[Zawgyi]

အစားအေသာက္ေရွာင္စရာမလိုဘဲ ကိုယ္အေလးခ်ိန္က်ေစမယ့္နည္းလမ္း

ဝိတ္ေတာ့ခ်ခ်င္ပါရဲ႕၊ ကိုယ္ႀကိဳက္တဲ့အစားအေသာက္ေတြကိုေတာ့ မေရွာင္ခ်င္ဘူးဆိုတဲ့သူေတြအတြက္ နည္းလမ္းေကာင္းေလး လာပါၿပီေနာ္။ ဝိတ္ခ်ေတာ့မယ္ဆိုရင္ ေလ့က်င့္ခန္းေတြလည္း ျပဳလုပ္ရသလို၊ အစားအေသာက္ေလ်ာ့စားရတာနဲ႔ Diet လုပ္ရတာနဲ႔ပဲ စိတ္ဓာတ္ေတြက်ၿပီး မလုပ္ခ်င္ေတာ့ျပန္ပါဘူး။ ဒါ့ေၾကာင့္ အစားအေသာက္ေရွာင္ေနစရာမလိုဘဲ ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ႏုိင္မယ့္ နည္းလမ္းကို ရွာေဖြၿပီး ေဖာ္ျပေပးလိုက္ပါတယ္။

(၁) စိတ္ဖိစီးမႈ ေလ်ာ့ခ်ပါ

စိတ္ဖိစီးတာနဲ႔ ကိုယ္အေလးခ်ိန္တိုးတာက ဆက္စပ္မႈရွိေနပါတယ္။ စိတ္ဖိစီးမႈမ်ားလာတဲ့အခါ ခႏၶာကိုယ္က ပင္ပန္းႏြမ္းနယ္လာၿပီး သၾကားဓာတ္၊ အဆီဓာတ္ေတြကို ေတာင့္တလာပါတယ္။ အစားအေသာက္ကိုလည္း ထိန္းခ်ဳပ္မႈမရွိဘဲ စားေသာက္မိလာပါတယ္။ ဒီလိုျဖစ္လာရျခင္းရဲ႕ အက်ိဳးဆက္ကေတာ့ တေျဖးေျဖးနဲ႔ ကိုယ္အေလးခ်ိန္ တိုးလာပါေတာ့တယ္။ ဒါ့အျပင္ စိတ္ဖိစီးမႈမ်ားၿပီး စိတ္ဓာတ္က်ေနတဲ့အခ်ိန္ေတြဆိုရင္ ခႏၶာကိုယ္တြင္းက လုပ္ေဆာင္ခ်က္ေတြကလည္း ပံုမွန္မျဖစ္ေတာ့ပါဘူး။ ဒီလိုနဲ႔ပဲ အဆီေလာင္ကၽြမ္းမႈေတြမရွိေတာ့ဘဲ ကိုယ္အေလးခ်ိန္ပိုတိုးလာရျခင္းပဲ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ စိတ္ဖိစီးမႈ ေလ်ာ့ခ်ဖို႔ လိုပါတယ္။

(၂) ေရမ်ားမ်ားေသာက္ပါ

ေရဓာတ္က ခႏၶာကိုယ္တြင္းအဆီပိုေတြကို အလိုအေလ်ာက္ေလာင္ကၽြမ္းဖို႔အတြက္ မ်ားစြာအေထာက္အကူျပဳပါတယ္။ တစ္ခါတစ္ရံမွာ ဗိုက္မဆာဘဲ အထိန္းအကြပ္မဲ့စားသံုးေနမိတာက ေရဓာတ္ခမ္းေျခာက္ေနတဲ့အတြက္ေၾကာင့္ပါ။ ေရဆာေနတာလား၊ ဗိုက္ဆာေနတာလားဆိုတာကို မသဲကြဲေတာ့ဘဲ စားသံုးေနမိၾကတာပါ။ ဒါ့ေၾကာင့္ ေရဓာတ္ခမ္းေျခာက္မႈမရွိေစဖို႔ ေရမ်ားမ်ားေသာက္သံုးဖို႔အႀကံျပဳပါရေစ။ ဒါ့အျပင္ အစာမစားခင္ ေရတစ္ခြက္ေသာက္သံုးေပးမယ္ဆိုရင္ အလြန္အကၽြံစားသံုးမိျခင္းကို ထိန္းခ်ဳပ္ေပးႏုိင္ပါတယ္။

