[Zawgyi]

ဆံေကသာအတြက္ တကယ္အက်ိဳးမ်ားေစတဲ႔ ေျပာင္းျပန္ေခါင္းေလ်ွာ္နည္း

ေခါင္းေလွ်ာ္ျခင္းက လူတိုင္းအတြက္လုပ္ရိုးလုပ္စဥ္အေၾကာင္းအရာထဲမွာပါဝင္ပါတယ္။ တခ်ိဳ႕ေတြက ေန႔တိုင္းေခါင္းမေလွ်ာ္ရမေနႏိုင္ဆုိတဲ႔ အထဲမွာလည္းပါဝင္ပါတယ္။ ေခါင္းေလွ်ာ္တဲ့အခါမွာ မိန္းကေလးေတြက ပိုအလုပ္ရႈပ္ေလ႔ရွိပါတယ္။ ေခါင္းေလွ်ာ္ရည္နဲ႔တင္မျပီးဘဲ ေပ်ာ႔ေဆးေပါင္းေဆးေတြကိုပါ သံုးေနက်သူေတြရွိပါတယ္။ ေတာ္ေတာ္မ်ားမ်ားက ေခါင္းအရင္ေလွ်ာ္ၿပီးမွ ေပ်ာ့ေဆးကိုသံုးေလ့ရွိၾကပါတယ္။ ဒီလိုမဟုတ္ဘဲ ေပ်ာ႔ေဆးအရင္သံုးျပီးမွ ေခါင္းေလွ်ာ္မယ္ဆုိရင္ အက်ိဳးအာနိသင္ေတြက အမ်ားၾကီးရွိေနပါတယ္။

လူေတာ္ေတာ္မ်ားမ်ားအတြက္လည္း ဒီနည္းလမ္းက အက်ဳိးရွိေစပါတယ္။ ဆံသားပါးၿပီး အဆီျပန္လြယ္တယ္ဆိုရင္ ဒီလိုေျပာင္းျပန္ေလွ်ာ္တာနဲ႔ ပိုမိုကိုက္ညီၿပီး သိသာတဲ႔ရလဒ္ကိုလည္း ခ်က္ခ်င္းခံစားရႏိုင္မွာပါ။ အျခားေသာ ဆံပင္ပံုသြင္းတဲ့ (Gel၊ Hair Spray) တို႔လို ပစၥည္းေတြကို အသံုးျပဳသူေတြအတြက္လည္း ဒီလိုေလွ်ာ္ျခင္းက ပံုမွန္ေလွ်ာ္ေနက်ပံုစံထက္စာရင္ ပိုမိုထိေရာက္မႈရွိေစပါတယ္။

ဘာေၾကာင္႔ဒီလိုေျပာရတာလဲဆိုေတာ့ ေပ်ာ့ေဆးအရင္သံုးၿပီးေနာက္မွ ေခါင္းေလွ်ာ္ျခင္းက ဆံပင္ကို ျပားကပ္သြားျခင္းမရွိဘဲ အာဟာရျပည္႔ဝလာေစပါတယ္။ ေခါင္းေလွ်ာ္ရည္နဲ႔ အရင္ေလွ်ာ္ၿပီးမွ ေပ်ာ႔ေဆးကိုသံုးလိုက္တဲ့အခါမွာ ေခါင္းေလွ်ာ္ၿပီးရင္ရတဲ႔ ေပါ့ပါးတဲ့ ခံစားမႈကိုသိပ္မရရွိဘဲ ဆံပင္ကိုလည္း ပိုကၽြတ္ေစသလို ပံုက်ၿပီး က်န္းမာသန္စြမ္းတဲ႔ဆံပင္ပံုစံကို မရရွိေစပါဘူး။ ေပ်ာ့ေဆးကိုအရင္သံုးၿပီးမွ ေခါင္းေလွ်ာ္ရည္နဲ႔ေလွ်ာ္လိုက္တဲ့အခါမွာေတာ့ ေပါ႔ပါးတဲ႔ခံစားမႈလည္းရရွိကာ ပိုမိုပံုစံက်ျပီးက်န္းမာေတာက္ေျပာင္တဲ့ ဆံေကသာကို ရရွိလာတာေတြ႔ရပါတယ္။

