[Zawgyi]

ေက်ာ္ၾကားတဲ့ သေကၤတေတြရဲ႕ ေနာက္ကြယ္က လူသိပ္မသိတဲ့ အဓိပၸါယ္မ်ား

လူေတြဟာ ေထာင္ေပါင္းမ်ားစြာေသာ သေကၤတေတြနဲ႔ အမွတ္အသားေတြကို အေၾကာင္းအမ်ဳိးမ်ဳိးနဲ႔ အသံုးျပဳၾကပါတယ္။ ကိုယ္ရဲ႕ျပင္းထန္တဲ႔ ခံစားခ်က္ေတြကိုု စကားလံုးေတြနဲ႔ ေဖာ္ျပဖို႔ အဆင္မေျပေတာ့တဲ႔အခါ သေကၤတေတြကို အသံုးျပဳၾကပါတယ္။ အဲဒီလို သေကၤတေတြကို အသံုးျပဳေနၾကေသာ္လည္း သေကၤတေတြရဲ႕ မူရင္းဆိုလိုရင္း အဓိပၸါယ္သိတဲ႔သူကေတာ့ ခပ္ရွားရွားပါ။ ဒါေၾကာင္႔မို႔ ဘယ္သေကၤတေတြကို ဘယ္လိုအဓိပၸါယ္ရွိလဲဆိုတာ ေလ့လာမွတ္သားၾကည္႔ၾကရေအာင္။

(၁) Ampersand (“&”) သေကၤတ

Ampersand သေကၤတ (&) က အဂၤလိပ္စကားလံုးအရဆို “And” ကုိကိုယ္စားျပဳၿပီး လက္တင္အရဆုိ “et” ကို ကိုယ္စားျပဳပါတယ္။ ဒီသေကၤတကို ပထမဦးဆံုးတီထြင္ခဲ့သူကေတာ့ ေရွးေခတ္ေရာမၿမိဳ႕က Tiro ဆိုသူ ျဖစ္ပါတယ္။ ဒီသေကၤတကို တီထြင္ရျခင္းရဲ႕ အဓိကရည္ရြယ္ခ်က္ကေတာ့ စာေရးတဲ႔အခါ ျမန္ဆန္ဖို႔အတြက္ ျဖစ္ပါတယ္။ Tiro က ဒီသေကၤတကုိ တီထြင္ခဲ႔တဲ႔အျပင္ အတိုေကာက္ေရးစနစ္ကိုလည္း တီထြင္ခဲ႔ပါေသးတယ္။ သူတီထြင္ေရးသားခဲ႔တဲ႔ “Tironian Note” ဟာလည္း သူ႔ေခတ္သူ႔အခါတုန္းက နာမည္ေက်ာ္ၾကားပါတယ္။ ႏွစ္ေပါင္းမ်ားစြာၾကာတဲ႔အခါမွာ Ampersand သေကၤတက Europe နဲ႔ America မွာ ပိုမိုထင္ရွား ေက်ာ္ၾကားလာခဲ႔ပါတယ္။ ယေန႔ေခတ္အသံုးျပဳေနတဲ႔ Ampersand(“&”) ကေတာ့ အဂၤလိပ္စာလံုး “E” နဲ႔ “T” ကိုေပါင္းစပ္ရာမွ တျဖည္းျဖည္းေျပာင္းလဲလာတဲ႔ သေကၤတျဖစ္ပါတယ္။

