[Zawgyi]

ကုိယ့္အႀကိဳက္ဆုံးအေရာင္က ေျပာလုိက္တဲ့ စိတ္သေဘာထား

လူေတြဟာ ကုိယ္အႀကိဳက္ဆုံးအေရာင္အေပၚ မူတည္ၿပီး စိတ္ေနသေဘာထား ၊ ပင္ကုိစရုိက္ေတြ မတူညီၾကပါဘူးလုိ႔ ဆုိၾကပါတယ္။ တခ်ိဳ႕ေတြက အျဖဴေရာင္ကုိ ႀကိဳက္တယ္ ၊ တခ်ိဳ႕ေတြက အဝါေရာင္ စသျဖင့္ အႀကိဳက္ခ်င္း မတူညီႏုိင္ပါဘူး။ အႀကိဳက္ဆုံးအေရာင္အေပၚ မူတည္ၿပီး စိတ္သေဘာထားကြဲျပားသြားတာကုိ ဗဟုသုတျဖစ္ရေလေအာင္ ေဖာ္ျပလုိက္ပါတယ္။

အနက္ေရာင္

အနက္ေရာင္ကုိမ်ား စြဲလမ္းမိၿပီဆုိ ေဘာင္းဘီဝယ္တာ ၊ ဖိနပ္ဝယ္တာကအစ အနက္ေရာင္ကုိမွ ေရြးၿပီး ဝယ္တတ္ၾကပါတယ္။ အနက္ေရာင္သမားေတြကေတာ့ ဆတ္ဆတ္ထိမခံသူေတြ ၊ အသစ္အဆန္းကုိ ဖန္တီးလုိစိတ္ရွိသူေတြျဖစ္ပါတယ္။

တစ္ေယာက္တည္း ေအးေအးေဆးေဆး ေနတတ္ေလ့ရွိၿပီး သူ႕ကုိ “ေသးေသးသြားတင္ရင္ လုံးႀကီးတင္ရုံသာမက အဆံပါခတ္”ေလ့ရွိၾကပါတယ္။

အျပာေရာင္

အျပာေရာင္ကုိ ႏွစ္သက္တဲ့သူေတြဟာ အသန္႔အျပန္႔ ႀကိဳက္သူေတြျဖစ္ၿပီး တစ္ကုိယ္ရည္သန္႔ရွင္းေရးကုိ အဓိကထားၾကပါတယ္။

ပတ္ဝန္းက်င္မွ ယုံၾကည္ေလးစားျခင္းကုိ ခံယူထားတဲ့သူမ်ားျဖစ္ၿပီး ေအးေဆးတည္ၿငိမ္သူမ်ား ျဖစ္ၾကပါတယ္။

အစိမ္းေရာင္

အစိမ္းေရာင္ကုိ ႀကိဳက္တဲ့သူေတြဟာ ပြင့္ပြင့္လင္းလင္း ေျပာဆုိဆက္ဆံတတ္တဲ့အျပင္ သစၥာေစာင့္သိၾကပါတယ္။

အားငယ္သူကုိ သနားလုိစိတ္ရွိၿပီး ပတ္ဝန္းက်င္အတြက္ အျမဲတမ္းေပးဆပ္ေနတဲ့သူေတြ ျဖစ္ပါတယ္။

ခရမ္းႏုေရာင္

ခရမ္းႏုေရာင္ကုိ ႀကိဳက္တဲ့သူေတြဟာ ဥာဏ္ရည္ျမင့္မားၿပီး မာနလည္း ႀကီးတတ္ပါတယ္။

စြန္႔ဦးတီထြင္လုိစိတ္ရွိၿပီး ပတ္ဝန္းက်င္ကုိ ေလးစားၾကပါတယ္။

ပန္းေရာင္

ပန္းေရာင္ကုိ စြဲလမ္းတဲ့သူေတြဟာ စိတ္ႏွလုံး ႏူးညံ့ေလ့ရွိၿပီး သနားၾကင္နာလုိစိတ္ရွိၾကပါတယ္။ စိတ္ကူးယဥ္သမားေတြ ျဖစ္ၿပီး ရယူလုိစိတ္ထက္ ေပးဆပ္ဖုိ႔ အားသန္ၾကသူေတြျဖစ္ပါတယ္။