ဆံပင္ထူတဲ႔သူဆိုရင္ေတာ့ ေပ်ာ႔ေဆးႏွစ္ၾကိမ္သံုးေပးရပါမယ္။ ေခါင္းေလွ်ာ္ရည္မတိုင္ခင္ ေပ်ာ႔ေဆးသံုးျပီး ေခါင္းေလွ်ာ္ရည္သံုးျပီးခ်ိန္ ေပ်ာ႔ေဆးေနာက္တစ္ေခါက္ျပန္သံုးေပးဖို႔ ဆံပင္ပညာရွင္ေတြက အၾကံျပဳထားပါတယ္။ ဒါေပမယ္႔ ဒုတိယတစ္ေခါက္ေပ်ာ႔ေဆးသံုးတဲ႔အခါမွာ ေပ်ာ႔ေဆးကို အနည္းငယ္သာ သံုးေပးရပါမယ္။

ေပ်ာ႔ေဆးကိုအရင္သံုးၿပီးမွ ေခါင္းေလွ်ာ္ရည္နဲ႔ေလွ်ာ္တဲ့အခါ သတိထားသင္႔တဲ႔အခ်က္ေလးေတြေတာ့ ရွိပါတယ္။ ေပ်ာ့ေဆးမသံုးခင္မွာ ေခါင္းကို အရင္ေရေလာင္းထားသင္႔ပါတယ္။ ေပ်ာ့ေဆးကို ဦးေရျပားနဲ႔တိုက္ရုိက္ထိေတြ႔တာက ဦးေရျပားက်န္းမာေရးကို ထိခိုက္ေစပါတယ္။ ဆံပင္ကိုေရေလာင္းၿပီး ေပ်ာ႔ေဆးကိုလက္မွာထည္႔ကာ အျမွဳပ္ထတဲ့အထိပြတ္ၿပီးမွ ဆံသားေပၚတင္ေပးတာက ဦးေရျပားက်န္းမာေရးကို ကာကြယ္ရာေရာက္ပါတယ္။ ဆံပင္ေရလံုးဝစိုေနတာမ်ဳိး သို႔ မေျခာက္တေျခာက္အခ်ိန္မွာ ေပ်ာ႔ေဆးသံုးတာက ဆံပင္တစ္ေခ်ာင္းခ်င္းစီရဲ႕ေမြးညင္းေပါက္ေတြထဲထိ ပ်ံႏ႔ွံဖို႔ခက္ခဲတဲ႔အတြက္ေၾကာင္႔ျဖစ္ပါတယ္။

ေနာက္တစ္္ခ်က္သတိထားရမွာကေတာ႔ ေပ်ာ႔ေဆးလိမ္းၿပီးလို႔ ပြတ္ၿပီးတဲ႔အခါမွာလည္း ေရတန္းမေလာင္းခ်ဘဲ ဦးေရျပားေပၚမွာ ၅ မိနစ္ေလာက္ထားေပးပါ။ အဲလို ၅ မိနစ္ထားထားတဲ႔အခ်ိန္မွာ အခ်ိန္မပုပ္ရေလေအာင္ အဝတ္ေလွ်ာ္တာ ေရခ်ဳိးတာမ်ိဳးလုပ္ေပးႏိုင္ပါတယ္။ ၅မိနစ္ေလာက္အခ်ိန္မေပးႏိုင္ရင္ေတာင္ သံုးမိနစ္ေလာက္အနည္းဆံုးထားၿပီး ေခါင္းေလွ်ာ္ေပးလို႔ရပါတယ္။ ေခါင္းေလွ်ာ္ေပးလိုက္တဲ့အခါမွာေတာ႔ အသံုးျပဳထားတဲ႔ ေပ်ာ႔ေဆးေတြပါေျပာင္စင္သြားေစပါတယ္။ ေပ်ာ႔ေဆးက်န္လို႔ ေဗာက္ထတဲ႔ရန္ကေနလည္း ကာကြယ္ၿပီးသားျဖစ္သြားပါတယ္။ ဒါအျပင္ ဆံသားလည္း အရမ္းေျခာက္ေသြ႔သြားျခင္းမ်ဳိး မျဖစ္ေတာ့ပါဘူး။ ေခါင္းမေလွ်ာ္ခင္မွာ ေပ်ာ႔ေဆးသံုးျခင္းက ဆံႏြယ္ေတြကိုကာကြယ္ေပးထားတဲ႔ သေဘာမ်ဳိးသက္ေရာက္ေစၿပီး ဆံေကသာမွာရွိတဲ႔ သဘာဝအဆီအႏွစ္ေတြ ဆံုးရႈံးမႈမရွိဘဲ သန္႔ရွင္းစင္ၾကယ္ေစပါတယ္။

