[Zawgyi] 

iPhone ေတြက တျခားဖုန္းေတြလိုပဲ သူတို႔မွာ Unique ျဖစ္ေနတဲ့အခ်က္ေလးေတြရွိပါတယ္။ အဲ့ဒီထဲက အခ်က္တခ်ိဳ႕ကိုေတာ့ User ေတာ္ေတာ္မ်ားမ်ား သိၾကသလို တခ်ိဳ႕ကိုလည္း မသိၾကပါဘူး။ အဲ့ဒီအခ်က္ေတြက iPhone User ေတြအတြက္ေတာ့ အသံုးဝင္တာေတြခ်ည္းပဲမို႔ ေအာက္မွာ ေဖာ္ျပေပးလိုက္ပါတယ္။ 

Spotlight Search 

ဖုန္းတစ္လံုးမွာ Search ကလည္း ေတာ္ေတာ္အေရးပါပါတယ္။ iPhone မွာပါတဲ Spotlight Search ကေတာ့ ေတာ္ေတာ္ေလးေကာင္းတဲ့ Feature တစ္ခုလို႔ေျပာလို႔ရပါတယ္။ Spotlight Search ကေန Setting ေတြ၊ App ေတြထဲက Note ေတြ၊ File ေတြကို Home Screen ဒါမွမဟုတ္ Notification Center ကေန Spolight Search ကိုသြားၿပီး အလြယ္တကူ ရွာလို႔ရပါတယ္။ Spolight Search ရဲ႕အားသာခ်က္အေနနဲ႔ Unit ေတြကို Convert လုပ္လို႔ရသလို Calculator အေနနဲ႔လည္း သံုးလို႔ရပါတယ္။ အဲ့ဒီအတြက္ေတာ့ Internet Connection ရွိေနဖို႔ မလိုအပ္လို႔ ေတာ္ေတာ္ကို အသံုးဝင္ပါတယ္။ 

Dictionary 

iOS မွာ Dictionary ေတြပါလာၿပီးသားပါ။ Oxford Dictionary of English ကစၿပီး တျခား ဘာသာစကားေတာ္ေတာ္မ်ားမ်ားရဲ႕ Dictionary ေတြ ပါၿပီးသားျဖစ္တာေၾကာင့္ ဖုန္းသံုးေနရင္း လိုအပ္လာတဲ့အခါ Dictionary ကို ခ်က္ခ်င္းၾကည့္ႏိုင္ပါတယ္။ Dictionary ကိုၾကည့္နည္းက ႏွစ္မ်ိဳးရွိပါတယ္။ ပထမတစ္မ်ိဳးကေတာ့ Select လုပ္လို႔ရတဲ့ Text မွာ Look Up ဆိုတာကို ႏွိပ္ၿပီးၾကည့္လို႔ရသလို အေပၚမွာေျပာထားတဲ့ Spotlight Search ကေနလည္း သိခ်င္တဲ့ စကားလံုးကို ႐ိုက္ထည့္ၿပီး ၾကည့္ႏိုင္ပါတယ္။ Dictionary မရွိေသးရင္ Settings > General > Dictionary ကိုသြားၿပီး Download လုပ္ႏိုင္ပါတယ္။ 

Keyboard Trackpad Mode

iPhone ေတြရဲ႕ Keyboard က စာ႐ုိက္တဲ့အခါ Cursor ကို လက္နဲ႔ထိၿပီး ေ႐ႊ႕စရာမလိုေအာင္ သံုးႏိုင္ပါတယ္။ 3D Touch ပါတဲ့ iPhone ေတြမွာဆိုရင္ေတာ့ ႀကိဳက္တဲ့ Key ေပၚကို အားနဲ႔ဖိလိုက္ရင္ Cursour ကို ေ႐ႊ႕လို႔ရသလို 3D Touch မပါတဲ့ ဖုန္းေတြမွာဆိုရင္ေတာ့ Spacebar ေပၚကို ခပ္ၾကာၾကာေလးႏွိပ္ထားၿပီး Cursor ကိုဆြဲေ႐ြ႕လို႔ရပါတယ္။ ဒီ Feature ကိုေတာ့ iOS 12 တင္လို႔ရတဲ့ iPhone အားလံုးမွာ သံုးလို႔ရပါတယ္။ 

