[Zawgyi] 

သင္ Apple Product တစ္ခုခုဝယ္ဖူးပါသလား။ ဝယ္ဖူးတယ္ဆိုရင္ေတာ့ Apple ရဲ႕ တစ္ႏွစ္အာမခံ အေၾကာင္းေလးကိုသင့္အေနနဲ႔ သိထားသင့္ပါတယ္။ iPhone အသစ္တစ္လံုးကို သင္ဘယ္ႏိုင္ငံ၊ ဘယ္ေန႔ကပဲဝယ္ခဲ့ဝယ္ခဲ့၊ ဘယ္ႏိုင္ငံမွာပဲသံုးေနသံုးေန Apple ရဲ႕ႏိုင္ငံတစ္ကာ အာမခံတစ္ႏွစ္ဆိုတာပါၿပီးသားပါ။ 

One Year Warranty ဘယ္အခ်ိန္မွာစသလဲ

အာမခံလို႔ေျပာလိုက္ရင္ အားလံုးေျပးျမင္မိမွာကေတာ့ စာ႐ြက္စာတမ္းေတြပါ။ ပစၥည္းနဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြ၊ ဝယ္ယူတဲ့ ေန႔ရက္၊ ေနရာနဲ႔ အသံုးျပဳသူအခ်က္အလက္အခ်ိဳ႕ စတာေတြေရးထားတဲ့ စာရြက္စာတမ္းေတြပါမွ အာမခံဆိုတာ အႀကံဳးဝင္တယ္လို႔သင္ထင္ေနရင္မွားပါတယ္။ Apple တစ္ႏွစ္ အာမခံသက္တမ္းကို သင့္ iPhone အတြက္ စတင္မွတ္သားတဲ့နည္းက အင္မတန္႐ိုးရွင္းပါတယ္။ iPhone ကိုပထမဦးဆံုးစၿပီးအသံုးျပဳဖို႔ ဘူးထဲကထုတ္၊ SIM Card ထည့္ၿပီး Activate လုပ္ရပါတယ္။ Activate လုပ္တဲ့အခ်ိန္မွာ Internet Connection လိုအပ္ပါတယ္။ Internet Connection ကိုအသံုးျပဳၿပီး Apple Activation Server နဲ႔ သင့္ iPhone နဲ႔အလိုအေလ ွ်ာက္ခ်ိတ္ဆက္ၿပီး မွတ္သားစရာရွိတာမွတ္သား၊ စစ္ေဆးစရာရွိတာစစ္ေဆးလို႔အၿပီးမွာ သင့္ iPhone ကိုသင္အသံုးျပဳလို႔ရပါတယ္။ အဲ့ဒီ Activate လုပ္တဲ့အဆင့္မွာပဲ သင့္ iPhone အတြက္ Apple ရဲ႕ တစ္ႏွစ္အာမခံစနစ္ဆိုတဲ့ စာရင္းစဝင္ပါတယ္။ အဲ့ဒီေတာ့ သင္ဆိုင္ကဝယ္လာတဲ့ေန႔ကအေရးမႀကီးပဲ သင္ iPhone ကိုစတင္ Activate လုပ္ၿပီးအသံုးျပဳတဲ့ေန႔ကသာ အေရးႀကီးတာပါ။ 

အာမခံထဲမွာ ဘာေတြအႀကံဳးဝင္သလဲ

Apple ကသူတို႔ထုတ္ကုန္တိုင္းကို Lightning Cable ေတြကအစ iPhone ေတြအထိအေသးစိတ္ စစ္ေဆးမႈအဆင့္ဆင့္လုပ္ၿပီး အရည္အေသြးျပည့္မွ ေစ်းကြက္တင္ေရာင္းတာပဲျဖစ္ပါတယ္။ အရည္ေသြးတနဲ႔ပတ္သက္လို႔ကေတာ့ Apple Product ေတြမွာ ထုတ္ပိုးမႈကအစ ထုတ္ကုန္အထိ စိ္တ္ခ်ရပါတယ္။ အဲ့ဒီလိုမ်ိဳးစစ္ေဆးထုတ္လုပ္ထားတဲ့ထုတ္ကုန္ေတြထဲမွာ အသံုးျပဳသူလက္ထဲေရာက္ၿပီး အသံုးျပဳလို႔အဆင္မေျပတဲ့ ျပႆနာတစ္ခုခုရွိခဲ့ရင္ Apple ရဲ႕အာမခံအရ ျပန္လည္စစ္ေဆးမႈေတြလုပ္ေပးတဲ့အျပင္ လိုအပ္ရင္ အသစ္တစ္လံုးလည္းေပးတာမ်ိဳးေတြအထိ လုပ္ေပးပါတယ္။ အာမခံထဲမွာအႀကံဳးဝင္တဲ့အခ်က္ေတြကေတာ့ စက္႐ံုကပါလာတဲ့ ခ်ိဳ႕ယြင္းမႈတစ္ခုခု၊ အသံုးျပဳသူရဲ႕ေပါ့ဆမႈေၾကာင့္ မဟုတ္ပဲအသံုးျပဳရင္း ခ်ိဳ႕ယြင္းလာတာနဲ႔ အျပင္ဆိုင္ေတြမွာ ျဖဳတ္စစ္၊ ျပဳျပင္ထားျခင္းမရွိတဲ့ Device ေတြက အာမခံ စဥ္းမ်ဥ္းကို ေက်ာ္လြန္ေဖာက္ဖ်က္ျခင္း မရွိတဲ့အတြက္ေၾကာင့္ အာမခံရႏိုင္ပါတယ္။