ခ်စ္သူအတြက္ ရုိးေျမက်ေပါင္းသင္းလုိစိတ္ရွိတဲ့ သစၥာရွင္ႀကီးမ်ားျဖစ္တဲ့အျပင္ ဝမ္းနည္းမႈေတြကုိ ပုိင္ဆုိင္ထားၾကသူေတြလည္း ျဖစ္ပါတယ္။

အနီေရာင္

အနီေရာင္ကုိ ႏွစ္သက္ျမတ္ႏုိးၾကသူေတြဟာ ဘဝမွာ ကံအေကာင္းဆုံးလူမ်ား ျဖစ္ၾကပါတယ္။

ေရႊလင္ပန္းနဲ႔ အခ်င္းေဆးၿပီး ေမြးဖြားလာရတဲ့အျပင္ မရွိစကား မၾကားရေလာက္ေအာင္ အတိတ္ကံေကာင္းၾကသူေတြ ျဖစ္ပါတယ္။

အဝါေရာင္

အဝါေရာင္ကုိ ႏွစ္သက္ၾကတဲ့သူေတြဟာ ပညာရပ္ကုိ ေလ့လာဖုိ႔ ဝါသနာထုံၾကၿပီး ငယ္သားေတြအတြက္ ျပန္လည္ေဝငွလုိစိတ္ ႀကီးမားၾကပါတယ္။

အဝါေရာင္သမားေတြဟာ အမ်ားအားျဖင့္ ေက်ာင္းဆရာေတြ ၊ ပါေမာကၡေတြ ျဖစ္ၾကၿပီး ဘဝကုိ ေအးေအးခ်မ္းခ်မ္း ျဖတ္သန္းၾကပါတယ္။

အညိဳေရာင္

အညိဳေရာင္ကုိ ႏွစ္သက္ၾကတဲ့သူေတြဟာ အေဖာ္မင္ၾကၿပီး သစၥာေစာင့္သိသူေတြ ျဖစ္ၾကပါတယ္။

အေပါင္းအသင္းေတြနဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ျဖတ္သန္းရင္း တည္ၿငိမ္တဲ့ဘဝကုိ ႏွစ္သက္ၾကသူေတြျဖစ္ပါတယ္။

အျဖဴေရာင္

အျဖဴေရာင္သမားေတြဟာ ေပ်ာ္ေပ်ာ္ပါးပါး ေနတတ္ၾကၿပီး သူငယ္ခ်င္းေတြနဲ႔ ဗရုတ္က်တတ္သူေတြျဖစ္ပါတယ္။

တုိေတာင္းတဲ့လူ႕ဘဝမွာ အလွဆုံးျပံဳးထားရင္း အသက္ဆက္လုိစိတ္ရွိၾကပါတယ္။

မီးခုိးေရာင္

မီးခုိေရာင္သမားေတြဟာ ဆန္႔က်င္လုိစိတ္နည္းပါးၿပီး အစြန္းႏွစ္ဖက္ၾကားမွ ၾကားေနဝါဒီေတြ ျဖစ္ၾကပါတယ္။ ပတ္ဝန္းက်င္ရဲ႕ ေဝဖန္သံေတြကုိ ေရွာင္ရွားရင္း သီးျခားေနထုိင္တတ္ၾကပါတယ္။

