပြီးမှ ပြတ်သွားမှာ ကြောက်တာ၊ နောက်ဆုံး သူတို့ကို ချည်နှောင်လာမှာ ကြောက်တာတွေလည်း ပါပါတယ်။

ဒီလက္ခဏာမျိုးဟာ လူတိုင်း ကျားမ မရွေး၊ အသက်အရွယ်မရွေးဖြစ်တတ်ပြီး သူတို့ရဲ့ Dating လုပ်ပုံနဲ့ ရည်းစားထားပုံတွေဟာလည်း သူများနဲ့ မတူ ခြားနားတတ်ပါတယ်။ တချို့ကျတော့ ရည်းစားထားပြီး တစ်ယောက်ကို တစ်ယောက်အလေးအနက်ဖြစ်မလာခင် ဖြတ်လိုက်တာမျိုး၊ တစ်လထက်ပိုပြီး မတွဲနိုင်တာမျိုးဖြစ်တတ်ပါတယ်။ ပိုနီးကပ်လာလေ၊ ပိုကြောက်လာလေဖြစ်ပြီး ရှောင်ဖယ်ထွက်ပြေးချင်လာတာမျိုးပေ့ါ။

ဘာလို့ ဒီလိုတွေ ဖြစ်ရလဲ

ဒီလို ဖြစ်တတ်တဲ့သူတွေရဲ့ နောက်ခံအကြောင်းရင်းတွေကို ဆန်းစစ်ကြည့်ရင် ကြောက်ရလောက်တဲ့ အကြောင်းအရာတွေရှိလို့ကို ကြောက်တယ်လို့ပဲ ပြောရပါလိမ့်မယ်။ ဒီလို ဖြစ်လာအောင် စေ့ဆော်ပေးတဲ့ နောက်ခံအကြောင်းအရင်းတွေနဲ့ သူတို့ရဲ့ စိတ်ခံစားမှုတွေကတော့…

ရည်းစားထားပြီးမှ ဆိုင်းမဆင့်ဗုံမဆင့် ပြတ်သွားမှာစိုးတာ
သင့်တော်တဲ့သူနဲ့ မတွေ့မှာစိုးတာ
ရည်းစားထားပြီးမှ တငိုငိုတရယ်ရယ်ဖြစ်နေရမှာစိုးတာ (ဥပမာ ပစ်ထားခံရတာတို့၊ ဖောက်ပြန်သစ္စာမဲ့ခံရမှာ၊ အနိုင်ကျင့်ခံရမှာတို့ ကြုံရတာကြောင့်ပေါ့)
အရင်အတိတ်က ပတ်သက်ခဲ့ဖူးတဲ့ လူတွေကြောင့် နာကျင်စရာအတိတ်တွေရှိခဲ့ဖူးတာကြောင့်
ကလေးဘဝက စိတ်ဒဏ်ရာတွေ၊ အနိုင်ကျင့်စော်ကားခံရဖူးတာတွေကြောင့်
ကလေးတုန်းတည်းက မပြည့်ဝခဲ့တဲ့ အလိုဆန္ဒတွေ၊ မကြင်နာဂရုစိုက်မခံရတာတွေကြောင့်
အဆင်မပြေတဲ့၊ ပြဿနာတွေရှိတဲ့ မိသားစုကြား ကြီးပြင်းလာရတွေကြောင့် ဖြစ်ပါတယ်။
ဒီလို ဖြစ်နေတဲ့ သူတွေကို ချစ်မိရင်တော့ စိတ်ရှည်ရှည်ထားရပါမယ်၊ သူတို့ရဲ့ စိုးရိမ်မှုတွေ၊ ပူပန်မှုတွေ ပျောက်ကွယ်သွားတဲ့အထိ စိတ်ရှည်ပေးတာ၊ ဂရုစိုက်ပေးတာ၊ အမြဲသတိထားဆက်ဆံပေးတာမျိုးလုပ်ပေးမှ တော်ကာကျတာပါ။ နောက်ထပ် သတိချပ်ရမှာကတော့ ဒီလိုလူမျိုးတွေဟာ ခုခေတ်စားနေတဲ့ Silent လို့ခေါ်တဲ့ သူနဲ့ ကိုယ်၊ ကိုယ်နဲ့ သူနှစ်ယောက်တည်း သိတဲ့ ပတ်ဝန်းကျင်ကို မသိစေချင်တဲ့ ချစ်သူဘဝမျိုးကို ဦးတည်သွားတတ်တယ်ဆိုတာပါ။

