[Zawgyi]

Cloud Storage ဆိုတာဘာလဲ၊ ဘယ္လိုအလုပ္လုပ္သလဲ?

ဒီေန႔ေခတ္မွာ က်ေနာ္တို႔ရဲ႕ မိသားစု၊ ကိုယ္ေရးကိုယ္တာ နဲ႔သက္ဆိုင္တာ ဒါမွမဟုတ္ အလုပ္နဲ႔ပတ္သက္တဲ့ အေရးႀကီးအခ်က္အလက္ေတြကိုသိမ္းဆည္းတဲ့အခါမွာ Physical Storage ေတြျဖစ္တဲ့ CD ၊ DVD ေတြအျပင္ Computer ၊ Memory Stick နဲ႔ Hard Disk Drive ေတြေပၚမွာ အဆင့္ျမင့္ျမင့္သိမ္းဆည္းလာၾကပါၿပီ။ အခ်ိန္ကာလၾကာျမင့္လာတာနဲ႔အမွ် ထိန္းသိမ္းရတဲ့ အခ်က္အလက္ေတြပိုမ်ားျပားလာသလို မၿမဲတဲ့သခၤါရသေဘာအရ ပစၥည္းတစ္ခုဟာ ဘယ္အခ်ိန္ ဘယ္ေနရာမွာ ဘယ္လိုအေၾကာင္းေၾကာင့္ ေပ်ာက္ဆံုးပ်က္စီးသြားမလဲဆိုတာ ႀကိဳၿပီးမခန္႔မွန္းႏိုင္ပါဘူး။ ဒါေၾကာင့္ပံုမွန္အသံုးျပဳေနၾက Physical Drive ေတြအျပင္ Cloud Drive ေတြကိုပါအသံုးျပဳၿပီးက်ေနာ္တို႔ရဲ႕ အခ်က္အလက္ေတြကို Backup အေနနဲ႔သိမ္းဆည္းဖို႔လိုလာပါၿပီ။

 

ဒီေနရာမွာ Online Storage Cloud Drive ဆိုတာဘာလဲ? ဘယ္လိုအလုပ္လုပ္သလဲဆိုတာ ထင္သာျမင္သာမယ့္နည္းလမ္းေလးနဲ႔ ရွင္းျပေပးလိုက္ပါတယ္။

သင့္မွာ သူငယ္ခ်င္းတစ္ေယာက္ရွိတယ္ဆိုပါစို႔။ သင္က A သူငယ္ခ်င္းက B လို႔မွတ္ထားလိုက္ပါ။
A က Digital Data ေတြျဖစ္တဲ့ ဓါတ္ပံုေတြ၊ ရုပ္ရွင္ နဲ႔သီခ်င္းေတြ စတဲ့အခ်က္အလက္ေတြကို စိတ္ခ်ရတဲ့ေနရာတစ္ခုမွာ သိမ္းထားခ်င္ပါတယ္။ ဒါေပမယ့္ အခ်ိန္မေရြး အဲ့ေဒတာေတြကို ျပန္ၾကည့္ႏိုင္မယ္၊ ကူးယူႏိုင္မယ္၊ ျပင္ဆင္ႏိုင္မယ္ စတဲ့အခ်က္ေတြကိုလည္းလုပ္ခ်င္ပါတယ္။ ပံုမွန္ဆိုရင္ေတာ့ Memory Stick တစ္ေခ်ာင္းမွာထည့္ၿပီး ေရာက္တဲ့ေနရာမွာသံုးလို႔ရေပမယ့္ ပ်က္သြားမွာ၊ က်ေပ်ာက္သြားမွာကို စိုးရိမ္တဲ့အတြက္ တျခားနည္းလမ္းတစ္ခုကိုစဥ္းစားေနပါတယ္။

B ကေတာ့ အိမ္မွာအေနမ်ားတဲ့သူတစ္ေယာက္ျဖစ္ၿပီး Network ခ်ိတ္ဆက္မႈနည္းပညာကိုလည္းကြ်မ္းက်င္သူတစ္ဦးပါ။ သူကေတာ့ အရည္အေသြးျမင့္မားတဲ့ Hard Disk Drive တစ္ခုကို ၂၄ နာရီလံုးအသံုးျပဳႏိုင္ေအာင္ ျပင္ဆင္ထားၿပီး အခ်ိန္မေရြးေနရာမေရြးအသံုးျပဳႏိုင္ေအာင္ အင္တာနက္နဲ႔ပါ ကြန္ယက္ခ်ိတ္ထားပါတယ္။ ႀကိဳက္တဲ့ေနရာကေန အလြယ္တစ္ကူ ဝင္ေရာက္ႏိုင္မယ့္ Software Program ကိုပါစိတ္ႀကိဳက္ေရးသားထားၿပီး UI ပိုင္းကိုအေကာင္းဆံုးျပင္ဆင္ထားပါေတာ့တယ္။ သူ႔ရဲ႕ ျပင္ဆင္မြန္းမံထားတဲ့ Hard Disk Drive ဟာ ေနရာလြတ္ေတြအမ်ားႀကီးက်န္ေနၿပီးသူ႔အတြက္ လိုတာထက္ပိုေနတာေၾကာင့္ သူငယ္ခ်င္းျဖစ္တဲ့ A ကို ၄င္းရဲ႕ Data ေတြလာေရာက္သိမ္းဆည္းဖို႔ကမ္းလွမ္းပါတယ္။ အဲ့လိုကမ္းလွမ္းတဲ့အခါ A အတြက္ သီးသန္႔အသံုးျပဳႏိုင္မယ့္ Storage အပိုင္းတစ္ခု ခြဲၿပီးသတ္မွတ္ေပးလိုက္ပါတယ္။

