[Zawgyi]

ကမ႓ာေက်ာ္ေဘာလံုးသမား Cristiano Ronaldo စားေသာက္ေလ့ရွိတဲ့ အစားအေသာက္ပံုစံ

လတ္တေလာ ကမ႓ာ့ဖလားေဘာလံုးပြဲၿပီးတည္းက အားကစားသမားေတြရဲ႕ ခႏၶာကိုယ္က်န္းမာၾကံ႕ခိုင္မႈေတြနဲ႔ ပတ္သက္တဲ့အေႀကာင္းအရာေတြဟာ လူအမ်ားၾကားမွာ စိတ္ဝင္စားစရာတစ္ခုအျဖစ္ ပ်ံ႕ႏွံ့ေနပါတယ္။ ဒီထဲကမွ ေဘာလံုးပညာရပ္မွာထူးခြ်န္သေလာက္ အမိုက္စားခႏၶာကိုယ္မ်ိဳးနဲ႔ Six Pack ရွိသူ၊ က်စ္လစ္ေတာင့္တင္းတဲ့ ႂကြက္သားႀကီးေတြရဲ႕ ပိုင္ရွင္ Cristiano Ronaldo ကေတာ့ မိန္းကေလးေတြအမ်ားစုရဲ႕ အသည္းစြဲပါပဲ။

စစ္ေဆးမႈရလဒ္အရ စီေရာ္နယ္လ္ဒုိရဲ႕စီေရာ္နယ္လ္ဒုိရဲ႕ ခႏၶာကုိယ္ႀကံ့ခုိင္မႈဟာ အသက္ ၃၃ ႏွစ္ေပမယ့္ အသက္ ၂၀ အရြယ္ေလးအတိုင္းပါပဲ။ သူ႔အသက္အရြယ္ တျခားကစားသမားေတြရဲ႕ ပ်မ္းမွ်အဆီပါ၀င္မႈက (၁၀)ရာခုိင္ႏႈန္းအထိရွိေနတဲ့ အခ်ိန္ သူ႔ခႏၶာကုိယ္မွာ အဆီပါ၀င္မႈႏႈန္းက (၇)ရာခုိင္ႏႈန္းသာရွိေနပါတယ္ ။ ေနာက္ၿပီး သူ႔ရဲ႕ ၾကြက္သားထုထည္ Muscle Mass က (၅၀)ရာခုိင္ႏႈန္းအထိရွိေနၿပီး တျခားကစားသမားေတြကေတာ့ ပ်မ္းမွ်အားျဖင့္ (၄၆)ရာခုိင္ႏႈန္းပဲရွိတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြတုန္းကလည္း စီေရာ္နယ္လ္ဒုိဟာ တစ္နာရီကုိ (၃၃.၉၈)ကီလုိမီတာအထိ ေျပးလႊားခဲ့ၿပီး ၿပိဳင္ပဲြရဲ႕အျမန္ဆုံးကစားသမားအျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။

ဒါ့ေၾကာင့္ အားကစားပိုင္းမွာ ထူးခြ်န္သေလာက္ က်န္းမာေရးမွာလည္း အားက်ရေလာက္သူ C Ronaldo စားေလ့ရွိတဲ့အစားအေသာက္ပံုစံေတြ၊ သူ႔အႀကိဳက္အစားအစာေတြက ဘာမ်ားျဖစ္မလဲေလ့လာၾကည့္တဲ့အခါ-