(၃) ပရိုတင္းဓာတ္ၾကြယ္ဝမႈရွိေနပါေစ

ဝိတ္ေလ်ာ့ေနတဲ့သူေတြအေနနဲ႔ ပရုိတင္းဓာတ္ၾကြယ္ဝမႈရွိေနဖုိ႔ကလည္း အေရးႀကီးပါတယ္။ ဒါမွ မၾကာခဏ ဗိုက္ဆာတတ္တဲ့ အမူအက်င့္ကို ထိန္းခ်ဳပ္ႏိုင္မွာပါ။ ပရိုတင္းဓာတ္(အသားဓာတ္)က တစ္ေန႔တာ ခြန္အားျပည့္ဝေစပါတယ္။ ပရိုတင္းဓာတ္ၾကြယ္ဝစြာပါဝင္ၿပီး အဆီဓာတ္နည္းတဲ့ အသား၊ ငါးမ်ားကို ေရြးခ်ယ္စားသံုးေပးပါ။ ပဲအမ်ိဳးမ်ိဳး၊ တုိ႔ဟူး၊ ၾကက္ဥ စတာေတြကိုလည္း အာဟာရမွ်တစြာ စားသံုးသင့္ပါတယ္။ အထူးသျဖင့္ သင့္ရဲ႕မနက္စာတုိင္းမွာ ပရိုတင္းဓာတ္ျပည့္ဝမႈရွိေနပါေစ။

(၄) ေလ့က်င့္ခန္းပံုမွန္ျပဳလုပ္ပါ

အစားအေသာက္ေရွာင္စရာမလိုဘူးဆိုေတာ့ ေလ့က်င့္ခန္းကိုေတာ့ ပံုမွန္ေလးျပဳလုပ္ေပးဖို႔ လိုပါမယ္ေနာ္။ ေန႔စဥ္စားေသာက္လိုက္တဲ့ အစားအေသာက္ေတြထဲက အဆီဓာတ္ေတြ၊ ကယ္လိုရီေတြကို ေလာင္ကၽြမ္းေစဖို႔အတြက္ ေလ့က်င့္ခန္းပံုမွန္ျပဳလုပ္ဖို႔ မေမ့ပါနဲ႔။ ကိုယ္အေလးခ်ိန္ေလ်ာ့ခ်တဲ့ နည္းလမ္းမ်ားစြာထဲမွာ ေလ့က်င့္ခန္းျပဳလုပ္တာက အေကာင္းဆံုးနည္းလမ္းတစ္ရပ္ျဖစ္တယ္လို႔ ေဆးပညာရွင္မ်ားက ဆိုထားပါတယ္။ ေလ့က်င့္ခန္းေန႔စဥ္ျပဳလုပ္တာက ခႏၶာကိုယ္တြင္းက အဆီပိုမ်ားကိုလည္း ေလာင္ကၽြမ္းေစႏုိင္သလို၊ က်န္းမာႀကံ႕ခုိင္တဲ့ဘဝကိုလည္း ပိုင္ဆိုင္ရရွိႏိုင္ပါတယ္။

(၅) ပန္းကန္အေသးနဲ႔စားပါ

စားေသာက္တဲ့အခါမွာ ကိုယ္ႀကိဳက္ႏွစ္သက္တဲ့အစားအစာကို ပန္းကန္အေသးေလးထဲထည့္ၿပီးပဲ စားသံုးဖို႔ အႀကံျပဳပါရေစ။ ၿပီးေတာ့ စားတဲ့အခါမွာလည္း Limit ေလးနဲ႔ စားသံုးဖို႔လိုပါတယ္။ စိတ္အလိုမလိုက္သင့္ပါဘူး။ ပန္းကန္အေသး ဒါမွမဟုတ္ ခရမ္းေရာင္၊ လိေမၼာ္ေရာင္ စတဲ့ ပန္းကန္ေတြနဲ႔ စားေသာက္တာက အစာစားခ်င္စိတ္ကို ထိန္းခ်ဳပ္ေပးႏုိင္တယ္လို႔ ေလ့လာဆန္းစစ္ခ်က္ေတြအရ သိရပါတယ္။ ဒါ့ေၾကာင့္ ဒီနည္းလမ္းက ဘာမွအပန္းမႀကီးတဲ့အတြက္ လိုက္နာဖို႔ေတာ့ လိုပါမယ္ေနာ္။

