[Zawgyi]

အာဆင္နယ္အသင္းကုိ (၂၂)ႏွစ္ၾကာ ကုိင္တြယ္ခဲ့တာက အႀကီးမားဆုံးအမွားလုိ႔ ၀န္ခံခဲ့တဲ့ Wenger

အာဆင္နယ္အသင္းရဲ႕ဂႏၳ၀င္နည္းျပႀကီး အာစင္၀င္းဂါး Arsene Wenger ဟာ အံ့အားသင့္စရာေကာင္းတဲ့ ၀န္ခံခ်က္ကုိ ဖြင့္ဟခဲ့ပါတယ္။ အဲဒါကေတာ့ သူ႔ရဲ႕အႀကီးမားဆုံးအမွားက အာဆင္နယ္အသင္းကုိ (၂၂)ႏွစ္ၾကာေအာင္ ကုိင္တြယ္ခဲ့တာျဖစ္လုိ႔ ဆုိခဲ့တာပါ။ ၁၉၉၆ ခုႏွစ္က အာဆင္နယ္အသင္းကုိ စတင္ကုိင္တြယ္ခဲ့တဲ့ အာစင္၀င္းဂါးဟာ ၿပီးခဲ့တဲ့ရာသီက အသင္းနဲ႔လမ္းခဲြခဲ့ၿပီး အာဆင္နယ္နည္းျပဘ၀မွာ ပရီးမီးယားလိဂ္(၃)ႀကိမ္၊ FA ဖလား(၇)ႀကိမ္ရယူခဲ့သလုိ ၂၀၀၃-၀၄ ရာသီက ပရီးမီးယားလိဂ္ဖလားကုိ ႐ႈံးပဲြမရွိဆြတ္ခူးခဲ့တယ္။

Arsene-Wenger-With-FA-and-Premier-League-Trophy

Arsene-Wenger-With-FA-and-Premier-League-Trophy

RTL ႐ုပ္သံလုိင္းနဲ႔ အင္တာဗ်ဴးမွာ အာစင္၀င္းဂါးအတြက္ အႀကီးမားဆုံးအမွားက ဘာမ်ားလဲလုိ႔ ေမးျမန္းခဲ့ရာမွာေတာ့ သူက”အသငး္တစ္သင္းမွာ (၂၂)ႏွစ္အထိ ရွိေနခဲ့တာက အႀကီးမားဆုံးအမွားလုိ႔ဆုိရမယ္။ ကၽြန္ေတာ္ဟာ အသင္းေပါင္းမ်ားစြာကုိ ကုိင္တြယ္လုိတဲ့နည္းျပတစ္ဦးျဖစ္သလုိ စိန္ေခၚမႈေတြကုိလည္း ႏွစ္သက္ပါတယ္။ ကၽြန္ေတာ္ေနာင္တရတာက အာဆင္နယ္အသငး္နဲ႔ ေအာင္ျမင္မႈရဖုိ႔ အရာအားလုံးကုိ စြန္႔လႊတ္ေပးဆပ္ခဲ့ရတာကုိပဲျဖစ္ပါတယ္။ အဲဒီအတြက္ ကၽြန္ေတာ့္ ပတ္၀န္းက်င္မွာရွိတဲ့ လူေတြကုိ ထိခိုက္နာက်င္ေစခဲ့ရတယ္။ ကၽြန္ေတာ့္နဲ႔ရင္းႏွီးသူေတြကုိ ဂ႐ုမစုိက္သလုိျဖစ္ခဲ့တယ္။ ကၽြန္ေတာ့္ရဲ႕မိသားစု၊ ရင္းႏွီးတဲ့သူေတြအပါအ၀င္ပါပဲ”လုိ႔ ေျပာၾကားခဲ့ပါတယ္။