Text Replacement

ဒါကေတာ့ စာေရးတဲ့ေနရာမွာ ေတာ္ေတာ္အသံုးဝင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကိုယ္ေရးေနက် စကားစုေတြ၊ စာေၾကာင္းေတြနဲ႔ စကားလံုးေတြကို ႏွစ္သက္ရာ Keyword ေတြေပးထားၿပီး Shortcut အျဖစ္ထားလို႔ရတာေၾကာင့္ လိုအပ္တဲ့ေနရာမွာ သံုးႏိုင္ပါတယ္။ ဥပမာ – “ဝမ္းနည္းစိတ္ပ်က္ဖြယ္” ဆိုတဲ့ စကားလံုးကို အႀကိမ္ႀကိမ္သံုးျဖစ္မယ္ဆိုရင္ Replacement ထဲမွာ ႏွစ္သက္ရာ Shortcut ကိုထည့္ထားလိုက္ရင္ အဲ့ဒီ Shortcut ကို ႐ိုက္တို္င္း ဝမ္းနည္းစိတ္ပ်က္ဖြယ္ဆိုတာကို ေရးၿပီးသားျဖစ္ေနမွာပါ။ Text Replacement အတြက္ေတာ့ Settings > General > Keyboard > Text Replacement မွာ သြားထည့္ထားလို႔ရပါတယ္။ 

Control Center 

iOS ရဲ႕ Control Center မွာ ႏွစ္သက္ရာ Toggle ေလးေတြကို Setting ထဲကေန ေ႐ြးၿပီးထားလို႔ရပါတယ္။ အဲ့ဒီအထဲမွာေတာ့ တခ်ိဳ႕ Toggle ေတြက App ထဲမဝင္ဘဲ တစ္ခုခုကို ျမန္ျမန္လုပ္ႏိုင္ေအာင္ ကူညီေပးပါတယ္။ ဥပမာ – Timer Toggle ကို 3D Touch နဲ႔ ဒါမွမဟုတ္ ခပ္ၾကာၾကာေလး ႏွိပ္ထားလိုက္ရင္ Clock App ထဲမဝင္ဘဲ အလြယ္တကူ Timer ေပးလို႔ရပါတယ္။ 

ဒါေတြကေတာ့ iOS မွာ ပါလာၿပီးသား Feature ေတြျဖစ္တာေၾကာင့္ iPhone User ေတြအတြက္ တကယ္အသံုးဝင္တဲ့ Feature ေတြအျဖစ္ရွိပါတယ္။ တကယ္လို႔ သင့္ဆီမွာ iPhone ရွိတယ္ဆိုရင္ေတာ့ ဒီထဲက စမ္းမၾကည့္ရေသးတဲ့ Feature ကို အခုပဲ စမ္းၾကည့္ႏိုင္ပါတယ္။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

iPhone အတွက် အကောင်းဆုံး iOS Feature တွေက ဘာတွေဖြစ်မလဲ

iPhone တွေက တခြားဖုန်းတွေလိုပဲ သူတို့မှာ Unique ဖြစ်နေတဲ့အချက်လေးတွေရှိပါတယ်။ အဲ့ဒီထဲက အချက်တချို့ကိုတော့ User တော်တော်များများ သိကြသလို တချို့ကိုလည်း မသိကြပါဘူး။ အဲ့ဒီအချက်တွေက iPhone User တွေအတွက်တော့ အသုံးဝင်တာတွေချည်းပဲမို့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ 

Spotlight Search 

ဖုန်းတစ်လုံးမှာ Search ကလည်း တော်တော်အရေးပါပါတယ်။ iPhone မှာပါတဲ Spotlight Search ကတော့ တော်တော်လေးကောင်းတဲ့ Feature တစ်ခုလို့ပြောလို့ရပါတယ်။ Spotlight Search ကနေ Setting တွေ၊ App တွေထဲက Note တွေ၊ File တွေကို Home Screen ဒါမှမဟုတ် Notification Center ကနေ Spolight Search ကိုသွားပြီး အလွယ်တကူ ရှာလို့ရပါတယ်။ Spolight Search ရဲ့အားသာချက်အနေနဲ့ Unit တွေကို Convert လုပ်လို့ရသလို Calculator အနေနဲ့လည်း သုံးလို့ရပါတယ်။ အဲ့ဒီအတွက်တော့ Internet Connection ရှိနေဖို့ မလိုအပ်လို့ တော်တော်ကို အသုံးဝင်ပါတယ်။ 

