[Zawgyi]

ကမာၻတလႊားက ထူးျခားဆန္းျပား ရိုးရာဓေလ့မ်ား

ကမာၻေပၚက ေနရာအႏွ႔ံအျပား၊ ႏုိင္ငံေတြေပၚမူတည္ျပီး မတူညီတဲ့ ရိုးရာဓေလ့ေတြ ရွိတတ္ၾကတာ ထူးဆန္းတဲ့အရာတစ္ခုေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ ဒီလို ရုိးရာဓေလ့ေတြထဲကမွ ပိုထူးျခားတဲ့ တစ္ေက်ာင္းတစ္ဂါထာ၊ တစ္ရြာတစ္ပုဒ္ဆန္း ဓေလ့ေလးေတြကုိ ေျပာျပရမယ္ဆုိရင္ျဖင့္..

အမ်ိဳးသမီးေတြရဲ႕ တင္ပါးကို က်ာပြတ္နဲ႔ ရိုက္ျခငး္

ဒီဟာကေတာ့ Czech Republic ႏုိင္ငံရဲ႕ ထံုးစံျဖစ္ျပီး Easter Monday လိုေန႔မ်ိဳးမွာ အမ်ိဳးသားေတြဟာ တန္ဆာဆင္ထားတဲ့ သစ္သားၾကိမ္လံုးေလးေတြ၊ က်ာပြတ္ေလးေတြနဲ႔ တစ္အိမ္တက္ဆင္းလိုက္သြားျပီး အမ်ိဳးသမီးေတြရဲ႕ တင္ပါးကို ခပ္ဖြဖြရိုက္တာမ်ိဳးပါ။ ဒီလိုလုပ္တာဟာ သူတုိ႔ဆီမွာေတာ့ အမ်ိဳးသမီးေတြရဲ႕ သေႏၶေအာင္ႏႈန္းကို ျပည့္လွ်ံေစတယ္လို႔ အယူရွိလို႔လည္း ျဖစ္ပါတယ္။

ခရမး္ခ်ဥ္သီးပစ္ေပါက္ပြဲေတာ္

ဒါကေတာ့ စပိန္ႏုိင္ငံက ျမိဳ႕တစ္ျမိဳ႕ျဖစ္တဲ့ Bunol ျမိဳ႕မွာ က်င္းပတာ ျဖစ္ျပီး ကမာၻ႔အၾကီးဆံုး အစားအေသာက္နဲ႔ တုိက္ခုိက္တဲ့ ပြဲေတာ္ေတြထဲက တစ္ခုျဖစ္ပါတယ္။  ဒီပြဲေတာ္ကို La Tomatina လို႔ ေခၚျပီး ၾသဂုတ္လေလာက္မွာ က်ငး္ပၾကကာ ျမိဳ႕ေနလူထုဟာ တစ္ေယာက္ကိုတစ္ေယာက္ ခရမး္ခ်ဥ္သီးေတြနဲ႔ ပစ္ေပါက္ေဆာ့ကစားၾကပါတယ္။

လူလြတ္ေတြကို သစ္ၾကံပိုးမႈန္႔နဲ႔ ျဖန္းပက္ျခင္း

ဒိန္းမတ္ႏုိင္ငံမွာေတာ့ လူေတြဟာ လူပ်ိဳလူလြတ္ေတြကို သစ္ၾကံပုိးပင္က ရတဲ့ အမႈန္႔နဲ႔ ျဖန္းပက္ၾကပါတယ္။ ခုထိ Single လည္း ျဖစ္ေနဦးမယ္၊ အသက္လည္း ၃၀ ျပည့္ေနျပီဆုိရင္ေတာ့ ဒိန္းမတ္ႏုိင္ငံမွာဆုိရင္ သစ္ၾကံပိုးအမႈန္႔ေတြနဲ႔ ပက္ခံရမွာအမွန္ပါပဲ။

ဖိနပ္ပစ္ကစားနည္း

ဒါကလည္း ခပ္ဆန္းဆနး္ၾကီးပါပဲ၊ ဖင္လန္ႏုိင္ငံမွာဆုိရင္ေတာ့ ဒါဟာ ေၾကာင္ေတာင္ေတာင္အႏုိင္ဆံုးကစားနည္းျဖစ္ျပီး ဖိနပ္ကို လႊဲပစ္ျပီး ကစားၾကတာ ျဖစ္ပါတယ္။

