အမျိုးမျိုးခန့်မှန်းကြတာပါပဲ။ ပါဝင်သူတွေကလွဲလို့ ဘယ်သူသိနိုင်မှာလဲ။ ဇာတ်ကားထဲက သရုပ်ဆောင်တွေကတော့ တော်တော်စိတ်ညစ်ရမှာ။ ဘာဖြစ်လို့လဲဆိုတော့ သူ့မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေက ဘာဆက်ဖြစ်သလဲ မေးကြမှာလေ။ အဲ့အခါ ဇာတ်ဆောင်တွေကရော ပြန်ပြောပြမလား။ ပြောပြလို့ ဘယ်ဖြစ်မလဲ။ ပြောပြလိုက်လို့ အဲ့လူတဆင့် ပေါက်သွားရင် သွားပြီလေ။ ဒီတော့ ဇာတ်ဆောင်တွေဟာ ရေငုံနှုတ်ပိတ်နေရမှာပဲ။ သူတို့ ဘ၀ကြီး သနားဖို့ကောင်းလိုက်တာ…..။ ဇာတ်ကားမပြမချင်း ပုန်းနေရမယ်တောင်ထင်တယ်။

သူတို့တွေက မပြောပြတော့လည်း လူတွေက ကိုယ့်ဘာသာကိုယ် ခန့်မှန်းကြတာပေါ့လေ။ ဒါပေမဲ့ သိတဲ့အတိုင်း Game of Thrones ကို ဘယ်တော့မှ မခန့်မှန်းနဲ့။ အကုန်လွဲတာပဲမို့လား။ မထင်မှတ်ထားတာတွေပဲဖြစ်တတ်၊ မမျှော်လင့်ထားတာတွေ ရောက်လာတတ်တဲ့ ဇာတ်ကားမို့လား။ ဒါပေမဲ့လည်း လူဆိုတဲ့အတိုင်း ကိုယ်စိတ်ကြိုက်ထင်မြင်လို့ရတာပဲလေ။ ဒီတော့ လွဲအောင် ခန့်မှန်းကြည့်ကြတာပေါ့။

Trailer ထဲမှာတော့ Winterfall ကြီးက ပျက်စီးသွားပြီ။ ဒီလိုပျက်စီးတဲ့ပုံကိုကြည့်ရတာဟာ နိမိတ်တော့မကောင်းဘူး။ ဒီတော့ ဒါရိုက်တာဟာ ဂျွန်စနိုး (Jon Snow) နဲ့ စတာ့ခ် (Stark) တို့တွေကို သိပ်မမျှော်လင့်နဲ့လို့ ပြောချင်ပုံရတယ်။ ဒါမှမဟုတ်လည်း သူတို့တွေဟာ နေပြည်တော်ကို ပြောင်းသွားတဲ့အတွက် Winterfall ကြီးက ပျက်စီးနေတာလည်းဖြစ်နိုင်တာပဲ။ သေချာတာကတော့ စတာ့ခ်တွေ Winterfall ကြီးကို စွန့်ခွာသွားတာသေချာတယ်။ စွန့်ခွာလောက်တဲ့အကြောင်းကတော့ ဆောင်းဝင်လာလို့ပဲ။ ဒါကြောင့် သူတို့တွေဟာ တောင်ပိုင်းကို ပြောင်းကြမယ်။ နံရံကြီးကလည်း ပျက်စီးသွားပြီ။ ဒီတော့ သူတို့အားလုံးဟာ ဆာဆီ (Cersei) နဲ့ ပူးပေါင်းချင်ပူးပေါင်း။ ဒါမှမဟုတ် ဆာဆီကိုတိုက်ပြီး နေပြည်တော်ကို အားလုံးပြောင်း။ ပြီးရင် နေပြည်တော်က ခုခံနေကြမှာပဲ။

တံတိုင်းလည်းပြိုပြီ။ ဆောင်းတွင်းလည်းရောက်ပြီ။ ဒါကြောင့် ဂျင်မီလက်နစ်စတာ (Jaime Lannister) က ဆာဆီနဲ့ ပူးပေါင်းဖို့ပြောမယ်။ ဒီတော့ လူတွေအားလုံး နေပြည်တော်ကိုပြောင်းပြီး ခုခံကြတော့မယ်။ သေချာတာကတော့ White Walker တွေအားလုံးသေရမှာပဲ။ White Walker တွေ မသေရင် နှောင်းလူတွေ ရှိဖို့ ဘယ်လွယ်မလဲ။ ဒီတော့ White Walker တွေ အားလုံးဟာ သေလိမ့်မယ်။ White Walker တွေနဲ့အတူ….ဂျွန်စနိုးသေမယ်။

