[Zawgyi]

ပထမဆံုး Nobel ဆု ဆြတ္ခူးရရွိတဲ႔ ထူးခၽြန္အမ်ဳိးသမီးမ်ား

Nobel ဆုဆိုတာက စာေပ၊ ပညာေရး၊ ယဥ္ေက်းမႈနဲ႔ သိပၸံဆိုင္ရာတိုးတက္လာမႈ စတဲ႔အခ်က္ေတြကို အသိမွတ္ျပဳမႈတဲ့အေနနဲ႔ ဆီြဒင္နဲ႔ ေနာ္ေဝအဖဲြ႔အစည္းေတြက ခ်ီးျမွင့္တဲ႔ဆုျဖစ္ပါတယ္။ Nobel ဆု စတင္ခ်ီးျမွင့္တဲ႔ ခုနစ္ကေတာ့ ၁၉၀၁ ခုနစ္ျဖစ္ၿပီး ယေန႔ ၂၀၁၇ အထိ လူေပါင္းေျမာက္ျမားစြာကို ခ်ီးျမွင္႔ခဲ႔တဲ႔အထဲမွာမွ ပထမဦးဆံုး Nobel ဆု ဆြတ္ခူးရရွိခဲ့တဲ႔ ထူးခၽြန္အမ်ဳိးသမီးမ်ားအေၾကာင္းကို ေဖာ္ျပေပးမွာျဖစ္ပါတယ္။ ထူးျခားတဲ႔အခ်က္တစ္ခုကေတာ့ Nobel ဆု စတင္ခ်ီးျမွင္႔တုန္းက အမ်ဳိးသားမ်ားသာ ဆြတ္ခူးရရွိခဲ႔တာျဖစ္ၿပီး ေနာက္ပိုင္းမွာမွ အမ်ဳိးသမီးေတြပါ ရရွိလာခဲ႔တာ ျဖစ္ပါတယ္။

Nobel Prize

Nobel Prize

အဲ႔ဒီလို Nobel ဆုေတြ ခ်ီးျမွင္႔တဲ႔အထဲမွာမွ  အမ်ဳိးသမီးတစ္ေယာက္အေနနဲ႔ ပထမဦးဆံုးလက္ခံရရွိတဲ႔သူကေတာ့ Marie Curie  ျဖစ္ပါတယ္။

Marie Curie

Marie Curie

ပိုလန္ျပင္သစ္သိပၸံပညာရွင္ျဖစ္တဲ႔သူမဟာ သူမရဲ႕ေယာက်ာၤးျဖစ္သူ Pierre Curie၊  ျပင္သစ္သိပၸံပညာရွင္ Henri Becquerel တို႔နဲ႔ ပူးေပါင္းၿပီး ေရဒီယိုသတၱိၾကြကို စတင္ေတြ႔ရွိခဲတဲ႔အတြက္ ၁၉၀၃ ခုနစ္တုန္းက ရူပေဗဒနဲ႔ပတ္သက္ၿပီး Nobel ဆုကို တဲြဖက္ၿပီး ဆြတ္ခူးရရွိခဲ့တဲ႔ ပထမဆံုးအမ်ဳိးသမီးျဖစ္ပါတယ္။ သူမဟာ Nobel ဆုကို ႏွစ္ႀကိမ္ရရွိခဲ႔တာျဖစ္ၿပီး တစ္ကိုယ္ေတာ္ဆြတ္ခူးရရွိခဲ႔တာကေတာ့ ၁၉၁၁ ခုႏွစ္တုန္းက ျဖစ္ပါတယ္။ Radium နဲ႔ Polonium ျဒပ္စင္ေတြကုိ ရွာေဖြေတြ႔ရွိခဲ႔မႈေၾကာင္႔ ဓာတုေဗဒနဲ႔ ပတ္သက္ၿပီး Nobel ဆုကို ဆြတ္ခူးရရွိခဲ႔တာ ျဖစ္ပါတယ္။ သူမတစ္ေယာက္တည္း ေတာ္ၿပီးထူးခၽြန္ထက္ျမတ္တာမဟုတ္ဘဲ သူမတို႔မိသားစုဝင္ေတြ ေတာ္ေတာ္မ်ားမ်ားကလည္း Nobel ဆုရွင္ေတြပဲ ျဖစ္ၾကပါတယ္။ သူမရဲ႕အမ်ဳိးသား Pierre Curie ကလည္း Nobel ဆုရွင္၊သူမရဲ႕သမီးနဲ႔ သားမက္ေတြကလည္း ၁၉၃၅ ခုနစ္တုန္းက Nobel Prize For Chemistry ကို ပူးတဲြရရွိခဲ႔ၿပီး ေနာက္ထပ္သားမက္တစ္ေယာက္ကေတာ့ UNICEF ရဲ႕ Director တစ္ဦးျဖစ္ၿပီး ၁၉၆၅ ခုနစ္တုန္းက Nobel Peace Prize ကို ရရွိခဲ႔သူ ျဖစ္ပါတယ္။