ေပ်ာ႔ေဆးသံုးၿပီးမွ ေခါင္းေလွ်ာ္တာကေကာင္းေပမယ္႔လည္း အရင္နည္းအတုိင္းပဲေခါင္းေလွ်ာ္လို႔မရေတာ႔ဘူးလားလို႔ ေမးခြန္းထုတ္စရာရွိပါလိမ္႔မယ္။ ကိုယ္ရဲ႕ဆံပင္က အရမ္းညစ္ပတ္ၿပီး အဆီအရမ္းျပန္ေနတယ္ဆိုရင္္ေတာ ့ေသခ်ာသန္႔စင္ေပးဖို႔လိုတဲ့အတြက္ ေခါင္းေလွ်ာ္ရည္နဲ႔ေလွ်ာ္ၿပီးမွ ေပ်ာ႔ေဆးသံုးေပးသင္႔ပါတယ္။ ဆံပင္ကအရမ္းပါးလႊာၿပီး အားေပ်ာ႔ေနတဲ့အခ်ိန္မ်ဳိးမွာ ေပ်ာ႔ေဆးသံုးၿပီးမွ ေခါင္းေလွ်ာ္ရည္နဲ႔ ေလွ်ာ္ေပးတာကပိုေကာင္းပါတယ္။ ဆံသားကို အားျဖည္႔ေပးလိုက္တာမ်ဳိးျဖစ္တာမို႔ ဆံသားပ်က္စီးေနခ်ိန္မွာ ဒီေျပာင္းျပန္နည္းနဲ႔ေလွ်ာ္ေပးရပါမယ္။

ကဲ အခုအခ်ိန္ကစၿပီး ေျပာင္းျပန္ေခါင္းေလွ်ာ္နည္းေလးအတုိင္းေလွ်ာ္ၾကည္႔လုိက္ပါဦးေနာ္။ တကယ္အက်ိဳးမ်ားတယ္ဆုိရင္ သူငယ္ခ်င္းေတြကို မွ်ေဝေပးလုိက္ပါဦးေနာ္။

H.H(အခရာ)

www.akhayarmedia.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ဆံကေသာအတွက် တကယ်အကျိုးများစေတဲ့ ပြောင်းပြန်ခေါင်းလျှော်နည်း

ခေါင်းလျှော်ခြင်းက လူတိုင်းအတွက်လုပ်ရိုးလုပ်စဉ်အကြောင်းအရာထဲမှာပါဝင်ပါတယ်။ တချို့တွေက နေ့တိုင်းခေါင်းမလျှော်ရမနေနိုင်ဆိုတဲ့ အထဲမှာလည်းပါဝင်ပါတယ်။ ခေါင်းလျှော်တဲ့အခါမှာ မိန်းကလေးတွေက ပိုအလုပ်ရှုပ်လေ့ရှိပါတယ်။ ခေါင်းလျှော်ရည်နဲ့တင်မပြီးဘဲ ပျော့ဆေးပေါင်းဆေးတွေကိုပါ သုံးနေကျသူတွေရှိပါတယ်။ တော်တော်များများက ခေါင်းအရင်လျှော်ပြီးမှ ပျော့ဆေးကိုသုံးလေ့ရှိကြပါတယ်။ ဒီလိုမဟုတ်ဘဲ ပျော့ဆေးအရင်သုံးပြီးမှ ခေါင်းလျှော်မယ်ဆိုရင် အကျိုးအာနိသင်တွေက အများကြီးရှိနေပါတယ်။

