[Zawgyi]

ဖိလစ္ပီအန္ဒါဆန္ကို ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူလိုက္တဲ့ ဝက္စ္ဟမ္း

ပရီးမီးယားလိဂ္ကလပ္ ဝက္စ္ဟမ္းအသင္းဟာ လာဇီယုိအသင္းရဲ႕ ကြင္းလယ္တိုက္စစ္ကစားသမား ဖိလစ္ပီအန္ဒါဆန္ Felipe Anderson ကို ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးျဖစ္တဲ့ ေပါင္သန္း (၄၀)နဲ႔ ေခၚယူလိုက္ပါတယ္။ ၿပီးခဲ့တဲ့ ေသာၾကာေန႔က ဖိလစ္ပီအန္ဒါဆန္ Felipe Anderson ကို ေဆးစစ္မႈေတြ ျပဳလုပ္ခဲ့ၿပီး (၄)ႏွစ္စာခ်ဳပ္နဲ႔ ေခၚယူလိုက္တာျဖစ္ပါတယ္။ အသက္ (၂၅)ႏွစ္အရြယ္ရွိ ဖိလစ္ပီအန္ဒါဆန္က “ဝက္စ္ဟမ္းအသင္းကို ေျပာင္းေရႊ႕ျဖစ္ခဲ့တဲ့အတြက္ အလြန္ေက်နပ္ဝမ္းေျမာက္မိပါတယ္၊ ကၽြန္ေတာ့္ကို ျမင့္မားတဲ့ ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူခြင့္ေပးခဲ့တဲ့ အသင္းပိုင္ရွင္ ဆူလီဗန္ Sullivan ကိုလည္း ေက်းဇူးအထူးတင္ပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။ ၂၀၁၃ ခုႏွစ္မွာ ဘရာဇီးလ္ကလပ္ ဆန္းတို႔စ္အသင္းကေန အီတလီစီးရီးေအကလပ္ လာဇီယိုအသင္းကို ေျပာင္းေရႊ႕လာခဲ့တဲ့ ဖိလစ္ပီအန္ဒါဆန္ဟာ ဥေရာပထိပ္တန္း အသင္းႀကီးအမ်ားစု ပစ္မွတ္ထားခံခဲ့ရေပမယ့္ ဝက္စ္ဟမ္းအသင္းကို ေျပာင္းေရႊ႕ခဲ့တာျဖစ္ပါတယ္။

Anderson-becomes-the-seventh-signing-of-the-new-Manuel-Pellegrini-era

Anderson-becomes-the-seventh-signing-of-the-new-Manuel-Pellegrini-era

လာဇီယုိအသင္းမွာ ကစားခဲ့တဲ့ (၅)ႏွစ္တာ ကာလအတြင္း ၿပိဳင္ပြဲစံု (၁၇၇)ပြဲအထိ ကစားေပးခဲ့ၿပီး (၃၄)ဂိုးအထိ သြင္းယူေပးခဲ့ကာ ဂိုးဖန္တီးမႈ (၄၂)ႀကိမ္အထိ ျပဳလုပ္ေပးခဲ့တဲ့ ကစားသမားတစ္ဦးျဖစ္ပါတယ္။ ဖိလစ္ပီအန္ဒါဆန္ဟာ ဘရာဇီးလ္လက္ေရြးစင္အျဖစ္ ၂၀၁၅ ခုႏွစ္မွာ စတင္ေရြးခ်ယ္ခံခဲ့ရၿပီး ၂၀၁၆ ရီယိုအိုလံပစ္ၿပိဳင္ပြဲမွာ ေရႊတံဆိပ္ဆု ဆြတ္ခူးႏိုင္ခဲ့တဲ့ ကစားသမားတစ္ဦးျဖစ္ပါတယ္။ အခုႏွစ္ေႏြရာသီ အေျပာင္းအေရႊ႕ေစ်းကြက္အတြင္း ေျခလွမ္းသြက္ေနတဲ့ ဝက္စ္ဟမ္းအသင္းရဲ႕ (၇)ဦးေျမာက္ ကစားသမားေခၚယူမႈျဖစ္ခဲ့ၿပီး ဖိလစ္ပီအန္ဒါဆန္မတိုင္ခင္ ဘယ္လ္ေဘြနား Balbuena၊ ယာမိုလန္ကို Yarmolenko၊ ဝီလ္ရႈိင္းယား Wilshere၊ ေဖဘီယန္စကီး Fabianski၊ ဖရက္ဒ္ရစ္ခ္ Fredericks နဲ႔ ဒိုင္အုပ္ Diop တို႔ကို ေခၚယူထားခဲ့တာျဖစ္ပါတယ္။