Ampersand

Ampersand

(၂) Bluetooth သေကၤတ

ေအဒီဆယ္စုႏွစ္ေလာက္တုန္းက ဒိန္းမတ္နဲ႔ ေနာ္ေဝးႏိုင္ငံကို ဒိန္းမတ္ဘုရင္ Harald Blatand က အုပ္ခ်ဳပ္ပါတယ္။ အဆိုပါ ဒိန္းမတ္ဘုရင္ Harald က ဘလူးဘယ္ရီကို လြန္စြာႀကိဳက္ႏွစ္သက္တဲ႔အခ်ိန္ကစၿပီး ထိုအသီးကို Bluetooth လုိ႔ေခၚခဲ႔ပါတယ္။ ဘလူးဘယ္ရီသီးကို စားတဲ႔အခါတိုင္းမွာလည္း ဘုရင္ရဲ႕သြားမွာ အျပာေရာင္ေတြ စြန္းထင္ေလ့ရွိပါတယ္။ Bluetooth နည္းပညာကို Network တစ္ခုတည္းမွ Device အမ်ားႀကီး ေပါင္းစုႏိုင္ေအာင္ ဒီဇုိင္းျပဳလုပ္ထားပါတယ္။ ဒီသေကၤတက နည္းပညာကို ကိုယ္စားျပဳတဲ႔ Scandinavian ေက်ာက္စာႏွစ္ခုျဖစ္တဲ႔ “Hagall” (သို႔) “Hagalaz” ရဲ႕လက္တင္ Analogue H နဲ႔ “Bjarkan” လို႔ေခၚတဲ႔ လက္တင္စကားလံုး “B” တို႔ကို ေပါင္းစပ္ထားတာ ျဖစ္ပါတယ္။ ဒီေက်ာက္စာအစစာလံုးေတြက Harald Blatand ရဲ႕နာမည္အတုိေကာက္ေတြလည္း ျဖစ္ပါေသးတယ္။ Bluetooth Device ရဲ႕ ပထမမ်ဳိးဆက္ အျပာေရာင္ျဖစ္ေနရျခင္းက ဘုရင္သြားမွာေပတဲ႔ အျပာေရာင္နဲ႔ ဆင္တူေအာင္ ျပဳလုပ္ထားျခင္းေၾကာင့္ ျဖစ္ပါတယ္။

Bluetooth Symbol

Bluetooth Symbol

(၃) ေဆးဘက္ဆိုင္ရာသေကၤတ

ေတာင္ေဝွးမွာအေတာင္ပံနဲ႔ ေျမြႏွစ္ေကာင္လိမ္ယွက္ေနတဲ႔ပံုစံရွိတဲ႔ သေကၤတကို ေဆးဘက္ဆိုင္ရာသေကၤတလို႔ လူေတြမွားယြင္းၿပီး သိျမင္ရာကေန အဲဒီအမွားသေကၤတကို ဆက္လက္ေမြးစားလိုက္ရာကေန ေဆးဘက္ဆိုင္ရာသေကၤတ ျဖစ္လာပါတယ္။ ဒါေပမယ့္ လူေတာ္ေတာ္မ်ားမ်ားက ေဆးဘက္ဆိုင္ရာသေကၤတအမွန္ကို မသိၾကပါဘူး။ ဒ႑ာရီေတြအရေတာ့ ဂရိနတ္ဘုရား Hermes မွာ Caduceus လို႔ေခၚတဲ႔ ေမွာ္ေတာင္ေဝွးတစ္ေခ်ာင္း ပိုင္ဆိုင္ခဲ႔ပါတယ္။ အဲ႔ဒီေမွာ္ေတာင္ေဝွးက ယေန႔ေခတ္ ေဆးပညာသေကၤတနဲ႔ တစ္ပံုစံတည္း ခၽြတ္စြပ္တူပါတယ္။ အဆိုပါ Caduceus ေမွာ္ေတာင္ေဝွးက အျငင္းပြားမႈေတြကို ရပ္တန္႔ေစၿပီး ရန္သူေတြကို ျပန္လည္သင္႔ျမတ္ေစႏိုင္တဲ႔ အစြမ္းရွိေသာ္လည္း ေဆးပညာနဲ႔ေတာ့ ဘာမွမသက္ဆိုင္ပါဘူး။ လြန္ခဲ႔ေသာႏွစ္ေပါင္းရာေက်ာ္တုန္းက ျဖစ္ေပၚခဲ႔တဲ့ အမွန္တရားတစ္ခုကေတာ့ အေမရိကန္စစ္တပ္ဆရာဝန္ေတြက Caduceus နဲ႔ Asclepius (ေတာင္ေဝွးမွာေျမြတစ္ေကာင္ရစ္ပတ္ထားေသာ လွံတံ) တို႔ကုိ ေရာေထြးေနခဲ႔ၾကပါတယ္။ Asclepius က ေရွးေခတ္ ဂရိဘာသာေရးနဲ႔ ဒ႑ာရီထဲမွာေတာ့ ေဆးဝါးနတ္ဘုရားနဲ႔ သူရဲေကာင္းတစ္ပါးျဖစ္ခဲ႔ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ယင္းသေကၤတကို အေျခခံယူၿပီး ယေန႔ေခတ္ ေဆးဘက္ဆိုင္ရာလွ်ိဳ႕ဝွက္ခ်က္မ်ားကို ကိုယ္စားျပဳဖို႔ ေဆးပညာဆုိင္ရာသေကၤတအျဖစ္ အသံုးျပဳခဲ႔ၾကပါတယ္။