ပထမဆံုး ၿငိမ္းခ်မ္းေရး Nobel ဆုကို ဆြတ္ခူးရရွိခဲ႔တဲ့ အမ်ဳိးသမီးကေတာ့ Bertha Von Suttner ျဖစ္ၿပီး ၁၉၀၅ ခုနစ္မွာ ဆြတ္ခူးရရွိခဲ႔တာျဖစ္ပါတယ္။ Von Suttner ဟာ အႀကီးအက်ယ္ေအာင္ျမင္ခဲ႔တဲ႔ စစ္ပဲြဆန္႔က်င္ေရး ဝတၱဳစာေရးဆရာမတစ္ဦးျဖစ္ၿပီး Nobel ဆုကို ဒုတိယေျမာက္ဆြတ္ခူးရရွိခဲ့တဲ႔ အမ်ဳိးသမီးတစ္ဦးလည္း ျဖစ္ပါတယ္။

Bertha Von Suttner

Bertha Von Suttner

ပထမဦးဆံုး အမ်ဳိးသမီး စာေပ Nobel ဆုရွင္ကေတာ့ ဆီြဒင္စာေရးဆရာမ Selma Lagerlöf ျဖစ္ၿပီး ၁၉၀၉ ခုနစ္မွာ ရရွိခဲ႔တာ ျဖစ္ပါတယ္။ သူမရဲ႕လူႀကိဳက္အမ်ားဆံုးစာအုပ္ကေတာ့ The Wonderful Adventures Of Nils ပဲ ျဖစ္ပါတယ္။

Selma Lagerlof

Selma Lagerlof

ဇီဝကမၼေဗဒ (သို႔) ေဆးပညာနဲ႔ပတ္သက္ၿပီး ပထမဆံုး Nobel ဆုရရွိတဲ႔ အမ်ဳိးသမီးကေတာ့ ဂ်ဴးလူမ်ဳိး Gerty Theresa Cori ျဖစ္ၿပီး ၁၉၄၇ ခုနစ္မွာ ဆြတ္ခူးရရွိခဲ့သူ ျဖစ္ပါတယ္။

Gerty Theresa Cori

Gerty Theresa Cori

စီးပြားေရးသိပၸံနဲ႔ဆိုင္တဲ႔ Nobel ဆုကို ပထမဆံုးရရွိခဲ႔တဲ႔ အမ်ဳိးသမီးကေတာ့ Elinor Ostrom ျဖစ္ၿပီး သူနဲ႔ပူးတဲြရရွိခဲ႔သူကေတာ့ Oliver E. Williamson ျဖစ္ပါတယ္။ သူတို႔ဟာ ၂၀၀၉ ခုနစ္မွာ ရရွိခဲ႔သူေတြ ျဖစ္ပါတယ္။

