[Zawgyi]

ကိုယ့္အရည္အေသြး ကုိယ္ယံုၾကည္ေနရင္ ေအာင္ျမင္မယ္

ကုိယ့္အရည္အေသြး ကုိယ္ယံုၾကည္ေနရင္ ေအာင္ျမင္မွာပဲ။ ဒီစကားကို အာဆင္နယ္နည္းျပ ၀င္းဂါး Wenger ကမန္စီးတီးနဲ႔လိဂ္ဖလားဗိုလ္လုပြဲမတုိင္မီ ေျပာလုိက္ပါတယ္။ အာဆင္နယ္ဟာ အဂၤလန္ျပည္တြင္းဖလား(၃)လံုး မွာပရီးမီးယားလိဂ္၊ အက္ဖ္ေအဖလားတို႔ိကိုပုိင္ဆုိင္ထားေပမယ့္ လိဂ္ဖလားကို တစ္ႀကိမ္မွမရဖူးဘူး။ အရင္တုန္းကဆိုရင္ အာဆင္နယ္ဟာ လိဂ္ဖလားၿပိဳင္ပြဲကို လူငယ္ေတြစမ္းသပ္ယွဥ္ၿပိဳင္ေစတဲ့ၿပိဳင္ပြဲအျဖစ္သာ ႐ူျမင္ခဲ့ၿပီးအာ႐ုံမစုိက္ခဲ့ဘူး။ ဒါေပမဲ့ ေနာက္ပိုင္းႏွစ္ေတြမွာ လိဂ္ဖလားဟာ အာဆင္နယ္အတြက္ေမွ်ာ္လင့္ခ်င္စရာအေကာင္းဆံုး ဆုဖလားလို႔ဆိုရမယ္။ ဒီရာသီမွာလည္း အာဆင္နယ္ဟာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ မျဖစ္ႏုိင္ေတာ့ဘူး။ ယူ႐ုိပါလိဂ္မွာလည္း ေအစီမီလန္နဲ႔ ပြဲက်ပ္ရင္ဆုိင္ရမယ္။ ဒီေတာ့ အနီးစပ္ဆံုးနဲ႔အျဖစ္ႏုိင္ဆံုးဖလား လိဂ္ဖလားပါပဲ။

၀င္းဂါးက ” မန္စီးတီးနဲ႔ ယွဥ္ရင္ကၽြန္ေတာ္တို႔က ေအာက္အသင္းပါပဲ။ ဒါေပမဲ့ ကိုယ့္အရည္အေသြးကိုယ္ ယံုၾကည္ပါတယ္။ အတိတ္မွာလည္း ကၽြန္ေတာ္တို႔ဟာ ကုိယ့္အရည္အေသြးကို ျပသခဲ့ဖူးပါတယ္။ ဒီပြဲမွာေရာ ဘာလုိ႔မျဖစ္ႏုိင္ရမွာလဲ။ ကၽြန္ေတာ္တို႔အေနနဲ႔ မွန္ကန္တဲ့စိတ္ဓာတ္၊ မွန္ကန္တဲ့ခံယူခ်က္နဲ႔ မွန္ကန္တဲ့ယံုၾကည္ခ်က္ကို ျပသႏုိင္ဖို႔ပဲ လုိပါတယ္။ ဗိုလ္လုပြဲတစ္ပြဲမွာ စိတ္ပိုင္းဆုိင္ရာတက္ၾကြေနဖို႔လုိတယ္လို႔ ေျပာၾကတယ္။ ဒါေပမဲ့ အာ႐ံုစူးစုိက္မႈ၊ စိတ္အားထက္သန္မႈနဲ႔ သက္ေသာင့္သက္သာရွိမႈကို ဟန္ခ်က္ညီညီရွာေဖြႏိုင္ဖို႔လည္း လိုအပ္ပါတယ္။ ခ်န္ပီယံျဖစ္ဖို႔ ကၽြန္ေတာ္တို႔ပစ္မွတ္ထားသြားပါမယ္” လို႔ေျပာခဲ့ပါတယ္။

ဖလားၿပိဳင္ပြဲေတြက ခက္ခဲပါတယ္။ မေမွ်ာ္မွန္းထားတာေတြလည္း ျဖစ္တတ္ပါတယ္။ မန္စီးတီးဟာ အာဆင္နယ္ထက္ ကစားသမားအရင္းအျမစ္ၾကြယ္၀ပါတယ္။ ဗိုလ္စြဲဖို႔လည္း ပိုၿပီးေရပန္းစားေနပါတယ္။ ဒါေပမဲ့ ကုိယ့္အရည္အေသြးကိုယ္ယံုၾကည္ေနရင္ ေအာင္ျမင္ပါလိမ့္မယ္။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ကိုယ့်အရည်အသွေး ကိုယ်ယုံကြည်နေရင် အောင်မြင်မယ်