(၆) အိပ္ေရးဝဝအိပ္ပါ

အိပ္ေရးမဝတာကလည္း ကိုယ္အေလးခ်ိန္တိုးလာျခင္းနဲ႔ တုိက္ရိုက္ဆက္စပ္မႈရွိေနပါတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ အိပ္ေရးမဝတဲ့အခါ ခႏၶာကိုယ္က လိုအပ္တဲ့အားအင္က မျပည့္ဝေတာ့တာေၾကာင့္ ပင္ပန္းႏြမ္းနယ္လာပါမယ္။ ပင္ပန္းႏြမ္းနယ္လာတဲ့အတြက္ အစားအေသာက္ကို ပိုျပီးစားသံုးမိၾကျပန္ပါတယ္။ ဒီလိုနဲ႔ပဲ အထိန္းအကြပ္မဲ့စားသံုးမိၿပီး ကိုယ္အေလးခ်ိန္တိုးလာရတာပါ။ ဒါ့ေၾကာင့္ ပင္ပန္းႏြမ္းနယ္မႈမရွိရေလေအာင္ အိပ္ေရးဝဝအိပ္ဖုိ႔ကလည္း အေရးႀကီးပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အစားအသောက်ရှောင်စရာမလိုဘဲ ကိုယ်အလေးချိန်ကျစေမယ့်နည်းလမ်း

ဝိတ်တော့ချချင်ပါရဲ့၊ ကိုယ်ကြိုက်တဲ့အစားအသောက်တွေကိုတော့ မရှောင်ချင်ဘူးဆိုတဲ့သူတွေအတွက် နည်းလမ်းကောင်းလေး လာပါပြီနော်။ ဝိတ်ချတော့မယ်ဆိုရင် လေ့ကျင့်ခန်းတွေလည်း ပြုလုပ်ရသလို၊ အစားအသောက်လျော့စားရတာနဲ့ Diet လုပ်ရတာနဲ့ပဲ စိတ်ဓာတ်တွေကျပြီး မလုပ်ချင်တော့ပြန်ပါဘူး။ ဒါ့ကြောင့် အစားအသောက်ရှောင်နေစရာမလိုဘဲ ကိုယ်အလေးချိန်လျော့ချနိုင်မယ့် နည်းလမ်းကို ရှာဖွေပြီး ဖော်ပြပေးလိုက်ပါတယ်။

(၁) စိတ်ဖိစီးမှု လျော့ချပါ

စိတ်ဖိစီးတာနဲ့ ကိုယ်အလေးချိန်တိုးတာက ဆက်စပ်မှုရှိနေပါတယ်။ စိတ်ဖိစီးမှုများလာတဲ့အခါ ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်လာပြီး သကြားဓာတ်၊ အဆီဓာတ်တွေကို တောင့်တလာပါတယ်။ အစားအသောက်ကိုလည်း ထိန်းချုပ်မှုမရှိဘဲ စားသောက်မိလာပါတယ်။ ဒီလိုဖြစ်လာရခြင်းရဲ့ အကျိုးဆက်ကတော့ တဖြေးဖြေးနဲ့ ကိုယ်အလေးချိန် တိုးလာပါတော့တယ်။ ဒါ့အပြင် စိတ်ဖိစီးမှုများပြီး စိတ်ဓာတ်ကျနေတဲ့အချိန်တွေဆိုရင် ခန္ဓာကိုယ်တွင်းက လုပ်ဆောင်ချက်တွေကလည်း ပုံမှန်မဖြစ်တော့ပါဘူး။ ဒီလိုနဲ့ပဲ အဆီလောင်ကျွမ်းမှုတွေမရှိတော့ဘဲ ကိုယ်အလေးချိန်ပိုတိုးလာရခြင်းပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှု လျော့ချဖို့ လိုပါတယ်။

(၂) ရေများများသောက်ပါ

ရေဓာတ်က ခန္ဓာကိုယ်တွင်းအဆီပိုတွေကို အလိုအလျောက်လောင်ကျွမ်းဖို့အတွက် များစွာအထောက်အကူပြုပါတယ်။ တစ်ခါတစ်ရံမှာ ဗိုက်မဆာဘဲ အထိန်းအကွပ်မဲ့စားသုံးနေမိတာက ရေဓာတ်ခမ်းခြောက်နေတဲ့အတွက်ကြောင့်ပါ။ ရေဆာနေတာလား၊ ဗိုက်ဆာနေတာလားဆိုတာကို မသဲကွဲတော့ဘဲ စားသုံးနေမိကြတာပါ။ ဒါ့ကြောင့် ရေဓာတ်ခမ်းခြောက်မှုမရှိစေဖို့ ရေများများသောက်သုံးဖို့အကြံပြုပါရစေ။ ဒါ့အပြင် အစာမစားခင် ရေတစ်ခွက်သောက်သုံးပေးမယ်ဆိုရင် အလွန်အကျွံစားသုံးမိခြင်းကို ထိန်းချုပ်ပေးနိုင်ပါတယ်။