Arsene-Wenger-With-FA-Cup

Arsene-Wenger-With-FA-Cup

အာစင္၀င္းဂါးဟာ လက္ရွိအခ်ိန္မွာ အသင္းလက္မဲ့ျဖစ္ေနၿပီး သူ႔ရဲ႕အနာဂတ္နဲ႔ပတ္သက္လုိ႔ ဘာမွ တိတိက်က်မဆုံးျဖတ္ရေသးဘူးလုိ႔လည္း ၀န္ခံခဲ့တယ္။

REF:Daily Mail
Photo:WordPress.com,ESPN
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အာဆင်နယ်အသင်းကို (၂၂)နှစ်ကြာ ကိုင်တွယ်ခဲ့တာက အကြီးမားဆုံးအမှားလို့ ဝန်ခံခဲ့တဲ့ Wenger

အာဆင်နယ်အသင်းရဲ့ဂန္ထဝင်နည်းပြကြီး အာစင်ဝင်းဂါး Arsene Wenger ဟာ အံ့အားသင့်စရာကောင်းတဲ့ ဝန်ခံချက်ကို ဖွင့်ဟခဲ့ပါတယ်။ အဲဒါကတော့ သူ့ရဲ့အကြီးမားဆုံးအမှားက အာဆင်နယ်အသင်းကို (၂၂)နှစ်ကြာအောင် ကိုင်တွယ်ခဲ့တာဖြစ်လို့ ဆိုခဲ့တာပါ။ ၁၉၉၆ ခုနှစ်က အာဆင်နယ်အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ အာစင်ဝင်းဂါးဟာ ပြီးခဲ့တဲ့ရာသီက အသင်းနဲ့လမ်းခွဲခဲ့ပြီး အာဆင်နယ်နည်းပြဘဝမှာ ပရီးမီးယားလိဂ်(၃)ကြိမ်၊ FA ဖလား(၇)ကြိမ်ရယူခဲ့သလို ၂၀၀၃-၀၄ ရာသီက ပရီးမီးယားလိဂ်ဖလားကို ရှုံးပွဲမရှိဆွတ်ခူးခဲ့တယ်။

Arsene-Wenger-With-FA-and-Premier-League-Trophy

Arsene-Wenger-With-FA-and-Premier-League-Trophy

RTL ရုပ်သံလိုင်းနဲ့ အင်တာဗျူးမှာ အာစင်ဝင်းဂါးအတွက် အကြီးမားဆုံးအမှားက ဘာများလဲလို့ မေးမြန်းခဲ့ရာမှာတော့ သူက”အသင်းတစ်သင်းမှာ (၂၂)နှစ်အထိ ရှိနေခဲ့တာက အကြီးမားဆုံးအမှားလို့ဆိုရမယ်။ ကျွန်တော်ဟာ အသင်းပေါင်းများစွာကို ကိုင်တွယ်လိုတဲ့နည်းပြတစ်ဦးဖြစ်သလို စိန်ခေါ်မှုတွေကိုလည်း နှစ်သက်ပါတယ်။ ကျွန်တော်နောင်တရတာက အာဆင်နယ်အသင်းနဲ့ အောင်မြင်မှုရဖို့ အရာအားလုံးကို စွန့်လွှတ်ပေးဆပ်ခဲ့ရတာကိုပဲဖြစ်ပါတယ်။ အဲဒီအတွက် ကျွန်တော့် ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေကို ထိခိုက်နာကျင်စေခဲ့ရတယ်။ ကျွန်တော့်နဲ့ရင်းနှီးသူတွေကို ဂရုမစိုက်သလိုဖြစ်ခဲ့တယ်။ ကျွန်တော့်ရဲ့မိသားစု၊ ရင်းနှီးတဲ့သူတွေအပါအဝင်ပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

Arsene-Wenger-With-FA-Cup

Arsene-Wenger-With-FA-Cup

အာစင်ဝင်းဂါးဟာ လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေပြီး သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ဘာမှ တိတိကျကျမဆုံးဖြတ်ရသေးဘူးလို့လည်း ဝန်ခံခဲ့တယ်။

REF:Daily Mail
Photo:WordPress.com,ESPN
Naing Linn(Akhayar)
www.akhayar.com