Medical Symbol

Medical Symbol

(၄) “Power On” သေကၤတ

“Power” သို႔ “Power On” သေကၤတကို ဘယ္လွွ်ပ္စစ္ပစၥည္းေတြမွာမဆို ေတြ႔ျမင္ရပါတယ္။ ဒါေပမယ္႔ သူ႔ရဲ႕မူရင္းအဓိပၸါယ္ကိုေတာ့ လူအနည္းစုက ေသခ်ာမသိၾကပါဘူး။ ၁၉၄၀ ခုနစ္အေစာပိုင္းတုန္းက အင္ဂ်င္နီယာေတြက ခလုတ္ေတြကို ကိုယ္စားျပဳဖို႔အတြက္ Binary System ေတြကို အသံုးျပဳခဲ႔ၾကပါတယ္။ သူတုိ႔အသံုးျပဳခဲ႔ၾကတဲ့ Binary System ကေတာ့ (1)ဆိုရင္ ခလုတ္ဖြင္႔တာျဖစ္ၿပီး (0) ဆိုရင္ ခလုတ္ပိတ္တာမ်ဳိး ျဖစ္ပါတယ္။ ရာစုႏွစ္ေပါင္းမ်ားစြာၾကာလာတဲ႔အခါ (1) နဲ႔ (0) က “Power On” သေကၤတအျဖစ္ တျဖည္းျဖည္းေျပာင္းလဲပါတယ္။ (0) က စက္ဝုိင္းပံုျဖစ္လာၿပီး (1) က တုတ္ေခ်ာင္းေလး ျဖစ္လာပါတယ္။

Power On Symbol

Power On Symbol

(၅) ၿငိမ္းခ်မ္းျခင္းသေကၤတ

ၿငိမ္းခ်မ္းျခင္းသေကၤတကို Pacific လို႔ လူသိမ်ားၾကၿပီး ႏ်ဴးကလီးယားလက္နက္ေတြအသံုးျပဳမႈကို တားဆီးဆန္႔က်င္ဆႏၵျပတဲ႔ကာလ ၁၉၅၈ ခုနစ္အတြင္းမွာ တီထြင္ခဲ႔တာျဖစ္ပါတယ္။ ဒီအခ်က္ျပတဲ႔သေကၤတဟာ ႏ်ဴးကလီးယားလက္နက္တားဆီးဆန္႔က်င္ျခင္း “Nuclear Disarmament” ကို ကိုယ္စားျပဳတဲ့ N နဲ႔ D စာလံုးေတြကို ေပါင္းစပ္ထားတာ ျဖစ္ပါတယ္။ ဘယ္လုိေပါင္းစပ္ထားလဲဆိုတာကို ေအာက္ကပံုမွာ နားလည္ေအာင္ တစ္ခ်က္ၾကည္႔ၾကည္႔ပါ။

Peace Symbol

Peace Symbol

“N” က အလံႏွစ္ခုကို V ပုံစံ ေျပာင္းျပန္ျပတာျဖစ္ၿပီး “D” က အလံတစ္ဘက္ေထာင္ထားၿပီး တစ္ဘက္ခ်ထားတဲ႔ပံုစံမ်ဳိး ဖဲြ႔စည္းထားတာျဖစ္ပါတယ္။ အဲဒီႏွစ္ခုကုိ တစ္ထပ္တည္းဆင္႔လုိက္တဲ႔အခါ ၿငိမ္းခ်မ္းျခင္းသေကၤတ ပုံစံေပၚလာပါေတာ့တယ္။