ကမ႓ာ့အသန္စြမ္းအက်န္းမာဆံုးအားကစားသမားျဖစ္ေပမယ့္ Ronaldo ကေတာ့ ဘယ္ေတာ့မွ သူ႔စားေသာက္မႈပံုစံကို မပိတ္ပင္ေလ့ရွိပါဘူး။ မနက္စာကို တကယ့္ခပ္မ်ားမ်ားပမာဏစံုစံုလင္လင္မွ စားေလ့ရွိတဲ့ Ronaldo ဟာ Pastry လို႔ေခၚတဲ့ ဂ်ံဳအဆာသြတ္မုန္႔ေတြ၊ Cold Cuts ေခၚတဲ့ အသားလႊာေျခာက္ေတြ၊ European Cheese ေတြနဲ႔ အသီးအႏွံအစံုအလင္ကို Latte ေကာ္ဖီတို႔ အသီးအႏွံေဖ်ာ္ရည္တို႔နဲ႔ ဝဝလင္လင္စားသံုးေလ့ရွသူပါ။

ေပၚတူဂီလူမ်ိဳးျဖစ္တာေၾကာင့္ အသီးအႏွံေတြ ခံုခံုမင္မင္စားတဲ့ေနရာမွာေတာ့ Ronaldo က ထိပ္ဆံုးပါပဲ။ သူ႔အႀကိဳက္ဆံုးအသီးေတြက သစ္ေတာ္သီး၊ ပန္းသီး၊ နာနတ္သီးနဲ႔ အဲ့ဒီအသီးေဖ်ာ္ရည္ေတြျဖစ္ပါတယ္။ ဒါေပမယ့္ Coffee ကိုလည္း စြဲမက္သူပါ။

C Ronaldo ရဲ႕ ေနာက္ထပ္အႀကိဳက္ဆံုးအစားအစာကေတာ့ ငါး ပါပဲ။ ေရႊငါးၾကင္းမ်ိဳးေတြ၊ ပင္လယ္ကကၠတစ္ငါးေတြ၊ ဓားရွည္ႏႈတ္သီးငါးေတြက သူ႔အႀကိဳက္ဆံုးေတြပါပဲ။ ငါးကို ဘယ္ေလာက္ေတာင္ႀကိဳက္သလဲဆို ဆာဒင္းငါးေတြကို စည္သြပ္ဘူးထဲကထုတ္ၿပီး ေပါင္မုန္႔နဲ႔တြဲစားတဲ့ပံုကိုပါ လူမႈကြန္ရက္ေပၚတင္ခဲ့ပါေသးတယ္။

အၿမဲတမ္းေလ့က်င့္ေရးဆင္းေနရတဲ့အားကစားသမားတစ္ေယာက္အေနနဲ႔ ေခြ်းထြက္မ်ားၿပီး ေရဓါတ္ဆံုးရံႈးရတဲ့အခါတိုင္းမွာ C Ronaldo အေနနဲ႔ အားကစားသမားေတြေသာက္ေလ့ရွိတဲ့ သၾကားပါဝင္မႈႏႈန္းနည္းၿပီး Carbohydrate ဓါတ္ေပါင္းအေရာအေႏွာေတြပါဝင္တဲ့ Sport Drinks ေတြ ေသာက္ေလ့ရွိပါတယ္တဲ့။ အဲ့လိုေဖ်ာ္ရည္ေတြမွာ အဝလြန္မႈကိုထိန္းခ်ဳပ္ေပးတဲ့ ဗီတာမင္ B12 လည္းပါဝင္ပါတယ္။

 

အားကစားသမားတစ္ေယာက္ျဖစ္တာမို႔ အဆီပိုမရွိေအာင္ က်စ္လစ္ေနတဲ့ခႏၶာကိုယ္ရဲ႔ေနာက္ကြယ္မွာ သူထိန္းခ်ဳပ္စားရတဲ့အစားအေသာက္ပံုစံကလည္း တင္းက်ပ္ပါတယ္။ ဒါ့ေၾကာင့္ C Ronaldo ဟာ ပံုမွန္ ၾကက္ဥ၊ တူနာငါးနဲ႔ ခရမ္းခ်ဥ္သီး ေရာေမႊထားတဲ့ အစားအစာပန္းကန္ျပားႀကီးတစ္ပြဲစားရတာနဲ႔ကို ေပ်ာ္ေနပံုကိုလည္း တင္ထားခဲ့ပါတယ္။

