Honor ကေန ထုတ္ထားတဲ့ Honor 7S စမတ္ဖုန္းက လက္ရွိအခ်ိန္မွာ ေငြက်ပ္ ၁ သိနး္ခြဲဝန္းက်င္နဲ႔ ဝယ္ယူႏုိင္တဲ့ စမတ္ဖုန္းတစ္ခုျဖစ္ပါတယ္။ အခုလုိမ်ိဳး Budget ေစ်းဝန္းက်င္မွာ စမတ္ဖုန္းေတြ ဝယ္ယူမယ္ဆိုရင္ ဘယ္လုိမ်ိဳး Feature ေတြပါဝင္မလဲဆိုတာက စိတ္ဝင္စားစရာပါ။ ကုိယ္က ေစ်းပိုနည္းတဲ့ တန္ဖိုးတစ္ခုကိုေပးထားေပမယ့္ ျပန္ရတဲ့ Feature ေတြက တကယ္တန္ရဲ႕လားဆုိတာက လူတိုင္းသိခ်င္မယ့္အရာတစ္ခုပါ။

honor-7s-vs-xiaomi-redmi-6-head-to-head

Honor 7S

အဲ့ဒါေၾကာင့္ အခု Article မွာေတာ့ တကယ္လုိ႔ Honor 7S စမတ္ဖုန္းကို ဝယ္ယူမယ္ဆုိရင္ ဘယ္လုိမ်ိဳး Feature ေတြရႏုိင္မလဲဆိုတာကုိ ေဖာ္ျပသြားေပးမွာပါ။

18:9 Display

Honor 7S

ျပီးခဲ့တဲ့ ၂၀၁၇ ႏွစ္ကုန္ပိုင္းေလာက္တုန္းက စတင္ခဲ့တဲ့ 18:9 Display ဖုန္းေတြက အခုအခ်ိန္မွာ ဒီ Honor 7S စမတ္ဖုန္းလုိမ်ိဳး Budget စမတ္ဖုန္းေတြမွာပါရရွိလာျပီျဖစ္ပါတယ္။ ဒါက Video ေတြၾကည့္တဲ့ေနရာမွာ တကယ္ကိုသိသာလာျပီးေတာ့ သာမန္ တျခားေသာ 16:9 Display ပါတဲ့ဖုန္းေတြနဲ႔ ယွဥ္ရင္ ပိုေကာင္းလာတာပါ။

ဒါေပမယ့္ Honor 7S ဖုန္းမွာ HD+ Resolution ပဲရွိတဲ့အတြက္ တျခားေသာ ေစ်းပိုၾကိးတဲ့ Full HD+ Resolution ဖုန္းေတြထက္ေတာ့ အားနည္းေနပါေသးတယ္။

LED Selfie-light

Honor 7S

Selfie ရုိက္ဖုိ႔က အေကာင္းဆံုးေသာ စမတ္ဖုန္းေတြမကုိင္ထားလည္း လူတိုင္းရုိက္ခ်င္တဲ့အရာတစ္ခုပါ။ ဒီေနရာမွာလည္း Budget စမတ္ဖုန္းအမ်ားစုမွာ ၾကံဳရသလိုပဲ ညဘက္အလင္းေရာင္ေကာင္းေကာင္းမရတဲ့အခ်ိန္မွာ Selfie ပံုေကာင္းေကာင္းရုိက္ဖုိ႔က ခက္ခဲေနပါတယ္။ ဒါေပမယ့္ Honor 7S မွာေတာ့ Front 5MP Camera မွာ LED Selfie-light တစ္ခုပါဝင္တဲ့အတြက္ တကယ္လုိ႔ ညဘက္မွာ Selfie ရုိက္မယ္ဆိုရင္လည္း Honor 7S က တျခားေသာ Budget ဖုန္းေတြထက္ ပိုသာေနႏုိင္ပါတယ္။

