[Zawgyi]

အခ်ိန္မတိုင္ခင္ ေန၀င္ရေတာ့မယ့္ အဂၤလန္တို႔ရဲ႕ ၾကယ္ပြင့္ေဟာင္း Micah Richards

မီကာရစ္ခ်တ္ Micah Richards ဆုိတဲ့ အမည္ကုိ ပရိသတ္ေတြ မွတ္မိေသးရဲ႕လား။ တစ္ခ်ိန္တုန္းက အဂၤလန္အသင္းရဲ႕ အနာဂတ္ အသင္းေခါင္းေဆာင္ျဖစ္လာမယ့္သူလုိ႔ သတ္မွတ္ခံခဲ့ရသူ၊ မန္စီးတီးအသင္း တစ္ေခတ္ဆန္းခ်ိန္မွာ ပါ၀င္ေျခစြမ္းျပခဲ့သူ။ အဲဒီလို ကစားသမားက အခုအခ်ိန္မွာေတာ့ အရြယ္မတိုင္ခင္ ေန၀င္ရေတာ့မယ့္ အေျခအေနနဲ႔ ရင္ဆုိင္ေနၿပီ။ အဂၤလန္ ဆယ္ေက်ာ္သက္ကစားသမားထဲမွာ ထြန္းေတာက္လာမယ့္ ၾကယ္တစ္ပြင့္အျဖစ္ သတ္မွတ္ခံခဲ့ရတဲ့ မီကာရစ္ခ်တ္အတြက္ အဓိက ထုိးႏွက္ခဲ့တာက ဒဏ္ရာျပႆနာေတြပါပဲ။

Micah-Richards-and-ljungberg

Micah-Richards-and-ljungberg

လိဂ္ခ်န္ပီယံရွစ္ကလပ္ အက္စတြန္ဗီလာအသင္းမွာ အသက္ဆက္ေနတဲ့ မီကာရစ္ခ်တ္ဟာ အခုဆုိရင္ သူ႔ Career က အတက္မရွိေတာ့ဘဲ ေနာက္ထပ္ ဆက္က်ဖုိ႔သာရွိေတာ့တယ္။ အခုဆုိရင္ မီကာရစ္ခ်တ္ဟာ ေဘာလုံးကြင္းကုိ ေျခမခ်ျဖစ္တာက (၆၆၅)ရက္အထိ ရွိေနၿပီ။ တိတိက်က်ေျပာရရင္ ၂၀၁၆၊ ေအာက္တိုဘာ (၁၅)ရက္တုန္းက ၀ုလ္ဗ္နဲ႔ကစားခဲ့တဲ့ပဲြေနာက္ပုိင္း ဒဏ္ရာေၾကာင့္ သူ႔ကစားသမားဘ၀ အေမွာင္ေန႔ရက္ေတြက ဆက္လက္ႀကီးစုိးခဲ့တယ္။ သူ ကံမေကာင္းတာလည္း ပါပါလိမ့္မယ္။ ၀ုလ္ဗ္နဲ႔ပဲြမွာ ကစားသမားဘ၀ (၁၃)ႀကိမ္ေျမာက္ ဒဏ္ရာနဲ႔ရင္ဆုိင္ခဲ့ရၿပီး အက္စတြန္ဗီလာအသင္းနဲ႔ လမ္းခဲြရမယ့္ရက္ကုိ ထုိင္ေစာင့္ေနရပါၿပီ။ ဒဏ္ရာေတြ မရွိခင္တုနး္ကေတာ့ မီကာရစ္ခ်တ္က ကမၻာ႔အေကာင္းဆုံး ညာေနာက္ခံလူစာရင္း၀င္ ကစားသမားတစ္ဦးေပါ့။ အဂၤလန္အသင္းမွာ အသက္(၁၇)ႏွစ္အရြယ္ကတည္းက ေရြးခ်ယ္ခံခဲ့ရတယ္၊ ၂၀၁၁-၁၂ ရာသီ ပရီးမီးယားလိဂ္ခ်န္ပီယံ မန္စီးတီးအသငး္ရဲ႕ အဓိက ကစားသမား၊ ေနာက္ မန္စီးတီးအသင္းရဲ႕ ဒုတိယအသင္းေခါင္းေဆာင္ စတဲ့ ဂုဏ္ပုဒ္ေတြနဲ႔ မီကာရစ္ခ်တ္ရဲ႕ အနာဂတ္ခရီးလမ္းက ေျဖာင့္ျဖဴးခဲ့တယ္။

former-Manchester-City-defender-appeared-to-be-heading-for-the-top-before-a-serious-knee-injury-in-2012

former-Manchester-City-defender-appeared-to-be-heading-for-the-top-before-a-serious-knee-injury-in-2012

