[Zawgyi]

ဝင္ဘေလကြင္းႀကီးမွာ သမိုင္းဝင္ပြဲကစားမယ့္ ကမာၻ႔အေအာင္ျမင္ဆံုး Gay ေဘာလံုးကလပ္

ခက္ခဲတဲ့ စိန္ေခၚမႈေတြ၊ ေလွာင္ေျပာင္သေရာ္တာေတြ၊ ေအာ္ဟစ္ဆဲဆိုတာေတြ အၿပီးမွာ Stonewall FC ဟာ သမိုင္းဝင္ေန႔ရက္ဆီကို တက္လွမ္းလာခဲ့ပါၿပီ။ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္သံုးခုလံုး ခရီးလမ္းၾကမ္းကို ျဖတ္သန္းခဲ့ရတဲ့ Stonewall FC ဟာ ကမာၻ႔အေအာင္ျမင္ဆံုး Gay ေဘာလံုးကလပ္လည္း ျဖစ္ပါတယ္။

ဒီေန႔ ႏိုဝင္ဘာလ ၃၀ ရက္ေန႔မွာ Stonewall FC ဟာ Wilberforce Wanderers AFC နဲ႔ ဝင္ဘေလကြင္းႀကီးမွာ ယွဥ္ၿပိဳင္ခြင့္ရခဲ့တာ ျဖစ္ၿပီး ဝင္ဘေလကြင္းအေနနဲ႔လည္း ဒီလို စြန္႔ဦး Gay Football Club ကို ဂုဏ္ျပဳတဲ့အေနနဲ႔ေရာ Stonewall Charity နဲ႔ Partnership ေၾကာင့္ေရာ စီစဥ္က်င္းပတာလည္း ျဖစ္ပါတယ္။

သက္တံ့ေရာင္ေတြနဲ႔ လွပေနတဲ့ ဝင္ဘေလအားကစားကြင္း

သက္တံ့ေရာင္ေတြနဲ႔ လွပေနတဲ့ ဝင္ဘေလအားကစားကြင္း

Stonewall FC ဟာ Middlesex County Division One မွာ ကစားေနတာ ျဖစ္ၿပီး အခုေတာ့ ဝင္ဘေလကြင္းမွာ ကစားခြင့္ရခဲ့ပါၿပီ။ ဒါေၾကာင့္ အသင္းရဲ႕ ကပၸတိန္ Doug Edward က “ဒါဟာ အိပ္မက္ဆန္ဆန္ပါပဲ၊ ကၽြန္ေတာ္တို႔ ျဖတ္သန္းလာတဲ့ ခရီးအတြက္ အသိအမွတ္ျပဳမႈလည္း ျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။ Doug Edward ဟာ အသင္းေခါင္းေဆာင္အျဖစ္ ကစားေပးေနတာ ၁၀ ႏွစ္ရွိၿပီ ျဖစ္ၿပီး ဝင္ဘေလကြင္းမွာ ကန္မယ့္ပြဲမွာေတာ့ ဒဏ္ရာေၾကာင့္ ပါဝင္ကစားခြင့္ရရွိမွာ မဟုတ္ပါဘူး။

Stonewall FC ရဲ႕ ကပၸတိန္

Stonewall FC ရဲ႕ ကပၸတိန္

“ေဘာလံုးကန္တဲ့အတြက္ အခေၾကးေငြမရေပမယ့္ လန္ဒန္မွာ ေဘာလံုးကစားခြင့္ရဖို႔ ၁၉၉၁ ထဲကေန အခက္အခဲေတြ အမ်ားႀကီး ေက်ာ္ျဖတ္ခဲ့ရပါတယ္” လို႔ သူတို႔ အေတြ႕အၾကံဳကို ရင္ဖြင့္ျပခဲ့ပါတယ္။

