[Zawgyi]

ခရီးသြားမယ္ဆုိရင္ ဘယ္လို Cosmetics ေတြကို ယူသြားသင့္လဲ

ခရီးသြားေတာ့မယ္ဆိုရင္ ေကာင္မေလးေတြအေနနဲ႔ အရင္ဆံုး စဥ္းစားတာက အလွအပေရးရာနဲ႔ ပတ္သက္တဲ့ ပစၥည္းေတြကို ဘယ္လုိ သယ္သြားရမလဲဆုိတာပါ။ အ၀တ္အစားေတြက ကိုယ္စိတ္တိုင္းက် ေခါက္ပဲထည့္ထည္၊ အမ်ားႀကီးပဲ ထည့္ထည့္ အဆင္ေျပေပမယ့္ အလွအပနဲ႔ ပတ္သက္တဲ့ Cosmetics ေတြက် ကြဲမွာ၊ ေမွာက္မွာစိုးရလို႔ ဂရုတစိုက္ သယ္ေပးဖို႔ အရမ္းကို ေခါင္းစားရပါတယ္။ ဒီအတြက္ ခရီးသြားေတာ့မယ္ဆုိ ကုိယ့္ခရီးစဥ္မွာ သယ္ရတာလည္း အဆင္ေျပ၊ လုိလည္း လိုအပ္တဲ့ Cosmetics ေတြကိုပဲ ေရြးခ်ယ္ယူသြားတာအေကာင္းဆံုးပါ။ ဘယ္လို Cosmetics ေတြက မျဖစ္မေနပါသြားသင့္လဲဆိုေတာ့…

Facial Foam

တစ္ခ်ဳိ႕ကခရီးသြားရင္ Facial Foam ကို မယူသြားဘဲ Hotel ကေပးတဲ့ ဆပ္ျပာတို႔၊ Foam တို႔ကိုသာ အလြယ္တကူ သံုးတတ္ၾကပါတယ္။ ဒါေပမယ့္တကယ္တမ္းမွာ ကိုယ္သံုးေနက်မဟုတ္တဲ့ မ်က္ႏွာသစ္ဆပ္ျပာအေျပာင္းအလဲက မ်က္ႏွာအသားအေရကုိ ထိခိုက္ပ်က္စီးေစတတ္တဲ့အတြက္ ပံုမွန္ သံုးေနက် Facial Foam ကိုလည္း မျဖစ္မေန ယူသြားပါ။ ဘူးႀကီးလို႔ သယ္ရတာခက္ခဲတယ္ဆုိရင္ေတာင္ ကိုယ္သြားမယ့္ရက္နဲ႔ တိုင္းဆၿပီး ခရီးေဆာင္ Kit ဘူးေလးေတြနဲ႔ခြဲသယ္သြားသင့္ပါတယ္။

Sunscreen

ကိုယ္ေနေနက် မဟုတ္တဲ့ေနရာေဒသတစ္ခုကုိ အလည္အပတ္သြားတဲ့အခါ ေနဒဏ္ေလဒဏ္မခံႏိုင္တာေတြရွိတတ္ပါတယ္။ ဒီလိုအခ်ိန္မွာ Sunscreen ကိုသံုးမွသာ ကိုယ့္ရဲ႕ အသားအေရကို ထိန္းသိမ္းကာကြယ္ရာေရာက္မွာ ျဖစ္တဲ့အတြက္ Sunscreen သို႔မဟုတ္ Sunblock လိမ္းဖို႔၊ ယူဖို႔မေမ့ပါနဲ႔။ အထူးသျဖင့္ ကမ္းေျခနဲ႔ အပူပိုင္းေဒသေတြဆီ သြားတဲ့သူေတြက ပိုလို႔ေတာင္ ေဆာင္သြားသင့္ပါတယ္။

Skin Care Set

ကိုယ္အၿမဲသံုးေနက် Skin Care ကိုေတာ့ ပထမဦးစားေပး ယူသြားသင့္ပါတယ္။ ကိုယ္က Step by Step သံုးလို႔ အမ်ားႀကီးသယ္သြားရမယ္ဆိုရင္ေတာင္ Travel Size ေလးေတြ၊ Tester Set ေလးေတြ၊ ဒါမွမဟုတ္ ဘူးအေသးေလးေတြထဲမွာ ခြဲထည့္ၿပီး Skin Care ေတြကုိ ေသခ်ာထုပ္ပိုးသယ္သြားပါ။ ခရီးသြားေနတဲ့
အခ်ိန္မွာေတာင္ ကိုယ့္ရဲ႕ Skin Care Routine ကို မပ်က္ဖုိ႔ ဂရုစိုက္ပါ။

