[Zawgyi]

ေဘာလုံးေလာကမွာ အယူသီးတဲ့ ထူးထူးဆန္းဆန္း လုပ္ရပ္မ်ား (၂)

ေဘာလုံးေလာကမွာ အယူသီးတဲ့ ထူးထူးဆန္းဆန္းလုပ္ရပ္ အပုိင္း(၁)ၿပီးေတာ့ အခု အပုိင္း(၂)ကုိ ဆက္လက္ ေဖာ္ျပလုိက္ပါတယ္ . . .

အတြင္းခံကုိ ေျပာင္းျပန္၀တ္တဲ့ မူတူး Mutu

Adrian-Mutu

Adrian-Mutu

ကစားသမားဘ၀မွာ ျပႆေပါင္းေသာင္းေျခာက္ေထာင္နဲ႔ နာမည္ႀကီးခဲ့တဲ့ ႐ုိေမးနီးယား တိုက္စစ္မွဴးႀကီး အက္ဒရီယန္မူတူး Adrian Mutu ကုိ ပရိသတ္ေတြ မွတ္မိၾကဦးမွာပါ။ သူ႔မွာလည္း ထူးထူးျခားျခား ယုံၾကည္မႈ တစ္ခုရွိခဲ့ပါတယ္။ အဲဒါကေတာ့ အတြင္းခံေဘာင္းဘီကုိ ေျပာင္းျပန္၀တ္ရင္ ကံေကာင္းတယ္ဆုိတာပါပဲ။ ေဘာလုံးသမားေတြအေနနဲ႔ ကုိယ္သေဘာက်တဲ့ ဖိနပ္ပုံစံ အမ်ိဳးမ်ိဳးကုိ ၀တ္ဆင္ကစားေလ့ရွိေပမယ့္ မူတူးလုိ အတြင္းခံေဘာင္းဘီ ေျပာင္းျပန္၀တ္တာမ်ိဳးကေတာ့ တကယ့္ကုိ ဟာသပါပဲ။

ကစားသမားေရြးခ်ယ္ရင္ ဇာတာခြင္အရင္ၾကည့္တဲ့ ဒုိမီနက္ခ်္ Domenech

Domenech

Domenech

နည္းျပတစ္ဦးဆုိတာက အသင္းအတြက္ ကစားသမားေရြးခ်ယ္ရင္ ေျခစြမ္း၊ ကုိယ့္နည္းဗ်ဴဟာနဲ႔ ကုိက္ညီမႈ ရွိ၊ မရွိ၊ ႀကံ့ခုိင္မႈ စတဲ့အခ်က္ေတြကုိ ၾကည့္ေလ့ရွိေပမယ့္ ျပင္သစ္အသင္းနည္းျပေဟာင္း ဒုိမီနက္ခ်္ကေတာ့ အဲဒီလုိ မဟုတ္ဘူး။ သူက ကစားသမားေတြရဲ႕ ဇာတာခြင္ကုိ ၾကည့္ၿပီးမွ အသင္းအတြက္ ေရြးတာပါတဲ့။ အဲဒါေၾကာင့္ ဇာတာခြင္ည့ံတဲ့ ေရာ္ဘတ္ပီရက္စ္ Robert Pires လုိ ကစားသမားမ်ိဳးေတြ ျပင္သစ္အသင္းမွာ အေရြးမခံခဲ့ရတာပါပဲ။

ကံေကာင္းေစတဲ့ ေဆးမင္ေၾကာင္ေတြ ထုိးတဲ့ ဆီနီေဂါဂုိးသမား

Tony-Sylva

Tony-Sylva

ဂုိးသမားတစ္ဦးအတြက္ အေကာင္းဆုံးစြမ္းေဆာင္ရည္ ျပသဖုိ႔ ဘာေတြလုိမလဲ။ ပုံမွန္အားျဖင့္ေတာ့ ျပင္းျပင္းထန္ထန္ ေလ့က်င့္၊ မမွားသင့္တဲ့ အမွားေတြ မလုပ္နဲ႔။ ဒါေပမဲ့ ဆီနီေဂါဂုိးသမားေဟာင္း တိုနီဆယ္လ္ဗာ Tony Sylva ကေတာ့ အဲဒီလုိ မထင္ပါဘူး။ ၂၀၀၂ အာဖရိကႏုိင္ငံမ်ားဖလား ၿပိဳင္ပဲြမတိုင္ခင္ သူက ခႏၶာကုိယ္မွာ ကံေကာင္းေစတဲ့ ေဆးမင္ေၾကာင္ေတြကုိ ဆရာတစ္ဦးေခၚၿပီး ထုိးခုိင္းခဲ့တယ္။ သူပဲ ကံေကာင္းတာလား၊ အဲဒီေဆးမင္ေၾကာင္ အစြမ္းလာေတာ့ မသိဘူး။ အဲဒီၿပိဳင္ပဲြမွာ ဆယ္လ္ဗာဟာ (၄၇၈)မိနစ္အထိ ေပးဂုိးမရွိေအာင္ စြမ္းေဆာင္ႏုိင္ခ့ဲတယ္။