ေသသူရဲ႕ ျပာမႈန္႔ကို စားသံုးျခင္း

ဒါကေတာ့ ဘရာဇီးႏုိ္င္ငံက Yonamamo မ်ိဳးႏြယ္စုေတြရဲ႕ ဓေလ့ျဖစ္ပါတယ္။ တကယ္လို႔ ကိုယ့္မိသားစုက ခ်စ္တဲ့သူတစ္ေယာက္ေယာက္ေသဆံုးသြားရင္ က်န္ရစ္သူမိသားစုက အဲ့ဒီလူရဲ႕ ခႏၶာကိုယ္ကို စားသံုးရပါတယ္တဲ့။ ဒါေပမယ့္လူသားစားသလို လွီးျဖတ္စားသံုးတာမဟုတ္ဘဲ ေသသူရဲ႕ အရိုးျပာကို စားသံုးၾကတာ ျဖစ္ပါတယ္။

ေလယာဥ္ဆင္းသက္တဲ့အခါ လက္ခုပ္တီးအားေပးၾကျခင္း

ဒါကေတာ့ ဘယ္ႏိုင္ငံက စတဲ့အယူအဆလဲဆိုတာ ေျပာဖို႔ ခက္ခဲပါတယ္။ ဒါေပမယ့္ ပိုလန္ႏုိင္ငံမွာေတာ့ ေလယာဥ္ေျမျပင္ေပၚကို ေအာင္ေအာင္ျမင္ျမင္ဆင္းသက္ႏုိင္တဲ့အခါၾကရင္ လက္ခုပ္တီးအားေပးေလ့ရွိပါတယ္။

ကိတ္မုန္႔ထဲ မ်က္ႏွာႏွစ္ျခင္း

ဒါကေတာ့ မကၠဆီကိုမွာ လုပ္တဲ့ အေလ့အထပါ။ ေမြးေန႔ရွင္ဟာ ကိတ္မုန္႔ကို ပထမဆံုးကိုက္ရပါတယ္။ ကိတ္မုန္႔ကို ကိုက္စားဖို႔ ဒူးေကြးလိုက္တာနဲ႔ ေခါင္းကို ကိတ္မုန္႔ထဲ ဆြဲႏွစ္တာမ်ိဳးပါ။ ဒါမ်ိဳးလုပ္မယ္ဆုိတာနဲ႔ သိရက္နဲ႔ ဒီလို ကိုက္စားျပရတာလည္း ထူးျခားဆန္းၾကယ္ပါတယ္။ တကယ္ေတာ့ ဒီအေလ့အထဟာ မကၠဆီကိုမွာတင္မဟုတ္ဘဲ ေဆးထိုးတတ္တဲ့ ဘယ္ေနရာမွာမဆို လုပ္တတ္တဲ့အက်င့္ဆုိ ပိုမွန္ပါလိမ့္မယ္။

ခရီးမသြားခင္ မိသားစုအားလံုးနဲ႔ တူတူ ေတြ႔ျခင္း

ဒါကေတာ့ ရုရွားလူမ်ိဳးေတြရဲ႕ အယူအဆျဖစ္ျပီး ခရီးတစ္ခုမထြက္ခြာခင္မွာ မိသားစုစံုညီေတြ႔ေလ့ရွိပါတယ္တဲ့။ ဘယ္ေလာက္ပဲ ခရီးသြားရမယ့္အခ်ိန္နီးကပ္ေနပါေစ၊ ဒီလို မလုပ္ရင္ ကံဆုိးတတ္တယ္လို႔ အယူရွိပါတယ္။ ေသခ်ာစဥ္းစားၾကည့္ရင္လည္း ဒီလို လုပ္တာဟာ ေကာင္းပါတယ္၊ ခရီးမွာ မေတာ္တဆျဖစ္ခဲ့သည္ရွိေသာ္ တစ္စံုတစ္ခု မျဖစ္ခင္ လူစံုေတြ႔ရတာေပါ့။

မိန္းမကုိသယ္ျပီး ေျပးတဲ့ ျပိဳင္ပြဲမ်ား

ဒါကေတာ့ အေတာ္မ်ားမ်ားလည္း သိျပီးသားျဖစ္မွာပါ၊ ဖင္လန္ႏုိင္ငံမွာ ကိုယ့္မိန္းမကိုယ္ သယ္ျပီး ေျပးရတဲ့ ျပိဳင္ပြဲေတြရွိပါတယ္။ ဒီအားကစားဟာ ၁၉ ရာစုတည္းက စတင္ခဲ့တယ္လို႔ ဆုိပါတယ္။

