[Zawgyi]

အခ်ိန္ဆဲြရင္ ခႏၶာကိုယ္နဲ႔ ဦးေႏွာက္ကို ဘာေတြထိခိုက္ေစသလဲ

လူတုိင္းလူတိုင္းမွာ မတူညီကဲြဲျပားတဲ႔ အက်င့္စရုိက္ေတြ ရွိၾကပါတယ္။ တခ်ဳိ႕ေတြက ဘယ္အလုပ္မဆို အေၾကြးမထားဘဲ ခ်က္ခ်င္းလုပ္တတ္သလို တခ်ဳိ႕ေတြၾကေတာ့လည္း အခ်ိန္္ကို ဆဲြလို႔ရသမွ်ဆဲြၿပီး လုပ္တတ္ၾကပါတယ္။ အခ်ိန္ဆဲြၿပီး အီးေရာ အီးေရာလုပ္တာက ေက်ာင္းတက္တုန္းမွာဆိုရင္ သိပ္ျပႆနာမရွိေပမယ့္ အရြယ္ေရာက္လုိ႔ လုပ္ငန္းခြင္ဝင္တဲ႔အခါမ်ဳိးေရာက္လာရင္ သူတစ္ပါးရဲ႕ေနာက္မွာ က်န္ရစ္ခဲ့ေစႏုိင္ပါတယ္။ အခ်ိန္ဆဲြၿပီး လုပ္တတ္တဲ႔သူေတြကို ၾကည့္လိုက္ရင္လည္း သူတို႔ဆီမွာ မရုိးႏုိင္တဲ႔ အေၾကာင္းျပခ်က္ေတြ မ်ဳိးစံုရွိပါတယ္။ ဒါ့အျပင္ သူတို႔ကိုၾကည့္လိုက္ရင္လည္း ရသမွ် အခ်ိန္ဆဲြထားတဲ႔အခ်ိန္မွာ ေအးေအးေဆးေဆးနဲ႔ သက္ေသာင့္သက္သာ အလြန္ရွိလွတဲ႔အတြက္ အဲဒီ္လို မရမက အခ်ိန္ဆဲြေနၾကျခင္းလည္း ျဖစ္ပါတယ္။

သူတုိ႔ကိုယ္တိုင္လည္း သက္ေသာင့္သက္သာရွိတယ္လို႔ထင္ၿပီး အခ်ိန္ဆဲြေနၾကေပမယ့္ ဦးေႏွာက္ကေတာ့ သက္ေသာင့္သက္သာမျဖစ္ဘဲ ႀကီးႀကီးမားမား ထိခိုက္ေနပါတယ္။ လူတစ္ေယာက္ရဲ႕ ဦးေႏွာက္ကို ခဲြဲျခမ္းစိတ္ျဖာၾကည္႔ရင္ (၁) Neocotex (၂) Limbic System နဲ႔ (၃) Cerebellum လို႔ေခၚတဲ႔ အပိုင္းႀကီး သံုးပိုင္းျဖင့္ ဖဲြ႔စည္းတည္ေဆာက္ထားတာကုိ ေတြ႔ရပါတယ္။ အဲဒီအပိုင္းႀကီး သံုးပိုင္းထဲက Limbic System ဟာ စိတ္ခံစားမႈနဲ႔ မွတ္ဥာဏ္စြမ္းအားကို တာဝန္ယူေဆာင္ရြက္ေပးပါတယ္။ နဖူးပိုင္းေရွ႕အျပင္သား (Prefrontal Cortex) က စဥ္းစားေတြးေတာျခင္း၊ ဥာဏ္ရည္၊ ေစ့ေဆာ္မႈ၊ ကိုယ္ရည္ကိုယ္ေသြး၊ အႏုစိတ္ျဖစ္ေပၚပံုနဲ႔ အထူးပတ္သက္ပါတယ္။ အခ်ိန္ဆဲြတဲ႔အခါမွာ Limbic Sytem နဲ႔ Prefrontal Cortex တို႔ကို အခ်င္းခ်င္းတုိက္ခိုက္ၾကၿပီး ထိခိုက္မႈေတြ ျဖစ္ကုန္ၾကပါတယ္။