(၃) ပရိုတင်းဓာတ်ကြွယ်ဝမှုရှိနေပါစေ

ဝိတ်လျော့နေတဲ့သူတွေအနေနဲ့ ပရိုတင်းဓာတ်ကြွယ်ဝမှုရှိနေဖို့ကလည်း အရေးကြီးပါတယ်။ ဒါမှ မကြာခဏ ဗိုက်ဆာတတ်တဲ့ အမူအကျင့်ကို ထိန်းချုပ်နိုင်မှာပါ။ ပရိုတင်းဓာတ်(အသားဓာတ်)က တစ်နေ့တာ ခွန်အားပြည့်ဝစေပါတယ်။ ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်ပြီး အဆီဓာတ်နည်းတဲ့ အသား၊ ငါးများကို ရွေးချယ်စားသုံးပေးပါ။ ပဲအမျိုးမျိုး၊ တို့ဟူး၊ ကြက်ဥ စတာတွေကိုလည်း အာဟာရမျှတစွာ စားသုံးသင့်ပါတယ်။ အထူးသဖြင့် သင့်ရဲ့မနက်စာတိုင်းမှာ ပရိုတင်းဓာတ်ပြည့်ဝမှုရှိနေပါစေ။

(၄) လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပါ

အစားအသောက်ရှောင်စရာမလိုဘူးဆိုတော့ လေ့ကျင့်ခန်းကိုတော့ ပုံမှန်လေးပြုလုပ်ပေးဖို့ လိုပါမယ်နော်။ နေ့စဉ်စားသောက်လိုက်တဲ့ အစားအသောက်တွေထဲက အဆီဓာတ်တွေ၊ ကယ်လိုရီတွေကို လောင်ကျွမ်းစေဖို့အတွက် လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ဖို့ မမေ့ပါနဲ့။ ကိုယ်အလေးချိန်လျော့ချတဲ့ နည်းလမ်းများစွာထဲမှာ လေ့ကျင့်ခန်းပြုလုပ်တာက အကောင်းဆုံးနည်းလမ်းတစ်ရပ်ဖြစ်တယ်လို့ ဆေးပညာရှင်များက ဆိုထားပါတယ်။ လေ့ကျင့်ခန်းနေ့စဉ်ပြုလုပ်တာက ခန္ဓာကိုယ်တွင်းက အဆီပိုများကိုလည်း လောင်ကျွမ်းစေနိုင်သလို၊ ကျန်းမာကြံ့ခိုင်တဲ့ဘဝကိုလည်း ပိုင်ဆိုင်ရရှိနိုင်ပါတယ်။

(၅) ပန်းကန်အသေးနဲ့စားပါ

စားသောက်တဲ့အခါမှာ ကိုယ်ကြိုက်နှစ်သက်တဲ့အစားအစာကို ပန်းကန်အသေးလေးထဲထည့်ပြီးပဲ စားသုံးဖို့ အကြံပြုပါရစေ။ ပြီးတော့ စားတဲ့အခါမှာလည်း Limit လေးနဲ့ စားသုံးဖို့လိုပါတယ်။ စိတ်အလိုမလိုက်သင့်ပါဘူး။ ပန်းကန်အသေး ဒါမှမဟုတ် ခရမ်းရောင်၊ လိမ္မော်ရောင် စတဲ့ ပန်းကန်တွေနဲ့ စားသောက်တာက အစာစားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်တယ်လို့ လေ့လာဆန်းစစ်ချက်တွေအရ သိရပါတယ်။ ဒါ့ကြောင့် ဒီနည်းလမ်းက ဘာမှအပန်းမကြီးတဲ့အတွက် လိုက်နာဖို့တော့ လိုပါမယ်နော်။

(၆) အိပ်ရေးဝဝအိပ်ပါ

အိပ်ရေးမဝတာကလည်း ကိုယ်အလေးချိန်တိုးလာခြင်းနဲ့ တိုက်ရိုက်ဆက်စပ်မှုရှိနေပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အိပ်ရေးမဝတဲ့အခါ ခန္ဓာကိုယ်က လိုအပ်တဲ့အားအင်က မပြည့်ဝတော့တာကြောင့် ပင်ပန်းနွမ်းနယ်လာပါမယ်။ ပင်ပန်းနွမ်းနယ်လာတဲ့အတွက် အစားအသောက်ကို ပိုပြီးစားသုံးမိကြပြန်ပါတယ်။ ဒီလိုနဲ့ပဲ အထိန်းအကွပ်မဲ့စားသုံးမိပြီး ကိုယ်အလေးချိန်တိုးလာရတာပါ။ ဒါ့ကြောင့် ပင်ပန်းနွမ်းနယ်မှုမရှိရလေအောင် အိပ်ရေးဝဝအိပ်ဖို့ကလည်း အရေးကြီးပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။