ကဲ…ကိုယ္အသံုးျပဳေနတဲ႔ သေကၤတေတြရဲ႕ မူရင္းအဓိပၸါယ္ေတြက ဘာလဲဆိုတာ အခုေလာက္ဆိုရင္ ေသခ်ာ သိရွိသြားလိုက္ၿပီလို႔ ထင္ပါတယ္။ သေကၤတေတြကို အသံုးျပဳတဲ႔အခါ အဓိပၸါယ္သိၿပီး သံုးရတာနဲ႔ မသိဘဲသံုးရတဲ႔အခ်္ိန္တုန္းက ကြာျခားမႈေလးေတြရွိခဲ႔ရင္လည္း ျပန္လည္မွ်ေဝေပးခဲ႔ပါဦးေနာ္။

H.H(Akhayar)

www.akhayar.com

[Unicode]

ကျော်ကြားတဲ့ သင်္ကေတတွေရဲ့ နောက်ကွယ်က လူသိပ်မသိတဲ့ အဓိပ္ပါယ်များ

လူတွေဟာ ထောင်ပေါင်းများစွာသော သင်္ကေတတွေနဲ့ အမှတ်အသားတွေကို အကြောင်းအမျိုးမျိုးနဲ့ အသုံးပြုကြပါတယ်။ ကိုယ်ရဲ့ပြင်းထန်တဲ့ ခံစားချက်တွေကို စကားလုံးတွေနဲ့ ဖော်ပြဖို့ အဆင်မပြေတော့တဲ့အခါ သင်္ကေတတွေကို အသုံးပြုကြပါတယ်။ အဲဒီလို သင်္ကေတတွေကို အသုံးပြုနေကြသော်လည်း သင်္ကေတတွေရဲ့ မူရင်းဆိုလိုရင်း အဓိပ္ပါယ်သိတဲ့သူကတော့ ခပ်ရှားရှားပါ။ ဒါကြောင့်မို့ ဘယ်သင်္ကေတတွေကို ဘယ်လိုအဓိပ္ပါယ်ရှိလဲဆိုတာ လေ့လာမှတ်သားကြည့်ကြရအောင်။

(၁) Ampersand (“&”) သင်္ကေတ

Ampersand သင်္ကေတ (&) က အင်္ဂလိပ်စကားလုံးအရဆို “And” ကိုကိုယ်စားပြုပြီး လက်တင်အရဆို “et” ကို ကိုယ်စားပြုပါတယ်။ ဒီသင်္ကေတကို ပထမဦးဆုံးတီထွင်ခဲ့သူကတော့ ရှေးခေတ်ရောမမြို့က Tiro ဆိုသူ ဖြစ်ပါတယ်။ ဒီသင်္ကေတကို တီထွင်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ စာရေးတဲ့အခါ မြန်ဆန်ဖို့အတွက် ဖြစ်ပါတယ်။ Tiro က ဒီသင်္ကေတကို တီထွင်ခဲ့တဲ့အပြင် အတိုကောက်ရေးစနစ်ကိုလည်း တီထွင်ခဲ့ပါသေးတယ်။ သူတီထွင်ရေးသားခဲ့တဲ့ “Tironian Note” ဟာလည်း သူ့ခေတ်သူ့အခါတုန်းက နာမည်ကျော်ကြားပါတယ်။ နှစ်ပေါင်းများစွာကြာတဲ့အခါမှာ Ampersand သင်္ကေတက Europe နဲ့ America မှာ ပိုမိုထင်ရှား ကျော်ကြားလာခဲ့ပါတယ်။ ယနေ့ခေတ်အသုံးပြုနေတဲ့ Ampersand(“&”) ကတော့ အင်္ဂလိပ်စာလုံး “E” နဲ့ “T” ကိုပေါင်းစပ်ရာမှ တဖြည်းဖြည်းပြောင်းလဲလာတဲ့ သင်္ကေတဖြစ်ပါတယ်။