Foundation

Foundation ကေတာ့ ဘယ္ေနရာသြားသြားမပါမျဖစ္ပါဘဲ။ ခရီးသြားေနတဲ့အခ်ိန္ဆိုေတာ့ ဓာတ္ပံုလွလွေလးေတြရိုက္ရင္ မ်က္ႏွာေျပာင္နဲ႔လည္း မလွျပန္ဘူးေလ။ အဓိကအေရးႀကီးတာကေတာ့ ေဖာင္ေဒးရွင္းပုလင္းကိုေသခ်ာ ထုပ္ပိုးၿပီးသယ္ဖို႔ပါ။ အရမ္းပူတဲ့့ေနရာ၊ အရမ္းေအးတဲ့ေနရာမွာ မထားဘဲ
Liquid Foundation ေတြအစား Cushion Type၊ Cream Type ေလးေတြကို ယူသြားတာကပိုလို႔ အဆင္ေျပေစမွာျဖစ္ပါတယ္။

Two-Way

ခရီးသြားတဲ့အခါမွာ Powder လိုအမႈန္႔မ်ိဳးေတြ သယ္သြားဖုိ႔အဆင္မေျပတဲ့အတြက္ သယ္သြားဖို႔ အေကာင္းဆံုးကေတာ့ Two-Way အမ်ိဳးအစားျဖစ္ပါတယ္။ ေပါင္ဒါမႈန္႔ေတြလုိ ေမွာက္မွာ၊ ကြဲရင္ ျပန္က်ဲလြယ္တာမ်ိဳးမျဖစ္တဲ့အျပင္ ေအာက္ခံ Foundation လိမ္းစရာလည္း မလိုတဲ့အတြက္ ေပါင္ဒါမႈန္႔ေရြးမယ့္အစား Two-Way ကိုထည့္ယူသြားပါ။

Eyebrow Pencil

မ်က္ခံုးေမႊးဆဲြဖုိ႔ Eyebrow Pencil ကလည္း ထည့္ကိုထည့္သြားသင့္ပါတယ္။ မ်က္ႏွာမွာ အရမ္းႀကီး ဘာမွ ေထြေထြထူးထူး ျပင္မထားဘူးဆုိရင္ေတာင္ မ်က္ခံုးေလး ဆြဲထားရင္ကို ေတာ္ေတာ္အဆင္ေျပတာမို႔ ခရီးသြားတဲ့အခ်ိန္ အမ်ားႀကီး ျပင္ရတာမႀကိဳက္ဘူးဆိုရင္ေတာင္ မ်က္ခံုးဆြဲဖို႔ေတာ့ အခ်ိန္ေပးေပးပါ။ Eyebrow Pencil ထည့္သြားဖို႔မေမ့ပါနဲ႔။

Eyeshadow and Eyeliner

ကိုယ့္ရဲ႕ မ်က္လံုးအလွေပၚလြင္သြားေအာင္ Eyeshadow နဲ႔ Eyeliner ကိုလည္း ထည့္ယူသြားဖို႔မေမ့ပါနဲ႔။ Eyeshadow Palette ေတြဆိုရင္လည္း ေၾကတတ္၊ကြဲတတ္လုိ႔ ကိုယ္သြားမယ့္ေနရာနဲ႔ လုိက္ဖက္တဲ့ အေရာင္ပါတာေလးေတြ၊ အေရာင္စံုတာေလးေတြကို ေရြးယူသြားပါ။ Eyeliner ကေတာ့ မ်က္လံုးအလွကို ပိုနက္သြားေစမွာမုိ႔ မရွိမျဖစ္ကို ေဆာင္သြားသင့္ပါတယ္။

Lipstick

ႏႈတ္ခမ္းနီကေတာ့ စြယ္စံုသံုးလို႔ေတာင္ဆိုလို႔ရပါတယ္။ ႏႈတ္ခမ္းနီတစ္ေခ်ာင္းပါရင္ ပါးနီထည့္ယူသြားစရာမလိုေတာ့ပါဘူး။ ႏႈတ္ခမ္းနီအေနနဲ႔လည္း သံုးလို႔ရသလို ပါးနီအျဖစ္လည္း သံုးလို႔ရတဲ့အျပင္ ကိုယ္လည္း ပစၥည္းသိမ္းရ၊ သယ္ရ သက္သာပါတယ္။ အေရာင္မတူတဲ့ ႏႈတ္ခမ္းနီႏွစ္ေခ်ာင္း၊သံုးေခ်ာင္းေလာက္သာ ထည့္သြားလုိက္ပါ။

