Apple ရဲ႕ MacBook Air ဟာ ယခုလက္ရွိ ကြန္ပ်ဴတာကုမၸဏီေတြအကုန္လံုးက ထုတ္လုပ္ေနတဲ့ Ultrabook ေစ်းကြက္ကို စတင္ခဲ့တယ္လုိ႔ေတာင္ ေျပာလို႔ရတဲ့အထိ ေအာင္ျမင္မႈရရွိခဲ့တဲ့ MacBook တစ္ခုျဖစ္ပါတယ္။ ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ Apple က New MacBook 12″ ကို ထုတ္လုပ္ခဲ့တဲ့အတြက္ Apple MacBook Air ဟာ ဘယ္သူမွေတာင္ ဝယ္ယူခ်င္စိတ္မရွိတဲ့ MacBook တစ္ခုျဖစ္ေနပါျပီ။

Apple MacBook Air

လက္ရွီ သိရတဲ့သတင္းေတြအရေတာ့ Apple ဟာ MacBook Air ကို ျပန္လည္ အသစ္တဖန္ေဆာင္ရြက္ေနျပီးေတာ့ ေဒၚလာ ၁၀၀၀ ေအာက္တန္ MacBook အသစ္တစ္ခုကို ေဆာင္ရြက္ေနျပီျဖစ္ပါတယ္။ ျဖစ္ႏုိင္တာကေတာ့ ဒီႏွစ္မကုန္ခင္မွာတင္ အဆိုပါ MacBook အသစ္ကို ျမင္လာရဖြယ္ရွိေနျပီးေတာ့ Apple အေနနဲ႔ MacBook Air ကို ျပန္ျပီး ေအာင္ျမင္ေစဖုိ႔ လုိအပ္ေနတဲ့ အခ်က္ေတြကို ေဖာ္ျပေပးလုိက္ပါတယ္။

Better Keyboard

Apple New MacBook

Apple ဟာ New MacBook မွာ Butterfly Mechanism Keyboard အသစ္ကို မိတ္ဆက္ခဲ့ျပီးေတာ့ အခုလက္ရွိ MacBook Pro ေတြမွာပါ အဆိုပါ Keyboard ကို အသံုးျပဳေနတာျဖစ္ပါတယ္။ အဆုိပါ Key Travel နည္းပါးတဲ့ Keyboard ေတြဟာ စာရုိက္တဲ့ေနရာမွာေတာ့ အဆင္ေျပေပမယ့္ ဖုန္ေတြဝင္ေရာက္တတ္တဲ့အတြက္ ျပင္ဆင္ရခက္ခဲျပီး Error ျဖစ္တာေတြကို ၾကံဳေတြ႕ေနရတာျဖစ္ပါတယ္။ Apple ဟာ ေနာက္ဆံုးထြက္ရွိထားတဲ့ MacBook Pro 2018 မွာေတာ့ အဆိုပါ Keyboard Error ကို Membrane Layer တစ္ခုထည့္သြင္းထားျပီး ေျဖရွင္းခဲ့တဲ့အတြက္ အခုထြက္လာမယ့္ MacBook Air အသစ္မွာလည္း အဆိုပါ Keyboard အသစ္ကို ထည့္သြင္းဖုိ႔ လုိအပ္ေနတာျဖစ္ပါတယ္။

New MacBook ထက္ Port ေတြပိုမို ပါဝင္ဖုိ႔ လိုအပ္ျခင္း

Apple ရဲ႕ New MacBook ကို အသံုးျပဳဖူးတယ္ဆုိရင္ အဆုိပါါ MacBook မွာ ျပႆနာဆုိလို႔ တစ္ခုပဲရွိေနတာျဖစ္ပါတယ္။ အဲ့ဒါကေတာ့ Port အေနနဲ႔ USB-C Port တစ္ခုထဲပါဝင္ျပီးေတာ့ Charging ကိုပါ အဆိုပါ Port ကပဲေဆာင္ရြက္တဲ့အတြက္ Data Transfer လုပ္ခ်င္တဲ့အခ်ိန္မ်ိဳးမွာ အဆင္မေျပတာပဲျဖစ္ပါတယ္။ အခု Apple ကေန ေဆာင္ရြက္ေနတဲ့ Apple MacBook Air မွာ ပါးလႊာေပမယ့္ အနည္းဆံုး USB-C Port ၂ ခုေလာက္ပါဝင္ဖုိ႔ လုိအပ္ေနတာပဲျဖစ္ပါတယ္။