လက္ေတြ႕ဆန္သူမ်ားျဖစ္ၾကၿပီး လူအမ်ားမွ အာရုံစုိက္ခံရျခင္းကုိ အလုိမရွိပါဘူး။ သာမန္လူတစ္ေယာက္လုိ ဘဝကုိ ရုိးရွင္းစြာ ျဖတ္သန္းၾကပါတယ္။ ကဲ . . . ဒီအခ်က္ေတြက ႏွစ္သက္တဲ့အေရာင္ကုိ မူတည္ၿပီး စိတ္ေနသေဘာထား ဆုံးျဖတ္တာျဖစ္ပါတယ္။ ရာႏႈန္းျပည့္မမွန္ႏုိင္ဘူးဆုိေပမယ့္ တခ်ိဳ႕အခ်က္ေတြကေတာ့ ေသြးထြက္ေအာင္ မွန္ေနတာကုိ ေတြ႕ရမွာပါ။ Color Crazy သူငယ္ခ်င္းေတြကုိလည္း လက္တုိ႔ေျပာလုိက္ၾကဦးေနာ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ကိုယ့်အကြိုက်ဆုံးအရောင်က ပြောလိုက်တဲ့ စိတ်သဘောထား

လူတွေဟာ ကိုယ်အကြိုက်ဆုံးအရောင်အပေါ် မူတည်ပြီး စိတ်နေသဘောထား ၊ ပင်ကိုစရိုက်တွေ မတူညီကြပါဘူးလို့ ဆိုကြပါတယ်။ တချို့တွေက အဖြူရောင်ကို ကြိုက်တယ် ၊ တချို့တွေက အဝါရောင် စသဖြင့် အကြိုက်ချင်း မတူညီနိုင်ပါဘူး။ အကြိုက်ဆုံးအရောင်အပေါ် မူတည်ပြီး စိတ်သဘောထားကွဲပြားသွားတာကို ဗဟုသုတဖြစ်ရလေအောင် ဖော်ပြလိုက်ပါတယ်။

အနက်ရောင်

အနက်ရောင်ကိုများ စွဲလမ်းမိပြီဆို ဘောင်းဘီဝယ်တာ ၊ ဖိနပ်ဝယ်တာကအစ အနက်ရောင်ကိုမှ ရွေးပြီး ဝယ်တတ်ကြပါတယ်။ အနက်ရောင်သမားတွေကတော့ ဆတ်ဆတ်ထိမခံသူတွေ ၊ အသစ်အဆန်းကို ဖန်တီးလိုစိတ်ရှိသူတွေဖြစ်ပါတယ်။

တစ်ယောက်တည်း အေးအေးဆေးဆေး နေတတ်လေ့ရှိပြီး သူ့ကို “သေးသေးသွားတင်ရင် လုံးကြီးတင်ရုံသာမက အဆံပါခတ်”လေ့ရှိကြပါတယ်။

အပြာရောင်

အပြာရောင်ကို နှစ်သက်တဲ့သူတွေဟာ အသန့်အပြန့် ကြိုက်သူတွေဖြစ်ပြီး တစ်ကိုယ်ရည်သန့်ရှင်းရေးကို အဓိကထားကြပါတယ်။

ပတ်ဝန်းကျင်မှ ယုံကြည်လေးစားခြင်းကို ခံယူထားတဲ့သူများဖြစ်ပြီး အေးဆေးတည်ငြိမ်သူများ ဖြစ်ကြပါတယ်။

အစိမ်းရောင်

အစိမ်းရောင်ကို ကြိုက်တဲ့သူတွေဟာ ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံတတ်တဲ့အပြင် သစ္စာစောင့်သိကြပါတယ်။

အားငယ်သူကို သနားလိုစိတ်ရှိပြီး ပတ်ဝန်းကျင်အတွက် အမြဲတမ်းပေးဆပ်နေတဲ့သူတွေ ဖြစ်ပါတယ်။

ခရမ်းနုရောင်

ခရမ်းနုရောင်ကို ကြိုက်တဲ့သူတွေဟာ ဉာဏ်ရည်မြင့်မားပြီး မာနလည်း ကြီးတတ်ပါတယ်။

စွန့်ဦးတီထွင်လိုစိတ်ရှိပြီး ပတ်ဝန်းကျင်ကို လေးစားကြပါတယ်။

ပန်းရောင်

ပန်းရောင်ကို စွဲလမ်းတဲ့သူတွေဟာ စိတ်နှလုံး နူးညံ့လေ့ရှိပြီး သနားကြင်နာလိုစိတ်ရှိကြပါတယ်။ စိတ်ကူးယဉ်သမားတွေ ဖြစ်ပြီး ရယူလိုစိတ်ထက် ပေးဆပ်ဖို့ အားသန်ကြသူတွေဖြစ်ပါတယ်။