သူ႔မွာရွိတဲ့ လြတ္ေနတဲ့ Storage ေတြထဲက ၃ပံု ၁ပံုကိုခြဲေပးလိုက္တာပါ။ ဒါေပမယ့္ A ရဲ႕ Storage လိုအပ္မႈက B ေပးႏိုင္တဲ့ပမာဏထက္ ပိုမ်ားလာတဲ့အခါမွာ ေနာက္ထပ္ Hard Disk Drive တစ္လံုးကိုတိုးခ်ဲ႔ၿပီး A စီက အခေၾကးေငြေကာက္ခံကာ ဝန္ေဆာင္မႈေပးပါေတာ့တယ္။ A စီကေန လစဥ္ေၾကး၊ ဒါမွမဟုတ္ ႏွစ္စဥ္ေၾကးေကာက္ခံၿပီး B ဟာ သူ႔ရဲ႕ Storage Space ေတြကိုပိုၿပီးေကာင္းမြန္စိတ္ခ်ရေအာင္ ထိန္းသိမ္းကာ တျခားမိတ္ေဆြေတြကိုပါ လက္ဆင့္ကမ္းေရာင္းခ်ပါေတာ့တယ္။

Cloud Storage ေတြအားလံုးနီးပါးဟာ အထက္မွာေျပာခဲ့တဲ့သေဘာတရားကို အေျခခံၿပီးလုပ္ေဆာင္တာျဖစ္ပါတယ္။ ပထမဦးဆံုး User ကို အစမ္းေပးသံုးတဲ့အေနနဲ႔ သတ္မွတ္ထားတဲ့ Storage Amount တစ္ခုကို အခမဲ့ေပးသံုးထားပါတယ္။ ၄င္းတို႔ရဲ႕ UI နဲ႔ Friendly ျဖစ္မႈေပၚအေျခခံၿပီး User ကသေဘာက်လာတဲ့ေနာက္မွာေတာ့ အခေၾကးေငြနဲ႔ စတင္ေရာင္းခ်ေပးပါေတာ့တယ္။
[Unicode]

Cloud Storage ဆိုတာဘာလဲ၊ ဘယ်လိုအလုပ်လုပ်သလဲ?

ဒီနေ့ခေတ်မှာ ကျနော်တို့ရဲ့ မိသားစု၊ ကိုယ်ရေးကိုယ်တာ နဲ့သက်ဆိုင်တာ ဒါမှမဟုတ် အလုပ်နဲ့ပတ်သက်တဲ့ အရေးကြီးအချက်အလက်တွေကိုသိမ်းဆည်းတဲ့အခါမှာ Physical Storage တွေဖြစ်တဲ့ CD ၊ DVD တွေအပြင် Computer ၊ Memory Stick နဲ့ Hard Disk Drive တွေပေါ်မှာ အဆင့်မြင့်မြင့်သိမ်းဆည်းလာကြပါပြီ။ အချိန်ကာလကြာမြင့်လာတာနဲ့အမျှ ထိန်းသိမ်းရတဲ့ အချက်အလက်တွေပိုများပြားလာသလို မမြဲတဲ့သင်္ခါရသဘောအရ ပစ္စည်းတစ်ခုဟာ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုအကြောင်းကြောင့် ပျောက်ဆုံးပျက်စီးသွားမလဲဆိုတာ ကြိုပြီးမခန့်မှန်းနိုင်ပါဘူး။ ဒါကြောင့်ပုံမှန်အသုံးပြုနေကြ Physical Drive တွေအပြင် Cloud Drive တွေကိုပါအသုံးပြုပြီးကျနော်တို့ရဲ့ အချက်အလက်တွေကို Backup အနေနဲ့သိမ်းဆည်းဖို့လိုလာပါပြီ။

 

ဒီနေရာမှာ Online Storage Cloud Drive ဆိုတာဘာလဲ? ဘယ်လိုအလုပ်လုပ်သလဲဆိုတာ ထင်သာမြင်သာမယ့်နည်းလမ်းလေးနဲ့ ရှင်းပြပေးလိုက်ပါတယ်။