Dual SIM အျပင္ MicroSD Card ထည့္ႏုိင္ျခင္း

Honor 7S

Honor 7S ဟာ Internal Storage အေနနဲ႔ 16GB ပဲ ပါဝင္တာျဖစ္ပါတယ္။ အဲ့ဒီအတြက္ ဖုန္းမွာ Storage မ်ားမ်ားထည့္သြင္းခ်င္တဲ့သူေတြဆိုရင္ Storage ကို MicroSD Card ကေန ထပ္မံထည့္သြင္းႏုိင္ျပီျဖစ္ပါတယ္။ ဒါကလည္း တျခားေသာ စမတ္ဖုန္းေတြလုိမ်ိဳး SIM 2 Slot မွာ ထည့္သြင္းရတာမဟုတ္ဘဲ SIM ၂ ကဒ္အျပင္ သီးသန္႔ Slot တစ္ခုအေနနဲ႔ အသံုးျပဳရတာျဖစ္တဲ့အတြက္ Dual SIM Function ကို မထိခုိက္ဘဲ သံုးႏုိင္ဦးမွာပါ။

ဒီ Feature ေတြကေတာ့ ေငြက်ပ္ ၁ သိန္းခြဲေအာက္ စမတ္ဖုန္းတစ္ခုျဖစ္တဲ့ Honor 7S ဖုန္းမွာ ရရွိႏုိင္တဲ့ Feature အခ်ိဳ႕ပဲျဖစ္ပါတယ္။ ဒီ Feature ေတြက Honor 7S ကို ပိုျပီး အားသာခ်က္ေတြရရွိႏုိင္ေနေပမယ့္ Honor 7S မွာလည္း တျခားေသာ စမတ္ဖုန္းေတြနည္းတူပဲ အားနည္းခ်က္ေတြရွိေနပါေသးတယ္။ ဒါေပမယ့္လည္း ဒီေစ်းဝန္းက်င္မွာေတာ့ Honor 7S က ေတာ္ေတာ္ေလးကို စြမ္းေဆာင္ရည္ပိုင္းမွာ သံုးထားတဲ့ Mediatek Processor ေၾကာင့္ အားနည္းတယ္ဆုိေပမယ့္ ေစ်းအရေတာ့ တန္တယ္လုိ႔ ေျပာလုိ႔ရပါတယ္။

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Honor ကနေ ထုတ်ထားတဲ့ Honor 7S စမတ်ဖုန်းက လက်ရှိအချိန်မှာ ငွေကျပ် ၁ သိနး်ခွဲဝန်းကျင်နဲ့ ဝယ်ယူနိုင်တဲ့ စမတ်ဖုန်းတစ်ခုဖြစ်ပါတယ်။ အခုလိုမျိုး Budget စျေးဝန်းကျင်မှာ စမတ်ဖုန်းတွေ ဝယ်ယူမယ်ဆိုရင် ဘယ်လိုမျိုး Feature တွေပါဝင်မလဲဆိုတာက စိတ်ဝင်စားစရာပါ။ ကိုယ်က စျေးပိုနည်းတဲ့ တန်ဖိုးတစ်ခုကိုပေးထားပေမယ့် ပြန်ရတဲ့ Feature တွေက တကယ်တန်ရဲ့လားဆိုတာက လူတိုင်းသိချင်မယ့်အရာတစ်ခုပါ။

honor-7s-vs-xiaomi-redmi-6-head-to-head

Honor 7S

အဲ့ဒါကြောင့် အခု Article မှာတော့ တကယ်လို့ Honor 7S စမတ်ဖုန်းကို ဝယ်ယူမယ်ဆိုရင် ဘယ်လိုမျိုး Feature တွေရနိုင်မလဲဆိုတာကို ဖော်ပြသွားပေးမှာပါ။

