[Zawgyi]












Phone Hay Ko ( Akhayar )

www.akhayar.com

weekly tech report 17
[Unicode]

တစ်ပတ်အတွင်း အမေးအများဆုံးမေးခွန်းများ – အမှတ်စဉ် ၁၇

Messenger မှာ Block ဘယ်လိုပြန်ဖြေမလဲ

Messenger App ထဲကိုဝင်ပါ၊ Search ရဲ့ညာဘက်ဘေးမှာရှိတဲ့ Account Profile ပုံလေးကိုထောက်လိုက်ပါ။ Me ဆိုတဲ့ ခေါင်းစဉ်နဲ့ Messenger Setting ထဲကိုရောက်သွားမှာဖြစ်ပြီး People ထဲကိုဆက်ဝင်ပါ။ Blocked People ထဲကိုဝင်ပြီး ကိုယ် Block ထားတဲ့သူတွေကိုမြင်ရပါမယ်။ UNBLOCK လုပ်ပေးလိုက်ရင် စကားပြန်ပြောလို့ရပါပြီ။

စိတ်ချရတဲ့ Online Cloud Drive လေးတွေပြောပြပေးနိုင်မလား?

အကောင်းဆုံးကတော့ Google Drive ပါပဲ။ Google အကောင့်ရှိရုံနဲ့ အသုံးပြုလို့ရပါတယ်။ ဒါ့အပြင် Google အကောင့်တစ်ကောင့်ကို 15GB အခမဲ့ Life time ပေးထားတဲ့အတွက် ကိုယ်မဖျက်မခြင်း မပျက်ပါဘူး။
နောက်တစ်ခုကတော့ Microsoft ရဲ့ One Drive ပါ။ Google လောက် Space များများမရပေမယ့် စိတ်ချရပြီးအသုံးပြုရလွယ်ကူပါတယ်။ အခြား Drive တွေအနေနဲ့ကတော့ PCloud, Mediafire, Dropbox စတာတွေလည်း အသုံးဝင်ပါတယ်။

Zapya မဟုတ်ပဲ အခြား File Transfer လုပ်လို့ရမယ့် App လေးရှိမလား ?

Share it ဆိုတဲ့ App လေးကိုအသုံးပြုကြည့်ပါ ၊ အသုံးပြုရတာရိုးရှင်းသလို စိတ်ပျက်စရာကြော်ငြာတွေလည်းမြင်ရမှာမဟုတ်ပါဘူး။ နောက်တစ်ခုကတော့ Xiaomi ကထုတ်ထားတဲ့ Mi Drop ပါ။ ကွန်ပျူမှာဘာမှမလိုပဲနဲ့တောင် ချိတ်ဆက်ပြီး File တွေအလွယ်တကူ Share နိုင်ပါတယ်။

File Manager ကောင်းကောင်းလေးဘာရှိမလဲ ?

Es File Manger ကိုအသုံးပြုပါ။ File Manger ဆိုပေမယ့် Wireless transfer , Storage Analysis , Task Manager အစရှိတဲ့အသုံးဝင် Feature တွေပါဝင်ပါတယ်။ နောက်တစ်ခုကတော့ မကြာသေးခင်ကမှ Google ကထုတ်ပေးလိုက်တဲ့ Google Files Go ပါ။ သူလည်း အသုံးပြုရတာရိုးရှင်းပြီး Wireless Transfer တွေလုပ်ဆောင်နိုင်ပါတယ်။

English-Myanmar Dictionary ကောင်းတာလေးဘာရှိမလဲ ?

လက်ရှိမြန်မာနိုင်ငံအတွက် အကောင်းဆုံးကတော့ Eng-Myan Dictionary နဲ့ Shwe Book Dictionary ပါပဲ ။ ဖုန်းမှာ Zawgyi font မရှိရင်တောင် အဆင်ပြေပြေအသုံးပြုနိုင်အောင် ဖန်တီးပေးထားပါတယ်။ အသုံးပြုသူအနေနဲ့ ကိုယ့်အတွက် မှန်ကန်တဲ့ဖောင့်ကို တစ်ကြိမ်သာ ရွေးချယ်ပေးဖို့လိုပါတယ်။ သဘောကျစရာအချက်တစ်ခုကတော့ မိမိရှာခဲ့သမျှ Meaning History တွေကို အချိန်မရွေး ပြန်လည်ကြည့်ရှုပြီးလေ့လာနိုင်တာပါပဲ။

Phone Hay Ko ( Akhayar )

www.akhayar.com