Stonewall ရဲ႕ မန္ေနဂ်ာ Eric Najib ကေတာ့ “ဒါဟာ ေရွး႐ိုးစြဲတယူသန္သမားေတြကို စိန္ေခၚခဲ့တဲ့ ကၽြန္ေတာ္တို႔ရဲ႕ လုပ္ရပ္ေတြနဲ႔ Homophobia ရွိတဲ့သူေတြကို ပညာေပးတဲ့ လုပ္ငန္းစဥ္တိုးတက္မႈ ျဖစ္ပါတယ္။ ေနာက္ႏွစ္အနည္းငယ္အတြင္းမွာပဲ ကၽြန္ေတာ္တို႔ဟာ Gay အသင္း Stonewall FC လို႔ ေျပာစရာမလိုေတာ့ဘဲ Stonewall FC လို႔ပဲ ေျပာလို႔ရပါၿပီ” လို႔ ေျပာဆိုခဲ့ပါတယ္။

Manager Eric Najib

Manager Eric Najib

၁၉၉၁ ခုႏွစ္က တည္ေထာင္ခဲ့တဲ့ Stonewall FC ဟာ ပြင့္ပြင့္လင္းလင္းဝန္ခံထားတဲ့ Gay အမ်ိဳးသားေတြအတြက္ျဖစ္ၿပီး အခုဆိုရင္ သက္ဆိုင္ရာ အားကစားၿပိဳင္ပြဲအသီးသီးမွာ ဝင္ၿပိဳင္ေနတဲ့ အသင္း ၃ သင္းေတာင္ ျဖစ္ေနပါၿပီ။ ဒါတင္မဟုတ္ဘဲ LGBT ၿပိဳင္ပြဲေတြမွာဆိုရင္လည္း ၂၀၀၀ ခုႏွစ္တည္းက အၿမဲတမ္းထိပ္တန္းအဆင့္ကို ေရာက္ခဲ့တဲ့ အသင္းျဖစ္ပါတယ္။

Stonewall FC

Stonewall FC

အသင္းရဲ႕ မူလအစ

၁၉၉၀ ခုႏွစ္အေစာပိ္ုင္းေတြမွ ၿဗိတိန္အစိုးရဟာ လိင္တူခ်စ္ႀကိဳက္ျခင္းကို ေၾကာ္ျငာတာမ်ိဳးကို တားျမစ္ထားၿပီး AIDS ေရာဂါေတြဟာလည္း အရမ္းကို ျဖစ္ပြြားေနတဲ့အတြက္ Gay အသိုက္အဝန္းကို လက္ညႈိးဝိုင္းထိုးေနၾကတဲ့အခ်ိန္လည္း ဖစ္ပါတယ္။ ဒါေၾကာင့္ အသင္းတည္ေထာင္သူအဖြဲ႔ဝင္တစ္ေယာက္ျဖစ္တဲ့ Aslie Pitter MBE ဟာ Straight အသင္းေတြၾကားထဲမွာ ပုန္းလွ်ိဳးကြယ္လွ်ိဳးကစားေနရၿပီး သူတို႔လို လူေတြ ပန္းျခံထဲမွာ စုၿပီး ကစားဖို႔ ေခၚတဲ့ ေၾကာ္ျငာေလးကေနမွ ဒီအသင္းဖြဲ႔ ျဖစ္တာ ျဖစ္ပါတယ္။

Aslie Pitter MBE

Aslie Pitter MBE

အသင္းစဖြဲ႔တုန္းကေတာ့ ဖိႏွိပ္ခ်ဳပ္ခ်ယ္မႈေတြ အရမ္းကို ၾကံဳခဲ့ရၿပီး တစ္ခါကဆိုရင္ သူတို႔ရဲ႕ ၿပိဳင္ဘက္အသင္းဟာ Stonewall FC ရဲ႕ အဝတ္လဲခန္းတံခါးကို ေဆာင့္ကန္ခဲ့ၿပီး ႏွိမ္ခ်တဲ့ သီခ်င္းေတြကိုလည္း အဆိုခံခဲ့ရပါတယ္။

