[Zawgyi]

ကြန္ပ်ဴတာမွာ သုံးေနတဲ့ Solid State Disk ဆိုတာဘာလဲ အပိုင္း (၁)

အရင္တစ္ေခါက္တုန္းက Hard Disk ဆိုတာ ဘာလဲ၊ ဘယ္လို အလုပ္လုပ္သလဲလို႔ ေျပာခဲ့ၿပီးၿပီမလို႔ ဒီတစ္ခါ ကြန္ပ်ဴတာမွာသုံးေနတဲ့ SSD ဆိုတာဘာလဲ ထပ္ၿပီး တင္ျပသြားပါ့မယ္။ ဒီလိုဆိုေတာ့ Solid State Disk ဆိုတဲ့ အသုံးႏႈန္းကို ရင္းႏွီးၿပီးသား ျဖစ္ၾကမွာပါ။ သူ႔ကို ပါဝါအစားနည္းတယ္၊ ႀကံ့ခိုင္မႈရွိတယ္၊ Hard Disk နဲ႔ ယွဥ္လိုက္ရင္ ပိုျမန္တယ္စသျဖင့္ SSD ရဲ႕ အားသာခ်က္ေတြေၾကာင့္ ကြန္ပ်ဴတာနဲ႔ စမတ္ဖုန္းေတြမွာ အသုံးမ်ားလာတယ္ဆိုရင္ မမွားပါဘူး။

SSD made by Intel Corporation

ဆိုေတာ့ SSD ေတြ Hard Disk ထက္ ဘာလို႔ ပိုျမန္ေနရသလဲဆိုရင္ ေဒတာေတြကို မီလီစကၠန္႔ႏႈန္းနဲ႔ပဲ ေရးတာ၊ဖတ္တာမလို႔ သာမန္အားျဖင့္ 0.1 ms ေအာက္ပဲရွိတာမလို႔ပါ။ Hard Disk ေတြကေတာ့ ေဒတာ ေရးဖို႔၊ဖတ္ဖို႔ Mechanical Part ေတြ သုံးရတာမလို႔ မ်ားေသာအားျဖင့္ 12ms အထိ ရွိတတ္ၾကပါတယ္။ ဒီလို SSD ေတြ ပိုၿပီး စြမ္းေဆာင္ရည္သာေနရတဲ့အခ်က္က Controlling Unit သပ္သပ္ ပါဝင္တာမလို႔ ထပ္ၿပီး RAM-based အမ်ိဳးစားနဲ႔ Flash-based ဆိုၿပီး SSD စြမ္းေဆာင္ရည္ ႏွစ္မ်ိဳးႏွစ္စားရွိတယ္လို႔ သတ္မွတ္ႏိုင္ပါေသးတယ္။ ဒါဆိုရင္ SSD ႏွစ္မ်ိဳး ဘယ္လိုကြာျခားခ်က္ရွိသလဲ၊ ဘာအားသာခ်က္၊ အားနည္းခ်က္ရွိသလဲဆိုတာ ဒီေဆာင္းပါးေလးမွာ ဗဟုသုတအေနနဲ႔ ရွင္းျပသြားပါ့မယ္။

Consumer Level Kingston’s SSD

RAM-based SSD

RAM လို႔ ေျပာလိုက္တဲ့အတိုင္း အလုပ္လုပ္ပုံခ်င္း အတူတူပဲမလို႔ RAM-based SSD ေတြဟာ Storage Media အားလုံးထဲ အျမန္ဆုံးျဖစ္ၿပီး ေစ်းအႀကီးဆုံးလည္းျဖစ္ပါတယ္။ ဒီေကာင္ေတြဟာ SSD ခ်င္းယွဥ္ရင္ေတာင္ ဂ်က္ေလယာဥ္နဲ႔ ၿပိဳင္ကားလို ကြာျခားေသးတာေၾကာင့္ သူ႔ရဲ႕ Performance ကို မိုက္ခ႐ိုစကၠန္႔ နဲ႔ပဲ တိုင္းတာေလ့ရွိပါတယ္။ ဒီလိုစြမ္းေဆာင္ရည္မ်ိဳး ရွိေနတာမလို႔ Supercomputer နဲ႔ လိုက္ဖက္သလို Read Load အရမ္းကိုမ်ားလြန္းတဲ့ Server လို Application မ်ိဳးတြက္ သင့္ေတာ္လွၿပီး စစ္ဖက္ဆိုင္ရာ ကြန္ပ်ဴတာေတြမွာလည္း RAM-based SSD ကို အားထားေနရတာပါ။ ဒါေပမယ့္လည္း RAM-based SSD ရဲ႕ ထုတ္လုပ္မႈ ကုန္က်စရိတ္က တန္ဖိုးႀကီး ဇိမ္ခံကားတစ္စီးနီးနီး ေငြကုန္ေၾကးက်မ်ားလြန္းတာမလို႔ Consumer Market မွာ ျမင္ေတြ႕ခဲပါတယ္။