ကိုယ္ပိုင္ စားဖိုမႈးတစ္ေယာက္ဌားၿပီး အစားအေသာက္ေနထိုင္မႈကို ဦးစားေပးလြန္းသူျဖစ္တဲ့ Ronaldo ဟာ အျပင္ စားေသာက္ဆိုင္ေတြသြားရင္ေတာ့ Beef Steak နဲ႔ Salad တစ္ပြဲကို မွာယူစားေသာက္ေလ့ရွိေၾကာင္းသိရပါတယ္။

အၿမဲတမ္း အရသာမရွိဘဲ က်န္းမာေရးနဲ႔ညီတဲ့အစားအစာေတြကို မမုန္းတမ္းစားရတာ တကယ္ေတာ့ ဒုကၡတစ္မ်ိဳးပါပဲ။ ဒါ့ေၾကာင့္ ရွားရွားပါးပါး ကိတ္ေတြ၊ ေခ်ာကလက္ေတြ စားရရင္လည္း ေပ်ာ္ေနတတ္သူပါ။

Ronaldo ရဲ႕ စြဲစြဲၿမဲၿမဲစားေလ့ရွိတဲ့ Diet အစားအစာေတြကေတာ့ ပ႐ိုတင္းႂကြယ္ဝတဲ့အစာေတြ၊ ဂ်ံဳေကာက္ပဲသီးႏွံေတြ၊ အသီးနဲ႔ အရြက္ေတြပဲျဖစ္ပါတယ္။ သၾကားပါဝင္တာေတြကို လံုးဝေရွာင္တဲ့ Ronaldo က “အကယ္၍ မင္းေလ့က်င့္ခန္း ပံုမွန္ေလ့က်င့္ေနတယ္ဆိုရင္ မင္းခႏၶာကိုယ္ေဆာင္ရြက္မႈေတြပိုေကာင္းမြန္ဖို႔ ခႏၶာကိုယ္တြင္း ခြန္အားရွိေနဖို႔လိုပါတယ္။ ကြ်န္ေတာ္ တစ္ခါတေလဆို တစ္ေန႔ကို အစားအစာ ၆ခါ စားသံုးေလ့ရွိပါတယ္။ အဲ့ဒါမွသာ တစ္ေနကုန္ ခြန္အားျပည့္ေနမွာျဖစ္ပါတယ္” လို႔အၾကံေပးခဲ့ပါတယ္။

EiEiKhineMinn (Akhayar)

[Unicode]

ကမ္ဘာကျော်ဘောလုံးသမား Cristiano Ronaldo စားသောက်လေ့ရှိတဲ့ အစားအသောက်ပုံစံ

လတ်တလော ကမ္ဘာ့ဖလားဘောလုံးပွဲပြီးတည်းက အားကစားသမားတွေရဲ့ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှုတွေနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေဟာ လူအများကြားမှာ စိတ်ဝင်စားစရာတစ်ခုအဖြစ် ပျံ့နှံ့နေပါတယ်။ ဒီထဲကမှ ဘောလုံးပညာရပ်မှာထူးချွန်သလောက် အမိုက်စားခန္ဓာကိုယ်မျိုးနဲ့ Six Pack ရှိသူ၊ ကျစ်လစ်တောင့်တင်းတဲ့ ကြွက်သားကြီးတွေရဲ့ ပိုင်ရှင် Cristiano Ronaldo ကတော့ မိန်းကလေးတွေအများစုရဲ့ အသည်းစွဲပါပဲ။