လူေတြဟာ ပင္ပန္းရတာနဲ႔ သက္ေသာင့္သက္သာဆို သက္ေသာင့္သက္သာကို ပိုႀကိဳက္တတ္ၾကလို႔ မသိလိုက္ဘဲ တစ္ခါတစ္ရံမွာ အခ်ိန္ဆဲြတဲ႔ အမူအက်င့္ကို ျပဳလုပ္မိတတ္ၾကပါတယ္။ အခ်ိန္ဆဲြတာက မေကာင္းေပမယ့္လည္း တစ္ခါေလာက္အခ်ိန္ဆဲြတာကို ျပဳလုပ္မိၾကရင္ စဲြလန္းသြားတတ္ၾကပါတယ္။ တာဝန္ေတြ၊ ဝတၱရားေတြနဲ႔ စိတ္ဖိစီးမႈေတြကေန ခဏရုန္းထြက္ႏိုင္တဲ႔အတြက္ စဲြလန္းၾကတာကိုလည္း လြန္တယ္လို႔ေတာ့ ဆိုလို႔မရပါဘူး။

ဒါေပမယ့္လည္း ဒီစဲြလန္းျခင္းကေန ရုန္းထြက္ႏိုင္ေအာင္ ႀကိဳးစားဖို႔ေတာ့ လုိအပ္ပါတယ္။ မရုန္းထြက္ႏိုင္ဘဲ ေန႔စဥ္လုပ္ေနက်အမူအက်င့္လိုႀကီး စဲြလန္းသြားမယ္ဆိုရင္ ထင္ထားတာထက္ကို က်န္းမာေရးကို ထိခိုက္တာေတြ ျဖစ္ေစႏိုင္ပါတယ္။ ဥပမာအေနနဲ႔ဆို TV ထုိုင္ၾကည္႔ဖို႔၊ အဝတ္ေလွ်ာ္ဖို႔နဲ႔ ပန္းကန္ေတြေဆးဖို႔ အလုပ္ရွိေနၿပီးဆိုရင္ ဦးေႏွာက္တြင္းမွာ အဲ႔အခ်ိန္ကစၿပီး ဘာလုပ္ရမလဲ စဥ္းစားၿပီး တုိက္ပဲြေတြ စတင္ျဖစ္ပါတယ္။ အဲ့ဒီမွာ Prefrontal Cortex က စဥ္းစားေတြးေတာျခင္းကို လုပ္ေပးတဲ႔အတြက္ ေရရွည္္အတြက္ေတြးေတာၿပီး ထိန္းခ်ဳပ္မႈကို လႈံေဆာ္ေပးပါတယ္။ ထိန္းခ်ဳပ္မႈကို လႈံေဆာ္ခံရတဲ႔အခါ အလုပ္ေတြျဖစ္တဲ႔ အဝတ္ေလွ်ာ္ဖို႔နဲ႔ ပန္းကန္ေဆးျခင္းကို လုပ္ေဆာင္ဖို႔ ဦးေႏွာက္က ေရြးခ်ယ္ပါေတာ့တယ္။ ဒါေပမယ့္ Prefrontal Cortex နဲ႔ ဆန္႔က်င္ဘက္ျဖစ္တဲ႔ Limbic System ကေတာ့ ေပ်ာ္ရႊင္မႈနဲ႔ သာယာမႈေတြကို လႈံေဆာ္ေပးလိုက္တဲ႔အခါ တီဗီၾကည္႔ၿပီး အလုပ္ေတြကို အခ်ိန္ဆဲြဖုိ႔ ေရြးခ်ယ္ျခင္းတဲ႔စိတ္ ဦးေႏွာက္မွာ ျဖစ္ေပၚလာပါတယ္။ အဲဒီအခါမွာ ဦးေႏွာက္က လည္တဲ႔အတြက္ အခ်ိန္ဆဲြျခင္းကို ေပ်ာ္ရႊင္ျခင္း မွတ္ယူထားၿပီး ေရြးခ်ယ္စရာေတြ ျဖစ္လာရင္ ေပ်ာ္ရႊင္ျခင္းျဖစ္ေစတဲ႔ အခ်ိန္ဆဲြတာကုိပဲ ေရြးမိသြားေအာင္ တြန္းအားေပးပါတယ္။