Elinor Ostrom and Oliver E. Williamson

Oliver E. Williamson and Elinor Ostrom

၂၀၁၆ ခုနစ္မွာေတာ့ မတူညီတဲ႔ အခန္းက႑အသီးသီးက အမ်ဳိးသမီးေပါင္း ၄၈ ေယာက္က Nobel ဆုေတြကို အသီးသီးဆြတ္ခူးရရွိခဲ႔ပါတယ္။

H.H(Akhayar)

www.akhayar.com

[Unicode]

ပထမဆုံး Nobel ဆု ဆွတ်ခူးရရှိတဲ့ ထူးချွန်အမျိုးသမီးများ

Nobel ဆုဆိုတာက စာပေ၊ ပညာရေး၊ ယဉ်ကျေးမှုနဲ့ သိပ္ပံဆိုင်ရာတိုးတက်လာမှု စတဲ့အချက်တွေကို အသိမှတ်ပြုမှုတဲ့အနေနဲ့ ဆွီဒင်နဲ့ နော်ဝေအဖွဲ့အစည်းတွေက ချီးမြှင့်တဲ့ဆုဖြစ်ပါတယ်။ Nobel ဆု စတင်ချီးမြှင့်တဲ့ ခုနစ်ကတော့ ၁၉၀၁ ခုနစ်ဖြစ်ပြီး ယနေ့ ၂၀၁၇ အထိ လူပေါင်းမြောက်မြားစွာကို ချီးမြှင့်ခဲ့တဲ့အထဲမှာမှ ပထမဦးဆုံး Nobel ဆု ဆွတ်ခူးရရှိခဲ့တဲ့ ထူးချွန်အမျိုးသမီးများအကြောင်းကို ဖော်ပြပေးမှာဖြစ်ပါတယ်။ ထူးခြားတဲ့အချက်တစ်ခုကတော့ Nobel ဆု စတင်ချီးမြှင့်တုန်းက အမျိုးသားများသာ ဆွတ်ခူးရရှိခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာမှ အမျိုးသမီးတွေပါ ရရှိလာခဲ့တာ ဖြစ်ပါတယ်။

Nobel Prize

Nobel Prize

အဲ့ဒီလို Nobel ဆုတွေ ချီးမြှင့်တဲ့အထဲမှာမှ  အမျိုးသမီးတစ်ယောက်အနေနဲ့ ပထမဦးဆုံးလက်ခံရရှိတဲ့သူကတော့ Marie Curie  ဖြစ်ပါတယ်။

Marie Curie

Marie Curie

ပိုလန်ပြင်သစ်သိပ္ပံပညာရှင်ဖြစ်တဲ့သူမဟာ သူမရဲ့ယောကျာၤးဖြစ်သူ Pierre Curie၊  ပြင်သစ်သိပ္ပံပညာရှင် Henri Becquerel တို့နဲ့ ပူးပေါင်းပြီး ရေဒီယိုသတ္တိကြွကို စတင်တွေ့ရှိခဲတဲ့အတွက် ၁၉၀၃ ခုနစ်တုန်းက ရူပဗေဒနဲ့ပတ်သက်ပြီး Nobel ဆုကို တွဲဖက်ပြီး ဆွတ်ခူးရရှိခဲ့တဲ့ ပထမဆုံးအမျိုးသမီးဖြစ်ပါတယ်။ သူမဟာ Nobel ဆုကို နှစ်ကြိမ်ရရှိခဲ့တာဖြစ်ပြီး တစ်ကိုယ်တော်ဆွတ်ခူးရရှိခဲ့တာကတော့ ၁၉၁၁ ခုနှစ်တုန်းက ဖြစ်ပါတယ်။ Radium နဲ့ Polonium ဒြပ်စင်တွေကို ရှာဖွေတွေ့ရှိခဲ့မှုကြောင့် ဓာတုဗေဒနဲ့ ပတ်သက်ပြီး Nobel ဆုကို ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။ သူမတစ်ယောက်တည်း တော်ပြီးထူးချွန်ထက်မြတ်တာမဟုတ်ဘဲ သူမတို့မိသားစုဝင်တွေ တော်တော်များများကလည်း Nobel ဆုရှင်တွေပဲ ဖြစ်ကြပါတယ်။ သူမရဲ့အမျိုးသား Pierre Curie ကလည်း Nobel ဆုရှင်၊သူမရဲ့သမီးနဲ့ သားမက်တွေကလည်း ၁၉၃၅ ခုနစ်တုန်းက Nobel Prize For Chemistry ကို ပူးတွဲရရှိခဲ့ပြီး နောက်ထပ်သားမက်တစ်ယောက်ကတော့ UNICEF ရဲ့ Director တစ်ဦးဖြစ်ပြီး ၁၉၆၅ ခုနစ်တုန်းက Nobel Peace Prize ကို ရရှိခဲ့သူ ဖြစ်ပါတယ်။

