File size 2GB အထိ Email ကေန အခမဲ့ပို႔ေပးႏုိင္တဲ့ WeTransfer

Gmail ကေန File တစ္ခုခုကို Attach လုပ္ျပီး ေပးပို႔မယ္ဆုိရင္ 25 MB အထိပဲေပးပို႔ႏိုင္တာျဖစ္ပါတယ္။ တကယ္လုိ႔ File Size ပိုၾကီးတဲ့ File တစ္ခုကို ပို႔မယ္ဆုိရင္ေတာ့ Send Space လုိ Service တစ္ခုခုကို အသံုးျပဳျပီးပဲ ပို႔ေနရတာျဖစ္ပါတယ္။

ဒါေပမယ့္ Send Space က Free User အေနနဲ႔ 300 MB အထိပဲကန္႔သတ္ထားတဲ့အတြက္ အဲ့ဒီထက္ပုိမ်ားတဲ့ File တစ္ခုခုကိုပို႔ခ်င္ရင္ Cloud Storage တစ္ခုခုကေနတစ္ဆင့္ Share Link ထုတ္ေပးတာပဲရွိေတာ့မွာျဖစ္ပါတယ္။ ဒါေပမယ့္ WeTransfer ကို အသံုးျပဳမယ္ဆုိရင္ေတာ့ File Size 2GB အထိ ေပးပို႔ႏုိင္မွာျဖစ္ပါတယ္။

WeTransfer ကိုဘယ္လုိအသံုးျပဳရမလဲဆုိရင္ ပံုမွန္ Web Browser ကေန www.wetransfer.com ကို ဝင္ေရာက္လိုက္တာနဲ႔ ရွင္းလင္းတဲ့ Interface ကိုေတြ႕ျမင္ရမွာျဖစ္ျပီး Default အေနနဲ႔ အရင္ဆံုး ကိုယ္ေပးပို႔ခ်င္တဲ့ Email, ကိုယ့္ရဲ႕ Email နဲ႔ အျခားေျပာခ်င္တဲ့ Message ကို ေရးသားႏုိင္ျပီး Add your files ကေန ႏွစ္သက္ရာ File ကို ေရြးခ်ယ္ျပီး Transfer ႏွိပ္လုိက္တာနဲ႔ ေပးပို႔ႏုိင္မွာျဖစ္ပါတယ္။ တကယ္လုိ႔ Email တစ္ခုမက ေပးပို႔ခ်င္တယ္ဆုိရင္လည္း WeTransfer ကေန Email အခု ၂၀ အထိတစ္ျပိဳင္နက္ထဲအခမဲ့ေပးပို႔ႏုိင္ဦးမွာပါ။

Email အေနနဲ႔ ေပးပို႔တာမ်ိဳးမဟုတ္ပဲ Download Link အေနနဲ႔ပဲ ေပးခ်င္တယ္ဆုိရင္လည္း Transfer ေဘးက အစက္သံုးစက္ကို ႏွိပ္ျပီး Send as link အေနနဲ႔ပဲ Download Link ကိုထုတ္ေပးလုိ႔ရပါတယ္။ ဒါေပမယ့္ အျခား Features ေတြျဖစ္တဲ့ ဘယ္အခ်ိန္ၾကာျပီးရင္ ျပန္ဖ်က္မယ္ဆုိတာနဲ႔ Password ထားဖို႔အတြက္ကေတာ့ လစဥ္ (သို႔) ႏွစ္စဥ္ေၾကးနဲ႔ ဝယ္ယူရမယ့္ WeTransfer Plus နဲ႔ပဲ အသံုးျပဳႏုိင္ပါလိမ့္မယ္။

Mobile Application ကေန အသံုးျပဳခ်င္တယ္ဆုိရင္လည္း WeTransfer က Android မွာေရာ၊ Apple iOS မွာပါ Download ရယူႏုိင္မွာျဖစ္ပါတယ္။

