[Zawgyi] 

Android One ဖုန္းလို႔ေျပာလိုက္တာနဲ႔ ေျပးျမင္မိၾကမွာက Flagship ဖုန္းေတြထက္ အမ်ားႀကီးေစ်းသက္သာၿပီး Mid-Range ဖုန္းေတြရဲ႕ Specification ေတြနဲ႔ထုတ္ထားတဲ့ ဖုန္းေတြကို ေျပးျမင္မိၾကမွာပါ။ ဒါေပမယ့္ Android One ဖုန္းေတြထဲမွာလည္း Flagship ဆိုတာ ရွိလာပါၿပီ။ 

Flagship ဆိုတာမေျပာခင္ ဒီဖုန္းက Android One ဖုန္းေတြထဲမွာ ေစ်းအမ်ားဆံုးလို႔ေျပာလို႔ရပါတယ္။ Qualcomm Snapdragon 835 ၊ RAM 4GB ၊ 32GB Storage နဲ႔ျဖစ္ၿပီး microSD Card လည္း ထပ္ထည့္လို႔ရပါတယ္။ Battery 3000mAh ပါတဲ့အျပင္ Quick Charge 3.0 ပါဝင္ပါတယ္။ Android One ျဖစ္တဲ့အတြက္ ဒီ Specifiaction နဲ႔ေပါင္းလိုက္ေတာ့ Performance ပိုင္းမွာေတာ့ အပစ္ေျပာစရာမရွိသေလာက္ပါပဲ။ LG ရဲ႕ G7 One ျဖစ္ၿပီး ေစ်းကေတာ့ $875 ပါ။ Android One ျဖစ္ေပမယ့္ ေစ်းကေတာ့ မေသးပါဘူး။ 

LG G7 One

LG G7 One မွာေတာ့ Camera အေနနဲ႔ 16MP ၊ f/1.6 ရွိတဲ့ Camera ကိုေနာက္ေက်ာဖက္မွာ ထည့္ေပးထားသလို Selfie Camera ကေတာ့ 8MP ၊ f/1.9 ရွိပါတယ္။ Display ကေတာ့ 3120 x 1440 Resoluiton ရွိတဲ့ FullVision LCD Display ပါ။ သူ႔ရဲ႕ အားသာခ်က္ကေတာ့ Brightness ကို 1000nits အထိ ရေအာင္ လုပ္ေပးႏိုင္တာပါ။ Size ကေတာ့ 6.1 Inch ရွိၿပီး 19.5:9 ျဖစ္လို႔ Video နဲ႔ Gaming မွာေတာ့ ၾကည့္ရတာ ေတာ္ေတာ္ေကာင္းမွာပါ။ IP Rating အရလည္း IP68 အထိရလို႔ သာမန္ေရစိုတာေလာက္ကေတာ့ သိပ္ကိစၥမရွိပါဘူး။ Flagship Specs ျဖစ္ေနေပမယ့္ Dual Camera မဟုတ္သလိုိ Stereo Speaker လည္းမပါပါဘူး။ ဒါေပမယ့္ အသံပိုင္းမွာေတာ့ အားနည္းခ်က္မရွိဘဘူးလို႔ေျပာလို႔ရတာက DTS: X 3D Surround Sound ကို ထည့္ေပးထားလို႔ပါ။ ဒါေပမယ့္ 7.1 Channel ကိုရဖို႔အတြက္ေတာ့ Headphone ေတြ၊ Earphone ေတြသံုးမွ ရမွာပါ။ LG G7 One ကေတာ့ ေစ်းအႀကီးဆံုး Android One ဖုန္းအျဖစ္ အခုအထိ စာရင္းဝင္ေနပါေသးတယ္။ 

Nokia 8 Sirocco

ေနာက္ထပ္ Premium အျဖစ္ဆံုး Android One ဖုန္းကိုျပပါဆိုရင္ Nokia 8 Sirocco ကိုျပရမွာပါ။ 5.5 Inch QHD pOLED Display ၊ Qualcomm Snapdragon 835 Processor ၊ RAM 6GB နဲ႔ Storage 128GB ေတြကို ထည့္ေပးထားပါတယ္။ 

ZEISS Lens

12MP ၊ f/1.7 ZEISS Camera + 13MP f/2.6 Camera နဲ႔ 5MP Selfie Camera ေတြပါၿပီး Display ေပၚမွာ Notch ေတာ့ မပါပါဘူး။ Battery အေနနဲ႔ေတာ့ 3260mAh ပါၿပီး Qi Wireless Charging ပါထည့္ေပးထားပါေသးတယ္။ IP67 ရွိတဲ့အတြက္ သာမန္ေရစိုတာ၊ မိုးစိုတာေလာက္ကေတာ့ ျပႆနာရွိမွာမဟုတ္ပါဘူး။ ဒီဖုန္းမွာေတာ့ Flagship ဖုန္းေတာ္ေတာ္မ်ားမ်ားမွာေတြ႕ရတာေတြျဖစ္တဲ့ OLED Display နဲ႔ Dual Camera ေတြပါေနေပမယ့္ $570 ေလာက္ပဲရွိလို႔ ေစ်းကေတာ့ သက္သာတယ္လို႔ေျပာလို႔ရပါေသးတယ္။ Android One သံုးထားတဲ့ဖုန္းေတြထဲမွာ ဒီဖုန္း ႏွစ္လံုုးကေတာ့ Premium အျဖစ္ဆံုးနဲ႔ လက္ရွိအခိ်န္မွာ အေကာင္းဆံုးေတြလို႔ ေျပာလို႔ရပါေသးတယ္။ Snapdragon 845 နဲ႔ Android One ဖုန္းေတြထြက္လာဖို႔ကိုေတာ့ အခ်ိန္နည္းနည္း ထပ္ေစာင့္ရဦးမွာပါ။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