စစ်ဆေးမှုရလဒ်အရ စီရော်နယ်လ်ဒိုရဲ့စီရော်နယ်လ်ဒိုရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုဟာ အသက် ၃၃ နှစ်ပေမယ့် အသက် ၂၀ အရွယ်လေးအတိုင်းပါပဲ။ သူ့အသက်အရွယ် တခြားကစားသမားတွေရဲ့ ပျမ်းမျှအဆီပါဝင်မှုက (၁၀)ရာခိုင်နှုန်းအထိရှိနေတဲ့ အချိန် သူ့ခန္ဓာကိုယ်မှာ အဆီပါဝင်မှုနှုန်းက (၇)ရာခိုင်နှုန်းသာရှိနေပါတယ် ။ နောက်ပြီး သူ့ရဲ့ ကြွက်သားထုထည် Muscle Mass က (၅၀)ရာခိုင်နှုန်းအထိရှိနေပြီး တခြားကစားသမားတွေကတော့ ပျမ်းမျှအားဖြင့် (၄၆)ရာခိုင်နှုန်းပဲရှိတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်း စီရော်နယ်လ်ဒိုဟာ တစ်နာရီကို (၃၃.၉၈)ကီလိုမီတာအထိ ပြေးလွှားခဲ့ပြီး ပြိုင်ပွဲရဲ့အမြန်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါ့ကြောင့် အားကစားပိုင်းမှာ ထူးချွန်သလောက် ကျန်းမာရေးမှာလည်း အားကျရလောက်သူ C Ronaldo စားလေ့ရှိတဲ့အစားအသောက်ပုံစံတွေ၊ သူ့အကြိုက်အစားအစာတွေက ဘာများဖြစ်မလဲလေ့လာကြည့်တဲ့အခါ-

ကမ္ဘာ့အသန်စွမ်းအကျန်းမာဆုံးအားကစားသမားဖြစ်ပေမယ့် Ronaldo ကတော့ ဘယ်တော့မှ သူ့စားသောက်မှုပုံစံကို မပိတ်ပင်လေ့ရှိပါဘူး။ မနက်စာကို တကယ့်ခပ်များများပမာဏစုံစုံလင်လင်မှ စားလေ့ရှိတဲ့ Ronaldo ဟာ Pastry လို့ခေါ်တဲ့ ဂျုံအဆာသွတ်မုန့်တွေ၊ Cold Cuts ခေါ်တဲ့ အသားလွှာခြောက်တွေ၊ European Cheese တွေနဲ့ အသီးအနှံအစုံအလင်ကို Latte ကော်ဖီတို့ အသီးအနှံဖျော်ရည်တို့နဲ့ ဝဝလင်လင်စားသုံးလေ့ရှသူပါ။

ပေါ်တူဂီလူမျိုးဖြစ်တာကြောင့် အသီးအနှံတွေ ခုံခုံမင်မင်စားတဲ့နေရာမှာတော့ Ronaldo က ထိပ်ဆုံးပါပဲ။ သူ့အကြိုက်ဆုံးအသီးတွေက သစ်တော်သီး၊ ပန်းသီး၊ နာနတ်သီးနဲ့ အဲ့ဒီအသီးဖျော်ရည်တွေဖြစ်ပါတယ်။ ဒါပေမယ့် Coffee ကိုလည်း စွဲမက်သူပါ။

C Ronaldo ရဲ့ နောက်ထပ်အကြိုက်ဆုံးအစားအစာကတော့ ငါး ပါပဲ။ ရွှေငါးကြင်းမျိုးတွေ၊ ပင်လယ်ကက္ကတစ်ငါးတွေ၊ ဓားရှည်နှုတ်သီးငါးတွေက သူ့အကြိုက်ဆုံးတွေပါပဲ။ ငါးကို ဘယ်လောက်တောင်ကြိုက်သလဲဆို ဆာဒင်းငါးတွေကို စည်သွပ်ဘူးထဲကထုတ်ပြီး ပေါင်မုန့်နဲ့တွဲစားတဲ့ပုံကိုပါ လူမှုကွန်ရက်ပေါ်တင်ခဲ့ပါသေးတယ်။