High-Res Resolution Bezel-less Display

Apple MacBook Air ရဲ႕ လက္ရွိ အားနည္းခ်က္ကေတာ့ ေလာေလာဆယ္မွာ ေစ်းႏႈန္းတူ Ultrabook ေတြနဲ႔ ယွဥ္ရင္ ေဘးေဘာင္ေတြက အလြန္ၾကီးမားေနျပီးေတာ့ Resolution အရလည္း နိမ့္ေနတာပဲျဖစ္ပါတယ္။ အဲ့ဒီအတြက္ Apple အေနနဲ႔ လက္ရွိ Ultrabook ေတြရဲ႕ Standard တစ္ခုေတာင္ျဖစ္လာတဲ့ ေဘးေဘာင္ေတြေသးငယ္တဲ့ Display ဒီဇုိင္းအသစ္ကို MacBook Air နဲ႔အတူ မိတ္ဆက္လာသင့္ပါျပီ။ ေနာက္တစ္ခ်က္ကေတာ့ Display Resolution ဟာလည္း Retina အဆင့္ကို ျမွင့္တင္ျပီး MacBook Pro ေတြလုိမ်ိဳး TrueTone Display ျဖစ္လာဖုိ႔ လုိအပ္ေနပါတယ္။

ေစ်းကို $999 ဝန္းက်င္မွာပဲ ေရာင္းခ်ဖုိ႔ လိုအပ္ျခင္း

Apple New MacBook

Apple ရဲ႕ အနိမ့္ဆံုးေသာ MacBook Pro ဒါမွမဟုတ္ New MacBook ကို ၾကည့္မယ္ဆုိရင္ အနိမ့္ဆံုး $1299 ကေန စတင္တာကို ေတြ႕ရမွာပါ။ အဲ့ဒီအတြက္ Apple MacBook Air အေနနဲ႔ ေစ်းကို $999 ဝန္းက်င္မွာပဲစတင္သင့္တယ္လုိ႔႔ ယူဆရပါတယ္။ အခုေစ်းဟာ Apple ကို ေစ်းႏႈန္းအသင့္အတင့္နဲ႔ သံုးခ်င္တဲ့သူေတြအတြက္ သတင္းေကာင္းျဖစ္လာမွာျဖစ္သလုိပဲ တျခားေသာ Ultrabook ေတြနဲ႔လည္းပိုျပီး ယွဥ္ျပိဳင္ႏုိင္မွာပါ။

ဒါကေတာ့ ဒီႏွစ္မကုန္ခင္မွာ ထြက္ရွိလာမယ့္ Apple ရဲ႕ MacBook Air အသစ္ ဒါမွမဟုတ္ Budget MacBook အသစ္မွာ ပါဝင္လာဖုိ႔ ေမွ်ာ္လင့္မိတဲ့အခ်က္ေတြပါ။ အခုေျပာသြားတဲ့အခ်က္ေတြအကုန္လံုးကို Apple က ေဆာင္ရြက္မလားဆုိတာကေတာ့ မသိရေသးေပမယ့္ေသခ်ာတာကေတာ့ Apple ရဲ႕ MacBook အသစ္ဟာ ယခင္က ထြက္ထားတဲ့ MacBook ေတြထက္ ေစ်းသက္သာလာမွာျဖစ္ပါတယ္။

Ref : CNET

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Apple ရဲ့ MacBook Air ဟာ ယခုလက်ရှိ ကွန်ပျူတာကုမ္ပဏီတွေအကုန်လုံးက ထုတ်လုပ်နေတဲ့ Ultrabook စျေးကွက်ကို စတင်ခဲ့တယ်လို့တောင် ပြောလို့ရတဲ့အထိ အောင်မြင်မှုရရှိခဲ့တဲ့ MacBook တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ Apple က New MacBook 12″ ကို ထုတ်လုပ်ခဲ့တဲ့အတွက် Apple MacBook Air ဟာ ဘယ်သူမှတောင် ဝယ်ယူချင်စိတ်မရှိတဲ့ MacBook တစ်ခုဖြစ်နေပါပြီ။

Apple MacBook Air

လက်ရှီ သိရတဲ့သတင်းတွေအရတော့ Apple ဟာ MacBook Air ကို ပြန်လည် အသစ်တဖန်ဆောင်ရွက်နေပြီးတော့ ဒေါ်လာ ၁၀၀၀ အောက်တန် MacBook အသစ်တစ်ခုကို ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဖြစ်နိုင်တာကတော့ ဒီနှစ်မကုန်ခင်မှာတင် အဆိုပါ MacBook အသစ်ကို မြင်လာရဖွယ်ရှိနေပြီးတော့ Apple အနေနဲ့ MacBook Air ကို ပြန်ပြီး အောင်မြင်စေဖို့ လိုအပ်နေတဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Better Keyboard