Dictionary 

iOS မှာ Dictionary တွေပါလာပြီးသားပါ။ Oxford Dictionary of English ကစပြီး တခြား ဘာသာစကားတော်တော်များများရဲ့ Dictionary တွေ ပါပြီးသားဖြစ်တာကြောင့် ဖုန်းသုံးနေရင်း လိုအပ်လာတဲ့အခါ Dictionary ကို ချက်ချင်းကြည့်နိုင်ပါတယ်။ Dictionary ကိုကြည့်နည်းက နှစ်မျိုးရှိပါတယ်။ ပထမတစ်မျိုးကတော့ Select လုပ်လို့ရတဲ့ Text မှာ Look Up ဆိုတာကို နှိပ်ပြီးကြည့်လို့ရသလို အပေါ်မှာပြောထားတဲ့ Spotlight Search ကနေလည်း သိချင်တဲ့ စကားလုံးကို ရိုက်ထည့်ပြီး ကြည့်နိုင်ပါတယ်။ Dictionary မရှိသေးရင် Settings > General > Dictionary ကိုသွားပြီး Download လုပ်နိုင်ပါတယ်။ 

Keyboard Trackpad Mode

iPhone တွေရဲ့ Keyboard က စာရိုက်တဲ့အခါ Cursor ကို လက်နဲ့ထိပြီး ရွှေ့စရာမလိုအောင် သုံးနိုင်ပါတယ်။ 3D Touch ပါတဲ့ iPhone တွေမှာဆိုရင်တော့ ကြိုက်တဲ့ Key ပေါ်ကို အားနဲ့ဖိလိုက်ရင် Cursour ကို ရွှေ့လို့ရသလို 3D Touch မပါတဲ့ ဖုန်းတွေမှာဆိုရင်တော့ Spacebar ပေါ်ကို ခပ်ကြာကြာလေးနှိပ်ထားပြီး Cursor ကိုဆွဲရွေ့လို့ရပါတယ်။ ဒီ Feature ကိုတော့ iOS 12 တင်လို့ရတဲ့ iPhone အားလုံးမှာ သုံးလို့ရပါတယ်။ 

Text Replacement

ဒါကတော့ စာရေးတဲ့နေရာမှာ တော်တော်အသုံးဝင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ရေးနေကျ စကားစုတွေ၊ စာကြောင်းတွေနဲ့ စကားလုံးတွေကို နှစ်သက်ရာ Keyword တွေပေးထားပြီး Shortcut အဖြစ်ထားလို့ရတာကြောင့် လိုအပ်တဲ့နေရာမှာ သုံးနိုင်ပါတယ်။ ဥပမာ – “ဝမ်းနည်းစိတ်ပျက်ဖွယ်” ဆိုတဲ့ စကားလုံးကို အကြိမ်ကြိမ်သုံးဖြစ်မယ်ဆိုရင် Replacement ထဲမှာ နှစ်သက်ရာ Shortcut ကိုထည့်ထားလိုက်ရင် အဲ့ဒီ Shortcut ကို ရိုက်တိုင်း ဝမ်းနည်းစိတ်ပျက်ဖွယ်ဆိုတာကို ရေးပြီးသားဖြစ်နေမှာပါ။ Text Replacement အတွက်တော့ Settings > General > Keyboard > Text Replacement မှာ သွားထည့်ထားလို့ရပါတယ်။ 

Control Center 

iOS ရဲ့ Control Center မှာ နှစ်သက်ရာ Toggle လေးတွေကို Setting ထဲကနေ ရွေးပြီးထားလို့ရပါတယ်။ အဲ့ဒီအထဲမှာတော့ တချို့ Toggle တွေက App ထဲမဝင်ဘဲ တစ်ခုခုကို မြန်မြန်လုပ်နိုင်အောင် ကူညီပေးပါတယ်။ ဥပမာ – Timer Toggle ကို 3D Touch နဲ့ ဒါမှမဟုတ် ခပ်ကြာကြာလေး နှိပ်ထားလိုက်ရင် Clock App ထဲမဝင်ဘဲ အလွယ်တကူ Timer ပေးလို့ရပါတယ်။ 

ဒါတွေကတော့ iOS မှာ ပါလာပြီးသား Feature တွေဖြစ်တာကြောင့် iPhone User တွေအတွက် တကယ်အသုံးဝင်တဲ့ Feature တွေအဖြစ်ရှိပါတယ်။ တကယ်လို့ သင့်ဆီမှာ iPhone ရှိတယ်ဆိုရင်တော့ ဒီထဲက စမ်းမကြည့်ရသေးတဲ့ Feature ကို အခုပဲ စမ်းကြည့်နိုင်ပါတယ်။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။