ၿပိဳင္ဘက္ကုိ က်ိန္စာတုိက္တဲ့ ကင္မရြန္းအသင္းနည္းျပ

Winfried-Schafer

Winfried-Schafer

ကင္မရြန္းအသင္းနည္းျပေဟာင္း ၀င္းဖ႐ုိင္းရွာဖာ Winfried Schafer က ကုိယ့္အသင္း အႏုိင္ရေရးအတြက္ သင့္ေလ်ာ္တဲ့ နည္းဗ်ဴဟာ၊ လူအခင္းအက်င္း အသုံးျပဳဖုိ႔ မစဥ္းစားဘဲ ၿပိဳင္ပဲြကုိ ေအာက္လမ္းနည္းေတြနဲ႔ က်ိန္စာတိုက္ခဲ့သူပါ။ ၂၀၀၂ အာဖရိကႏုိင္ငံမ်ားဖလား ၿပိဳင္ပဲြမွာ ရွာဖာနဲ႔ သူ႔လက္ေထာက္ျဖစ္တဲ့ နီကုိႏုိ Nikono တို႔ဟာ အာဖရိကမွာ နာမည္ႀကီးတဲ့ Voodoo နည္းလမ္းကုိ သုံးၿပီး သူတု႔ိနဲ႔ကစားမယ့္ ၿပိဳင္ဘက္အသင္းကုိ က်ိန္စာတိုက္ခဲ့ၾကတာေၾကာင့္ ႏွစ္ေယာက္စလုံး အဖမ္းခံခဲ့ရပါေတာ့တယ္။

ပရိသတ္ႀကီးေရ .. အေနာက္ႏုိင္ငံသားေတြရဲ႕ အယူသီးမႈကေတာ့ ရယ္စရာလည္းေကာင္းသလုိ၊ အံ့အားသင့္စရာလည္းေကာင္းေနတယ္။ သူတို႔ေတြလည္း ဒီလုိဟာေတြ ယုံၾကည္တာပဲလားဆုိၿပီး ရယ္ပဲြဖဲြ႕ခ်င္စရာပဲ။ ဘာပဲျဖစ္ျဖစ္ ဒီေဆာင္းပါးတုိကုိ ဖတ္ၿပီး ပရိသတ္ေတြ စိတ္ေက်နပ္လိမ့္မယ္လုိ႔ ေမွ်ာ္လင့္ပါတယ္ . .

REF:sportskeeda
Photo:Getty Images,But Football Club,Football Tribe
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဘောလုံးလောကမှာ အယူသီးတဲ့ ထူးထူးဆန်းဆန်း လုပ်ရပ်များ (၂)

ဘောလုံးလောကမှာ အယူသီးတဲ့ ထူးထူးဆန်းဆန်းလုပ်ရပ် အပိုင်း(၁)ပြီးတော့ အခု အပိုင်း(၂)ကို ဆက်လက် ဖော်ပြလိုက်ပါတယ် . . .

အတွင်းခံကို ပြောင်းပြန်ဝတ်တဲ့ မူတူး Mutu

Adrian-Mutu

Adrian-Mutu

ကစားသမားဘဝမှာ ပြဿပေါင်းသောင်းခြောက်ထောင်နဲ့ နာမည်ကြီးခဲ့တဲ့ ရိုမေးနီးယား တိုက်စစ်မှူးကြီး အက်ဒရီယန်မူတူး Adrian Mutu ကို ပရိသတ်တွေ မှတ်မိကြဦးမှာပါ။ သူ့မှာလည်း ထူးထူးခြားခြား ယုံကြည်မှု တစ်ခုရှိခဲ့ပါတယ်။ အဲဒါကတော့ အတွင်းခံဘောင်းဘီကို ပြောင်းပြန်ဝတ်ရင် ကံကောင်းတယ်ဆိုတာပါပဲ။ ဘောလုံးသမားတွေအနေနဲ့ ကိုယ်သဘောကျတဲ့ ဖိနပ်ပုံစံ အမျိုးမျိုးကို ဝတ်ဆင်ကစားလေ့ရှိပေမယ့် မူတူးလို အတွင်းခံဘောင်းဘီ ပြောင်းပြန်ဝတ်တာမျိုးကတော့ တကယ့်ကို ဟာသပါပဲ။

