This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ေဒးဗစ္ဘက္ခမ္ David Beckham ရဲ႕ လက္ေရြးစင္ သြင္းဂုိးကုိ အမီလုိက္ဖုိ႔ ပစ္မွတ္ထားေနတဲ့ ၀ဲလ္ဘတ္ Welbeck

အဂၤလန္အသင္းတိုက္စစ္မွဴး ဒန္နီ၀ဲလ္ဘတ္ Danny Welbeck ဟာ အဂၤလန္ဂႏၱ၀င္ ကြင္းလယ္လူျဖစ္တဲ့ ေဒးဗစ္ဘက္ခမ္ David Beckham ရဲ႕ လက္ေရြးစင္သြင္းဂုိးအေရအတြက္ကုိ အမီလုိက္ႏုိင္ဖုိ႔ ပစ္မွတ္ထားေနပါတယ္။ အဂၤလန္အသင္းအတြက္ ၁၉၉၆ ကေန ၂၀၀၉ ခုႏွစ္အထိ ကစားခဲ့တဲ့ ေဒးဗစ္ဘက္ခမ္ဟာ လက္ေရြးစင္ကစားသမား (၁၃)ႏွစ္တာကာလအတြင္း (၁၁၅)ပဲြကစား (၁၇)ဂုိးသြင္းခဲ့ၿပီး ရြန္နီ Rooney ၿပီးရင္ Outfield Players (ဂုိးသမားမွ လြဲ၍ က်န္သည့္ကစားသမားမ်ားကုိဆုိလုိ)ထဲမွာ ပဲြအမ်ားဆုံးကစားခဲ့သူအျဖစ္ မွတ္တမ္း၀င္ခဲ့တယ္။

Welbeck-and-England-Team-mates-Celebrate

Welbeck-and-England-Team-mates-Celebrate

ၿပီးခဲ့တဲ့ၾကာသပေတးေန႔က ေကာ္စတာရီကာနဲ႔ပဲြမွာ အဂၤလန္အသငး္အတြက္ ဒုတိယဂုိးသြင္းယူခဲ့တဲ့ ၀ဲလ္ဘတ္ဟာ အခုဆုိရင္ လက္ေရြးစင္ကစားသမားဘ၀ (၁၆)ဂုိးအထိ သြင္းယူထားၿပီး ဘက္ခမ္ရဲ႕ သြင္းဂုိးအေရအတြက္ကုိ မီဖုိ႔ တစ္ဂုိးသာ လုိပါေတာ့တယ္။ ၀ဲလ္ဘတ္က”ဘက္ခမ္ရဲ႕ ေရႊေရာင္ကာလေတြကုိ ပရိသတ္ေတြ အားလုံး ၾကည့္႐ႈခဲ့ရမွာပါ။ အခုဆုိ သူ႔ရဲ႕သြင္းဂုိးမွတ္တမ္းကုိ မီဖုိ႔ ကၽြန္ေတာ္ တစ္ဂုိးသာလုိပါေတာ့တယ္။ အဂၤလန္အသင္းအတြက္ ပဲြေတြအမ်ားႀကီး ဆက္လက္ပါ၀င္ကစားခ်င္သလုိ၊ ေနာက္ထပ္ဂုိးေတြလည္း သြင္းယူလုိပါတယ္”လုိ႔ ဆုိခဲ့တယ္။ အသက္(၂၇)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ အာဆင္နယ္တိုက္စစ္မွဴး ၀ဲလ္ဘတ္ဟာ ၂၀၁၁ ခုႏွစ္က အဂၤလန္အသင္းမွာ စတင္ေရြးခ်ယ္ခံခဲ့ရၿပီး အခုလက္ရွိအခ်ိန္အထိ (၃၉)ပဲြကစားထားသူပါ။

အဂၤလန္အသင္းအတြက္ ဂုိးအမ်ားဆုံးသြင္းထားသူမ်ား

1 Wayne Rooney- 2003–2016 -53 Goals
2 Bobby Charlton- 1958–1970- 49 Goals
3 Gary Lineker -1984–1992- 48 Goals
4 Jimmy Greaves- 1959–1967- 44 Goals
5 Michael Owen- 1998–2008- 40 Goals
6 Nat Lofthouse -1950–1958 -30 Goals
Alan Shearer -1992–2000 -30 Goals
Tom Finney -1946–1958 -30 Goals
9 Vivian Woodward -1903–1911 -29 Goals
Frank Lampard -1999–2014 -29 Goals
11 Steve Bloomer- 1895–1907 -28 Goals
12 David Platt 1989–1996 27 Goals
13 Bryan Robson -1981–1991- 26 Goals
14 Geoff Hurst -1965–1972 -24 Goals
15 Stan Mortensen -1947–1953 -23 Goals
16 Tommy Lawton -1938–1948 -22 Goals
Peter Crouch- 2005–2010- 22 Goals
18 Mick Channon- 1972–1977 – 21 Goals
Kevin Keegan- 1972–1982 -21 Goals
Steven Gerrard -2000–2014- 21 Goals