RAM-based SSD

အလုပ္လုပ္ပုံကို RAM သေဘာတရားအတိုင္း အေျခခံထားတာမလို႔ ဒီ SSD အမ်ိဳးအစားမွာ DRAM (Dynamic Random Access Memory) လို႔ ေခၚတဲ့ Controller ပါဝင္မွာပါ။ ဒီေကာင့္ရဲ႕ Function တစ္ခုက ကြန္ပ်ဴတာေတြမွာ ပါဝါပိတ္ထားလိုက္ရင္ RAM ေပၚတင္ၿပီး Run ေနတဲ့ ေဒတာေတြပါမသြားေအာင္ Static-RAM Storage ထဲ သြားသိမ္းေပးထားလိုက္မွာပါ။ ေနာက္တခါ ကြန္ပ်ဴတာျပန္ဖြင့္လို႔ အသုံးလိုတဲ့အခါ သိမ္းထားတဲ့ေဒတာေတြကို Storage ထဲကေနပဲ ျပန္ထုတ္ေပးမွာမလို႔ System RAM ေတြမွာလို ပါဝါမရွိေနလဲ ေဒတာေတြ Save မလုပ္ထားေပးမွာ ပူစရာ မလိုပါဘူး။ ဒါေၾကာင့္လည္း RAM-based SSD ေတြ အျမန္ဆုံးျဖစ္ေနရသလို Workstation နဲ႔ Server လို ဝန္အရမ္းမ်ားလြန္းတဲ့ အလုပ္ခြင္မ်ိဳးမွာ တြင္တြင္က်ယ္က်ယ္သုံးေနတဲ့ Storage Device တစ္မ်ိဳးလည္း ျဖစ္ပါတယ္။

DRAM module are installed on it

RAM-based SSD ရဲ႕ သမိုင္းအက်ဥ္း

SSD ေတြကို ၁၉၅၀ ေလာက္က စသုံးခဲ့ၾကတယ္လို႔ ေျပာလို႔ရေပမယ့္ အဲ့အခ်ိန္တုန္းက Solid State Disk လို႔ေတာင္ မေခၚၾကေသးပါဘူး။ ဒါေပမယ့္ Supercomputer တစ္ခုမွာ Magnetic Core Memory နဲ႔ Card Capacitor Read-only (CCROS) ဆိုၿပီး အရံအေနနဲ႔ပဲ အသုံးျပဳခဲ့တဲ့ Memory Unit ႏွစ္မ်ိဳးကေန SSD နည္းပညာ ေမြးဖြားလာခဲ့တာပါ။

You wouldn’t like the Design of World’s First SSD

ဒါေပမယ့္လည္း SSD စသုံးခဲ့တဲ့ ၁၉၅၀ လို အခ်ိန္တုန္းက Vacuum-tube Computers ေတြ သြားေခတ္စားေနတဲ့ အခ်ိန္မလို႔ ပိုၿပီးေစ်းသက္သာတဲ့ Drum Storage Units ေတြေၾကာင့္ အသုံးျပဳမႈ မတြင္က်ယ္ခဲ့ေသးတာပါ။ ေနာက္ၿပီး ၁၉၇၀ ေလာက္မွာ Semiconductor Memory အေနနဲ႔ Supercomputers ေတြမွာ သုံးခဲ့ေသးတယ္ဆိုမယ့္လည္း ေစ်းႀကီးတယ္ဆိုတဲ့အခ်က္ေၾကာင့္ Memory Unit ႏွစ္ခုထုတ္လုပ္မႈကိုပါ ရပ္ဆိုင္းပစ္ခဲ့ရတဲ့အထိ အေျခအေနမလွခဲ့တာပါ။

A 2,5″ SSD & Laptop’s Bay

ဒီလိုနဲ႔ ၁၉၇၈ ေလာက္ေရာက္ေတာ့ Texas Memory Systems ကေန ေရနံကုမၸဏီေတြအတြက္ 16KB ပဲရွိတဲ့ RAM-Based SSD ကို  စၿပီး မိတ္ဆက္လိုက္တဲ့အခ်ိန္ကစၿပီး SSD လို႔ နာမည္တြင္လာခဲ့သလို ေခတ္အဆက္ဆက္ တိုးတက္လာတဲ့ နည္းပညာေတြေၾကာင့္ အခုဆိုရင္ RAM-based SSD ရဲ႕ ျမန္ႏႈန္းဟာ 10 Microsecond ေအာက္ပဲ ရွိေတာ့တဲ့အထိ ျမန္ဆန္ေနၿပီ ျဖစ္ပါတယ္။

