[Zawgyi]

တစ္သငး္တည္းမွာ အတူကစားခဲ့ဖူးတဲ့ Maradona နဲ႔ Messi

အာဂ်င္တီးနား ေဘာလုံးသမုိင္းမွာ မာရာဒုိနာ Maradona နဲ႔ မက္ဆီ Messi ဘယ္သူ ပုိေကာင္းလဲဆုိတာ အခုထက္ထိ အေျဖရွာမရေသးတဲ့ ပုစၦာတစ္ပုဒ္။ Modern ေဘာလုံးေလာကမွာ မက္ဆီ ရယူခဲ့တဲ့ ဆုဖလားေတြ၊ တစ္ဦးခ်င္းေအာင္ျမင္မႈေတြ၊ စံခ်ိန္မွတ္တမ္းေတြက အထင္ႀကီးစရာျဖစ္ခ်င္ျဖစ္မယ္၊ ပရိသတ္ေတာ္ေတာ္မ်ားကေတာ့ မာရာဒုိနာထက္ မက္ဆီက ပုိေကာင္းတယ္ဆုိတဲ့ အယူအဆကုိ လက္မခံၾကဘူး။ ဒါေပမဲ့ ဒီဂႏၳ၀င္ႏွစ္ဦး တစ္သင္းတည္းမွာ အတူကစားဖူးခဲ့တယ္ဆုိရင္ ပရိသတ္ေတြ အံ့အားသင့္သြားမလား။ ၂၀၀၅ ခုႏွစ္တုန္းက အာဂ်င္တီးနားႏုိင္ငံရဲဲ႕ ရန္ပုံေငြပဲြတစ္ပဲြမွာ မက္ဆီနဲ႔ မာရာဒုိနာတို႔ဟာ တစ္သငး္တည္း အတူ ကစားခဲ့ဖူးၿပီး အဲဒီပဲြဟာ ေဘာလုံးသမုိင္းတစ္ေလွ်ာက္ အေကာင္းဆုံးပဲြေတြထဲက တစ္ပဲြျဖစ္ခဲ့တယ္။

The-hand-of-God-the-back-of-GOAT

The-hand-of-God-the-back-of-GOAT

အဲဒီအခ်ိန္တုန္းကေတာ့ မာရာဒိုနာက ၾကယ္ပြင့္ေဟာင္း၊ မက္ဆီက တက္သစ္စ ၾကယ္ပြင့္သစ္၊”မာရာဒုိနာလက္သစ္” ဆုိၿပီး နာမည္ စႀကီးလာခ်ိန္ေပါ့။ အဲဒီရန္ပုံေငြပဲြမွာ အာဂ်င္တီးနားၾကယ္ပြင့္ေဟာင္းေတြျဖစ္တဲ့ ရီကြယ္လ္ေမး Riquelme ၊ ဆီျမြန္နီ Simeone ၊ ဂယ္လာဒုိ Gallardo ၊ ဗာရြန္ Veron တို႔အျပင္ မက္ဆီနဲ႔အတူ ၾကယ္ပြင့္သစ္ျဖစ္လာတဲ့ အခု မန္စီးတီးတိုက္စစ္မွဴး အဂြဲ႐ုိးလည္း ပါ၀င္ခဲ့ၾကတယ္။ မာရာဒိုနာနဲ႔ မက္ဆီတို႔ကုိ ပရိသတ္ေတြက ဘယ္လုိပဲ ႏႈိင္းယွဥ္ပါေစ သူတို႔ႏွစ္ဦးဟာ တဲြဖက္ညီညီနဲ႔ ကစားခဲ့ၿပီး မာရာဒုိနာရဲ႕ ပဥၥလက္ဆန္တဲ့ ကစားဟန္ေတြက သူနာမည္ေက်ာ္ခဲ့တဲ့ ၁၉၈၀ ေက်ာ္ကာလေတြက အတိုင္း မေျပာင္းလဲခဲ့ဘူး။

Maradona-bemoans-the-referee-as-a-young-Messi-watches-on

Maradona-bemoans-the-referee-as-a-young-Messi-watches-on

ဒါေၾကာင့္ အာဂ်င္တီးနား ဂႏၳ၀င္ႏွစ္ဦးရဲ႕ ကစားဟန္ေတြကုိ ဒီေန႔ေခတ္ ပရိသတ္ေတြလည္း ျမင္ေတြ႕ခံစားႏုိင္ဖုိ႔အတြက္ Video Link နဲ႔ ေဖာ္ျပေပးလုိက္ပါတယ္။ ဘယ္သူပုိေကာင္းလဲဆုိတာ ကုိယ္တိုင္ပဲ ဆုံးျဖတ္ၾကည့္ၾကပါေတာ့ . . .