အာမခံထဲမွာ ဘာေတြအႀကံဳးမဝင္သလဲ

Apple က iPhone 7 နဲ႔ေနာက္ထြက္တဲ့ iPhone ေတြကို Water Resistant ျဖစ္တယ္လို႔ေၾကျငာထားပါတယ္။ Apple ကေရစိုခံတယ္လို႔ေၾကာ္ျငာထားတဲ့အတြက္ iPhone ေတြမွာ ေရအလြယ္တစ္ကူမဝင္ႏိုင္ေအာင္ ေရဝင္ႏိုင္မယ့္ေနရာေတြအားလံုးကို နည္းအမ်ိဳးမ်ိဳးနဲ႔ ပိတ္ဆို႔ေပးထားပါတယ္။ အဲ့ဒီပိတ္ဆို႔ဖို႔အသံုးျပဳထားတဲ့ အရာေတြက အခ်ိန္ၾကာလာတာနဲ႔အမ်ွ ယိုယြင္းပ်က္စီးလာတတ္ၿပီး ေရစိုခံႏိုင္မႈရာခိုင္ႏႈန္းကို ေလ်ာ့က်ေစတယ္လို႔တစ္ခါတည္း ေျပာထားၿပီးသားပါ။ အဲ့ဒီအတြက္ ေရစို၊ ေရဝင္တာေၾကာင့္ ခ်ိဳ႕ယြင္းသြားတဲ့ iPhone ၊ iPad ေတြအေနနဲ႔ Apple က အာမခံအေနနဲ႔ ျပန္လည္ျပဳျပင္ေပးမွာမဟုတ္ပါဘူ။ မေတာ္တဆ လြတ္က်လို႔ Screen ကြဲသြားတာမ်ိဳးေတြ၊ ေရစိုေနတဲ့ဖုန္းကို အားသြင္းလို႔ ပ်က္စီးတာမ်ိဳးေတြက အာမခံစရင္းထဲမွာ အႀကံဳးဝင္မွာမဟုတ္ပါဘူး။ သင့္ေၾကာင့္ ထိခို္က္ပ်က္စီးျခင္းမွန္သမွ်က Apple ရဲ႕ တစ္ႏွစ္အာမခံထဲမွာ အႀကံဳးမဝင္ပါဘူး။ 

အကယ္လို႔ ပံုမွန္အတိုင္းအသံုးျပဳေနရင္း သင့္ iPhone က ခ်ိဳ႕ယြင္းမႈတစ္ခုခု ဒါမွမဟုတ္ အသံုးျပဳရတာအဆင္မေျပတာတစ္ခုခု ရွိေနၿပီဆိုရင္ ႀကံဳတဲ့ဆိုင္မွာမျပင္ပဲ Apple ဆီကိုျပန္ပို႔လို႔ရပါတယ္။ ျပန္ပို႔ဖို႔အတြက္ေတာ့ သင့္ iPhone က အာမခံတစ္ႏွစ္က်န္ေသးလားဆိုတာကို စစ္ေဆးရပါမယ္။ စစ္ေဆးၿပီးၿပီဆိုရင္ေတာ့ ျပန္ပို႔လို႔ရပါၿပီ။ ျမန္မာႏိုင္ငံမွာေတာ့ Apple Store မရွိေသးတဲ့အတြက္ NAKZ လိုဝန္ေဆာင္မႈပါတဲ့ iPhone ကိုဝယ္ယူထားမွသာ သင့္အေနနဲ႔ အခမဲ့ျပန္ပို႔ေပးျခင္းကို ရႏိုင္မွာပါ။ iPhone ေတြရဲ႕ အာမခံနဲ႔ပတ္သက္ၿပီးေတာ့ေရာ Apple Product ေတြကိုစစ္ေဆးျပဳျပင္ရာမွာပါ ယံုၾကည္စိတ္ခ်ရတဲ့ iSure One-Stop Apple Servie Center မွာျပဳလုပ္ႏိုင္တယ္ဆိုတာကိုလည္း အသိေပးလိုက္ပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

