This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အာဂ်င္တီးနားအသင္းရဲ႕ အၿပီးသတ္ လူစာရင္းက ဒဏ္ရာေၾကာင့္ ႏႈတ္ထြက္ခဲ့တဲ့ လန္ဇီနီ

အာဂ်င္တီးနားအသင္းရဲ႕ ကြင္းလယ္ကစားသမား လန္ဇီနီ Lanzini ဟာ ေလ့က်င့္ေရးကြင္းမွာ ရရွိခဲ့တဲ့ ဒဏ္ရာေၾကာင့္ ႏိုင္ငံလက္ေရြးစင္အသင္းရဲ႕ အၿပီးသတ္ လူစာရင္းကေန ႏႈတ္ထြက္ခဲ့ပါတယ္။ ကမၻာ႔ဖလားၿပိဳင္ပြဲ မတိုင္ခင္ ျပဳလုပ္ေနတဲ့ ႏိုင္ငံလက္ေရြးစင္အသင္းရဲ႕ ေလ့က်င့္ေရး အစီအစဥ္မွာ ကြင္းလယ္လူ လန္ဇီနီ Lanzini ဒူးအရြတ္စုတ္ၿပဲ ဒဏ္ရာကို ရရွိခဲ့ေၾကာင္း အာဂ်င္တီးနား ေဘာလံုးအဖြဲ႔ခ်ဳပ္ရဲ႕Twitter စာမ်က္ႏွာထက္ကေန တရားဝင္ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့လက ထုတ္ျပန္ခဲ့တဲ့ ကမၻာ႔ဖလားၿပိဳင္ပြဲအတြက္ အာဂ်င္တီးနားအသင္းရဲ႕ အၿပီးသတ္ (၂၃)ဦး စာရင္းမွာ အသက္ (၂၅)အရြယ္သာ ရွိေသးတဲ့ ကြင္းလယ္လူ လန္ဇီနီ Lanzini ကို နည္းျပ ဆမ္ပါအိုလီ Sampaoli က ထည့္သြင္း ေရြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။ အခုတစ္ပတ္ ေသာၾကာေန႔ မနက္ပိုင္းမွာ ျပဳလုပ္တဲ့ အာဂ်င္တီးနားအသင္းရဲ႕ ေလ့က်င့္ေရး အစီအစဥ္မွာ လန္ဇီနီ Lanzini ရဲ႕ ညာဘက္ဒူးကို ျပင္းထန္စြာ ထိခိုက္မိခဲ့လို႔ ဒူးအရြတ္ စုတ္ၿပဲဒဏ္ရာကို ရရွိခဲ့တာ ျဖစ္ပါတယ္။

Argentina-midfielder-Manuel-Lanzini

Argentina-midfielder-Manuel-Lanzini

လန္ဇီနီ Lanzini ႏႈတ္ထြက္သြားၿပီးေနာက္ အာဂ်င္တီးနားအသင္းရဲ႕ ကြင္းလယ္မွာ ဘာနီဂါ Banega, ဘစ္ဂလီယာ Biglia, ဒီမာရီယာ Di Maria, လိုဆယ္လို Lo Celso, ပါဗြန္ Pavon, မက္ဆီမီလီယာႏို Maximiliano နဲ႔ ဆယ္လ္ဗီယို Salvio တို႔သာ က်န္ရွိေတာ့ပါတယ္။ ဒဏ္ရာေၾကာင့္ ႏႈတ္ထြက္ခဲ့တဲ့ လန္ဇီနီ Lanzini ရဲ႕ ေနရာမွာ အစားထိုး ေရြးခ်ယ္မယ့္ ကစားသမားကို အာဂ်င္တီးနားအသင္းဘက္က မၾကာခင္မွာ ထုတ္ျပန္ေၾကညာသြားဖို႔ ရွိေနပါတယ္။ အာဂ်င္တီးနားအသင္းရဲ႕ အၿပီးသတ္ လူစာရင္းကို ထုတ္ျပန္ၿပီး ရက္ပိုင္းအၾကာမွာ ဂိုးသမား ရိုမဲရိုး Romero ဒူးဒဏ္ရာေၾကာင့္ ႏႈတ္ထြက္ခဲ့ရၿပီး မကၠဆီကိုကလပ္ Tigres UANL အသင္းရဲ႕ ဂိုးသမား ဂတ္ဇ္မန္း Guzman နဲ႔ အစားထိုးခဲ့ရပါတယ္။

