[Zawgyi]

အာဆင္နယ္ပရိသတ္ေတြကုိ ႏႈတ္ဆက္စကားဆုိခဲ့တဲ့ အာစင္၀င္းဂါး Arsene Wenger

ၿပီးခဲ့တဲ့တနဂၤေႏြေန႔တုနး္က အီမရိတ္စ္ကြင္းထဲမွာ ၀မ္းနည္းၾကည္ႏူးစရာေကာင္းတဲ့ ျမင္ကြင္းတစ္ခုကုိ ပရိသတ္ေတြ ျမင္ေတြ႕ခဲ့ရမွာပါ။ အာဆင္နယ္အသင္းကုိ (၂၂)ႏွစ္ၾကာ ကုိင္တြယ္ခဲ့တဲ့ ျပင္သစ္၀ါရင့္နည္းျပႀကီး အာစင္၀င္းဂါး Arsene Wenger ရဲ႕ အီမရိတ္စ္ ေနာက္ဆုံးပဲြစဥ္ျဖစ္တာေၾကာင့္ အာဆင္နယ္ကစားသမားေတြဟာ ဘန္ေလကုိ (၅)ဂုိးျပတ္အႏုိင္ယူသူၿပီး တို႔ရဲ႕နည္းျပႀကီးအတြက္ ႏႈတ္ဆက္လက္ေဆာင္အျဖစ္ ယူေဆာင္ ေပးခဲ့ပါတယ္။ ပဲြအၿပီးမွာ အာစင္၀င္းဂါးက အာဆင္နယ္ပရိသတ္ေတြကုိ လက္ျပႏႈတ္ဆက္ခဲ့သလုိ အရင္က Wenger Out ဆုိၿပီး ေတာင္းဆုိခဲ့ၾကတဲ့ အာဆင္နယ္ပရိသတ္ေတြဟာ အဲဒီအခ်ိန္မွာေတာ့ သူတို႔ရဲ႕နည္းျပႀကီးကုိ ၀မ္းနည္းစိတ္နဲ႔ ႏႈတ္ဆက္ခဲ့ၿပီး စာတန္းေတြကုိင္ေျမႇာက္ကာ ခ်ီးက်ဴးဂုဏ္ျပဳခဲ့ၾကတယ္။

Fans-displayed-signs-and-posters-thanking-the-Frenchman-

Fans-displayed-signs-and-posters-thanking-the-Frenchman-

အာစင္၀င္းဂါးက “ပထမဆုံးေျပာခ်င္တာက ကၽြန္ေတာ့္ရဲ႕ အရင္းႏွီးဆုံးမိတ္ေဆြႀကီး ဖာဂူဆန္ Ferguson အျမန္ဆုံးေနျပန္ေကာင္းလာဖုိ႔ ဆုေတာင္းေပးလုိက္ပါတယ္။ ကၽြန္ေတာ့္ကုိ အာဆင္နယ္အသငး္မွာ ႏွစ္ေပါင္းမ်ားစြာ ကုိင္တြယ္ခြင့္ရေအာင္ အခြင့္အေရးေပးခဲ့တဲ့အတြက္ ေက်းဇူးတင္ပါတယ္။ ဒီလုိအခြင့္အေရး ရဖုိ႔ ဆုိတာက မလြယ္ပါဘူး။ အဓိက အခ်က္ကေတာ့ ကၽြန္ေတာ္က အာဆင္နယ္ ပရိသတ္တစ္ေယာက္ျဖစ္သလုိ ခင္ဗ်ားတို႔ကုိလည္း ခ်စ္ခင္ပါတယ္။ ဒီအသင္းကုိ ထိပ္တန္းအဆင့္ေရာက္ရွိလာေအာင္ ေဆာင္ရြက္ခဲ့တဲ့ လူေတြအကုန္လုံးကုိ ကၽြန္ေတာ္ ေက်းဇူးတင္ပါတယ္။ ကၽြန္ေတာ္ မရွိေတာ့ေပမယ့္လည္း က်န္တဲ့သူေတြကုိ ဆက္ၿပီး အားေပးၾကပါဦး။ လာမယ့္ရာသီက်ရင္လည္း အာဆင္နယ္အသင္းကုိ ပရိသတ္ေတြ ဆက္လက္ အားေပးေစလုိပါတယ္။ သူတို႔ဟာ ပရိသတ္ေတြရဲ႕ အားေပးမႈနဲ႔ ထုိက္တန္လုိ႔ပါ။ နိဂုံးခ်ဳပ္အေနနဲ႔ေတာ့ ႐ုိး႐ုိး ရွင္းရွင္းစကားတစ္ခြန္းကုိပဲ ေျပာခ်င္ပါတယ္။ ခင္ဗ်ားတို႔ုကုိ ကၽြန္ေတာ္ အၿမဲသတိေနရမွာပါ (I will Miss You)၊ ကၽြန္ေတာ့္ကုိ အားေပးခဲ့တ့ဲအတြက္ ေက်းဇူးတင္ပါတယ္။ ႏႈတ္ဆက္ခဲ့ပါတယ္၊ Bye Bye” လုိ႔ ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္အသင္းအတြက္ ပရီးမီးယားလိဂ္ခ်န္ပီယံ(၃)ႀကိမ္၊ FA ဖလား (၇)ႀကိမ္ရယူခဲ့တဲ့ အာစင္၀င္းဂါးဟာ ၂၀၀၃-၀၄ ရာသီက အာဆင္နယ္အသင္းကုိ ႐ႈံးပဲြမရွိ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ေစခဲ့သလုိ ၂၀၀၅- ၀၆ ရာသီကလည္း ခ်န္ပီယံလိဂ္ဗုိလ္လုပဲြအထိ ေရာက္ရွိေအာင္ စြမး္ေဆာင္ခဲ့သူပါ။ အာစင္၀င္းဂါးအေနနဲ႔ အာဆင္နယ္အသငး္နဲ႔ လမ္းခဲြၿပီးရင္ တစ္လေလာက္ အနားယူမွာျဖစ္ၿပီး သူ႔ရဲ႕အနာဂတ္ကို ဘယ္လုိေရွ႕ ဆက္မလဲဆုိတာ အခ်ိန္ယူစဥ္းစားသြားမွာျဖစ္ပါတယ္။