သင်သိသင့်တဲ့ Apple ရဲ့ One Year Warranty အကြောင်း

သင် Apple Product တစ်ခုခုဝယ်ဖူးပါသလား။ ဝယ်ဖူးတယ်ဆိုရင်တော့ Apple ရဲ့ တစ်နှစ်အာမခံ အကြောင်းလေးကိုသင့်အနေနဲ့ သိထားသင့်ပါတယ်။ iPhone အသစ်တစ်လုံးကို သင်ဘယ်နိုင်ငံ၊ ဘယ်နေ့ကပဲဝယ်ခဲ့ဝယ်ခဲ့၊ ဘယ်နိုင်ငံမှာပဲသုံးနေသုံးနေ Apple ရဲ့နိုင်ငံတစ်ကာ အာမခံတစ်နှစ်ဆိုတာပါပြီးသားပါ။ 

One Year Warranty ဘယ်အချိန်မှာစသလဲ

အာမခံလို့ပြောလိုက်ရင် အားလုံးပြေးမြင်မိမှာကတော့ စာရွက်စာတမ်းတွေပါ။ ပစ္စည်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေ၊ ဝယ်ယူတဲ့ နေ့ရက်၊ နေရာနဲ့ အသုံးပြုသူအချက်အလက်အချို့ စတာတွေရေးထားတဲ့ စာရွက်စာတမ်းတွေပါမှ အာမခံဆိုတာ အကြုံးဝင်တယ်လို့သင်ထင်နေရင်မှားပါတယ်။ Apple တစ်နှစ် အာမခံသက်တမ်းကို သင့် iPhone အတွက် စတင်မှတ်သားတဲ့နည်းက အင်မတန်ရိုးရှင်းပါတယ်။ iPhone ကိုပထမဦးဆုံးစပြီးအသုံးပြုဖို့ ဘူးထဲကထုတ်၊ SIM Card ထည့်ပြီး Activate လုပ်ရပါတယ်။ Activate လုပ်တဲ့အချိန်မှာ Internet Connection လိုအပ်ပါတယ်။ Internet Connection ကိုအသုံးပြုပြီး Apple Activation Server နဲ့ သင့် iPhone နဲ့အလိုအလေ ျှာက်ချိတ်ဆက်ပြီး မှတ်သားစရာရှိတာမှတ်သား၊ စစ်ဆေးစရာရှိတာစစ်ဆေးလို့အပြီးမှာ သင့် iPhone ကိုသင်အသုံးပြုလို့ရပါတယ်။ အဲ့ဒီ Activate လုပ်တဲ့အဆင့်မှာပဲ သင့် iPhone အတွက် Apple ရဲ့ တစ်နှစ်အာမခံစနစ်ဆိုတဲ့ စာရင်းစဝင်ပါတယ်။ အဲ့ဒီတော့ သင်ဆိုင်ကဝယ်လာတဲ့နေ့ကအရေးမကြီးပဲ သင် iPhone ကိုစတင် Activate လုပ်ပြီးအသုံးပြုတဲ့နေ့ကသာ အရေးကြီးတာပါ။ 

အာမခံထဲမှာ ဘာတွေအကြုံးဝင်သလဲ

Apple ကသူတို့ထုတ်ကုန်တိုင်းကို Lightning Cable တွေကအစ iPhone တွေအထိအသေးစိတ် စစ်ဆေးမှုအဆင့်ဆင့်လုပ်ပြီး အရည်အသွေးပြည့်မှ ဈေးကွက်တင်ရောင်းတာပဲဖြစ်ပါတယ်။ အရည်သွေးတနဲ့ပတ်သက်လို့ကတော့ Apple Product တွေမှာ ထုတ်ပိုးမှုကအစ ထုတ်ကုန်အထိ စိတ်ချရပါတယ်။ အဲ့ဒီလိုမျိုးစစ်ဆေးထုတ်လုပ်ထားတဲ့ထုတ်ကုန်တွေထဲမှာ အသုံးပြုသူလက်ထဲရောက်ပြီး အသုံးပြုလို့အဆင်မပြေတဲ့ ပြဿနာတစ်ခုခုရှိခဲ့ရင် Apple ရဲ့အာမခံအရ ပြန်လည်စစ်ဆေးမှုတွေလုပ်ပေးတဲ့အပြင် လိုအပ်ရင် အသစ်တစ်လုံးလည်းပေးတာမျိုးတွေအထိ လုပ်ပေးပါတယ်။ အာမခံထဲမှာအကြုံးဝင်တဲ့အချက်တွေကတော့ စက်ရုံကပါလာတဲ့ ချို့ယွင်းမှုတစ်ခုခု၊ အသုံးပြုသူရဲ့ပေါ့ဆမှုကြောင့် မဟုတ်ပဲအသုံးပြုရင်း ချို့ယွင်းလာတာနဲ့ အပြင်ဆိုင်တွေမှာ ဖြုတ်စစ်၊ ပြုပြင်ထားခြင်းမရှိတဲ့ Device တွေက အာမခံ စဉ်းမျဉ်းကို ကျော်လွန်ဖောက်ဖျက်ခြင်း မရှိတဲ့အတွက်ကြောင့် အာမခံရနိုင်ပါတယ်။