တခ်ဳိ႔ေတြက်ေတာ့လည္း အခ်ိန္ဆဲြတ့ဲသူေတြကို အျပင္ပန္းကေနၾကည္႔ၿပီး ေအာင္ျမင္တာကုိေတြ႔တဲ႔အခါ ငါတို႔ေကာ ဘာေၾကာင့္ သက္ေသာင့္သက္သာျဖစ္တဲ႔ လမ္းကို မေရြးရမွာလည္းဆိုၿပီး အေတြးေတြ ဝင္လာကာ အခ်ိန္ဆဲြျခင္းကို လုပ္ေဆာင္ခ်င္တဲ႔စိတ္ေတြ ျဖစ္လာပါတယ္။ သုေတသီေတြ ေလ့လာမႈျပဳလုပ္တဲ႔အခါ အဲ႔ဒီလိုအခ်ိန္ဆဲြျခင္းကို ေရရွည္ႀကီးလုပ္ေဆာင္သြားတဲ႔သူေတြမွာ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈ ေလ်ာ့က်ျခင္း၊ အားအင္ကုန္ခမ္းျခင္း၊ ခႏၶာကိုယ္လႈပ္ရွားရတာ မလြယ္ကူေတာ့ျခင္းနဲ႔ စိတ္ဓာတ္က်ျခင္းေတြ ျဖစ္ေပၚလာတာကို ေတြ႔ရပါတယ္။ ဒါ့အျပင္ အခ်ိန္ဆဲြျခင္းလုပ္မိလို႔ ဘဝႀကီးရဲ႕ အက်ဳိးရွိတဲ႔အခ်ိန္ေတြကို ျဖဳန္္းမိၿပီး ပိုဆိုးသြားတဲ႔အခါ ေနာင္တေတြရလာတ႔ဲအခါ Prefrontal Cortex ရဲ႕စကားကို နားေထာင္ဖို႔ ျဖစ္သြားပါတယ္။

အလုပ္ေတြရဲ႕ ဖိအားေတြကို ေၾကာက္ၿပီး ေရွာင္ေျပးမိတဲ႔အခါ အစပိုင္းမွသာ ေပ်ာ္ရႊင္မႈေတြရရွိၿပီး ေနာက္ပိုင္းမွာ ေမွ်ာ္လင့္ခ်က္ေတြပါဆံုးရႈံးၿပီး အဆိုးဆံုးအေျခအေနျဖစ္တဲ႔ စိတ္ေနမေကာင္းျခင္း အျဖစ္ကို ေရာက္ရွိသြားေစႏုိင္ပါတယ္။ ဒီအျဖစ္ကို မေရာက္ရွိေစဖို႔အတြက္ အေကာင္းဆံုးက ကိုယ္ဟာ ဘာျဖစ္ေနၿပီလဲ ဘယ္ေနရာကိုေရာက္ေနၿပီလဲဆိုတာကို ႏွစ္ဝက္နဲ႔ ႏွစ္ကုန္ခါနီးေရာက္တိုင္း ကိုယ့္ကိုယ္ကိုယ္ ျပန္လည္သံုးသပ္ၾကည့္သင့္ပါတယ္။ ကိုယ္သတ္မွတ္ထားတဲ႔ အရာေတြထဲက ေအာင္ျမင္သြားခဲ႔တဲ႔ အရာေတြရွိရင္ အဲ႔ဒီေအာင္ျမင္မႈကေနခြန္အားယူၿပီး မေအာင္ျမင္ေသးတဲ႔အရာေတြကုိ တစ္ဆင့္ခ်င္းဆက္လက္လုပ္ေဆာင္ကာ အခ်ိန္ဆဲြသူအျဖစ္ကေန ရုန္းထြက္ႏိုင္ပါတယ္။ ကိုယ္လုပ္ေဆာင္ခဲ႔တဲ႔အရာေတြဟာ အနာဂတ္ တကယ္အနားယူတဲ႔အခ်ိန္ရရင္ ေကာင္းက်ဳိးေတြ ျပန္လည္ျပဳမွာကေတာ့ အေသအခ်ာျဖစ္လို႔ က်န္းမာေရးကို ထိခုိက္ေစတဲ႔ အခ်ိန္ဆဲြျခင္းဆိုတဲ႔ မေကာင္းတဲ႔ အက်င့္ဆိုးကို စြန္႔လႊတ္လိုက္ၾကရေအာင္။