Ampersand

Ampersand

(၂) Bluetooth သင်္ကေတ

အေဒီဆယ်စုနှစ်လောက်တုန်းက ဒိန်းမတ်နဲ့ နော်ဝေးနိုင်ငံကို ဒိန်းမတ်ဘုရင် Harald Blatand က အုပ်ချုပ်ပါတယ်။ အဆိုပါ ဒိန်းမတ်ဘုရင် Harald က ဘလူးဘယ်ရီကို လွန်စွာကြိုက်နှစ်သက်တဲ့အချိန်ကစပြီး ထိုအသီးကို Bluetooth လို့ခေါ်ခဲ့ပါတယ်။ ဘလူးဘယ်ရီသီးကို စားတဲ့အခါတိုင်းမှာလည်း ဘုရင်ရဲ့သွားမှာ အပြာရောင်တွေ စွန်းထင်လေ့ရှိပါတယ်။ Bluetooth နည်းပညာကို Network တစ်ခုတည်းမှ Device အများကြီး ပေါင်းစုနိုင်အောင် ဒီဇိုင်းပြုလုပ်ထားပါတယ်။ ဒီသင်္ကေတက နည်းပညာကို ကိုယ်စားပြုတဲ့ Scandinavian ကျောက်စာနှစ်ခုဖြစ်တဲ့ “Hagall” (သို့) “Hagalaz” ရဲ့လက်တင် Analogue H နဲ့ “Bjarkan” လို့ခေါ်တဲ့ လက်တင်စကားလုံး “B” တို့ကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ ဒီကျောက်စာအစစာလုံးတွေက Harald Blatand ရဲ့နာမည်အတိုကောက်တွေလည်း ဖြစ်ပါသေးတယ်။ Bluetooth Device ရဲ့ ပထမမျိုးဆက် အပြာရောင်ဖြစ်နေရခြင်းက ဘုရင်သွားမှာပေတဲ့ အပြာရောင်နဲ့ ဆင်တူအောင် ပြုလုပ်ထားခြင်းကြောင့် ဖြစ်ပါတယ်။

Bluetooth Symbol

Bluetooth Symbol

(၃) ဆေးဘက်ဆိုင်ရာသင်္ကေတ

တောင်ဝှေးမှာအတောင်ပံနဲ့ မြွေနှစ်ကောင်လိမ်ယှက်နေတဲ့ပုံစံရှိတဲ့ သင်္ကေတကို ဆေးဘက်ဆိုင်ရာသင်္ကေတလို့ လူတွေမှားယွင်းပြီး သိမြင်ရာကနေ အဲဒီအမှားသင်္ကေတကို ဆက်လက်မွေးစားလိုက်ရာကနေ ဆေးဘက်ဆိုင်ရာသင်္ကေတ ဖြစ်လာပါတယ်။ ဒါပေမယ့် လူတော်တော်များများက ဆေးဘက်ဆိုင်ရာသင်္ကေတအမှန်ကို မသိကြပါဘူး။ ဒဏ္ဍာရီတွေအရတော့ ဂရိနတ်ဘုရား Hermes မှာ Caduceus လို့ခေါ်တဲ့ မှော်တောင်ဝှေးတစ်ချောင်း ပိုင်ဆိုင်ခဲ့ပါတယ်။ အဲ့ဒီမှော်တောင်ဝှေးက ယနေ့ခေတ် ဆေးပညာသင်္ကေတနဲ့ တစ်ပုံစံတည်း ချွတ်စွပ်တူပါတယ်။ အဆိုပါ Caduceus မှော်တောင်ဝှေးက အငြင်းပွားမှုတွေကို ရပ်တန့်စေပြီး ရန်သူတွေကို ပြန်လည်သင့်မြတ်စေနိုင်တဲ့ အစွမ်းရှိသော်လည်း ဆေးပညာနဲ့တော့ ဘာမှမသက်ဆိုင်ပါဘူး။ လွန်ခဲ့သောနှစ်ပေါင်းရာကျော်တုန်းက ဖြစ်ပေါ်ခဲ့တဲ့ အမှန်တရားတစ်ခုကတော့ အမေရိကန်စစ်တပ်ဆရာဝန်တွေက Caduceus နဲ့ Asclepius (တောင်ဝှေးမှာမြွေတစ်ကောင်ရစ်ပတ်ထားသော လှံတံ) တို့ကို ရောထွေးနေခဲ့ကြပါတယ်။ Asclepius က ရှေးခေတ် ဂရိဘာသာရေးနဲ့ ဒဏ္ဍာရီထဲမှာတော့ ဆေးဝါးနတ်ဘုရားနဲ့ သူရဲကောင်းတစ်ပါးဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ယင်းသင်္ကေတကို အခြေခံယူပြီး ယနေ့ခေတ် ဆေးဘက်ဆိုင်ရာလျှို့ဝှက်ချက်များကို ကိုယ်စားပြုဖို့ ဆေးပညာဆိုင်ရာသင်္ကေတအဖြစ် အသုံးပြုခဲ့ကြပါတယ်။