Apple New MacBook

Apple ဟာ New MacBook မှာ Butterfly Mechanism Keyboard အသစ်ကို မိတ်ဆက်ခဲ့ပြီးတော့ အခုလက်ရှိ MacBook Pro တွေမှာပါ အဆိုပါ Keyboard ကို အသုံးပြုနေတာဖြစ်ပါတယ်။ အဆိုပါ Key Travel နည်းပါးတဲ့ Keyboard တွေဟာ စာရိုက်တဲ့နေရာမှာတော့ အဆင်ပြေပေမယ့် ဖုန်တွေဝင်ရောက်တတ်တဲ့အတွက် ပြင်ဆင်ရခက်ခဲပြီး Error ဖြစ်တာတွေကို ကြုံတွေ့နေရတာဖြစ်ပါတယ်။ Apple ဟာ နောက်ဆုံးထွက်ရှိထားတဲ့ MacBook Pro 2018 မှာတော့ အဆိုပါ Keyboard Error ကို Membrane Layer တစ်ခုထည့်သွင်းထားပြီး ဖြေရှင်းခဲ့တဲ့အတွက် အခုထွက်လာမယ့် MacBook Air အသစ်မှာလည်း အဆိုပါ Keyboard အသစ်ကို ထည့်သွင်းဖို့ လိုအပ်နေတာဖြစ်ပါတယ်။

New MacBook ထက် Port တွေပိုမို ပါဝင်ဖို့ လိုအပ်ခြင်း

Apple ရဲ့ New MacBook ကို အသုံးပြုဖူးတယ်ဆိုရင် အဆိုပါါ MacBook မှာ ပြဿနာဆိုလို့ တစ်ခုပဲရှိနေတာဖြစ်ပါတယ်။ အဲ့ဒါကတော့ Port အနေနဲ့ USB-C Port တစ်ခုထဲပါဝင်ပြီးတော့ Charging ကိုပါ အဆိုပါ Port ကပဲဆောင်ရွက်တဲ့အတွက် Data Transfer လုပ်ချင်တဲ့အချိန်မျိုးမှာ အဆင်မပြေတာပဲဖြစ်ပါတယ်။ အခု Apple ကနေ ဆောင်ရွက်နေတဲ့ Apple MacBook Air မှာ ပါးလွှာပေမယ့် အနည်းဆုံး USB-C Port ၂ ခုလောက်ပါဝင်ဖို့ လိုအပ်နေတာပဲဖြစ်ပါတယ်။

High-Res Resolution Bezel-less Display

Apple MacBook Air ရဲ့ လက်ရှိ အားနည်းချက်ကတော့ လောလောဆယ်မှာ စျေးနှုန်းတူ Ultrabook တွေနဲ့ ယှဉ်ရင် ဘေးဘောင်တွေက အလွန်ကြီးမားနေပြီးတော့ Resolution အရလည်း နိမ့်နေတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Apple အနေနဲ့ လက်ရှိ Ultrabook တွေရဲ့ Standard တစ်ခုတောင်ဖြစ်လာတဲ့ ဘေးဘောင်တွေသေးငယ်တဲ့ Display ဒီဇိုင်းအသစ်ကို MacBook Air နဲ့အတူ မိတ်ဆက်လာသင့်ပါပြီ။ နောက်တစ်ချက်ကတော့ Display Resolution ဟာလည်း Retina အဆင့်ကို မြှင့်တင်ပြီး MacBook Pro တွေလိုမျိုး TrueTone Display ဖြစ်လာဖို့ လိုအပ်နေပါတယ်။

စျေးကို $999 ဝန်းကျင်မှာပဲ ရောင်းချဖို့ လိုအပ်ခြင်း

Apple New MacBook

Apple ရဲ့ အနိမ့်ဆုံးသော MacBook Pro ဒါမှမဟုတ် New MacBook ကို ကြည့်မယ်ဆိုရင် အနိမ့်ဆုံး $1299 ကနေ စတင်တာကို တွေ့ရမှာပါ။ အဲ့ဒီအတွက် Apple MacBook Air အနေနဲ့ စျေးကို $999 ဝန်းကျင်မှာပဲစတင်သင့်တယ်လို့့ ယူဆရပါတယ်။ အခုစျေးဟာ Apple ကို စျေးနှုန်းအသင့်အတင့်နဲ့ သုံးချင်တဲ့သူတွေအတွက် သတင်းကောင်းဖြစ်လာမှာဖြစ်သလိုပဲ တခြားသော Ultrabook တွေနဲ့လည်းပိုပြီး ယှဉ်ပြိုင်နိုင်မှာပါ။

ဒါကတော့ ဒီနှစ်မကုန်ခင်မှာ ထွက်ရှိလာမယ့် Apple ရဲ့ MacBook Air အသစ် ဒါမှမဟုတ် Budget MacBook အသစ်မှာ ပါဝင်လာဖို့ မျှော်လင့်မိတဲ့အချက်တွေပါ။ အခုပြောသွားတဲ့အချက်တွေအကုန်လုံးကို Apple က ဆောင်ရွက်မလားဆိုတာကတော့ မသိရသေးပေမယ့်သေချာတာကတော့ Apple ရဲ့ MacBook အသစ်ဟာ ယခင်က ထွက်ထားတဲ့ MacBook တွေထက် စျေးသက်သာလာမှာဖြစ်ပါတယ်။

Ref : CNET

Zawyè (Akhayar) 

www.akhayar.com