ဒီလို ကမာၻတစ္လႊားက ထူးျခားဓေလ့ေတြ ရွိသလိုပဲ ျမန္မာႏုိင္ငံက ထူးထူးျခားျခား ဓေလ့ရုိးရာေတြ ရွိရင္ မွ်ေဝေပးခဲ့ပါဦး အခရာပရိသတ္ၾကီး။

Yoe Lu (Akhayar)

www.akhayar.com

Source : lolwot.com
[Unicode]

ကမ္ဘာတလွှားက ထူးခြားဆန်းပြား ရိုးရာဓလေ့များ

ကမ္ဘာပေါ်က နေရာအနှံ့အပြား၊ နိုင်ငံတွေပေါ်မူတည်ပြီး မတူညီတဲ့ ရိုးရာဓလေ့တွေ ရှိတတ်ကြတာ ထူးဆန်းတဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလို ရိုးရာဓလေ့တွေထဲကမှ ပိုထူးခြားတဲ့ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း ဓလေ့လေးတွေကို ပြောပြရမယ်ဆိုရင်ဖြင့်..

အမျိုးသမီးတွေရဲ့ တင်ပါးကို ကျာပွတ်နဲ့ ရိုက်ခြင်း

ဒီဟာကတော့ Czech Republic နိုင်ငံရဲ့ ထုံးစံဖြစ်ပြီး Easter Monday လိုနေ့မျိုးမှာ အမျိုးသားတွေဟာ တန်ဆာဆင်ထားတဲ့ သစ်သားကြိမ်လုံးလေးတွေ၊ ကျာပွတ်လေးတွေနဲ့ တစ်အိမ်တက်ဆင်းလိုက်သွားပြီး အမျိုးသမီးတွေရဲ့ တင်ပါးကို ခပ်ဖွဖွရိုက်တာမျိုးပါ။ ဒီလိုလုပ်တာဟာ သူတို့ဆီမှာတော့ အမျိုးသမီးတွေရဲ့ သန္ဓေအောင်နှုန်းကို ပြည့်လျှံစေတယ်လို့ အယူရှိလို့လည်း ဖြစ်ပါတယ်။

ခရမ်းချဉ်သီးပစ်ပေါက်ပွဲတော်

ဒါကတော့ စပိန်နိုင်ငံက မြို့တစ်မြို့ဖြစ်တဲ့ Bunol မြို့မှာ ကျင်းပတာ ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး အစားအသောက်နဲ့ တိုက်ခိုက်တဲ့ ပွဲတော်တွေထဲက တစ်ခုဖြစ်ပါတယ်။  ဒီပွဲတော်ကို La Tomatina လို့ ခေါ်ပြီး သြဂုတ်လလောက်မှာ ကျင်းပကြကာ မြို့နေလူထုဟာ တစ်ယောက်ကိုတစ်ယောက် ခရမ်းချဉ်သီးတွေနဲ့ ပစ်ပေါက်ဆော့ကစားကြပါတယ်။

လူလွတ်တွေကို သစ်ကြံပိုးမှုန့်နဲ့ ဖြန်းပက်ခြင်း

ဒိန်းမတ်နိုင်ငံမှာတော့ လူတွေဟာ လူပျိုလူလွတ်တွေကို သစ်ကြံပိုးပင်က ရတဲ့ အမှုန့်နဲ့ ဖြန်းပက်ကြပါတယ်။ ခုထိ Single လည်း ဖြစ်နေဦးမယ်၊ အသက်လည်း ၃၀ ပြည့်နေပြီဆိုရင်တော့ ဒိန်းမတ်နိုင်ငံမှာဆိုရင် သစ်ကြံပိုးအမှုန့်တွေနဲ့ ပက်ခံရမှာအမှန်ပါပဲ။

ဖိနပ်ပစ်ကစားနည်း

ဒါကလည်း ခပ်ဆန်းဆန်းကြီးပါပဲ၊ ဖင်လန်နိုင်ငံမှာဆိုရင်တော့ ဒါဟာ ကြောင်တောင်တောင်အနိုင်ဆုံးကစားနည်းဖြစ်ပြီး ဖိနပ်ကို လွှဲပစ်ပြီး ကစားကြတာ ဖြစ်ပါတယ်။