သင့်မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်ဆိုပါစို့။ သင်က A သူငယ်ချင်းက B လို့မှတ်ထားလိုက်ပါ။
A က Digital Data တွေဖြစ်တဲ့ ဓါတ်ပုံတွေ၊ ရုပ်ရှင် နဲ့သီချင်းတွေ စတဲ့အချက်အလက်တွေကို စိတ်ချရတဲ့နေရာတစ်ခုမှာ သိမ်းထားချင်ပါတယ်။ ဒါပေမယ့် အချိန်မရွေး အဲ့ဒေတာတွေကို ပြန်ကြည့်နိုင်မယ်၊ ကူးယူနိုင်မယ်၊ ပြင်ဆင်နိုင်မယ် စတဲ့အချက်တွေကိုလည်းလုပ်ချင်ပါတယ်။ ပုံမှန်ဆိုရင်တော့ Memory Stick တစ်ချောင်းမှာထည့်ပြီး ရောက်တဲ့နေရာမှာသုံးလို့ရပေမယ့် ပျက်သွားမှာ၊ ကျပျောက်သွားမှာကို စိုးရိမ်တဲ့အတွက် တခြားနည်းလမ်းတစ်ခုကိုစဉ်းစားနေပါတယ်။

B ကတော့ အိမ်မှာအနေများတဲ့သူတစ်ယောက်ဖြစ်ပြီး Network ချိတ်ဆက်မှုနည်းပညာကိုလည်းကျွမ်းကျင်သူတစ်ဦးပါ။ သူကတော့ အရည်အသွေးမြင့်မားတဲ့ Hard Disk Drive တစ်ခုကို ၂၄ နာရီလုံးအသုံးပြုနိုင်အောင် ပြင်ဆင်ထားပြီး အချိန်မရွေးနေရာမရွေးအသုံးပြုနိုင်အောင် အင်တာနက်နဲ့ပါ ကွန်ယက်ချိတ်ထားပါတယ်။ ကြိုက်တဲ့နေရာကနေ အလွယ်တစ်ကူ ဝင်ရောက်နိုင်မယ့် Software Program ကိုပါစိတ်ကြိုက်ရေးသားထားပြီး UI ပိုင်းကိုအကောင်းဆုံးပြင်ဆင်ထားပါတော့တယ်။ သူ့ရဲ့ ပြင်ဆင်မွန်းမံထားတဲ့ Hard Disk Drive ဟာ နေရာလွတ်တွေအများကြီးကျန်နေပြီးသူ့အတွက် လိုတာထက်ပိုနေတာကြောင့် သူငယ်ချင်းဖြစ်တဲ့ A ကို ၎င်းရဲ့ Data တွေလာရောက်သိမ်းဆည်းဖို့ကမ်းလှမ်းပါတယ်။ အဲ့လိုကမ်းလှမ်းတဲ့အခါ A အတွက် သီးသန့်အသုံးပြုနိုင်မယ့် Storage အပိုင်းတစ်ခု ခွဲပြီးသတ်မှတ်ပေးလိုက်ပါတယ်။

သူ့မှာရှိတဲ့ လွတ်နေတဲ့ Storage တွေထဲက ၃ပုံ ၁ပုံကိုခွဲပေးလိုက်တာပါ။ ဒါပေမယ့် A ရဲ့ Storage လိုအပ်မှုက B ပေးနိုင်တဲ့ပမာဏထက် ပိုများလာတဲ့အခါမှာ နောက်ထပ် Hard Disk Drive တစ်လုံးကိုတိုးချဲ့ပြီး A စီက အခကြေးငွေကောက်ခံကာ ဝန်ဆောင်မှုပေးပါတော့တယ်။ A စီကနေ လစဉ်ကြေး၊ ဒါမှမဟုတ် နှစ်စဉ်ကြေးကောက်ခံပြီး B ဟာ သူ့ရဲ့ Storage Space တွေကိုပိုပြီးကောင်းမွန်စိတ်ချရအောင် ထိန်းသိမ်းကာ တခြားမိတ်ဆွေတွေကိုပါ လက်ဆင့်ကမ်းရောင်းချပါတော့တယ်။

Cloud Storage တွေအားလုံးနီးပါးဟာ အထက်မှာပြောခဲ့တဲ့သဘောတရားကို အခြေခံပြီးလုပ်ဆောင်တာဖြစ်ပါတယ်။ ပထမဦးဆုံး User ကို အစမ်းပေးသုံးတဲ့အနေနဲ့ သတ်မှတ်ထားတဲ့ Storage Amount တစ်ခုကို အခမဲ့ပေးသုံးထားပါတယ်။ ၎င်းတို့ရဲ့ UI နဲ့ Friendly ဖြစ်မှုပေါ်အခြေခံပြီး User ကသဘောကျလာတဲ့နောက်မှာတော့ အခကြေးငွေနဲ့ စတင်ရောင်းချပေးပါတော့တယ်။