လူတော်တော်များများအတွက်လည်း ဒီနည်းလမ်းက အကျိုးရှိစေပါတယ်။ ဆံသားပါးပြီး အဆီပြန်လွယ်တယ်ဆိုရင် ဒီလိုပြောင်းပြန်လျှော်တာနဲ့ ပိုမိုကိုက်ညီပြီး သိသာတဲ့ရလဒ်ကိုလည်း ချက်ချင်းခံစားရနိုင်မှာပါ။ အခြားသော ဆံပင်ပုံသွင်းတဲ့ (Gel၊ Hair Spray) တို့လို ပစ္စည်းတွေကို အသုံးပြုသူတွေအတွက်လည်း ဒီလိုလျှော်ခြင်းက ပုံမှန်လျှော်နေကျပုံစံထက်စာရင် ပိုမိုထိရောက်မှုရှိစေပါတယ်။

ဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ ပျော့ဆေးအရင်သုံးပြီးနောက်မှ ခေါင်းလျှော်ခြင်းက ဆံပင်ကို ပြားကပ်သွားခြင်းမရှိဘဲ အာဟာရပြည့်ဝလာစေပါတယ်။ ခေါင်းလျှော်ရည်နဲ့ အရင်လျှော်ပြီးမှ ပျော့ဆေးကိုသုံးလိုက်တဲ့အခါမှာ ခေါင်းလျှော်ပြီးရင်ရတဲ့ ပေါ့ပါးတဲ့ ခံစားမှုကိုသိပ်မရရှိဘဲ ဆံပင်ကိုလည်း ပိုကျွတ်စေသလို ပုံကျပြီး ကျန်းမာသန်စွမ်းတဲ့ဆံပင်ပုံစံကို မရရှိစေပါဘူး။ ပျော့ဆေးကိုအရင်သုံးပြီးမှ ခေါင်းလျှော်ရည်နဲ့လျှော်လိုက်တဲ့အခါမှာတော့ ပေါ့ပါးတဲ့ခံစားမှုလည်းရရှိကာ ပိုမိုပုံစံကျပြီးကျန်းမာတောက်ပြောင်တဲ့ ဆံကေသာကို ရရှိလာတာတွေ့ရပါတယ်။

ဆံပင်ထူတဲ့သူဆိုရင်တော့ ပျော့ဆေးနှစ်ကြိမ်သုံးပေးရပါမယ်။ ခေါင်းလျှော်ရည်မတိုင်ခင် ပျော့ဆေးသုံးပြီး ခေါင်းလျှော်ရည်သုံးပြီးချိန် ပျော့ဆေးနောက်တစ်ခေါက်ပြန်သုံးပေးဖို့ ဆံပင်ပညာရှင်တွေက အကြံပြုထားပါတယ်။ ဒါပေမယ့် ဒုတိယတစ်ခေါက်ပျော့ဆေးသုံးတဲ့အခါမှာ ပျော့ဆေးကို အနည်းငယ်သာ သုံးပေးရပါမယ်။

ပျော့ဆေးကိုအရင်သုံးပြီးမှ ခေါင်းလျှော်ရည်နဲ့လျှော်တဲ့အခါ သတိထားသင့်တဲ့အချက်လေးတွေတော့ ရှိပါတယ်။ ပျော့ဆေးမသုံးခင်မှာ ခေါင်းကို အရင်ရေလောင်းထားသင့်ပါတယ်။ ပျော့ဆေးကို ဦးရေပြားနဲ့တိုက်ရိုက်ထိတွေ့တာက ဦးရေပြားကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဆံပင်ကိုရေလောင်းပြီး ပျော့ဆေးကိုလက်မှာထည့်ကာ အမြှုပ်ထတဲ့အထိပွတ်ပြီးမှ ဆံသားပေါ်တင်ပေးတာက ဦးရေပြားကျန်းမာရေးကို ကာကွယ်ရာရောက်ပါတယ်။ ဆံပင်ရေလုံးဝစိုနေတာမျိုး သို့ မခြောက်တခြောက်အချိန်မှာ ပျော့ဆေးသုံးတာက ဆံပင်တစ်ချောင်းချင်းစီရဲ့မွေးညင်းပေါက်တွေထဲထိ ပျံန့ှံဖို့ခက်ခဲတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