Medical Symbol

Medical Symbol

(၄) “Power On” သင်္ကေတ

“Power” သို့ “Power On” သင်္ကေတကို ဘယ်လျှပ်စစ်ပစ္စည်းတွေမှာမဆို တွေ့မြင်ရပါတယ်။ ဒါပေမယ့် သူ့ရဲ့မူရင်းအဓိပ္ပါယ်ကိုတော့ လူအနည်းစုက သေချာမသိကြပါဘူး။ ၁၉၄၀ ခုနစ်အစောပိုင်းတုန်းက အင်ဂျင်နီယာတွေက ခလုတ်တွေကို ကိုယ်စားပြုဖို့အတွက် Binary System တွေကို အသုံးပြုခဲ့ကြပါတယ်။ သူတို့အသုံးပြုခဲ့ကြတဲ့ Binary System ကတော့ (1)ဆိုရင် ခလုတ်ဖွင့်တာဖြစ်ပြီး (0) ဆိုရင် ခလုတ်ပိတ်တာမျိုး ဖြစ်ပါတယ်။ ရာစုနှစ်ပေါင်းများစွာကြာလာတဲ့အခါ (1) နဲ့ (0) က “Power On” သင်္ကေတအဖြစ် တဖြည်းဖြည်းပြောင်းလဲပါတယ်။ (0) က စက်ဝိုင်းပုံဖြစ်လာပြီး (1) က တုတ်ချောင်းလေး ဖြစ်လာပါတယ်။

Power On Symbol

Power On Symbol

(၅) ငြိမ်းချမ်းခြင်းသင်္ကေတ

ငြိမ်းချမ်းခြင်းသင်္ကေတကို Pacific လို့ လူသိများကြပြီး နျူးကလီးယားလက်နက်တွေအသုံးပြုမှုကို တားဆီးဆန့်ကျင်ဆန္ဒပြတဲ့ကာလ ၁၉၅၈ ခုနစ်အတွင်းမှာ တီထွင်ခဲ့တာဖြစ်ပါတယ်။ ဒီအချက်ပြတဲ့သင်္ကေတဟာ နျူးကလီးယားလက်နက်တားဆီးဆန့်ကျင်ခြင်း “Nuclear Disarmament” ကို ကိုယ်စားပြုတဲ့ N နဲ့ D စာလုံးတွေကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ ဘယ်လိုပေါင်းစပ်ထားလဲဆိုတာကို အောက်ကပုံမှာ နားလည်အောင် တစ်ချက်ကြည့်ကြည့်ပါ။

Peace Symbol

Peace Symbol

“N” က အလံနှစ်ခုကို V ပုံစံ ပြောင်းပြန်ပြတာဖြစ်ပြီး “D” က အလံတစ်ဘက်ထောင်ထားပြီး တစ်ဘက်ချထားတဲ့ပုံစံမျိုး ဖွဲ့စည်းထားတာဖြစ်ပါတယ်။ အဲဒီနှစ်ခုကို တစ်ထပ်တည်းဆင့်လိုက်တဲ့အခါ ငြိမ်းချမ်းခြင်းသင်္ကေတ ပုံစံပေါ်လာပါတော့တယ်။

ကဲ…ကိုယ်အသုံးပြုနေတဲ့ သင်္ကေတတွေရဲ့ မူရင်းအဓိပ္ပါယ်တွေက ဘာလဲဆိုတာ အခုလောက်ဆိုရင် သေချာ သိရှိသွားလိုက်ပြီလို့ ထင်ပါတယ်။ သင်္ကေတတွေကို အသုံးပြုတဲ့အခါ အဓိပ္ပါယ်သိပြီး သုံးရတာနဲ့ မသိဘဲသုံးရတဲ့အချိန်တုန်းက ကွာခြားမှုလေးတွေရှိခဲ့ရင်လည်း ပြန်လည်မျှဝေပေးခဲ့ပါဦးနော်။

H.H(Akhayar)

www.akhayar.com