ရန္ပုံေငြပဲြမွာ အတူတကြ ကစားခဲ့တဲ့ မာရာဒုိနာနဲ႔ မက္ဆီတို႔ရဲ႕ Video Link

REF:.dreamteamfc.com
Photo:Dreamteam FC,Goal.com
Naing Linn(Akhayar)
www.akhayar.com

[Unicode]

တစ်သင်းတည်းမှာ အတူကစားခဲ့ဖူးတဲ့ Maradona နဲ့ Messi

အာဂျင်တီးနား ဘောလုံးသမိုင်းမှာ မာရာဒိုနာ Maradona နဲ့ မက်ဆီ Messi ဘယ်သူ ပိုကောင်းလဲဆိုတာ အခုထက်ထိ အဖြေရှာမရသေးတဲ့ ပုစ္ဆာတစ်ပုဒ်။ Modern ဘောလုံးလောကမှာ မက်ဆီ ရယူခဲ့တဲ့ ဆုဖလားတွေ၊ တစ်ဦးချင်းအောင်မြင်မှုတွေ၊ စံချိန်မှတ်တမ်းတွေက အထင်ကြီးစရာဖြစ်ချင်ဖြစ်မယ်၊ ပရိသတ်တော်တော်များကတော့ မာရာဒိုနာထက် မက်ဆီက ပိုကောင်းတယ်ဆိုတဲ့ အယူအဆကို လက်မခံကြဘူး။ ဒါပေမဲ့ ဒီဂန္ထဝင်နှစ်ဦး တစ်သင်းတည်းမှာ အတူကစားဖူးခဲ့တယ်ဆိုရင် ပရိသတ်တွေ အံ့အားသင့်သွားမလား။ ၂၀၀၅ ခုနှစ်တုန်းက အာဂျင်တီးနားနိုင်ငံရဲ့ ရန်ပုံငွေပွဲတစ်ပွဲမှာ မက်ဆီနဲ့ မာရာဒိုနာတို့ဟာ တစ်သင်းတည်း အတူ ကစားခဲ့ဖူးပြီး အဲဒီပွဲဟာ ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးပွဲတွေထဲက တစ်ပွဲဖြစ်ခဲ့တယ်။

The-hand-of-God-the-back-of-GOAT

The-hand-of-God-the-back-of-GOAT

အဲဒီအချိန်တုန်းကတော့ မာရာဒိုနာက ကြယ်ပွင့်ဟောင်း၊ မက်ဆီက တက်သစ်စ ကြယ်ပွင့်သစ်၊”မာရာဒိုနာလက်သစ်” ဆိုပြီး နာမည် စကြီးလာချိန်ပေါ့။ အဲဒီရန်ပုံငွေပွဲမှာ အာဂျင်တီးနားကြယ်ပွင့်ဟောင်းတွေဖြစ်တဲ့ ရီကွယ်လ်မေး Riquelme ၊ ဆီမြွန်နီ Simeone ၊ ဂယ်လာဒို Gallardo ၊ ဗာရွန် Veron တို့အပြင် မက်ဆီနဲ့အတူ ကြယ်ပွင့်သစ်ဖြစ်လာတဲ့ အခု မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးလည်း ပါဝင်ခဲ့ကြတယ်။ မာရာဒိုနာနဲ့ မက်ဆီတို့ကို ပရိသတ်တွေက ဘယ်လိုပဲ နှိုင်းယှဉ်ပါစေ သူတို့နှစ်ဦးဟာ တွဲဖက်ညီညီနဲ့ ကစားခဲ့ပြီး မာရာဒိုနာရဲ့ ပဉ္စလက်ဆန်တဲ့ ကစားဟန်တွေက သူနာမည်ကျော်ခဲ့တဲ့ ၁၉၈၀ ကျော်ကာလတွေက အတိုင်း မပြောင်းလဲခဲ့ဘူး။

Maradona-bemoans-the-referee-as-a-young-Messi-watches-on

Maradona-bemoans-the-referee-as-a-young-Messi-watches-on

ဒါကြောင့် အာဂျင်တီးနား ဂန္ထဝင်နှစ်ဦးရဲ့ ကစားဟန်တွေကို ဒီနေ့ခေတ် ပရိသတ်တွေလည်း မြင်တွေ့ခံစားနိုင်ဖို့အတွက် Video Link နဲ့ ဖော်ပြပေးလိုက်ပါတယ်။ ဘယ်သူပိုကောင်းလဲဆိုတာ ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြည့်ကြပါတော့ . . .

ရန်ပုံငွေပွဲမှာ အတူတကွ ကစားခဲ့တဲ့ မာရာဒိုနာနဲ့ မက်ဆီတို့ရဲ့ Video Link

REF:.dreamteamfc.com
Photo:Dreamteam FC,Goal.com
Naing Linn(Akhayar)
www.akhayar.com