Makeup Remover

ခရီးသြားတာျဖစ္တဲ့အတြက္  ေလထုဒဏ္၊ ဖုန္ဒဏ္ေတြေၾကာင့္ မ်က္ႏွာမွာ ရွိသမွ် အညစ္အေၾကးေတြက လံုး၀အကုန္ေတာ့ မေျပာင္စင္ႏိုင္ပါဘူး။ ခရီးသြားေနတဲ့အခ်ိန္ ကိုယ့္အိမ္မွာလိုလည္း မဟုတ္ေတာ့ တစ္ခါတေလမွာ မိတ္ကပ္မဖ်က္ဘဲ အိပ္လုိက္တာတို႔၊ မ်က္ႏွာက မိတ္ကပ္ေတြကို ေျပာင္ေအာင္ Makeup Remover နဲ႔ မဖ်က္ဘဲ Facial Foam သံုးၿပီး မ်က္ႏွာသစ္လိုက္တာတို႔ လုပ္မိတတ္ပါတယ္။ ဒီလိုအခ်ိန္မွာဆုိ မ်က္ႏွာမွာ အဖုေတြ ထြက္လာတတ္ၿပီး ေခြ်းေပါက္ေတြပိတ္ေစတတ္လုိ႔ Makeup Remover ထည့္ယူသြားပါ။ ညအိပ္တဲ့အခ်ိန္မွာ Makeup Remover နဲ႔ ေသခ်ာဖ်က္ၿပီး မ်က္ႏွာသစ္ပါ။

တစ္ကိုယ္ရည္သံုးပစၥည္းမ်ား

ေနာက္ထပ္ ထပ္ယူသြားမယ္ဆိုရင္ေတာ့  တစ္ကိုယ္ေရသံုးပစၥည္းေတြျဖစ္တဲ့ ေခါင္းေလွ်ာ္ရည္၊ ဆံပင္ေပ်ာ့ေဆး၊ ေရေမႊးစတဲ့ ပစၥည္းေတြကို ဦးစားေပးထည့္သြားသင့္ပါတယ္။ ကုိယ္သံုးေနက် ပစၥည္းက အဆင္အေျပဆံုးမို႔ ကိုယ့္တစ္ကိုယ္ရည္သံုးတဲ့ ပစၥည္းေတြကို ေသခ်ာတစ္ခုမက်န္ ထည့္သြားတာ
အေကာင္းဆံုးပါပဲ။

Su Yi Htet (Akhayar)

[Unicode]

ခရီးသွားမယ်ဆိုရင် ဘယ်လို Cosmetics တွေကို ယူသွားသင့်လဲ

ခရီးသွားတော့မယ်ဆိုရင် ကောင်မလေးတွေအနေနဲ့ အရင်ဆုံး စဉ်းစားတာက အလှအပရေးရာနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကို ဘယ်လို သယ်သွားရမလဲဆိုတာပါ။ အဝတ်အစားတွေက ကိုယ်စိတ်တိုင်းကျ ခေါက်ပဲထည့်ထည်၊ အများကြီးပဲ ထည့်ထည့် အဆင်ပြေပေမယ့် အလှအပနဲ့ ပတ်သက်တဲ့ Cosmetics တွေကျ ကွဲမှာ၊ မှောက်မှာစိုးရလို့ ဂရုတစိုက် သယ်ပေးဖို့ အရမ်းကို ခေါင်းစားရပါတယ်။ ဒီအတွက် ခရီးသွားတော့မယ်ဆို ကိုယ့်ခရီးစဉ်မှာ သယ်ရတာလည်း အဆင်ပြေ၊ လိုလည်း လိုအပ်တဲ့ Cosmetics တွေကိုပဲ ရွေးချယ်ယူသွားတာအကောင်းဆုံးပါ။ ဘယ်လို Cosmetics တွေက မဖြစ်မနေပါသွားသင့်လဲဆိုတော့…