ဒါေပမဲ့ ဘ၀ဆုိတာက ကုိယ္ေမွ်ာ္လင့္တဲ့အတိုင္း ျဖစ္လာတတ္တာမွ မဟုတ္တာပဲ။ ၂၀၁၂ ေအာက္တိုဘာလတုန္းက ဆြမ္ဆီးနဲ႔ကစားခဲ့တဲပဲြမွာ ဒူးဒဏ္ရာရခဲ့ၿပီး အဲဒီဒဏ္ရာက သူ႔ ကစားဘ၀ကုိ ေဇာက္ထုိးမုိးေမွ်ာ္ျဖစ္ေစခဲ့တယ္။ အဲဒီဒဏ္ရာေၾကာင့္ (၆)လအထိ အနားယူခဲ့ရၿပီးေနာက္မွာေတာ့ မီကာရစ္ခ်တ္က အရင္ မီကာရစ္ခ်တ္မဟုတ္ေတာ့ပါဘူး။ အဲဒီေနာက္မွာေတာ့ မန္စီးတီးအသင္းမွာလည္း ပုံမွန္ေနရာမရေတာ့ဘူး၊ ဖီအုိရင္တီးနားအသင္းဆီ အငွားခ်ခံခဲ့ရေတာ့လည္း ႐ုန္းကန္ခဲ့ရတယ္။

Micah-Richards-Down-Fall

Micah-Richards-Down-Fall

၂၀၁၅ ခုႏွစ္မွာ မန္စီးတီးအသင္းက သူ႔ကုိ စာခ်ဳပ္ဖ်က္သိမ္းခဲ့တာေၾကာင့္ အက္စတြန္ဗီလာဆီ လြင့္စင္ခဲ့ရတယ္။ ဒါေပမဲ့ ဒဏ္ရာအိပ္မက္ဆုိးက သူ႔ကုိ ဆက္လက္ေျခာက္လွန္႔ေနခဲ့ၿပီး ၂၀၁၆-၁၇ ရာသီမွာ (၃)ပဲြ၊ ၿပီးခဲ့တဲ့ရာသီမွာ တစ္ပဲြမွ မကစားႏုိင္ခဲ့ဘူး။ အက္စတြန္ဗီလာအသင္းကလည္း မီကာရစ္ခ်တ္ကုိ စိတ္ရွည္သညး္ခံမႈေတြ ကုန္ဆုံးလာၿပီးနဲ႔တူပါတယ္၊ အခု သူ႔ရဲ႕စာခ်ဳပ္ကုိ ဖ်က္သိမ္းဖုိ႔အထိ ျပင္ဆင္ေနၿပီ။ ဆယ္ေက်ာ္သက္အရြယ္မွာ တက္သစ္စ ေနတစ္စင္းျဖစ္ခဲ့တဲ့ မီကာရစ္ခ်တ္ အသက္(၃၀)အရြယ္မွာ ေန၀င္ရမယ့္ အေျခအေနျဖစ္လာခဲ့ပါၿပီ။ မီကာရစ္ခ်တ္ရဲ႕ လက္က်န္ကစားသမားဘ၀မွာ လူမသိသူမသိအျဖစ္နဲ႔ အဆုံး မသတ္ရပါေစနဲ႔လုိ႔ ဆုေတာင္းရင္း . . . .

REF:The Sun
Photo:The Sun,Sportsration
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အချိန်မတိုင်ခင် နေဝင်ရတော့မယ့် အင်္ဂလန်တို့ရဲ့ ကြယ်ပွင့်ဟောင်း Micah Richards

မီကာရစ်ချတ် Micah Richards ဆိုတဲ့ အမည်ကို ပရိသတ်တွေ မှတ်မိသေးရဲ့လား။ တစ်ချိန်တုန်းက အင်္ဂလန်အသင်းရဲ့ အနာဂတ် အသင်းခေါင်းဆောင်ဖြစ်လာမယ့်သူလို့ သတ်မှတ်ခံခဲ့ရသူ၊ မန်စီးတီးအသင်း တစ်ခေတ်ဆန်းချိန်မှာ ပါဝင်ခြေစွမ်းပြခဲ့သူ။ အဲဒီလို ကစားသမားက အခုအချိန်မှာတော့ အရွယ်မတိုင်ခင် နေဝင်ရတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေပြီ။ အင်္ဂလန် ဆယ်ကျော်သက်ကစားသမားထဲမှာ ထွန်းတောက်လာမယ့် ကြယ်တစ်ပွင့်အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ မီကာရစ်ချတ်အတွက် အဓိက ထိုးနှက်ခဲ့တာက ဒဏ်ရာပြဿနာတွေပါပဲ။