Fans-displayed-signs-and-posters-thanking-the-Frenchman

Fans-displayed-signs-and-posters-thanking-the-Frenchman

အာစင္၀င္းဂါးရဲ႕ နည္းျပဘ၀တစ္ေလွ်ာက္ ရရွိခဲ့တဲ့ ဆုဖလားမ်ား

Monaco

Ligue 1: 1987–88

Coupe de France: 1990–91

Nagoya Grampus

Emperor’s Cup: 1995

J-League Super Cup: 1996

Arsenal

FA Premier League (3): 1997–98, 2001–02, 2003–04

FA Cup (7): 1997–98, 2001–02, 2002–03, 2004–05, 2013–14, 2014–15, 2016–17

FA Community Shield (7): 1998, 1999, 2002, 2004, 2014, 2015, 2017

REF:Daily Mail
Photo:Goal.com
Naing Linn(Akhayar)
www.akhayar.com

 

[Unicode]

အာဆင်နယ်ပရိသတ်တွေကို နှုတ်ဆက်စကားဆိုခဲ့တဲ့ အာစင်ဝင်းဂါး Arsene Wenger

ပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းက အီမရိတ်စ်ကွင်းထဲမှာ ဝမ်းနည်းကြည်နူးစရာကောင်းတဲ့ မြင်ကွင်းတစ်ခုကို ပရိသတ်တွေ မြင်တွေ့ခဲ့ရမှာပါ။ အာဆင်နယ်အသင်းကို (၂၂)နှစ်ကြာ ကိုင်တွယ်ခဲ့တဲ့ ပြင်သစ်ဝါရင့်နည်းပြကြီး အာစင်ဝင်းဂါး Arsene Wenger ရဲ့ အီမရိတ်စ် နောက်ဆုံးပွဲစဉ်ဖြစ်တာကြောင့် အာဆင်နယ်ကစားသမားတွေဟာ ဘန်လေကို (၅)ဂိုးပြတ်အနိုင်ယူသူပြီး တို့ရဲ့နည်းပြကြီးအတွက် နှုတ်ဆက်လက်ဆောင်အဖြစ် ယူဆောင် ပေးခဲ့ပါတယ်။ ပွဲအပြီးမှာ အာစင်ဝင်းဂါးက အာဆင်နယ်ပရိသတ်တွေကို လက်ပြနှုတ်ဆက်ခဲ့သလို အရင်က Wenger Out ဆိုပြီး တောင်းဆိုခဲ့ကြတဲ့ အာဆင်နယ်ပရိသတ်တွေဟာ အဲဒီအချိန်မှာတော့ သူတို့ရဲ့နည်းပြကြီးကို ဝမ်းနည်းစိတ်နဲ့ နှုတ်ဆက်ခဲ့ပြီး စာတန်းတွေကိုင်မြှောက်ကာ ချီးကျူးဂုဏ်ပြုခဲ့ကြတယ်။