Facial Foam

တစ်ချို့ကခရီးသွားရင် Facial Foam ကို မယူသွားဘဲ Hotel ကပေးတဲ့ ဆပ်ပြာတို့၊ Foam တို့ကိုသာ အလွယ်တကူ သုံးတတ်ကြပါတယ်။ ဒါပေမယ့်တကယ်တမ်းမှာ ကိုယ်သုံးနေကျမဟုတ်တဲ့ မျက်နှာသစ်ဆပ်ပြာအပြောင်းအလဲက မျက်နှာအသားအရေကို ထိခိုက်ပျက်စီးစေတတ်တဲ့အတွက် ပုံမှန် သုံးနေကျ Facial Foam ကိုလည်း မဖြစ်မနေ ယူသွားပါ။ ဘူးကြီးလို့ သယ်ရတာခက်ခဲတယ်ဆိုရင်တောင် ကိုယ်သွားမယ့်ရက်နဲ့ တိုင်းဆပြီး ခရီးဆောင် Kit ဘူးလေးတွေနဲ့ခွဲသယ်သွားသင့်ပါတယ်။

Sunscreen

ကိုယ်နေနေကျ မဟုတ်တဲ့နေရာဒေသတစ်ခုကို အလည်အပတ်သွားတဲ့အခါ နေဒဏ်လေဒဏ်မခံနိုင်တာတွေရှိတတ်ပါတယ်။ ဒီလိုအချိန်မှာ Sunscreen ကိုသုံးမှသာ ကိုယ့်ရဲ့ အသားအရေကို ထိန်းသိမ်းကာကွယ်ရာရောက်မှာ ဖြစ်တဲ့အတွက် Sunscreen သို့မဟုတ် Sunblock လိမ်းဖို့၊ ယူဖို့မမေ့ပါနဲ့။ အထူးသဖြင့် ကမ်းခြေနဲ့ အပူပိုင်းဒေသတွေဆီ သွားတဲ့သူတွေက ပိုလို့တောင် ဆောင်သွားသင့်ပါတယ်။

Skin Care Set

ကိုယ်အမြဲသုံးနေကျ Skin Care ကိုတော့ ပထမဦးစားပေး ယူသွားသင့်ပါတယ်။ ကိုယ်က Step by Step သုံးလို့ အများကြီးသယ်သွားရမယ်ဆိုရင်တောင် Travel Size လေးတွေ၊ Tester Set လေးတွေ၊ ဒါမှမဟုတ် ဘူးအသေးလေးတွေထဲမှာ ခွဲထည့်ပြီး Skin Care တွေကို သေချာထုပ်ပိုးသယ်သွားပါ။ ခရီးသွားနေတဲ့
အချိန်မှာတောင် ကိုယ့်ရဲ့ Skin Care Routine ကို မပျက်ဖို့ ဂရုစိုက်ပါ။

Foundation

Foundation ကတော့ ဘယ်နေရာသွားသွားမပါမဖြစ်ပါဘဲ။ ခရီးသွားနေတဲ့အချိန်ဆိုတော့ ဓာတ်ပုံလှလှလေးတွေရိုက်ရင် မျက်နှာပြောင်နဲ့လည်း မလှပြန်ဘူးလေ။ အဓိကအရေးကြီးတာကတော့ ဖောင်ဒေးရှင်းပုလင်းကိုသေချာ ထုပ်ပိုးပြီးသယ်ဖို့ပါ။ အရမ်းပူတဲ့နေရာ၊ အရမ်းအေးတဲ့နေရာမှာ မထားဘဲ
Liquid Foundation တွေအစား Cushion Type၊ Cream Type လေးတွေကို ယူသွားတာကပိုလို့ အဆင်ပြေစေမှာဖြစ်ပါတယ်။

Two-Way

ခရီးသွားတဲ့အခါမှာ Powder လိုအမှုန့်မျိုးတွေ သယ်သွားဖို့အဆင်မပြေတဲ့အတွက် သယ်သွားဖို့ အကောင်းဆုံးကတော့ Two-Way အမျိုးအစားဖြစ်ပါတယ်။ ပေါင်ဒါမှုန့်တွေလို မှောက်မှာ၊ ကွဲရင် ပြန်ကျဲလွယ်တာမျိုးမဖြစ်တဲ့အပြင် အောက်ခံ Foundation လိမ်းစရာလည်း မလိုတဲ့အတွက် ပေါင်ဒါမှုန့်ရွေးမယ့်အစား Two-Way ကိုထည့်ယူသွားပါ။