သေသူရဲ့ ပြာမှုန့်ကို စားသုံးခြင်း

ဒါကတော့ ဘရာဇီးနိုင်ငံက Yonamamo မျိုးနွယ်စုတွေရဲ့ ဓလေ့ဖြစ်ပါတယ်။ တကယ်လို့ ကိုယ့်မိသားစုက ချစ်တဲ့သူတစ်ယောက်ယောက်သေဆုံးသွားရင် ကျန်ရစ်သူမိသားစုက အဲ့ဒီလူရဲ့ ခန္ဓာကိုယ်ကို စားသုံးရပါတယ်တဲ့။ ဒါပေမယ့်လူသားစားသလို လှီးဖြတ်စားသုံးတာမဟုတ်ဘဲ သေသူရဲ့ အရိုးပြာကို စားသုံးကြတာ ဖြစ်ပါတယ်။

လေယာဉ်ဆင်းသက်တဲ့အခါ လက်ခုပ်တီးအားပေးကြခြင်း

ဒါကတော့ ဘယ်နိုင်ငံက စတဲ့အယူအဆလဲဆိုတာ ပြောဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် ပိုလန်နိုင်ငံမှာတော့ လေယာဉ်မြေပြင်ပေါ်ကို အောင်အောင်မြင်မြင်ဆင်းသက်နိုင်တဲ့အခါကြရင် လက်ခုပ်တီးအားပေးလေ့ရှိပါတယ်။

ကိတ်မုန့်ထဲ မျက်နှာနှစ်ခြင်း

ဒါကတော့ မက္ကဆီကိုမှာ လုပ်တဲ့ အလေ့အထပါ။ မွေးနေ့ရှင်ဟာ ကိတ်မုန့်ကို ပထမဆုံးကိုက်ရပါတယ်။ ကိတ်မုန့်ကို ကိုက်စားဖို့ ဒူးကွေးလိုက်တာနဲ့ ခေါင်းကို ကိတ်မုန့်ထဲ ဆွဲနှစ်တာမျိုးပါ။ ဒါမျိုးလုပ်မယ်ဆိုတာနဲ့ သိရက်နဲ့ ဒီလို ကိုက်စားပြရတာလည်း ထူးခြားဆန်းကြယ်ပါတယ်။ တကယ်တော့ ဒီအလေ့အထဟာ မက္ကဆီကိုမှာတင်မဟုတ်ဘဲ ဆေးထိုးတတ်တဲ့ ဘယ်နေရာမှာမဆို လုပ်တတ်တဲ့အကျင့်ဆို ပိုမှန်ပါလိမ့်မယ်။

ခရီးမသွားခင် မိသားစုအားလုံးနဲ့ တူတူ တွေ့ခြင်း

ဒါကတော့ ရုရှားလူမျိုးတွေရဲ့ အယူအဆဖြစ်ပြီး ခရီးတစ်ခုမထွက်ခွာခင်မှာ မိသားစုစုံညီတွေ့လေ့ရှိပါတယ်တဲ့။ ဘယ်လောက်ပဲ ခရီးသွားရမယ့်အချိန်နီးကပ်နေပါစေ၊ ဒီလို မလုပ်ရင် ကံဆိုးတတ်တယ်လို့ အယူရှိပါတယ်။ သေချာစဉ်းစားကြည့်ရင်လည်း ဒီလို လုပ်တာဟာ ကောင်းပါတယ်၊ ခရီးမှာ မတော်တဆဖြစ်ခဲ့သည်ရှိသော် တစ်စုံတစ်ခု မဖြစ်ခင် လူစုံတွေ့ရတာပေါ့။

မိန်းမကိုသယ်ပြီး ပြေးတဲ့ ပြိုင်ပွဲများ

ဒါကတော့ အတော်များများလည်း သိပြီးသားဖြစ်မှာပါ၊ ဖင်လန်နိုင်ငံမှာ ကိုယ့်မိန်းမကိုယ် သယ်ပြီး ပြေးရတဲ့ ပြိုင်ပွဲတွေရှိပါတယ်။ ဒီအားကစားဟာ ၁၉ ရာစုတည်းက စတင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို ကမ္ဘာတစ်လွှားက ထူးခြားဓလေ့တွေ ရှိသလိုပဲ မြန်မာနိုင်ငံက ထူးထူးခြားခြား ဓလေ့ရိုးရာတွေ ရှိရင် မျှဝေပေးခဲ့ပါဦး အခရာပရိသတ်ကြီး။

Yoe Lu (Akhayar)

www.akhayar.com

Source : lolwot.com