Flash-based SSD အေၾကာင္းကို ေနာက္အပတ္ထဲ တင္ဆက္ေပးသြားပါ့မယ္။

2B (akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ကွန်ပျူတာမှာ သုံးနေတဲ့ Solid State Disk ဆိုတာဘာလဲ အပိုင်း (၁)

အရင်တစ်ခေါက်တုန်းက Hard Disk ဆိုတာ ဘာလဲ၊ ဘယ်လို အလုပ်လုပ်သလဲလို့ ပြောခဲ့ပြီးပြီမလို့ ဒီတစ်ခါ ကွန်ပျူတာမှာသုံးနေတဲ့ SSD ဆိုတာဘာလဲ ထပ်ပြီး တင်ပြသွားပါ့မယ်။ ဒီလိုဆိုတော့ Solid State Disk ဆိုတဲ့ အသုံးနှုန်းကို ရင်းနှီးပြီးသား ဖြစ်ကြမှာပါ။ သူ့ကို ပါဝါအစားနည်းတယ်၊ ကြံ့ခိုင်မှုရှိတယ်၊ Hard Disk နဲ့ ယှဥ်လိုက်ရင် ပိုမြန်တယ်စသဖြင့် SSD ရဲ့ အားသာချက်တွေကြောင့် ကွန်ပျူတာနဲ့ စမတ်ဖုန်းတွေမှာ အသုံးများလာတယ်ဆိုရင် မမှားပါဘူး။

SSD made by Intel Corporation

ဆိုတော့ SSD တွေ Hard Disk ထက် ဘာလို့ ပိုမြန်နေရသလဲဆိုရင် ဒေတာတွေကို မီလီစက္ကန့်နှုန်းနဲ့ပဲ ရေးတာ၊ဖတ်တာမလို့ သာမန်အားဖြင့် 0.1 ms အောက်ပဲရှိတာမလို့ပါ။ Hard Disk တွေကတော့ ဒေတာ ရေးဖို့၊ဖတ်ဖို့ Mechanical Part တွေ သုံးရတာမလို့ များသောအားဖြင့် 12ms အထိ ရှိတတ်ကြပါတယ်။ ဒီလို SSD တွေ ပိုပြီး စွမ်းဆောင်ရည်သာနေရတဲ့အချက်က Controlling Unit သပ်သပ် ပါဝင်တာမလို့ ထပ်ပြီး RAM-based အမျိုးစားနဲ့ Flash-based ဆိုပြီး SSD စွမ်းဆောင်ရည် နှစ်မျိုးနှစ်စားရှိတယ်လို့ သတ်မှတ်နိုင်ပါသေးတယ်။ ဒါဆိုရင် SSD နှစ်မျိုး ဘယ်လိုကွာခြားချက်ရှိသလဲ၊ ဘာအားသာချက်၊ အားနည်းချက်ရှိသလဲဆိုတာ ဒီဆောင်းပါးလေးမှာ ဗဟုသုတအနေနဲ့ ရှင်းပြသွားပါ့မယ်။

Consumer Level Kingston’s SSD

RAM-based SSD

RAM လို့ ပြောလိုက်တဲ့အတိုင်း အလုပ်လုပ်ပုံချင်း အတူတူပဲမလို့ RAM-based SSD တွေဟာ Storage Media အားလုံးထဲ အမြန်ဆုံးဖြစ်ပြီး စျေးအကြီးဆုံးလည်းဖြစ်ပါတယ်။ ဒီကောင်တွေဟာ SSD ချင်းယှဥ်ရင်တောင် ဂျက်လေယာဥ်နဲ့ ပြိုင်ကားလို ကွာခြားသေးတာကြောင့် သူ့ရဲ့ Performance ကို မိုက်ခရိုစက္ကန့် နဲ့ပဲ တိုင်းတာလေ့ရှိပါတယ်။ ဒီလိုစွမ်းဆောင်ရည်မျိုး ရှိနေတာမလို့ Supercomputer နဲ့ လိုက်ဖက်သလို Read Load အရမ်းကိုများလွန်းတဲ့ Server လို Application မျိုးတွက် သင့်တော်လှပြီး စစ်ဖက်ဆိုင်ရာ ကွန်ပျူတာတွေမှာလည်း RAM-based SSD ကို အားထားနေရတာပါ။ ဒါပေမယ့်လည်း RAM-based SSD ရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်က တန်ဖိုးကြီး ဇိမ်ခံကားတစ်စီးနီးနီး ငွေကုန်ကြေးကျများလွန်းတာမလို့ Consumer Market မှာ မြင်တွေ့ခဲပါတယ်။