REF:Daily Mail
Photo:West Ham Twitter, Daily Mail
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ဖိလစ်ပီအန်ဒါဆန်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်တဲ့ ဝက်စ်ဟမ်း

ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းအသင်းဟာ လာဇီယိုအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဖိလစ်ပီအန်ဒါဆန် Felipe Anderson ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်သန်း (၄၀)နဲ့ ခေါ်ယူလိုက်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က ဖိလစ်ပီအန်ဒါဆန် Felipe Anderson ကို ဆေးစစ်မှုတွေ ပြုလုပ်ခဲ့ပြီး (၄)နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်တာဖြစ်ပါတယ်။ အသက် (၂၅)နှစ်အရွယ်ရှိ ဖိလစ်ပီအန်ဒါဆန်က “ဝက်စ်ဟမ်းအသင်းကို ပြောင်းရွှေ့ဖြစ်ခဲ့တဲ့အတွက် အလွန်ကျေနပ်ဝမ်းမြောက်မိပါတယ်၊ ကျွန်တော့်ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခွင့်ပေးခဲ့တဲ့ အသင်းပိုင်ရှင် ဆူလီဗန် Sullivan ကိုလည်း ကျေးဇူးအထူးတင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ဘရာဇီးလ်ကလပ် ဆန်းတို့စ်အသင်းကနေ အီတလီစီးရီးအေကလပ် လာဇီယိုအသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ ဖိလစ်ပီအန်ဒါဆန်ဟာ ဥရောပထိပ်တန်း အသင်းကြီးအများစု ပစ်မှတ်ထားခံခဲ့ရပေမယ့် ဝက်စ်ဟမ်းအသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

Anderson-becomes-the-seventh-signing-of-West-Ham

Anderson-becomes-the-seventh-signing-of-West-Ham

လာဇီယိုအသင်းမှာ ကစားခဲ့တဲ့ (၅)နှစ်တာ ကာလအတွင်း ပြိုင်ပွဲစုံ (၁၇၇)ပွဲအထိ ကစားပေးခဲ့ပြီး (၃၄)ဂိုးအထိ သွင်းယူပေးခဲ့ကာ ဂိုးဖန်တီးမှု (၄၂)ကြိမ်အထိ ပြုလုပ်ပေးခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဖိလစ်ပီအန်ဒါဆန်ဟာ ဘရာဇီးလ်လက်ရွေးစင်အဖြစ် ၂၀၁၅ ခုနှစ်မှာ စတင်ရွေးချယ်ခံခဲ့ရပြီး ၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ အခုနှစ်နွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်း ခြေလှမ်းသွက်နေတဲ့ ဝက်စ်ဟမ်းအသင်းရဲ့ (၇)ဦးမြောက် ကစားသမားခေါ်ယူမှုဖြစ်ခဲ့ပြီး ဖိလစ်ပီအန်ဒါဆန်မတိုင်ခင် ဘယ်လ်ဘွေနား Balbuena၊ ယာမိုလန်ကို Yarmolenko၊ ဝီလ်ရှိုင်းယား Wilshere၊ ဖေဘီယန်စကီး Fabianski၊ ဖရက်ဒ်ရစ်ခ် Fredericks နဲ့ ဒိုင်အုပ် Diop တို့ကို ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။

REF:Daily Mail
Photo:West Ham Twitter, Daily Mail
Aung Kyaw Wai (Akhayar)
www.akhayar.com