Eyebrow Pencil

မျက်ခုံးမွှေးဆွဲဖို့ Eyebrow Pencil ကလည်း ထည့်ကိုထည့်သွားသင့်ပါတယ်။ မျက်နှာမှာ အရမ်းကြီး ဘာမှ ထွေထွေထူးထူး ပြင်မထားဘူးဆိုရင်တောင် မျက်ခုံးလေး ဆွဲထားရင်ကို တော်တော်အဆင်ပြေတာမို့ ခရီးသွားတဲ့အချိန် အများကြီး ပြင်ရတာမကြိုက်ဘူးဆိုရင်တောင် မျက်ခုံးဆွဲဖို့တော့ အချိန်ပေးပေးပါ။ Eyebrow Pencil ထည့်သွားဖို့မမေ့ပါနဲ့။

Eyeshadow and Eyeliner

ကိုယ့်ရဲ့ မျက်လုံးအလှပေါ်လွင်သွားအောင် Eyeshadow နဲ့ Eyeliner ကိုလည်း ထည့်ယူသွားဖို့မမေ့ပါနဲ့။ Eyeshadow Palette တွေဆိုရင်လည်း ကြေတတ်၊ကွဲတတ်လို့ ကိုယ်သွားမယ့်နေရာနဲ့ လိုက်ဖက်တဲ့ အရောင်ပါတာလေးတွေ၊ အရောင်စုံတာလေးတွေကို ရွေးယူသွားပါ။ Eyeliner ကတော့ မျက်လုံးအလှကို ပိုနက်သွားစေမှာမို့ မရှိမဖြစ်ကို ဆောင်သွားသင့်ပါတယ်။

Lipstick

နှုတ်ခမ်းနီကတော့ စွယ်စုံသုံးလို့တောင်ဆိုလို့ရပါတယ်။ နှုတ်ခမ်းနီတစ်ချောင်းပါရင် ပါးနီထည့်ယူသွားစရာမလိုတော့ပါဘူး။ နှုတ်ခမ်းနီအနေနဲ့လည်း သုံးလို့ရသလို ပါးနီအဖြစ်လည်း သုံးလို့ရတဲ့အပြင် ကိုယ်လည်း ပစ္စည်းသိမ်းရ၊ သယ်ရ သက်သာပါတယ်။ အရောင်မတူတဲ့ နှုတ်ခမ်းနီနှစ်ချောင်း၊သုံးချောင်းလောက်သာ ထည့်သွားလိုက်ပါ။

Makeup Remover

ခရီးသွားတာဖြစ်တဲ့အတွက်  လေထုဒဏ်၊ ဖုန်ဒဏ်တွေကြောင့် မျက်နှာမှာ ရှိသမျှ အညစ်အကြေးတွေက လုံးဝအကုန်တော့ မပြောင်စင်နိုင်ပါဘူး။ ခရီးသွားနေတဲ့အချိန် ကိုယ့်အိမ်မှာလိုလည်း မဟုတ်တော့ တစ်ခါတလေမှာ မိတ်ကပ်မဖျက်ဘဲ အိပ်လိုက်တာတို့၊ မျက်နှာက မိတ်ကပ်တွေကို ပြောင်အောင် Makeup Remover နဲ့ မဖျက်ဘဲ Facial Foam သုံးပြီး မျက်နှာသစ်လိုက်တာတို့ လုပ်မိတတ်ပါတယ်။ ဒီလိုအချိန်မှာဆို မျက်နှာမှာ အဖုတွေ ထွက်လာတတ်ပြီး ချွေးပေါက်တွေပိတ်စေတတ်လို့ Makeup Remover ထည့်ယူသွားပါ။ ညအိပ်တဲ့အချိန်မှာ Makeup Remover နဲ့ သေချာဖျက်ပြီး မျက်နှာသစ်ပါ။

တစ်ကိုယ်ရည်သုံးပစ္စည်းများ

နောက်ထပ် ထပ်ယူသွားမယ်ဆိုရင်တော့  တစ်ကိုယ်ရေသုံးပစ္စည်းတွေဖြစ်တဲ့ ခေါင်းလျှော်ရည်၊ ဆံပင်ပျော့ဆေး၊ ရေမွှေးစတဲ့ ပစ္စည်းတွေကို ဦးစားပေးထည့်သွားသင့်ပါတယ်။ ကိုယ်သုံးနေကျ ပစ္စည်းက အဆင်အပြေဆုံးမို့ ကိုယ့်တစ်ကိုယ်ရည်သုံးတဲ့ ပစ္စည်းတွေကို သေချာတစ်ခုမကျန် ထည့်သွားတာ
အကောင်းဆုံးပါပဲ။

Su Yi Htet (Akhayar)