Mobile Application ကေန အသံုးျပဳမယ္ဆုိရင္ေတာ့ တစ္ခုရွိတာက ဝင္ေရာက္ျပီး File ေတြေပးပို႔တဲ့ေနရာမွာ ဓါတ္ပံုနဲ႔ ဗီဒီယိုေတြကိုပဲ ေတြ႕ျမင္ရမွာျဖစ္ျပီး တကယ္လုိ႔ အျခား File ေတြကို ေပးပို႔ခ်င္တယ္ဆုိရင္ File Explorer ထဲက ဝင္ျပီး Share ကေန WeTransfer ကို ေရြးခ်ယ္ေပးမွရပါလိမ့္မယ္။

WeTransfer မွာ Premium အေနနဲ႔ WeTransfer Plus ဆုိျပီး တစ္လကို $12 (သိုု႔) တစ္ႏွစ္ကို $120 နဲ႔ ဝယ္ယူႏုိင္ျပီး Plus Version မွာေတာ့ 20GB အထိ ေပးပို႔ႏုိင္တဲ့အျပင္ 100GB Storage ရရွိမွာျဖစ္တဲ့အတြက္ ကုိယ္ေပးပို႔ထားတဲ့ File ေတြကိုပါ သိမ္းထားႏုိင္မွာျဖစ္ပါတယ္။ ေနာက္ျပီး အခုနေျပာခဲ့တဲ့ Password သတ္မွတ္ႏုိင္တာ၊ Profile ကို စိတ္ၾကိဳက္ျပင္ဆင္ႏုိင္တာေတြကို ျပဳလုပ္ႏုိင္မွာျဖစ္ပါတယ္။

WeTransfer ကို ေယဘုယ်သံုးသပ္ရမယ္ဆုိရင္ လက္ရွိ Email တစ္ခုခုကို File Attachment ေပးပို႔မယ္ဆုိရင္ Send Space ထက္ပုိျပီး ေကာင္းတယ္လုိ႔ ေျပာလုိ႔ရျပီး Features ေတြအမ်ားအျပားမပါဝင္ေပမယ့္ သံုးရလြယ္ကူတာျပီး ရုိးရွင္းတဲ့အတြက္ စမ္းသပ္သံုးစြဲၾကည့္သင့္တဲ့ Service တစ္ခုျဖစ္မွာပါ။

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Gmail ကနေ File တစ်ခုခုကို Attach လုပ်ပြီး ပေးပို့မယ်ဆိုရင် 25 MB အထိပဲပေးပို့နိုင်တာဖြစ်ပါတယ်။ တကယ်လို့ File Size ပိုကြီးတဲ့ File တစ်ခုကို ပို့မယ်ဆိုရင်တော့ Send Space လို Service တစ်ခုခုကို အသုံးပြုပြီးပဲ ပို့နေရတာဖြစ်ပါတယ်။

ဒါပေမယ့် Send Space က Free User အနေနဲ့ 300 MB အထိပဲကန့်သတ်ထားတဲ့အတွက် အဲ့ဒီထက်ပိုများတဲ့ File တစ်ခုခုကိုပို့ချင်ရင် Cloud Storage တစ်ခုခုကနေတစ်ဆင့် Share Link ထုတ်ပေးတာပဲရှိတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် WeTransfer ကို အသုံးပြုမယ်ဆိုရင်တော့ File Size 2GB အထိ ပေးပို့နိုင်မှာဖြစ်ပါတယ်။