ချစ်သူအတွက် ရိုးမြေကျပေါင်းသင်းလိုစိတ်ရှိတဲ့ သစ္စာရှင်ကြီးများဖြစ်တဲ့အပြင် ဝမ်းနည်းမှုတွေကို ပိုင်ဆိုင်ထားကြသူတွေလည်း ဖြစ်ပါတယ်။

အနီရောင်

အနီရောင်ကို နှစ်သက်မြတ်နိုးကြသူတွေဟာ ဘဝမှာ ကံအကောင်းဆုံးလူများ ဖြစ်ကြပါတယ်။

ရွှေလင်ပန်းနဲ့ အချင်းဆေးပြီး မွေးဖွားလာရတဲ့အပြင် မရှိစကား မကြားရလောက်အောင် အတိတ်ကံကောင်းကြသူတွေ ဖြစ်ပါတယ်။

အဝါရောင်

အဝါရောင်ကို နှစ်သက်ကြတဲ့သူတွေဟာ ပညာရပ်ကို လေ့လာဖို့ ဝါသနာထုံကြပြီး ငယ်သားတွေအတွက် ပြန်လည်ဝေငှလိုစိတ် ကြီးမားကြပါတယ်။

အဝါရောင်သမားတွေဟာ အများအားဖြင့် ကျောင်းဆရာတွေ ၊ ပါမောက္ခတွေ ဖြစ်ကြပြီး ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းကြပါတယ်။

အညိုရောင်

အညိုရောင်ကို နှစ်သက်ကြတဲ့သူတွေဟာ အဖော်မင်ကြပြီး သစ္စာစောင့်သိသူတွေ ဖြစ်ကြပါတယ်။

အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရင်း တည်ငြိမ်တဲ့ဘဝကို နှစ်သက်ကြသူတွေဖြစ်ပါတယ်။

အဖြူရောင်

အဖြူရောင်သမားတွေဟာ ပျော်ပျော်ပါးပါး နေတတ်ကြပြီး သူငယ်ချင်းတွေနဲ့ ဗရုတ်ကျတတ်သူတွေဖြစ်ပါတယ်။

တိုတောင်းတဲ့လူ့ဘဝမှာ အလှဆုံးပြုံးထားရင်း အသက်ဆက်လိုစိတ်ရှိကြပါတယ်။

မီးခိုးရောင်

မီးခိုရောင်သမားတွေဟာ ဆန့်ကျင်လိုစိတ်နည်းပါးပြီး အစွန်းနှစ်ဖက်ကြားမှ ကြားနေဝါဒီတွေ ဖြစ်ကြပါတယ်။ ပတ်ဝန်းကျင်ရဲ့ ဝေဖန်သံတွေကို ရှောင်ရှားရင်း သီးခြားနေထိုင်တတ်ကြပါတယ်။

လက်တွေ့ဆန်သူများဖြစ်ကြပြီး လူအများမှ အာရုံစိုက်ခံရခြင်းကို အလိုမရှိပါဘူး။ သာမန်လူတစ်ယောက်လို ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းကြပါတယ်။ ကဲ . . . ဒီအချက်တွေက နှစ်သက်တဲ့အရောင်ကို မူတည်ပြီး စိတ်နေသဘောထား ဆုံးဖြတ်တာဖြစ်ပါတယ်။ ရာနှုန်းပြည့်မမှန်နိုင်ဘူးဆိုပေမယ့် တချို့အချက်တွေကတော့ သွေးထွက်အောင် မှန်နေတာကို တွေ့ရမှာပါ။ Color Crazy သူငယ်ချင်းတွေကိုလည်း လက်တို့ပြောလိုက်ကြဦးနော်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com