Micah-Richards-and-ljungberg

Micah-Richards-and-ljungberg

လိဂ်ချန်ပီယံရှစ်ကလပ် အက်စတွန်ဗီလာအသင်းမှာ အသက်ဆက်နေတဲ့ မီကာရစ်ချတ်ဟာ အခုဆိုရင် သူ့ Career က အတက်မရှိတော့ဘဲ နောက်ထပ် ဆက်ကျဖို့သာရှိတော့တယ်။ အခုဆိုရင် မီကာရစ်ချတ်ဟာ ဘောလုံးကွင်းကို ခြေမချဖြစ်တာက (၆၆၅)ရက်အထိ ရှိနေပြီ။ တိတိကျကျပြောရရင် ၂၀၁၆၊ အောက်တိုဘာ (၁၅)ရက်တုန်းက ဝုလ်ဗ်နဲ့ကစားခဲ့တဲ့ပွဲနောက်ပိုင်း ဒဏ်ရာကြောင့် သူ့ကစားသမားဘ၀ အမှောင်နေ့ရက်တွေက ဆက်လက်ကြီးစိုးခဲ့တယ်။ သူ ကံမကောင်းတာလည်း ပါပါလိမ့်မယ်။ ဝုလ်ဗ်နဲ့ပွဲမှာ ကစားသမားဘ၀ (၁၃)ကြိမ်မြောက် ဒဏ်ရာနဲ့ရင်ဆိုင်ခဲ့ရပြီး အက်စတွန်ဗီလာအသင်းနဲ့ လမ်းခွဲရမယ့်ရက်ကို ထိုင်စောင့်နေရပါပြီ။ ဒဏ်ရာတွေ မရှိခင်တုန်းကတော့ မီကာရစ်ချတ်က ကမ္ဘာ့အကောင်းဆုံး ညာနောက်ခံလူစာရင်းဝင် ကစားသမားတစ်ဦးပေါ့။ အင်္ဂလန်အသင်းမှာ အသက်(၁၇)နှစ်အရွယ်ကတည်းက ရွေးချယ်ခံခဲ့ရတယ်၊ ၂၀၁၁-၁၂ ရာသီ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းရဲ့ အဓိက ကစားသမား၊ နောက် မန်စီးတီးအသင်းရဲ့ ဒုတိယအသင်းခေါင်းဆောင် စတဲ့ ဂုဏ်ပုဒ်တွေနဲ့ မီကာရစ်ချတ်ရဲ့ အနာဂတ်ခရီးလမ်းက ဖြောင့်ဖြူးခဲ့တယ်။

former-Manchester-City-defender-appeared-to-be-heading-for-the-top-before-a-serious-knee-injury-in-2012

former-Manchester-City-defender-appeared-to-be-heading-for-the-top-before-a-serious-knee-injury-in-2012

ဒါပေမဲ့ ဘဝဆိုတာက ကိုယ်မျှော်လင့်တဲ့အတိုင်း ဖြစ်လာတတ်တာမှ မဟုတ်တာပဲ။ ၂၀၁၂ အောက်တိုဘာလတုန်းက ဆွမ်ဆီးနဲ့ကစားခဲ့တဲပွဲမှာ ဒူးဒဏ်ရာရခဲ့ပြီး အဲဒီဒဏ်ရာက သူ့ ကစားဘဝကို ဇောက်ထိုးမိုးမျှော်ဖြစ်စေခဲ့တယ်။ အဲဒီဒဏ်ရာကြောင့် (၆)လအထိ အနားယူခဲ့ရပြီးနောက်မှာတော့ မီကာရစ်ချတ်က အရင် မီကာရစ်ချတ်မဟုတ်တော့ပါဘူး။ အဲဒီနောက်မှာတော့ မန်စီးတီးအသင်းမှာလည်း ပုံမှန်နေရာမရတော့ဘူး၊ ဖီအိုရင်တီးနားအသင်းဆီ အငှားချခံခဲ့ရတော့လည်း ရုန်းကန်ခဲ့ရတယ်။

Micah-Richards-Down-Fall

Micah-Richards-Down-Fall

၂၀၁၅ ခုနှစ်မှာ မန်စီးတီးအသင်းက သူ့ကို စာချုပ်ဖျက်သိမ်းခဲ့တာကြောင့် အက်စတွန်ဗီလာဆီ လွင့်စင်ခဲ့ရတယ်။ ဒါပေမဲ့ ဒဏ်ရာအိပ်မက်ဆိုးက သူ့ကို ဆက်လက်ခြောက်လှန့်နေခဲ့ပြီး ၂၀၁၆-၁၇ ရာသီမှာ (၃)ပွဲ၊ ပြီးခဲ့တဲ့ရာသီမှာ တစ်ပွဲမှ မကစားနိုင်ခဲ့ဘူး။ အက်စတွန်ဗီလာအသင်းကလည်း မီကာရစ်ချတ်ကို စိတ်ရှည်သည်းခံမှုတွေ ကုန်ဆုံးလာပြီးနဲ့တူပါတယ်၊ အခု သူ့ရဲ့စာချုပ်ကို ဖျက်သိမ်းဖို့အထိ ပြင်ဆင်နေပြီ။ ဆယ်ကျော်သက်အရွယ်မှာ တက်သစ်စ နေတစ်စင်းဖြစ်ခဲ့တဲ့ မီကာရစ်ချတ် အသက်(၃၀)အရွယ်မှာ နေဝင်ရမယ့် အခြေအနေဖြစ်လာခဲ့ပါပြီ။ မီကာရစ်ချတ်ရဲ့ လက်ကျန်ကစားသမားဘဝမှာ လူမသိသူမသိအဖြစ်နဲ့ အဆုံး မသတ်ရပါစေနဲ့လို့ ဆုတောင်းရင်း . . . .

REF:The Sun
Photo:The Sun,Sportsration
Naing Linn(Akhayar)
www.akhayar.com