ပထမဆုံး ငြိမ်းချမ်းရေး Nobel ဆုကို ဆွတ်ခူးရရှိခဲ့တဲ့ အမျိုးသမီးကတော့ Bertha Von Suttner ဖြစ်ပြီး ၁၉၀၅ ခုနစ်မှာ ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။ Von Suttner ဟာ အကြီးအကျယ်အောင်မြင်ခဲ့တဲ့ စစ်ပွဲဆန့်ကျင်ရေး ဝတ္တုစာရေးဆရာမတစ်ဦးဖြစ်ပြီး Nobel ဆုကို ဒုတိယမြောက်ဆွတ်ခူးရရှိခဲ့တဲ့ အမျိုးသမီးတစ်ဦးလည်း ဖြစ်ပါတယ်။

Bertha Von Suttner

Bertha Von Suttner

ပထမဦးဆုံး အမျိုးသမီး စာပေ Nobel ဆုရှင်ကတော့ ဆွီဒင်စာရေးဆရာမ Selma Lagerlöf ဖြစ်ပြီး ၁၉၀၉ ခုနစ်မှာ ရရှိခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့လူကြိုက်အများဆုံးစာအုပ်ကတော့ The Wonderful Adventures Of Nils ပဲ ဖြစ်ပါတယ်။

Selma Lagerlof

Selma Lagerlof

ဇီဝကမ္မဗေဒ (သို့) ဆေးပညာနဲ့ပတ်သက်ပြီး ပထမဆုံး Nobel ဆုရရှိတဲ့ အမျိုးသမီးကတော့ ဂျူးလူမျိုး Gerty Theresa Cori ဖြစ်ပြီး ၁၉၄၇ ခုနစ်မှာ ဆွတ်ခူးရရှိခဲ့သူ ဖြစ်ပါတယ်။

Gerty Theresa Cori

Gerty Theresa Cori

စီးပွားရေးသိပ္ပံနဲ့ဆိုင်တဲ့ Nobel ဆုကို ပထမဆုံးရရှိခဲ့တဲ့ အမျိုးသမီးကတော့ Elinor Ostrom ဖြစ်ပြီး သူနဲ့ပူးတွဲရရှိခဲ့သူကတော့ Oliver E. Williamson ဖြစ်ပါတယ်။ သူတို့ဟာ ၂၀၀၉ ခုနစ်မှာ ရရှိခဲ့သူတွေ ဖြစ်ပါတယ်။

Elinor Ostrom and Oliver E. Williamson

Oliver E. Williamson and Elinor Ostrom

၂၀၁၆ ခုနစ်မှာတော့ မတူညီတဲ့ အခန်းကဏ္ဍအသီးသီးက အမျိုးသမီးပေါင်း ၄၈ ယောက်က Nobel ဆုတွေကို အသီးသီးဆွတ်ခူးရရှိခဲ့ပါတယ်။

H.H(Akhayar)

www.akhayar.com