ကိုယ့်အရည်အသွေး ကိုယ်ယုံကြည်နေရင် အောင်မြင်မှာပဲ။ ဒီစကားကို အာဆင်နယ်နည်းပြ ဝင်းဂါး Wenger ကမန်စီးတီးနဲ့လိဂ်ဖလားဗိုလ်လုပွဲမတိုင်မီ ပြောလိုက်ပါတယ်။ အာဆင်နယ်ဟာ အင်္ဂလန်ပြည်တွင်းဖလား(၃)လုံး မှာပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားတို့ိကိုပိုင်ဆိုင်ထားပေမယ့် လိဂ်ဖလားကို တစ်ကြိမ်မှမရဖူးဘူး။ အရင်တုန်းကဆိုရင် အာဆင်နယ်ဟာ လိဂ်ဖလားပြိုင်ပွဲကို လူငယ်တွေစမ်းသပ်ယှဉ်ပြိုင်စေတဲ့ပြိုင်ပွဲအဖြစ်သာ ရူမြင်ခဲ့ပြီးအာရုံမစိုက်ခဲ့ဘူး။ ဒါပေမဲ့ နောက်ပိုင်းနှစ်တွေမှာ လိဂ်ဖလားဟာ အာဆင်နယ်အတွက်မျှော်လင့်ချင်စရာအကောင်းဆုံး ဆုဖလားလို့ဆိုရမယ်။ ဒီရာသီမှာလည်း အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မဖြစ်နိုင်တော့ဘူး။ ယူရိုပါလိဂ်မှာလည်း အေစီမီလန်နဲ့ ပွဲကျပ်ရင်ဆိုင်ရမယ်။ ဒီတော့ အနီးစပ်ဆုံးနဲ့အဖြစ်နိုင်ဆုံးဖလား လိဂ်ဖလားပါပဲ။

ဝင်းဂါးက ” မန်စီးတီးနဲ့ ယှဉ်ရင်ကျွန်တော်တို့က အောက်အသင်းပါပဲ။ ဒါပေမဲ့ ကိုယ့်အရည်အသွေးကိုယ် ယုံကြည်ပါတယ်။ အတိတ်မှာလည်း ကျွန်တော်တို့ဟာ ကိုယ့်အရည်အသွေးကို ပြသခဲ့ဖူးပါတယ်။ ဒီပွဲမှာရော ဘာလို့မဖြစ်နိုင်ရမှာလဲ။ ကျွန်တော်တို့အနေနဲ့ မှန်ကန်တဲ့စိတ်ဓာတ်၊ မှန်ကန်တဲ့ခံယူချက်နဲ့ မှန်ကန်တဲ့ယုံကြည်ချက်ကို ပြသနိုင်ဖို့ပဲ လိုပါတယ်။ ဗိုလ်လုပွဲတစ်ပွဲမှာ စိတ်ပိုင်းဆိုင်ရာတက်ကြွနေဖို့လိုတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ အာရုံစူးစိုက်မှု၊ စိတ်အားထက်သန်မှုနဲ့ သက်သောင့်သက်သာရှိမှုကို ဟန်ချက်ညီညီရှာဖွေနိုင်ဖို့လည်း လိုအပ်ပါတယ်။ ချန်ပီယံဖြစ်ဖို့ ကျွန်တော်တို့ပစ်မှတ်ထားသွားပါမယ်” လို့ပြောခဲ့ပါတယ်။

ဖလားပြိုင်ပွဲတွေက ခက်ခဲပါတယ်။ မမျှော်မှန်းထားတာတွေလည်း ဖြစ်တတ်ပါတယ်။ မန်စီးတီးဟာ အာဆင်နယ်ထက် ကစားသမားအရင်းအမြစ်ကြွယ်ဝပါတယ်။ ဗိုလ်စွဲဖို့လည်း ပိုပြီးရေပန်းစားနေပါတယ်။ ဒါပေမဲ့ ကိုယ့်အရည်အသွေးကိုယ်ယုံကြည်နေရင် အောင်မြင်ပါလိမ့်မယ်။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။