REF:Goal.com
Photo: Sky Sports,Metro,Football- Wallpapers
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဒေးဗစ်ဘက်ခမ် David Beckham ရဲ့ လက်ရွေးစင် သွင်းဂိုးကို အမီလိုက်ဖို့ ပစ်မှတ်ထားနေတဲ့ ဝဲလ်ဘတ် Welbeck

အင်္ဂလန်အသင်းတိုက်စစ်မှူး ဒန်နီဝဲလ်ဘတ် Danny Welbeck ဟာ အင်္ဂလန်ဂန္တဝင် ကွင်းလယ်လူဖြစ်တဲ့ ဒေးဗစ်ဘက်ခမ် David Beckham ရဲ့ လက်ရွေးစင်သွင်းဂိုးအရေအတွက်ကို အမီလိုက်နိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ အင်္ဂလန်အသင်းအတွက် ၁၉၉၆ ကနေ ၂၀၀၉ ခုနှစ်အထိ ကစားခဲ့တဲ့ ဒေးဗစ်ဘက်ခမ်ဟာ လက်ရွေးစင်ကစားသမား (၁၃)နှစ်တာကာလအတွင်း (၁၁၅)ပွဲကစား (၁၇)ဂိုးသွင်းခဲ့ပြီး ရွန်နီ Rooney ပြီးရင် Outfield Players (ဂိုးသမားမှ လွဲ၍ ကျန်သည့်ကစားသမားများကိုဆိုလို)ထဲမှာ ပွဲအများဆုံးကစားခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။

Welbeck-and-England-Team-mates-Celebrate

Welbeck-and-England-Team-mates-Celebrate

ပြီးခဲ့တဲ့ကြာသပတေးနေ့က ကော်စတာရီကာနဲ့ပွဲမှာ အင်္ဂလန်အသင်းအတွက် ဒုတိယဂိုးသွင်းယူခဲ့တဲ့ ဝဲလ်ဘတ်ဟာ အခုဆိုရင် လက်ရွေးစင်ကစားသမားဘ၀ (၁၆)ဂိုးအထိ သွင်းယူထားပြီး ဘက်ခမ်ရဲ့ သွင်းဂိုးအရေအတွက်ကို မီဖို့ တစ်ဂိုးသာ လိုပါတော့တယ်။ ဝဲလ်ဘတ်က”ဘက်ခမ်ရဲ့ ရွှေရောင်ကာလတွေကို ပရိသတ်တွေ အားလုံး ကြည့်ရှုခဲ့ရမှာပါ။ အခုဆို သူ့ရဲ့သွင်းဂိုးမှတ်တမ်းကို မီဖို့ ကျွန်တော် တစ်ဂိုးသာလိုပါတော့တယ်။ အင်္ဂလန်အသင်းအတွက် ပွဲတွေအများကြီး ဆက်လက်ပါဝင်ကစားချင်သလို၊ နောက်ထပ်ဂိုးတွေလည်း သွင်းယူလိုပါတယ်”လို့ ဆိုခဲ့တယ်။ အသက်(၂၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အာဆင်နယ်တိုက်စစ်မှူး ဝဲလ်ဘတ်ဟာ ၂၀၁၁ ခုနှစ်က အင်္ဂလန်အသင်းမှာ စတင်ရွေးချယ်ခံခဲ့ရပြီး အခုလက်ရှိအချိန်အထိ (၃၉)ပွဲကစားထားသူပါ။

အင်္ဂလန်အသင်းအတွက် ဂိုးအများဆုံးသွင်းထားသူများ
1 Wayne Rooney- 2003–2016 -53 Goals
2 Bobby Charlton- 1958–1970- 49 Goals
3 Gary Lineker -1984–1992- 48 Goals
4 Jimmy Greaves- 1959–1967- 44 Goals
5 Michael Owen- 1998–2008- 40 Goals
6 Nat Lofthouse -1950–1958 -30 Goals
Alan Shearer -1992–2000 -30 Goals
Tom Finney -1946–1958 -30 Goals
9 Vivian Woodward -1903–1911 -29 Goals
Frank Lampard -1999–2014 -29 Goals
11 Steve Bloomer- 1895–1907 -28 Goals
12 David Platt 1989–1996 27 Goals
13 Bryan Robson -1981–1991- 26 Goals
14 Geoff Hurst -1965–1972 -24 Goals
15 Stan Mortensen -1947–1953 -23 Goals
16 Tommy Lawton -1938–1948 -22 Goals
Peter Crouch- 2005–2010- 22 Goals
18 Mick Channon- 1972–1977 – 21 Goals
Kevin Keegan- 1972–1982 -21 Goals
Steven Gerrard -2000–2014- 21 Goals

REF:Goal.com
Photo: Sky Sports,Metro,Football- Wallpapers
Naing Linn(Akhayar)
www.akhayar.com