နောက်တစ်ချက်သတိထားရမှာကတော့ ပျော့ဆေးလိမ်းပြီးလို့ ပွတ်ပြီးတဲ့အခါမှာလည်း ရေတန်းမလောင်းချဘဲ ဦးရေပြားပေါ်မှာ ၅ မိနစ်လောက်ထားပေးပါ။ အဲလို ၅ မိနစ်ထားထားတဲ့အချိန်မှာ အချိန်မပုပ်ရလေအောင် အဝတ်လျှော်တာ ရေချိုးတာမျိုးလုပ်ပေးနိုင်ပါတယ်။ ၅မိနစ်လောက်အချိန်မပေးနိုင်ရင်တောင် သုံးမိနစ်လောက်အနည်းဆုံးထားပြီး ခေါင်းလျှော်ပေးလို့ရပါတယ်။ ခေါင်းလျှော်ပေးလိုက်တဲ့အခါမှာတော့ အသုံးပြုထားတဲ့ ပျော့ဆေးတွေပါပြောင်စင်သွားစေပါတယ်။ ပျော့ဆေးကျန်လို့ ဗောက်ထတဲ့ရန်ကနေလည်း ကာကွယ်ပြီးသားဖြစ်သွားပါတယ်။ ဒါအပြင် ဆံသားလည်း အရမ်းခြောက်သွေ့သွားခြင်းမျိုး မဖြစ်တော့ပါဘူး။ ခေါင်းမလျှော်ခင်မှာ ပျော့ဆေးသုံးခြင်းက ဆံနွယ်တွေကိုကာကွယ်ပေးထားတဲ့ သဘောမျိုးသက်ရောက်စေပြီး ဆံကေသာမှာရှိတဲ့ သဘာဝအဆီအနှစ်တွေ ဆုံးရှုံးမှုမရှိဘဲ သန့်ရှင်းစင်ကြယ်စေပါတယ်။

ပျော့ဆေးသုံးပြီးမှ ခေါင်းလျှော်တာကကောင်းပေမယ့်လည်း အရင်နည်းအတိုင်းပဲခေါင်းလျှော်လို့မရတော့ဘူးလားလို့ မေးခွန်းထုတ်စရာရှိပါလိမ့်မယ်။ ကိုယ်ရဲ့ဆံပင်က အရမ်းညစ်ပတ်ပြီး အဆီအရမ်းပြန်နေတယ်ဆိုရင်တော့သေချာသန့်စင်ပေးဖို့လိုတဲ့အတွက် ခေါင်းလျှော်ရည်နဲ့လျှော်ပြီးမှ ပျော့ဆေးသုံးပေးသင့်ပါတယ်။ ဆံပင်ကအရမ်းပါးလွှာပြီး အားပျော့နေတဲ့အချိန်မျိုးမှာ ပျော့ဆေးသုံးပြီးမှ ခေါင်းလျှော်ရည်နဲ့ လျှော်ပေးတာကပိုကောင်းပါတယ်။ ဆံသားကို အားဖြည့်ပေးလိုက်တာမျိုးဖြစ်တာမို့ ဆံသားပျက်စီးနေချိန်မှာ ဒီပြောင်းပြန်နည်းနဲ့လျှော်ပေးရပါမယ်။

ကဲ အခုအချိန်ကစပြီး ပြောင်းပြန်ခေါင်းလျှော်နည်းလေးအတိုင်းလျှော်ကြည့်လိုက်ပါဦးနော်။ တကယ်အကျိုးများတယ်ဆိုရင် သူငယ်ချင်းတွေကို မျှဝေပေးလိုက်ပါဦးနော်။

H.H(အခရာ)

www.akhayarmedia.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။