ဒီတော့ ကိုယ်ချစ်နေတဲ့သူဟာ ဒီလို လူမျိုး ဟုတ်မဟုတ် ဘယ်လို သိနိုင်မလဲ

၁။ သူတို့ရဲ့ အရင်ကချစ်သူရည်းစားဘဝတွေဟာ အရမ်းအချိန်တိုလွန်းခဲ့တာ၊ ပုံမှန်မဟုတ်ဘဲ ပြတ်စဲသွားရတဲ့လူမျိုးတွေ

အရင်က ခံထားရဖူးတော့ တစ်ခါသေဖူး၊ ပျဉ်ဖိုးရော လက်သမားခပါ နားလည်သွားတဲ့အမျိုးအစားတွေပါ။ ရေရှည်ရည်းစားထားဖို့ မစဉ်းစားတော့သလို၊ သူတို့ကို လေးလေးနက်နက်ချည်နှောင်မယ်ကြံတိုင်း ထွက်ပြေးတတ်တဲ့လူတွေပေ့ါ။

၂။ Date လုပ်ချိန်းတွေ့ဖို့ ဘယ်တော့မှ ကတိမပေးတတ်ဘူး

ရုတ်တရက်စိတ်ပါရင် ထွက်လာတွေ့နိုင်ပေမယ့် ကိုယ့်ကို အချိန်ပေးပြီး သီးသန့်ချိန်းတွေ့တာမျိုးတွေ သူတို့က မလုပ်ချင်ပါဘူး။ ချိန်းပြန်ရင်လည်း “လာခဲ့မယ်လေ” ဆိုတာထက် “ကြည့်သေးတာပေါ့”လို့ ပြန်ပြောတတ်သူတွေ

၃။ မရေရာ မသေချာတဲ့ စကားလုံးအသုံးအနှုန်းတွေပဲ သုံးတတ်တဲ့သူတွေ

Commitment Phobia ရှိမရှိ သူတို့ ပြောတဲ့ စကားတွေ နားထောင်ရင်ကို လွယ်ပါတယ်၊ “ဟုတ်ရင်ဟုတ်မှာပေ့ါ” “မသိဘူးလေ” “ဘယ်ပြောတတ်မလဲ” ဆိုတာတွေ တသီကြီးသုံးလေ့ရှိပါတယ်။ အလုပ်ကနေ အိမ်ကို ၅နာရီ ပုံမှန်ပြန်ရောက်တတ်ရင်တောင် “ဘယ်အချိန်ရောက်မလဲမသိဘူးလေ၊ ရောက်ရင် ဖုန်းဆက်လိုက်မယ်” လို့ပဲ ဆင်ဝှေ့ရန်ရှောင်ဖြေတတ်သူတွေပါ။

၄။ သူတို့ရဲ့ အချစ်ရေးကိစ္စကို လျှို့ဝှက်ထားချင်ကြတယ်

တကယ်လို့ ခင်ဗျားက သူတို့လို လူမျိုးနဲ့ ရည်းစားဖြစ်ပြီဆိုရင်တော့ လူကြားထဲ ရည်းစားတွေလို သိသိသာသာနေထိုင်ရဖို့ မလွယ်ပါဘူး။ တစ်ခါတလေ ကိုယ်က သူ့ရဲ့ ရည်းစားလား၊ ဘာလား ဘာမှန်းမသိတဲ့ အခြေအနေမျိုးတောင် ဖြစ်နေတတ်ပါတယ်။