ပြီးရင် ဂျွန်စနိုးဟာ သူ့ဦးလေး ဘန်ဂျန် (Benjen) လိုမျိုးဖြစ်မယ်။ အန်ကယ်ဘန်ဂျန်ကို မှတ်မိတယ်မို့လား။ ဘရန်စတာ့ခ် (Bran Stark) နဲ့ ဂျွန်စနိုးကို White Walker တွေဆီကနေ ကယ်ခဲ့တဲ့လူလေ။ ညစောင့်မျှော်စင်မှာ တာဝန်ထမ်းဆောင်တဲ့ ဘန်ဂျန်စတာ့ခ်။ နံရံအပြင်ကို လျှောက်လေ့လာရင်း ပျောက်သွားခဲ့တဲ့သူ။ ပြန်ပေါ်လာတော့ အရင်လို လူသားတယောက် မဟုတ်တော့ဘူး။ White Walker တွေလိုမျိုး ဖြစ်သွားတဲ့လူ။ ဒါပေမဲ့ သူက White Walker တွေလိုမျိုး အသိဥာဏ်မဲ့မသွားဘူး။ လူတွေကို ကယ်တင်စောင့်ရှောက်လုပ်နေတဲ့လူ။ ပြီးတော့ သေလည်း မသေနိုင်တဲ့လူလို့ ပြောကြတယ်။ ဒါပေမဲ့ နောက်ဆုံး ဂျွန်စနိုးကို ကယ်ပြီးတဲ့အခန်းမှာတော့ သူ့ကို White Walker တွေမိသွားတယ်။ ဒီတော့ သေပြီလား ရှင်သေးလားလည်းမသိ။ ဒါကြောင့် ဂျွန်စနိုးဟာလည်း White Walker တွေကို နိုင်ဖို့ဆိုရင် သူကိုယ်တိုင် အဲ့လိုဖြစ်ဖို့လိုမယ်လေ။ ဒီတော့ ဂျွန်စနိုးဟာ သူ့ဦးလေး အန်ကယ်ဘန်ဂျန်လိုမျိုး ဖြစ်သွားလိမ့်မယ်။

ပြီးတဲ့အခါမှာတော့ ဂျွန်စနိုးဟာ White Walker တွေအားလုံးရဲ့ ခေါင်းဆောင် ညဘုရင်ဆီကို သွားတိုက်မယ်။ ဒီအတိုင်း တိုက်မှာတော့ မဟုတ်။ မီးလောင်ဗုံးတွေ ယူသွားမှာပဲ။ ဆာဆီ့ဆီမှာရှိတဲ့ မီးလောင်းဗုံးတွေနဲ့ White Walker တွေ အားလုံးကို ဆာဆီနည်းအတိုင်း မီးလောင်တိုက်သွင်းပစ်မယ်လို့ ခန့်မှန်းရတယ်။ နဂါးဖန်နဲ့ သတ်တာထက် မီးရှို့ပြီးသတ်ရတာက ပိုအဆင်ပြေမယ်ထင်တာပဲလေ။ မြန်တယ်လေ။ မီးလောင်ဗုံးတွေသွားထားပြီးတော့ ဂျွန်စနိုးကိုသူ့ နဂါးတို့အမေက လာကယ်။ နဂါးကြီးစီးပြီးတော့ပေါ့။

အဲ့အချိန်မှာပဲ ညဘုရင်အသက်ပြန်သွင်းထားတဲ့ နဂါးကြီးက မီးစိမ်းတွေနဲ့ ဒနဲရစ်ကို တိုက်ခိုက်။ ဒနဲရစ် (Daenerys) နဂါးပေါ်က ပြုတ်ကျသေ….။ အဲ့အချိန်မှာ မီးလောင်ဗုံးကပေါက်…..။ White Walker တွေရော၊ ဂျွန်စနိုးရော၊ ညဘုရင်ရော အားလုံးသေ။ နေပြည်တော်က ဆာဆီ့ကိုတော့ အာယာ (Arya) က သူ့နည်းအတိုင်းသတ်။ ဂျင်မီလက်နစ်စတာ (Jaime Lannister) ကလည်း အာယာ့ကိုပြန်သတ်။ အာယာ့ကိုသတ်တော့ လူကြမ်းမကြီး ဘရင်နီ (Brienne) က ဂျင်မီကို ပြန်သတ်။

အဲ့တော့ နောက်ဆုံးမှာ စတာ့ခ်ထဲက ဘရန်စတာ့ခ်နဲ့ ဆန်ဆာစတာခ့် (Sansa Stark) နှစ်ယောက်ကျန်မယ်။ လက်နစ်စတာထဲက တိုင်ရီယွန် (Tyrion) ကျန်မယ်။ တိုက်ရီယွန်နဲ့ ဆန်ဆာကလည်း အစကတည်းက လင်မယားဆိုတော့ သူတို့နှစ်ယောက်ပြန်ယူ။ ပြီးတော့ တိုင်းပြည် ခုနှစ်ခုကို အုပ်ချုပ်ကြလေသတည်းပေါ့…..။

Cookie TV ကနေစီစဉ်ထားတဲ့ Cookie’s GOT Event လေးမှာ Fans အချင်းချင်းပျော်ပျော်ပါးပါးတွေ့ပြီး ဂိမ်းတွေဆော့မယ်… HBO ရဲ့ Premium လက်ဆောင်တွေ ရယူကြမယ်လေ ။ Talk Show ၊ ဖျော်ဖြေရေးတင်ဆက်မှုတွေအပြင် အကနဲ့ Cosplay Performance တွေပါ ပါဦးမှာပါ။ ဒီပွဲကို ဧပြီလ(၁၁) ရက်နေ့ ညနေ (၅) နာရီကနေ (၇) နာရီအထိ Junction City မှာ ကျင်းပပေးသွားမှာဖြစ်လို့ ဒီလင့်ခ်မှာRegister လုပ်လိုက်ပါ။

(***မှတ်ချက်။   ။ ပထမဆုံး Register လုပ်တဲ့ အယောက် ၁ဝဝ အတွက် HBO Premium လက်ဆောင်တွေ စီစဉ်ပေးထားသေးတာမို့ လာမယ်ဆို Register လုပ်ဖို့ မမေ့နဲ့နော်။)

Photo Credit – Watchers on the Wall ၊  Game of Thrones

အခရာ (www.akhayar.com)