Fans-displayed-signs-and-posters-thanking-the-Frenchman-

Fans-displayed-signs-and-posters-thanking-the-Frenchman-

အာစင်ဝင်းဂါးက “ပထမဆုံးပြောချင်တာက ကျွန်တော့်ရဲ့ အရင်းနှီးဆုံးမိတ်ဆွေကြီး ဖာဂူဆန် Ferguson အမြန်ဆုံးနေပြန်ကောင်းလာဖို့ ဆုတောင်းပေးလိုက်ပါတယ်။ ကျွန်တော့်ကို အာဆင်နယ်အသင်းမှာ နှစ်ပေါင်းများစွာ ကိုင်တွယ်ခွင့်ရအောင် အခွင့်အရေးပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီလိုအခွင့်အရေး ရဖို့ ဆိုတာက မလွယ်ပါဘူး။ အဓိက အချက်ကတော့ ကျွန်တော်က အာဆင်နယ် ပရိသတ်တစ်ယောက်ဖြစ်သလို ခင်ဗျားတို့ကိုလည်း ချစ်ခင်ပါတယ်။ ဒီအသင်းကို ထိပ်တန်းအဆင့်ရောက်ရှိလာအောင် ဆောင်ရွက်ခဲ့တဲ့ လူတွေအကုန်လုံးကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ကျွန်တော် မရှိတော့ပေမယ့်လည်း ကျန်တဲ့သူတွေကို ဆက်ပြီး အားပေးကြပါဦး။ လာမယ့်ရာသီကျရင်လည်း အာဆင်နယ်အသင်းကို ပရိသတ်တွေ ဆက်လက် အားပေးစေလိုပါတယ်။ သူတို့ဟာ ပရိသတ်တွေရဲ့ အားပေးမှုနဲ့ ထိုက်တန်လို့ပါ။ နိဂုံးချုပ်အနေနဲ့တော့ ရိုးရိုး ရှင်းရှင်းစကားတစ်ခွန်းကိုပဲ ပြောချင်ပါတယ်။ ခင်ဗျားတို့ကို ကျွန်တော် အမြဲသတိနေရမှာပါ (I will Miss You)၊ ကျွန်တော့်ကို အားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ နှုတ်ဆက်ခဲ့ပါတယ်၊ Bye Bye” လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်ချန်ပီယံ(၃)ကြိမ်၊ FA ဖလား (၇)ကြိမ်ရယူခဲ့တဲ့ အာစင်ဝင်းဂါးဟာ ၂၀၀၃-၀၄ ရာသီက အာဆင်နယ်အသင်းကို ရှုံးပွဲမရှိ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်စေခဲ့သလို ၂၀၀၅- ၀၆ ရာသီကလည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ ရောက်ရှိအောင် စွမ်းဆောင်ခဲ့သူပါ။ အာစင်ဝင်းဂါးအနေနဲ့ အာဆင်နယ်အသင်းနဲ့ လမ်းခွဲပြီးရင် တစ်လလောက် အနားယူမှာဖြစ်ပြီး သူ့ရဲ့အနာဂတ်ကို ဘယ်လိုရှေ့ ဆက်မလဲဆိုတာ အချိန်ယူစဉ်းစားသွားမှာဖြစ်ပါတယ်။

Fans-displayed-signs-and-posters-thanking-the-Frenchman

Fans-displayed-signs-and-posters-thanking-the-Frenchman

အာစင်ဝင်းဂါးရဲ့ နည်းပြဘဝတစ်လျှောက် ရရှိခဲ့တဲ့ ဆုဖလားများ

Monaco

Ligue 1: 1987–88

Coupe de France: 1990–91

Nagoya Grampus

Emperor’s Cup: 1995

J-League Super Cup: 1996

Arsenal

FA Premier League (3): 1997–98, 2001–02, 2003–04

FA Cup (7): 1997–98, 2001–02, 2002–03, 2004–05, 2013–14, 2014–15, 2016–17

FA Community Shield (7): 1998, 1999, 2002, 2004, 2014, 2015, 2017

REF:Daily Mail
Photo:Goal.com
Naing Linn(Akhayar)
www.akhayar.com