18:9 Display

Honor 7S

ပြီးခဲ့တဲ့ ၂၀၁၇ နှစ်ကုန်ပိုင်းလောက်တုန်းက စတင်ခဲ့တဲ့ 18:9 Display ဖုန်းတွေက အခုအချိန်မှာ ဒီ Honor 7S စမတ်ဖုန်းလိုမျိုး Budget စမတ်ဖုန်းတွေမှာပါရရှိလာပြီဖြစ်ပါတယ်။ ဒါက Video တွေကြည့်တဲ့နေရာမှာ တကယ်ကိုသိသာလာပြီးတော့ သာမန် တခြားသော 16:9 Display ပါတဲ့ဖုန်းတွေနဲ့ ယှဉ်ရင် ပိုကောင်းလာတာပါ။

ဒါပေမယ့် Honor 7S ဖုန်းမှာ HD+ Resolution ပဲရှိတဲ့အတွက် တခြားသော စျေးပိုကြိးတဲ့ Full HD+ Resolution ဖုန်းတွေထက်တော့ အားနည်းနေပါသေးတယ်။

LED Selfie-light

Honor 7S

Selfie ရိုက်ဖို့က အကောင်းဆုံးသော စမတ်ဖုန်းတွေမကိုင်ထားလည်း လူတိုင်းရိုက်ချင်တဲ့အရာတစ်ခုပါ။ ဒီနေရာမှာလည်း Budget စမတ်ဖုန်းအများစုမှာ ကြုံရသလိုပဲ ညဘက်အလင်းရောင်ကောင်းကောင်းမရတဲ့အချိန်မှာ Selfie ပုံကောင်းကောင်းရိုက်ဖို့က ခက်ခဲနေပါတယ်။ ဒါပေမယ့် Honor 7S မှာတော့ Front 5MP Camera မှာ LED Selfie-light တစ်ခုပါဝင်တဲ့အတွက် တကယ်လို့ ညဘက်မှာ Selfie ရိုက်မယ်ဆိုရင်လည်း Honor 7S က တခြားသော Budget ဖုန်းတွေထက် ပိုသာနေနိုင်ပါတယ်။

Dual SIM အပြင် MicroSD Card ထည့်နိုင်ခြင်း

Honor 7S

Honor 7S ဟာ Internal Storage အနေနဲ့ 16GB ပဲ ပါဝင်တာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဖုန်းမှာ Storage များများထည့်သွင်းချင်တဲ့သူတွေဆိုရင် Storage ကို MicroSD Card ကနေ ထပ်မံထည့်သွင်းနိုင်ပြီဖြစ်ပါတယ်။ ဒါကလည်း တခြားသော စမတ်ဖုန်းတွေလိုမျိုး SIM 2 Slot မှာ ထည့်သွင်းရတာမဟုတ်ဘဲ SIM ၂ ကဒ်အပြင် သီးသန့် Slot တစ်ခုအနေနဲ့ အသုံးပြုရတာဖြစ်တဲ့အတွက် Dual SIM Function ကို မထိခိုက်ဘဲ သုံးနိုင်ဦးမှာပါ။

ဒီ Feature တွေကတော့ ငွေကျပ် ၁ သိန်းခွဲအောက် စမတ်ဖုန်းတစ်ခုဖြစ်တဲ့ Honor 7S ဖုန်းမှာ ရရှိနိုင်တဲ့ Feature အချို့ပဲဖြစ်ပါတယ်။ ဒီ Feature တွေက Honor 7S ကို ပိုပြီး အားသာချက်တွေရရှိနိုင်နေပေမယ့် Honor 7S မှာလည်း တခြားသော စမတ်ဖုန်းတွေနည်းတူပဲ အားနည်းချက်တွေရှိနေပါသေးတယ်။ ဒါပေမယ့်လည်း ဒီစျေးဝန်းကျင်မှာတော့ Honor 7S က တော်တော်လေးကို စွမ်းဆောင်ရည်ပိုင်းမှာ သုံးထားတဲ့ Mediatek Processor ကြောင့် အားနည်းတယ်ဆိုပေမယ့် စျေးအရတော့ တန်တယ်လို့ ပြောလို့ရပါတယ်။

Zawyè (Akhayar) 

www.akhayar.com