H.H(Akhayar)

www.akhayar.com

[Unicode]

အချိန်ဆွဲရင် ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို ဘာတွေထိခိုက်စေသလဲ

လူတိုင်းလူတိုင်းမှာ မတူညီကွဲပြားတဲ့ အကျင့်စရိုက်တွေ ရှိကြပါတယ်။ တချို့တွေက ဘယ်အလုပ်မဆို အကြွေးမထားဘဲ ချက်ချင်းလုပ်တတ်သလို တချို့တွေကြတော့လည်း အချိန်ကို ဆွဲလို့ရသမျှဆွဲပြီး လုပ်တတ်ကြပါတယ်။ အချိန်ဆွဲပြီး အီးရော အီးရောလုပ်တာက ကျောင်းတက်တုန်းမှာဆိုရင် သိပ်ပြဿနာမရှိပေမယ့် အရွယ်ရောက်လို့ လုပ်ငန်းခွင်ဝင်တဲ့အခါမျိုးရောက်လာရင် သူတစ်ပါးရဲ့နောက်မှာ ကျန်ရစ်ခဲ့စေနိုင်ပါတယ်။ အချိန်ဆွဲပြီး လုပ်တတ်တဲ့သူတွေကို ကြည့်လိုက်ရင်လည်း သူတို့ဆီမှာ မရိုးနိုင်တဲ့ အကြောင်းပြချက်တွေ မျိုးစုံရှိပါတယ်။ ဒါ့အပြင် သူတို့ကိုကြည့်လိုက်ရင်လည်း ရသမျှ အချိန်ဆွဲထားတဲ့အချိန်မှာ အေးအေးဆေးဆေးနဲ့ သက်သောင့်သက်သာ အလွန်ရှိလှတဲ့အတွက် အဲဒီ်လို မရမက အချိန်ဆွဲနေကြခြင်းလည်း ဖြစ်ပါတယ်။

သူတို့ကိုယ်တိုင်လည်း သက်သောင့်သက်သာရှိတယ်လို့ထင်ပြီး အချိန်ဆွဲနေကြပေမယ့် ဦးနှောက်ကတော့ သက်သောင့်သက်သာမဖြစ်ဘဲ ကြီးကြီးမားမား ထိခိုက်နေပါတယ်။ လူတစ်ယောက်ရဲ့ ဦးနှောက်ကို ခွဲခြမ်းစိတ်ဖြာကြည့်ရင် (၁) Neocotex (၂) Limbic System နဲ့ (၃) Cerebellum လို့ခေါ်တဲ့ အပိုင်းကြီး သုံးပိုင်းဖြင့် ဖွဲ့စည်းတည်ဆောက်ထားတာကို တွေ့ရပါတယ်။ အဲဒီအပိုင်းကြီး သုံးပိုင်းထဲက Limbic System ဟာ စိတ်ခံစားမှုနဲ့ မှတ်ဉာဏ်စွမ်းအားကို တာဝန်ယူဆောင်ရွက်ပေးပါတယ်။ နဖူးပိုင်းရှေ့အပြင်သား (Prefrontal Cortex) က စဉ်းစားတွေးတောခြင်း၊ ဉာဏ်ရည်၊ စေ့ဆော်မှု၊ ကိုယ်ရည်ကိုယ်သွေး၊ အနုစိတ်ဖြစ်ပေါ်ပုံနဲ့ အထူးပတ်သက်ပါတယ်။ အချိန်ဆွဲတဲ့အခါမှာ Limbic Sytem နဲ့ Prefrontal Cortex တို့ကို အချင်းချင်းတိုက်ခိုက်ကြပြီး ထိခိုက်မှုတွေ ဖြစ်ကုန်ကြပါတယ်။