ဒီိလို ဖိႏွိပ္ခ်ဳပ္ခ်ယ္မႈေတြ၊ ခြဲျခားေလွာင္ေျပာင္မႈေတြ ၾကံဳခဲ့ရေပမယ့္ Stonewall FC ရဲ႕ သမိုင္းသစ္ဟာ ဒီေန႔မွာ ဝင္ဘေလကြင္းမွာ ေရးထိုးေတာ့မွာ ျဖစ္ပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Source : CNN.com
[Unicode]

ဝင်ဘလေကွင်းကြီးမှာ သမိုင်းဝင်ပွဲကစားမယ့် ကမ္ဘာ့အအောင်မြင်ဆုံး Gay ဘောလုံးကလပ်

ခက်ခဲတဲ့ စိန်ခေါ်မှုတွေ၊ လှောင်ပြောင်သရော်တာတွေ၊ အော်ဟစ်ဆဲဆိုတာတွေ အပြီးမှာ Stonewall FC ဟာ သမိုင်းဝင်နေ့ရက်ဆီကို တက်လှမ်းလာခဲ့ပါပြီ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်သုံးခုလုံး ခရီးလမ်းကြမ်းကို ဖြတ်သန်းခဲ့ရတဲ့ Stonewall FC ဟာ ကမ္ဘာ့အအောင်မြင်ဆုံး Gay ဘောလုံးကလပ်လည်း ဖြစ်ပါတယ်။

ဒီနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ Stonewall FC ဟာ Wilberforce Wanderers AFC နဲ့ ဝင်ဘလေကွင်းကြီးမှာ ယှဉ်ပြိုင်ခွင့်ရခဲ့တာ ဖြစ်ပြီး ဝင်ဘလေကွင်းအနေနဲ့လည်း ဒီလို စွန့်ဦး Gay Football Club ကို ဂုဏ်ပြုတဲ့အနေနဲ့ရော Stonewall Charity နဲ့ Partnership ကြောင့်ရော စီစဉ်ကျင်းပတာလည်း ဖြစ်ပါတယ်။

သက်တံ့ရောင်တွေနဲ့ လှပနေတဲ့ ဝင်ဘလေအားကစားကွင်း

သက်တံ့ရောင်တွေနဲ့ လှပနေတဲ့ ဝင်ဘလေအားကစားကွင်း

Stonewall FC ဟာ Middlesex County Division One မှာ ကစားနေတာ ဖြစ်ပြီး အခုတော့ ဝင်ဘလေကွင်းမှာ ကစားခွင့်ရခဲ့ပါပြီ။ ဒါကြောင့် အသင်းရဲ့ ကပ္ပတိန် Doug Edward က “ဒါဟာ အိပ်မက်ဆန်ဆန်ပါပဲ၊ ကျွန်တော်တို့ ဖြတ်သန်းလာတဲ့ ခရီးအတွက် အသိအမှတ်ပြုမှုလည်း ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။ Doug Edward ဟာ အသင်းခေါင်းဆောင်အဖြစ် ကစားပေးနေတာ ၁၀ နှစ်ရှိပြီ ဖြစ်ပြီး ဝင်ဘလေကွင်းမှာ ကန်မယ့်ပွဲမှာတော့ ဒဏ်ရာကြောင့် ပါဝင်ကစားခွင့်ရရှိမှာ မဟုတ်ပါဘူး။

Stonewall FC ရဲ့ ကပ္ပတိန်

Stonewall FC ရဲ့ ကပ္ပတိန်

“ဘောလုံးကန်တဲ့အတွက် အခကြေးငွေမရပေမယ့် လန်ဒန်မှာ ဘောလုံးကစားခွင့်ရဖို့ ၁၉၉၁ ထဲကနေ အခက်အခဲတွေ အများကြီး ကျော်ဖြတ်ခဲ့ရပါတယ်” လို့ သူတို့ အတွေ့အကြုံကို ရင်ဖွင့်ပြခဲ့ပါတယ်။