REF:BBC Sports
Photo:Canal 13 San Juan, AS Argentina – Diario AS
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အာဂျင်တီးနားအသင်းရဲ့ အပြီးသတ် လူစာရင်းက ဒဏ်ရာကြောင့် နှုတ်ထွက်ခဲ့တဲ့ လန်ဇီနီ

အာဂျင်တီးနားအသင်းရဲ့ ကွင်းလယ်ကစားသမား လန်ဇီနီ Lanzini ဟာ လေ့ကျင့်ရေးကွင်းမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် နိုင်ငံလက်ရွေးစင်အသင်းရဲ့ အပြီးသတ် လူစာရင်းကနေ နှုတ်ထွက်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် ပြုလုပ်နေတဲ့ နိုင်ငံလက်ရွေးစင်အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ ကွင်းလယ်လူ လန်ဇီနီ Lanzini ဒူးအရွတ်စုတ်ပြဲ ဒဏ်ရာကို ရရှိခဲ့ကြောင်း အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်ရဲ့Twitter စာမျက်နှာထက်ကနေ တရားဝင် ကြေညာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာဂျင်တီးနားအသင်းရဲ့ အပြီးသတ် (၂၃)ဦး စာရင်းမှာ အသက် (၂၅)အရွယ်သာ ရှိသေးတဲ့ ကွင်းလယ်လူ လန်ဇီနီ Lanzini ကို နည်းပြ ဆမ်ပါအိုလီ Sampaoli က ထည့်သွင်း ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ အခုတစ်ပတ် သောကြာနေ့ မနက်ပိုင်းမှာ ပြုလုပ်တဲ့ အာဂျင်တီးနားအသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ လန်ဇီနီ Lanzini ရဲ့ ညာဘက်ဒူးကို ပြင်းထန်စွာ ထိခိုက်မိခဲ့လို့ ဒူးအရွတ် စုတ်ပြဲဒဏ်ရာကို ရရှိခဲ့တာ ဖြစ်ပါတယ်။

Argentina-midfielder-Manuel-Lanzini

Argentina-midfielder-Manuel-Lanzini

လန်ဇီနီ Lanzini နှုတ်ထွက်သွားပြီးနောက် အာဂျင်တီးနားအသင်းရဲ့ ကွင်းလယ်မှာ ဘာနီဂါ Banega, ဘစ်ဂလီယာ Biglia, ဒီမာရီယာ Di Maria, လိုဆယ်လို Lo Celso, ပါဗွန် Pavon, မက်ဆီမီလီယာနို Maximiliano နဲ့ ဆယ်လ်ဗီယို Salvio တို့သာ ကျန်ရှိတော့ပါတယ်။ ဒဏ်ရာကြောင့် နှုတ်ထွက်ခဲ့တဲ့ လန်ဇီနီ Lanzini ရဲ့ နေရာမှာ အစားထိုး ရွေးချယ်မယ့် ကစားသမားကို အာဂျင်တီးနားအသင်းဘက်က မကြာခင်မှာ ထုတ်ပြန်ကြေညာသွားဖို့ ရှိနေပါတယ်။ အာဂျင်တီးနားအသင်းရဲ့ အပြီးသတ် လူစာရင်းကို ထုတ်ပြန်ပြီး ရက်ပိုင်းအကြာမှာ ဂိုးသမား ရိုမဲရိုး Romero ဒူးဒဏ်ရာကြောင့် နှုတ်ထွက်ခဲ့ရပြီး မက္ကဆီကိုကလပ် Tigres UANL အသင်းရဲ့ ဂိုးသမား ဂတ်ဇ်မန်း Guzman နဲ့ အစားထိုးခဲ့ရပါတယ်။

REF:BBC Sports
Photo:Canal 13 San Juan, AS Argentina – Diario AS
Aung Kyaw Wai (Akhayar)
www.akhayar.com