လူတွေဟာ ပင်ပန်းရတာနဲ့ သက်သောင့်သက်သာဆို သက်သောင့်သက်သာကို ပိုကြိုက်တတ်ကြလို့ မသိလိုက်ဘဲ တစ်ခါတစ်ရံမှာ အချိန်ဆွဲတဲ့ အမူအကျင့်ကို ပြုလုပ်မိတတ်ကြပါတယ်။ အချိန်ဆွဲတာက မကောင်းပေမယ့်လည်း တစ်ခါလောက်အချိန်ဆွဲတာကို ပြုလုပ်မိကြရင် စွဲလန်းသွားတတ်ကြပါတယ်။ တာဝန်တွေ၊ ဝတၱရားေတြနဲ႔ စိတ်ဖိစီးမှုတွေကနေ ခဏရုန်းထွက်နိုင်တဲ့အတွက် စွဲလန်းကြတာကိုလည်း လွန်တယ်လို့တော့ ဆိုလို့မရပါဘူး။

ဒါပေမယ့်လည်း ဒီစွဲလန်းခြင်းကနေ ရုန်းထွက်နိုင်အောင် ကြိုးစားဖို့တော့ လိုအပ်ပါတယ်။ မရုန်းထွက်နိုင်ဘဲ နေ့စဉ်လုပ်နေကျအမူအကျင့်လိုကြီး စွဲလန်းသွားမယ်ဆိုရင် ထင်ထားတာထက်ကို ကျန်းမာရေးကို ထိခိုက်တာတွေ ဖြစ်စေနိုင်ပါတယ်။ ဥပမာအနေနဲ့ဆို TV ထိုင်ကြည့်ဖို့၊ အဝတ်လျှော်ဖို့နဲ့ ပန်းကန်တွေဆေးဖို့ အလုပ်ရှိနေပြီးဆိုရင် ဦးနှောက်တွင်းမှာ အဲ့အချိန်ကစပြီး ဘာလုပ်ရမလဲ စဉ်းစားပြီး တိုက်ပွဲတွေ စတင်ဖြစ်ပါတယ်။ အဲ့ဒီမှာ Prefrontal Cortex က စဉ်းစားတွေးတောခြင်းကို လုပ်ပေးတဲ့အတွက် ရေရှည်အတွက်တွေးတောပြီး ထိန်းချုပ်မှုကို လှုံဆော်ပေးပါတယ်။ ထိန်းချုပ်မှုကို လှုံဆော်ခံရတဲ့အခါ အလုပ်တွေဖြစ်တဲ့ အဝတ်လျှော်ဖို့နဲ့ ပန်းကန်ဆေးခြင်းကို လုပ်ဆောင်ဖို့ ဦးနှောက်က ရွေးချယ်ပါတော့တယ်။ ဒါပေမယ့် Prefrontal Cortex နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ Limbic System ကတော့ ပျော်ရွှင်မှုနဲ့ သာယာမှုတွေကို လှုံဆော်ပေးလိုက်တဲ့အခါ တီဗီကြည့်ပြီး အလုပ်တွေကို အချိန်ဆွဲဖို့ ရွေးချယ်ခြင်းတဲ့စိတ် ဦးနှောက်မှာ ဖြစ်ပေါ်လာပါတယ်။ အဲဒီအခါမှာ ဦးနှောက်က လည်တဲ့အတွက် အချိန်ဆွဲခြင်းကို ပျော်ရွှင်ခြင်း မှတ်ယူထားပြီး ရွေးချယ်စရာတွေ ဖြစ်လာရင် ပျော်ရွှင်ခြင်းဖြစ်စေတဲ့ အချိန်ဆွဲတာကိုပဲ ရွေးမိသွားအောင် တွန်းအားပေးပါတယ်။