Stonewall ရဲ့ မန်နေဂျာ Eric Najib ကတော့ “ဒါဟာ ရှေးရိုးစွဲတယူသန်သမားတွေကို စိန်ခေါ်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ လုပ်ရပ်တွေနဲ့ Homophobia ရှိတဲ့သူတွေကို ပညာပေးတဲ့ လုပ်ငန်းစဉ်တိုးတက်မှု ဖြစ်ပါတယ်။ နောက်နှစ်အနည်းငယ်အတွင်းမှာပဲ ကျွန်တော်တို့ဟာ Gay အသင်း Stonewall FC လို့ ပြောစရာမလိုတော့ဘဲ Stonewall FC လို့ပဲ ပြောလို့ရပါပြီ” လို့ ပြောဆိုခဲ့ပါတယ်။

Manager Eric Najib

Manager Eric Najib

၁၉၉၁ ခုနှစ်က တည်ထောင်ခဲ့တဲ့ Stonewall FC ဟာ ပွင့်ပွင့်လင်းလင်းဝန်ခံထားတဲ့ Gay အမျိုးသားတွေအတွက်ဖြစ်ပြီး အခုဆိုရင် သက်ဆိုင်ရာ အားကစားပြိုင်ပွဲအသီးသီးမှာ ဝင်ပြိုင်နေတဲ့ အသင်း ၃ သင်းတောင် ဖြစ်နေပါပြီ။ ဒါတင်မဟုတ်ဘဲ LGBT ပြိုင်ပွဲတွေမှာဆိုရင်လည်း ၂၀၀၀ ခုနှစ်တည်းက အမြဲတမ်းထိပ်တန်းအဆင့်ကို ရောက်ခဲ့တဲ့ အသင်းဖြစ်ပါတယ်။

Stonewall FC

Stonewall FC

အသင်းရဲ့ မူလအစ

၁၉၉၀ ခုနှစ်အစောပိုင်းတွေမှ ဗြိတိန်အစိုးရဟာ လိင်တူချစ်ကြိုက်ခြင်းကို ကြော်ငြာတာမျိုးကို တားမြစ်ထားပြီး AIDS ရောဂါတွေဟာလည်း အရမ်းကို ဖြစ်ပွားနေတဲ့အတွက် Gay အသိုက်အဝန်းကို လက်ညှိုးဝိုင်းထိုးနေကြတဲ့အချိန်လည်း ဖစ်ပါတယ်။ ဒါကြောင့် အသင်းတည်ထောင်သူအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Aslie Pitter MBE ဟာ Straight အသင်းတွေကြားထဲမှာ ပုန်းလျှိုးကွယ်လျှိုးကစားနေရပြီး သူတို့လို လူတွေ ပန်းခြံထဲမှာ စုပြီး ကစားဖို့ ခေါ်တဲ့ ကြော်ငြာလေးကနေမှ ဒီအသင်းဖွဲ့ ဖြစ်တာ ဖြစ်ပါတယ်။

Aslie Pitter MBE

Aslie Pitter MBE

အသင်းစဖွဲ့တုန်းကတော့ ဖိနှိပ်ချုပ်ချယ်မှုတွေ အရမ်းကို ကြုံခဲ့ရပြီး တစ်ခါကဆိုရင် သူတို့ရဲ့ ပြိုင်ဘက်အသင်းဟာ Stonewall FC ရဲ့ အဝတ်လဲခန်းတံခါးကို ဆောင့်ကန်ခဲ့ပြီး နှိမ်ချတဲ့ သီချင်းတွေကိုလည်း အဆိုခံခဲ့ရပါတယ်။

ဒီလို ဖိနှိပ်ချုပ်ချယ်မှုတွေ၊ ခွဲခြားလှောင်ပြောင်မှုတွေ ကြုံခဲ့ရပေမယ့် Stonewall FC ရဲ့ သမိုင်းသစ်ဟာ ဒီနေ့မှာ ဝင်ဘလေကွင်းမှာ ရေးထိုးတော့မှာ ဖြစ်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : CNN.com