အာမခံထဲမှာ ဘာတွေအကြုံးမဝင်သလဲ

Apple က iPhone 7 နဲ့နောက်ထွက်တဲ့ iPhone တွေကို Water Resistant ဖြစ်တယ်လို့ကြေငြာထားပါတယ်။ Apple ကရေစိုခံတယ်လို့ကြော်ငြာထားတဲ့အတွက် iPhone တွေမှာ ရေအလွယ်တစ်ကူမဝင်နိုင်အောင် ရေဝင်နိုင်မယ့်နေရာတွေအားလုံးကို နည်းအမျိုးမျိုးနဲ့ ပိတ်ဆို့ပေးထားပါတယ်။ အဲ့ဒီပိတ်ဆို့ဖို့အသုံးပြုထားတဲ့ အရာတွေက အချိန်ကြာလာတာနဲ့အမျှ ယိုယွင်းပျက်စီးလာတတ်ပြီး ရေစိုခံနိုင်မှုရာခိုင်နှုန်းကို လျော့ကျစေတယ်လို့တစ်ခါတည်း ပြောထားပြီးသားပါ။ အဲ့ဒီအတွက် ရေစို၊ ရေဝင်တာကြောင့် ချို့ယွင်းသွားတဲ့ iPhone ၊ iPad တွေအနေနဲ့ Apple က အာမခံအနေနဲ့ ပြန်လည်ပြုပြင်ပေးမှာမဟုတ်ပါဘူ။ မတော်တဆ လွတ်ကျလို့ Screen ကွဲသွားတာမျိုးတွေ၊ ရေစိုနေတဲ့ဖုန်းကို အားသွင်းလို့ ပျက်စီးတာမျိုးတွေက အာမခံစရင်းထဲမှာ အကြုံးဝင်မှာမဟုတ်ပါဘူး။ သင့်ကြောင့် ထိခိုက်ပျက်စီးခြင်းမှန်သမျှက Apple ရဲ့ တစ်နှစ်အာမခံထဲမှာ အကြုံးမဝင်ပါဘူး။ 

အကယ်လို့ ပုံမှန်အတိုင်းအသုံးပြုနေရင်း သင့် iPhone က ချို့ယွင်းမှုတစ်ခုခု ဒါမှမဟုတ် အသုံးပြုရတာအဆင်မပြေတာတစ်ခုခု ရှိနေပြီဆိုရင် ကြုံတဲ့ဆိုင်မှာမပြင်ပဲ Apple ဆီကိုပြန်ပို့လို့ရပါတယ်။ ပြန်ပို့ဖို့အတွက်တော့ သင့် iPhone က အာမခံတစ်နှစ်ကျန်သေးလားဆိုတာကို စစ်ဆေးရပါမယ်။ စစ်ဆေးပြီးပြီဆိုရင်တော့ ပြန်ပို့လို့ရပါပြီ။ မြန်မာနိုင်ငံမှာတော့ Apple Store မရှိသေးတဲ့အတွက် NAKZ လိုဝန်ဆောင်မှုပါတဲ့ iPhone ကိုဝယ်ယူထားမှသာ သင့်အနေနဲ့ အခမဲ့ပြန်ပို့ပေးခြင်းကို ရနိုင်မှာပါ။ iPhone တွေရဲ့ အာမခံနဲ့ပတ်သက်ပြီးတော့ရော Apple Product တွေကိုစစ်ဆေးပြုပြင်ရာမှာပါ ယုံကြည်စိတ်ချရတဲ့ iSure One-Stop Apple Servie Center မှာပြုလုပ်နိုင်တယ်ဆိုတာကိုလည်း အသိပေးလိုက်ပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။