တချို့တွေကျတော့လည်း အချိန်ဆွဲတဲ့သူတွေကို အပြင်ပန်းကနေကြည့်ပြီး အောင်မြင်တာကိုတွေ့တဲ့အခါ ငါတို့ကော ဘာကြောင့် သက်သောင့်သက်သာဖြစ်တဲ့ လမ်းကို မရွေးရမှာလည်းဆိုပြီး အတွေးတွေ ဝင်လာကာ အချိန်ဆွဲခြင်းကို လုပ်ဆောင်ချင်တဲ့စိတ်တွေ ဖြစ်လာပါတယ်။ သုတေသီတွေ လေ့လာမှုပြုလုပ်တဲ့အခါ အဲ့ဒီလိုအချိန်ဆွဲခြင်းကို ရေရှည်ကြီးလုပ်ဆောင်သွားတဲ့သူတွေမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျော့ကျခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ခန္ဓာကိုယ်လှုပ်ရှားရတာ မလွယ်ကူတော့ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတွေ ဖြစ်ပေါ်လာတာကို တွေ့ရပါတယ်။ ဒါ့အပြင် အချိန်ဆွဲခြင်းလုပ်မိလို့ ဘဝကြီးရဲ့ အကျိုးရှိတဲ့အချိန်တွေကို ဖြုန်းမိပြီး ပိုဆိုးသွားတဲ့အခါ နောင်တတွေရလာတဲ့အခါ Prefrontal Cortex ရဲ့စကားကို နားထောင်ဖို့ ဖြစ်သွားပါတယ်။

အလုပ်တွေရဲ့ ဖိအားတွေကို ကြောက်ပြီး ရှောင်ပြေးမိတဲ့အခါ အစပိုင်းမှသာ ပျော်ရွှင်မှုတွေရရှိပြီး နောက်ပိုင်းမှာ မျှော်လင့်ချက်တွေပါဆုံးရှုံးပြီး အဆိုးဆုံးအခြေအနေဖြစ်တဲ့ စိတ်နေမကောင်းခြင်း အဖြစ်ကို ရောက်ရှိသွားစေနိုင်ပါတယ်။ ဒီအဖြစ်ကို မရောက်ရှိစေဖို့အတွက် အကောင်းဆုံးက ကိုယ်ဟာ ဘာဖြစ်နေပြီလဲ ဘယ်နေရာကိုရောက်နေပြီလဲဆိုတာကို နှစ်ဝက်နဲ့ နှစ်ကုန်ခါနီးရောက်တိုင်း ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ကြည့်သင့်ပါတယ်။ ကိုယ်သတ်မှတ်ထားတဲ့ အရာတွေထဲက အောင်မြင်သွားခဲ့တဲ့ အရာတွေရှိရင် အဲ့ဒီအောင်မြင်မှုကနေခွန်အားယူပြီး မအောင်မြင်သေးတဲ့အရာတွေကို တစ်ဆင့်ချင်းဆက်လက်လုပ်ဆောင်ကာ အချိန်ဆွဲသူအဖြစ်ကနေ ရုန်းထွက်နိုင်ပါတယ်။ ကိုယ်လုပ်ဆောင်ခဲ့တဲ့အရာတွေဟာ အနာဂတ် တကယ်အနားယူတဲ့အချိန်ရရင် ကောင်းကျိုးတွေ ပြန်လည်ပြုမှာကတော့ အသေအချာဖြစ်လို့ ကျန်းမာရေးကို ထိခိုက်စေတဲ့ အချိန်ဆွဲခြင်းဆိုတဲ့ မကောင်းတဲ့ အကျင့်ဆိုးကို စွန့်လွှတ်လိုက်ကြရအောင်။

H.H(Akhayar)

www.akhayar.com