
[ Zawgyi ]







Phone Hay Ko ( Akhayar )

[ Unicode ]

တစ်ပတ်အတွင်း အမေးအများဆုံးမေးခွန်းများ အပတ်စဉ် ၉

ဖုန်းကိုသွက်နေအောင် ဘယ်လိုလုပ်မလဲ
ကိုအသုံးပြုနေတဲ့ဖုန်းမှာ မလိုအပ်တဲ့ App တွေကိုUninstall လုပ်ပေးပါ။ App တစ်ခုကိုအသုံးပြုပြီးသွားရင် Recent ကို ပုံမှန်ရှင်းလင်းပေးပါ။ ကိုယ့်ဖုန်းနဲ့ကိုက်ညီမယ့် App version တွေကိုသာရွေးချယ်အသုံးပြုပါ။ Version အမြင့်တွေ Update ပေးတိုင်းလိုက်မလုပ်သင့်ပါ။ ဖုန်းရဲ့ RAM ပမာဏကို အနည်းဆုံး ၃ချိုး၂ချိုးလောက်လွတ်နေအောင်လုပ်ပြီးမှ သုံးချင်တဲ့ App ကိုဖွင့်ပါ။ တစ်နေ့တစ်ခါလောက်ဖုန်းကို Restart(Reset မဟုတ်) ချပေးတာဖြစ်ဖြစ် Power 5 မိနစ်လောက် ပိတ်ထားပေးတာဖြစ်ဖြစ် လုပ်ပေးပါ။

ဖုန်းမှာသီချင်းတွေကို Ringtone လုပ်ချင်လို့ဘယ်လိုလုပ်ရမလဲ
PlayStore မှာပဲဖြစ်ဖြစ် Google ကနေပဲဖြစ်ဖြစ် Ring tone maker လို့ရိုက်ရှာကြည့်ပါ။ အများကြိးရှိတာတွေ့ရပါမယ်။ ဒီထဲကမှ User rate အများဆုံးဖြစ်တဲ့ App ကိုဒေါင်းလုပ်ပြုလုပ်ပြီးအလွယ်တစ်ကူအသုံးပြုနိုင်မှာဖြစ်ပါတယ်။

နေ့စဉ်အသုံးစရိတ်တွေကို မှတ်တမ်းတင်ပြန်ကြည့်နိုင်မယ့် App
နေ့စဉ် အပတ်စဉ် လစဉ် ငွေအသုံးစရိတ်တွေကို မှတ်တမ်းတင်ပြီးအလွယ်တစ်ကူ ပြန်ကြည့်ရှုလို့ရမယ့် App တွေကတော့ အများကြီးရှိပါတယ်။ အဲ့အထဲကမှ အားလုံးအတွက်အသုံးလွယ်ပြီး အဆင်ပြေမယ့် App ကိုညွှန်းပေးရမယ်ဆိုရင်တော့ Money Lover App ကိုစမ်းသပ်အသုံးပြုပါလို့ညွှန်းပေးပါရစေ။ အဆိုပါ App ဟာ Google အကောင့်နဲ့ချိတ်ဆက်ထားနိုင်တဲ့အတွက် အကြောင်းအမျိုးမျိုးကြောင့် Data တွေပျောက်ဆုံးပျက်စီးမယ်ဆိုရင်တောင် အကောင့်နဲ့ချိတ်ဆက်ပြီးအလွယ်တစ်ကူ ပြန်လည်ရယူနိုင်ပါသေးတယ်။ ဒါ့အပြင် Android , iOS , Window OS အားလုံးမှာလည်းအသုံးပြုလို့ရနိုင်တာကြောင့် အတော်လေးအဆင်ပြေစေတဲ့ App တစ်ခုပါပဲ။

Note Application ကောင်းကောင်းလေး
Note App တွေလည်း အများကြီးတော့ရှိပါရဲ့ ဒါပေမယ့် စိတ်ကြိုက်သိပ်မဖြစ်လှတာများပါတယ်။ အကြောင်းအရင်းကတော့ ဖုန်းတစ်လုံးကနေတစ်လုံးပြောင်းရင် ဖုန်းအဟောင်းက မှတ်စုတွေက ဖုန်းအသစ်ကို အလွယ်တစ်ကူ Restore လုပ်လို့မရတာများပါတယ်။ ဒီပြဿနာကိုအကောင်းဆုံးဖြေရှင်းပေးနိုင်တာကတော့ Google Keep နဲ့ Color note app တွေပဲဖြစ်ပါတယ်။
ဒီ App နှစ်ခုကလည်း Google အကောင့်တစ်ခုတည်းနဲ့ ချိတ်ဆက်ပြိး ကိုယ့်ရဲ့ Data တွေအားလုံးကို Backup & Restore ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။

ဖုန်းမှာ YouTube က သီချင်း MV တွေကို Mp3 Format နဲ့ဘယ်လို Download လုပ်မလဲ ?
ဒီအတွက်နည်းလမ်း၂နည်းရှိပါတယ်။ ပထမနည်းလမ်းကတော့ Video ကိုအရင် Download ဆွဲပြီးမှ Video to Mp3 Converter application တစ်ခုခုနဲ့ပြန်ပြောင်းတာပဲဖြစ်ပါတယ်။ ဒုတိယနည်းလမ်းကတော့ VidMate Application ကနေတစ်ဆင့် ကိုယ်Download လုပ်မယ့် Video ကို MP3 Format တစ်ခါတည်းရွေးပေးပြီး Download ပြုလုပ်တဲ့နည်းပဲဖြစ်ပါတယ်။

Phone Hay Ko ( Akhayar )