WeTransfer ကိုဘယ်လိုအသုံးပြုရမလဲဆိုရင် ပုံမှန် Web Browser ကနေ www.wetransfer.com ကို ဝင်ရောက်လိုက်တာနဲ့ ရှင်းလင်းတဲ့ Interface ကိုတွေ့မြင်ရမှာဖြစ်ပြီး Default အနေနဲ့ အရင်ဆုံး ကိုယ်ပေးပို့ချင်တဲ့ Email, ကိုယ့်ရဲ့ Email နဲ့ အခြားပြောချင်တဲ့ Message ကို ရေးသားနိုင်ပြီး Add your files ကနေ နှစ်သက်ရာ File ကို ရွေးချယ်ပြီး Transfer နှိပ်လိုက်တာနဲ့ ပေးပို့နိုင်မှာဖြစ်ပါတယ်။ တကယ်လို့ Email တစ်ခုမက ပေးပို့ချင်တယ်ဆိုရင်လည်း WeTransfer ကနေ Email အခု ၂၀ အထိတစ်ပြိုင်နက်ထဲအခမဲ့ပေးပို့နိုင်ဦးမှာပါ။

Email အနေနဲ့ ပေးပို့တာမျိုးမဟုတ်ပဲ Download Link အနေနဲ့ပဲ ပေးချင်တယ်ဆိုရင်လည်း Transfer ဘေးက အစက်သုံးစက်ကို နှိပ်ပြီး Send as link အနေနဲ့ပဲ Download Link ကိုထုတ်ပေးလို့ရပါတယ်။ ဒါပေမယ့် အခြား Features တွေဖြစ်တဲ့ ဘယ်အချိန်ကြာပြီးရင် ပြန်ဖျက်မယ်ဆိုတာနဲ့ Password ထားဖို့အတွက်ကတော့ လစဉ် (သို့) နှစ်စဉ်ကြေးနဲ့ ဝယ်ယူရမယ့် WeTransfer Plus နဲ့ပဲ အသုံးပြုနိုင်ပါလိမ့်မယ်။

Mobile Application ကနေ အသုံးပြုချင်တယ်ဆိုရင်လည်း WeTransfer က Android မှာရော၊ Apple iOS မှာပါ Download ရယူနိုင်မှာဖြစ်ပါတယ်။

Mobile Application ကနေ အသုံးပြုမယ်ဆိုရင်တော့ တစ်ခုရှိတာက ဝင်ရောက်ပြီး File တွေပေးပို့တဲ့နေရာမှာ ဓါတ်ပုံနဲ့ ဗီဒီယိုတွေကိုပဲ တွေ့မြင်ရမှာဖြစ်ပြီး တကယ်လို့ အခြား File တွေကို ပေးပို့ချင်တယ်ဆိုရင် File Explorer ထဲက ဝင်ပြီး Share ကနေ WeTransfer ကို ရွေးချယ်ပေးမှရပါလိမ့်မယ်။

WeTransfer မှာ Premium အနေနဲ့ WeTransfer Plus ဆိုပြီး တစ်လကို $12 (သိုု့) တစ်နှစ်ကို $120 နဲ့ ဝယ်ယူနိုင်ပြီး Plus Version မှာတော့ 20GB အထိ ပေးပို့နိုင်တဲ့အပြင် 100GB Storage ရရှိမှာဖြစ်တဲ့အတွက် ကိုယ်ပေးပို့ထားတဲ့ File တွေကိုပါ သိမ်းထားနိုင်မှာဖြစ်ပါတယ်။ နောက်ပြီး အခုနပြောခဲ့တဲ့ Password သတ်မှတ်နိုင်တာ၊ Profile ကို စိတ်ကြိုက်ပြင်ဆင်နိုင်တာတွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

WeTransfer ကို ယေဘုယျသုံးသပ်ရမယ်ဆိုရင် လက်ရှိ Email တစ်ခုခုကို File Attachment ပေးပို့မယ်ဆိုရင် Send Space ထက်ပိုပြီး ကောင်းတယ်လို့ ပြောလို့ရပြီး Features တွေအများအပြားမပါဝင်ပေမယ့် သုံးရလွယ်ကူတာပြီး ရိုးရှင်းတဲ့အတွက် စမ်းသပ်သုံးစွဲကြည့်သင့်တဲ့ Service တစ်ခုဖြစ်မှာပါ။

Zawyè (Akhayar) 

www.akhayar.com