RAM-based SSD

အလုပ်လုပ်ပုံကို RAM သဘောတရားအတိုင်း အခြေခံထားတာမလို့ ဒီ SSD အမျိုးအစားမှာ DRAM (Dynamic Random Access Memory) လို့ ခေါ်တဲ့ Controller ပါဝင်မှာပါ။ ဒီကောင့်ရဲ့ Function တစ်ခုက ကွန်ပျူတာတွေမှာ ပါဝါပိတ်ထားလိုက်ရင် RAM ပေါ်တင်ပြီး Run နေတဲ့ ဒေတာတွေပါမသွားအောင် Static-RAM Storage ထဲ သွားသိမ်းပေးထားလိုက်မှာပါ။ နောက်တခါ ကွန်ပျူတာပြန်ဖွင့်လို့ အသုံးလိုတဲ့အခါ သိမ်းထားတဲ့ဒေတာတွေကို Storage ထဲကနေပဲ ပြန်ထုတ်ပေးမှာမလို့ System RAM တွေမှာလို ပါဝါမရှိနေလဲ ဒေတာတွေ Save မလုပ်ထားပေးမှာ ပူစရာ မလိုပါဘူး။ ဒါကြောင့်လည်း RAM-based SSD တွေ အမြန်ဆုံးဖြစ်နေရသလို Workstation နဲ့ Server လို ဝန်အရမ်းများလွန်းတဲ့ အလုပ်ခွင်မျိုးမှာ တွင်တွင်ကျယ်ကျယ်သုံးနေတဲ့ Storage Device တစ်မျိုးလည်း ဖြစ်ပါတယ်။

DRAM module are installed on it

RAM-based SSD ရဲ့ သမိုင်းအကျဥ်း

SSD တွေကို ၁၉၅၀ လောက်က စသုံးခဲ့ကြတယ်လို့ ပြောလို့ရပေမယ့် အဲ့အချိန်တုန်းက Solid State Disk လို့တောင် မခေါ်ကြသေးပါဘူး။ ဒါပေမယ့် Supercomputer တစ်ခုမှာ Magnetic Core Memory နဲ့ Card Capacitor Read-only (CCROS) ဆိုပြီး အရံအနေနဲ့ပဲ အသုံးပြုခဲ့တဲ့ Memory Unit နှစ်မျိုးကနေ SSD နည်းပညာ မွေးဖွားလာခဲ့တာပါ။

You wouldn’t like the Design of World’s First SSD

ဒါပေမယ့်လည်း SSD စသုံးခဲ့တဲ့ ၁၉၅၀ လို အချိန်တုန်းက Vacuum-tube Computers တွေ သွားခေတ်စားနေတဲ့ အချိန်မလို့ ပိုပြီးစျေးသက်သာတဲ့ Drum Storage Units တွေကြောင့် အသုံးပြုမှု မတွင်ကျယ်ခဲ့သေးတာပါ။ နောက်ပြီး ၁၉၇၀ လောက်မှာ Semiconductor Memory အနေနဲ့ Supercomputers တွေမှာ သုံးခဲ့သေးတယ်ဆိုမယ့်လည်း စျေးကြီးတယ်ဆိုတဲ့အချက်ကြောင့် Memory Unit နှစ်ခုထုတ်လုပ်မှုကိုပါ ရပ်ဆိုင်းပစ်ခဲ့ရတဲ့အထိ အခြေအနေမလှခဲ့တာပါ။

A 2,5″ SSD & Laptop’s Bay

ဒီလိုနဲ့ ၁၉၇၈ လောက်ရောက်တော့ Texas Memory Systems ကနေ ရေနံကုမ္ပဏီတွေအတွက် 16KB ပဲရှိတဲ့ RAM-Based SSD ကို  စပြီး မိတ်ဆက်လိုက်တဲ့အချိန်ကစပြီး SSD လို့ နာမည်တွင်လာခဲ့သလို ခေတ်အဆက်ဆက် တိုးတက်လာတဲ့ နည်းပညာတွေကြောင့် အခုဆိုရင် RAM-based SSD ရဲ့ မြန်နှုန်းဟာ 10 Microsecond အောက်ပဲ ရှိတော့တဲ့အထိ မြန်ဆန်နေပြီ ဖြစ်ပါတယ်။

Flash-based SSD အကြောင်းကို နောက်အပတ်ထဲ တင်ဆက်ပေးသွားပါ့မယ်။

2B (akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။