၅။ “ချစ်”ဆိုတဲ့ စကားလုံးကို အကြောက်အကန်ရှောင်ပါတယ်

ဒီလို “Commitment Phobia” ရှိတဲ့သူတွေဟာ သူတို့ရဲ့ ခံစားချက်ကို ထုတ်ပြဖို့ တွန့်ကြပါတယ်။ တချို့ဆို ဖော်ပြဖို့ တွန့်ရုံတင်မဟုတ်ဘဲ အဲဒီလို ခံစားချက်တွေ ရှိမှာကိုပါ ကြောက်ကြတာပါ။ ဒီတော့ သူတို့ဆီက ချစ်တယ်ဆိုတာ ကြားရဖို့က ထီပေါက်သလောက်ကို ခက်ဖို့ ရှိတယ်။ ဒါငါ့ဘဲ၊ ငါ့စော်လို့ ပြောတာတွေလည်း မကြိုက်ကြဘူး။ မဏ္ဍပ်တိုင်တက်ဖို့ မပြောနဲ့၊ သူများပြောလာရင်တောင် အဓိပ္ပာယ်မရှိတဲ့ ဆင်ခြေတွေပေးပြီး ငြင်းမယ့်သူတွေပါ။

၆။ သူတို့မှာ ရင်းရင်းနှီးနှီးပေါင်းလို့ ရတဲ့ သူငယ်ချင်းအများကြီးရှိမနေတတ်ဘူး

ထူးဆန်းတာ တစ်ခုက သူတို့မှာ သူငယ်ချင်းအများကြီး မရှိတာပါ၊ လူအတော်များများနဲ့ သိပေမယ့် ရင်းရင်းနှီးနှီးမရှိတတ်ဘူးဆိုတာမျိုးပေါ့။ ဒီတော့ သူတို့ရဲ့ အကြောင်းပေါင်းစုံကို ရင်ဖွင့်ရမယ့်သူမရှိဘဲ တစ်ယောက်တည်း Psycho ဖောက်နေတတ်တယ်။

၇။ ခန့်မှန်းရခက်တဲ့ သူမျိုးတွေ

သူတို့နဲ့ ချစ်သူဖြစ်နေရင်တောင် သူတို့ရဲ့ ဒီနေ့စိတ်ခံစားချက်က ဘယ်လိုဆိုတာကို ခန့်မှန်းနိုင်မှာမဟုတ်ပါဘူး။ ဒီနေ့ချိုချိုသာသာနဲ့ ပုံမှန်အတိုင်းရှိနေပေမယ့် နောက်နေ့ကျ ရှောင်ဖယ်ရှောင်ဖယ်လုပ်နေမှာပါ။ ဒီတော့ အမြဲအံ့သြအောင်လုပ်မယ့်သူမျိုးတွေပါ။

ဒီလိုလူတွေက ဘာတွေလုပ်သင့်လဲ

ကိုယ်ကိုယ်တိုင်ကလည်း ဒီလိုလူမျိုး၊ ဒါမှမဟုတ်ကိုယ့်ချစ်သူက ဒီလိုလူမျိုး ဆိုရင်တော့ ဒါလေးတွေ လုပ်ကြည့်ပါဦး။

ပစ္စုပ္ပန်ကို အာရုံစိုက်ပါ၊ အရှည်ကြီး၊ အဝေးကြီးတွေ မစဉ်းစားဘဲ လက်ရှိအချိန်နဲ့ ကိုယ့်ရှေ့က လူကိုပဲ အရေးစိုက်ကြည့်ပါ၊ အခုကစ ဘာတွေ ကောင်းအောင် လုပ်လို့ ရမလဲဆိုတာပေ့ါ။
ဘယ်သူမှ ပြီးပြည့်စုံတဲ့သူမရှိဘူးဆိုတာကို သိမှတ်လက်ခံပါ။
ကိုယ့်မိဘကြောင့် ဖြစ်နေရတာဆိုရင်လည်း သူတို့နဲ့ မတူအောင် နေပြီး ပြဿနာကို အဖြေရှာလို့ရပါတယ်။
တရားထိုင်ပါ၊ စိတ်ကလေးတည်ငြိမ်အောင် လုပ်ဖို့ပါပဲ။
ဒီကမ္ဘာမှာ ချစ်ရမှာကို ကြောက်နေတဲ့သူတွေရော၊ အဲဒီလို ကြောက်နေတဲ့သူတွေကို ချစ်မိတဲ့သူတွေရော လွယ်တာတွေ မခက်ဘဲ အမြန်ဆုံး အဆင်ပြေပါစေလို့ ဆန္ဒပြုရင်း…