Premium အဆန်ဆုံး Android One ဖုန်းတွေက ဘာတွေဖြစ်မလဲ

Android One ဖုန်းလို့ပြောလိုက်တာနဲ့ ပြေးမြင်မိကြမှာက Flagship ဖုန်းတွေထက် အများကြီးဈေးသက်သာပြီး Mid-Range ဖုန်းတွေရဲ့ Specification တွေနဲ့ထုတ်ထားတဲ့ ဖုန်းတွေကို ပြေးမြင်မိကြမှာပါ။ ဒါပေမယ့် Android One ဖုန်းတွေထဲမှာလည်း Flagship ဆိုတာ ရှိလာပါပြီ။ 

Flagship ဆိုတာမပြောခင် ဒီဖုန်းက Android One ဖုန်းတွေထဲမှာ ဈေးအများဆုံးလို့ပြောလို့ရပါတယ်။ Qualcomm Snapdragon 835 ၊ RAM 4GB ၊ 32GB Storage နဲ့ဖြစ်ပြီး microSD Card လည်း ထပ်ထည့်လို့ရပါတယ်။ Battery 3000mAh ပါတဲ့အပြင် Quick Charge 3.0 ပါဝင်ပါတယ်။ Android One ဖြစ်တဲ့အတွက် ဒီ Specifiaction နဲ့ပေါင်းလိုက်တော့ Performance ပိုင်းမှာတော့ အပစ်ပြောစရာမရှိသလောက်ပါပဲ။ LG ရဲ့ G7 One ဖြစ်ပြီး ဈေးကတော့ $875 ပါ။ Android One ဖြစ်ပေမယ့် ဈေးကတော့ မသေးပါဘူး။ 

LG G7 One

LG G7 One မှာတော့ Camera အနေနဲ့ 16MP ၊ f/1.6 ရှိတဲ့ Camera ကိုနောက်ကျောဖက်မှာ ထည့်ပေးထားသလို Selfie Camera ကတော့ 8MP ၊ f/1.9 ရှိပါတယ်။ Display ကတော့ 3120 x 1440 Resoluiton ရှိတဲ့ FullVision LCD Display ပါ။ သူ့ရဲ့ အားသာချက်ကတော့ Brightness ကို 1000nits အထိ ရအောင် လုပ်ပေးနိုင်တာပါ။ Size ကတော့ 6.1 Inch ရှိပြီး 19.5:9 ဖြစ်လို့ Video နဲ့ Gaming မှာတော့ ကြည့်ရတာ တော်တော်ကောင်းမှာပါ။ IP Rating အရလည်း IP68 အထိရလို့ သာမန်ရေစိုတာလောက်ကတော့ သိပ်ကိစ္စမရှိပါဘူး။ Flagship Specs ဖြစ်နေပေမယ့် Dual Camera မဟုတ်သလို Stereo Speaker လည်းမပါပါဘူး။ ဒါပေမယ့် အသံပိုင်းမှာတော့ အားနည်းချက်မရှိဘဘူးလို့ပြောလို့ရတာက DTS: X 3D Surround Sound ကို ထည့်ပေးထားလို့ပါ။ ဒါပေမယ့် 7.1 Channel ကိုရဖို့အတွက်တော့ Headphone တွေ၊ Earphone တွေသုံးမှ ရမှာပါ။ LG G7 One ကတော့ ဈေးအကြီးဆုံး Android One ဖုန်းအဖြစ် အခုအထိ စာရင်းဝင်နေပါသေးတယ်။ 

Nokia 8 Sirocco

နောက်ထပ် Premium အဖြစ်ဆုံး Android One ဖုန်းကိုပြပါဆိုရင် Nokia 8 Sirocco ကိုပြရမှာပါ။ 5.5 Inch QHD pOLED Display ၊ Qualcomm Snapdragon 835 Processor ၊ RAM 6GB နဲ့ Storage 128GB တွေကို ထည့်ပေးထားပါတယ်။ 

ZEISS Lens

12MP ၊ f/1.7 ZEISS Camera + 13MP f/2.6 Camera နဲ့ 5MP Selfie Camera တွေပါပြီး Display ပေါ်မှာ Notch တော့ မပါပါဘူး။ Battery အနေနဲ့တော့ 3260mAh ပါပြီး Qi Wireless Charging ပါထည့်ပေးထားပါသေးတယ်။ IP67 ရှိတဲ့အတွက် သာမန်ရေစိုတာ၊ မိုးစိုတာလောက်ကတော့ ပြဿနာရှိမှာမဟုတ်ပါဘူး။ ဒီဖုန်းမှာတော့ Flagship ဖုန်းတော်တော်များများမှာတွေ့ရတာတွေဖြစ်တဲ့ OLED Display နဲ့ Dual Camera တွေပါနေပေမယ့် $570 လောက်ပဲရှိလို့ ဈေးကတော့ သက်သာတယ်လို့ပြောလို့ရပါသေးတယ်။ Android One သုံးထားတဲ့ဖုန်းတွေထဲမှာ ဒီဖုန်း နှစ်လုံုးကတော့ Premium အဖြစ်ဆုံးနဲ့ လက်ရှိအချိန်မှာ အကောင်းဆုံးတွေလို့ ပြောလို့ရပါသေးတယ်။ Snapdragon 845 နဲ့ Android One ဖုန်းတွေထွက်လာဖို့ကိုတော့ အချိန်နည်းနည်း ထပ်စောင့်ရဦးမှာပါ။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။