အမြဲတမ်းလေ့ကျင့်ရေးဆင်းနေရတဲ့အားကစားသမားတစ်ယောက်အနေနဲ့ ချွေးထွက်များပြီး ရေဓါတ်ဆုံးရှုံးရတဲ့အခါတိုင်းမှာ C Ronaldo အနေနဲ့ အားကစားသမားတွေသောက်လေ့ရှိတဲ့ သကြားပါဝင်မှုနှုန်းနည်းပြီး Carbohydrate ဓါတ်ပေါင်းအရောအနှောတွေပါဝင်တဲ့ Sport Drinks တွေ သောက်လေ့ရှိပါတယ်တဲ့။ အဲ့လိုဖျော်ရည်တွေမှာ အဝလွန်မှုကိုထိန်းချုပ်ပေးတဲ့ ဗီတာမင် B12 လည်းပါဝင်ပါတယ်။

 

အားကစားသမားတစ်ယောက်ဖြစ်တာမို့ အဆီပိုမရှိအောင် ကျစ်လစ်နေတဲ့ခန္ဓာကိုယ်ရဲ့နောက်ကွယ်မှာ သူထိန်းချုပ်စားရတဲ့အစားအသောက်ပုံစံကလည်း တင်းကျပ်ပါတယ်။ ဒါ့ကြောင့် C Ronaldo ဟာ ပုံမှန် ကြက်ဥ၊ တူနာငါးနဲ့ ခရမ်းချဉ်သီး ရောမွှေထားတဲ့ အစားအစာပန်းကန်ပြားကြီးတစ်ပွဲစားရတာနဲ့ကို ပျော်နေပုံကိုလည်း တင်ထားခဲ့ပါတယ်။

ကိုယ်ပိုင် စားဖိုမှုးတစ်ယောက်ဌားပြီး အစားအသောက်နေထိုင်မှုကို ဦးစားပေးလွန်းသူဖြစ်တဲ့ Ronaldo ဟာ အပြင် စားသောက်ဆိုင်တွေသွားရင်တော့ Beef Steak နဲ့ Salad တစ်ပွဲကို မှာယူစားသောက်လေ့ရှိကြောင်းသိရပါတယ်။

အမြဲတမ်း အရသာမရှိဘဲ ကျန်းမာရေးနဲ့ညီတဲ့အစားအစာတွေကို မမုန်းတမ်းစားရတာ တကယ်တော့ ဒုက္ခတစ်မျိုးပါပဲ။ ဒါ့ကြောင့် ရှားရှားပါးပါး ကိတ်တွေ၊ ချောကလက်တွေ စားရရင်လည်း ပျော်နေတတ်သူပါ။

Ronaldo ရဲ့ စွဲစွဲမြဲမြဲစားလေ့ရှိတဲ့ Diet အစားအစာတွေကတော့ ပရိုတင်းကြွယ်ဝတဲ့အစာတွေ၊ ဂျုံကောက်ပဲသီးနှံတွေ၊ အသီးနဲ့ အရွက်တွေပဲဖြစ်ပါတယ်။ သကြားပါဝင်တာတွေကို လုံးဝရှောင်တဲ့ Ronaldo က “အကယ်၍ မင်းလေ့ကျင့်ခန်း ပုံမှန်လေ့ကျင့်နေတယ်ဆိုရင် မင်းခန္ဓာကိုယ်ဆောင်ရွက်မှုတွေပိုကောင်းမွန်ဖို့ ခန္ဓာကိုယ်တွင်း ခွန်အားရှိနေဖို့လိုပါတယ်။ ကျွန်တော် တစ်ခါတလေဆို တစ်နေ့ကို အစားအစာ ၆ခါ စားသုံးလေ့ရှိပါတယ်။ အဲ့ဒါမှသာ တစ်နေကုန် ခွန်အားပြည့်နေမှာဖြစ်ပါတယ်” လို့အကြံပေးခဲ့ပါတယ်။

EiEiKhineMinn (Akhayar)