ကစားသမားရွေးချယ်ရင် ဇာတာခွင်အရင်ကြည့်တဲ့ ဒိုမီနက်ချ် Domenech

Domenech

Domenech

နည်းပြတစ်ဦးဆိုတာက အသင်းအတွက် ကစားသမားရွေးချယ်ရင် ခြေစွမ်း၊ ကိုယ့်နည်းဗျူဟာနဲ့ ကိုက်ညီမှု ရှိ၊ မရှိ၊ ကြံ့ခိုင်မှု စတဲ့အချက်တွေကို ကြည့်လေ့ရှိပေမယ့် ပြင်သစ်အသင်းနည်းပြဟောင်း ဒိုမီနက်ချ်ကတော့ အဲဒီလို မဟုတ်ဘူး။ သူက ကစားသမားတွေရဲ့ ဇာတာခွင်ကို ကြည့်ပြီးမှ အသင်းအတွက် ရွေးတာပါတဲ့။ အဲဒါကြောင့် ဇာတာခွင်ညံ့တဲ့ ရော်ဘတ်ပီရက်စ် Robert Pires လို ကစားသမားမျိုးတွေ ပြင်သစ်အသင်းမှာ အရွေးမခံခဲ့ရတာပါပဲ။

ကံကောင်းစေတဲ့ ဆေးမင်ကြောင်တွေ ထိုးတဲ့ ဆီနီဂေါဂိုးသမား

Tony-Sylva

Tony-Sylva

ဂိုးသမားတစ်ဦးအတွက် အကောင်းဆုံးစွမ်းဆောင်ရည် ပြသဖို့ ဘာတွေလိုမလဲ။ ပုံမှန်အားဖြင့်တော့ ပြင်းပြင်းထန်ထန် လေ့ကျင့်၊ မမှားသင့်တဲ့ အမှားတွေ မလုပ်နဲ့။ ဒါပေမဲ့ ဆီနီဂေါဂိုးသမားဟောင်း တိုနီဆယ်လ်ဗာ Tony Sylva ကတော့ အဲဒီလို မထင်ပါဘူး။ ၂၀၀၂ အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲမတိုင်ခင် သူက ခန္ဓာကိုယ်မှာ ကံကောင်းစေတဲ့ ဆေးမင်ကြောင်တွေကို ဆရာတစ်ဦးခေါ်ပြီး ထိုးခိုင်းခဲ့တယ်။ သူပဲ ကံကောင်းတာလား၊ အဲဒီဆေးမင်ကြောင် အစွမ်းလာတော့ မသိဘူး။ အဲဒီပြိုင်ပွဲမှာ ဆယ်လ်ဗာဟာ (၄၇၈)မိနစ်အထိ ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့တယ်။

ပြိုင်ဘက်ကို ကျိန်စာတိုက်တဲ့ ကင်မရွန်းအသင်းနည်းပြ

Winfried-Schafer

Winfried-Schafer

ကင်မရွန်းအသင်းနည်းပြဟောင်း ဝင်းဖရိုင်းရှာဖာ Winfried Schafer က ကိုယ့်အသင်း အနိုင်ရရေးအတွက် သင့်လျော်တဲ့ နည်းဗျူဟာ၊ လူအခင်းအကျင်း အသုံးပြုဖို့ မစဉ်းစားဘဲ ပြိုင်ပွဲကို အောက်လမ်းနည်းတွေနဲ့ ကျိန်စာတိုက်ခဲ့သူပါ။ ၂၀၀၂ အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲမှာ ရှာဖာနဲ့ သူ့လက်ထောက်ဖြစ်တဲ့ နီကိုနို Nikono တို့ဟာ အာဖရိကမှာ နာမည်ကြီးတဲ့ Voodoo နည်းလမ်းကို သုံးပြီး သူတု့ိနဲ့ကစားမယ့် ပြိုင်ဘက်အသင်းကို ကျိန်စာတိုက်ခဲ့ကြတာကြောင့် နှစ်ယောက်စလုံး အဖမ်းခံခဲ့ရပါတော့တယ်။

ပရိသတ်ကြီးရေ .. အနောက်နိုင်ငံသားတွေရဲ့ အယူသီးမှုကတော့ ရယ်စရာလည်းကောင်းသလို၊ အံ့အားသင့်စရာလည်းကောင်းနေတယ်။ သူတို့တွေလည်း ဒီလိုဟာတွေ ယုံကြည်တာပဲလားဆိုပြီး ရယ်ပွဲဖွဲ့ချင်စရာပဲ။ ဘာပဲဖြစ်ဖြစ် ဒီဆောင်းပါးတိုကို ဖတ်ပြီး ပရိသတ်တွေ စိတ်ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ် . .

REF:sportskeeda
Photo:Getty Images,But Football Club,Football Tribe
Naing Linn(Akhayar)
www.akhayar.com