




File တွေကို Drive သို့ တိုက်ရိုက် Backup လုပ်ပေးနိုင်မယ့် File Manager




တစ်ပတ်အတွင်းအမေးများဆုံးမေးခွန်းများ အမှတ်စဉ် – ၁၄
Samsung S9 Duo မိတ်ဆက်ပွဲကို Online ကနေ တိုက်ရိုက်ဘယ်လိုကြည့်မလဲ

Samsung S9 နဲ့ S9 Plus တို့ကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ သောကြာနေ့ ည ၁၁နာရီခွဲမှာ MWC ပွဲတော်အတွင်း မိတ်ဆက်ပြသသွားမှာဖြစ်ပြီး အဆိုပါမိတ်ဆက်ပွဲကိုတော့ အောက်ပါ Link မှတစ်ဆင့်တိုက်ရိုက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

https://www.samsung.com/us/

ကွန်ပျူတာကို ဖုန်းကနေ တိုက်ရိုက်ဘယ်လို ထိန်းချုပ်မလဲ
Team Viewer Software ကိုအသုံးပြုပြီးတော့ ထိန်းချုပ်နိုင်ပါတယ်။
Team Viewer ကို ကွန်ပျူတာမှာရော ဖုန်းမှာပါထည့်သွင်းပြီး Internet ဖြင့်ချိတ်ဆက်ကာ ကွန်ပျူတာကို လိုအပ်သလိုထိန်းချုပ်ပေးနိုင်မှာဖြစ်ပါတယ်။

File တွေကို Drive သို့ တိုက်ရိုက် Backup လုပ်ပေးနိုုင်မယ့် File Manager
Google ရဲ့ File Go ဟာ အခုဆိုရင် Google Drive နဲ့ချိတ်ဆက်ပြီးတော့ File တွေကို Backup ပြုလုပ်ပေးနိုင်ပြီဖြစ်ပါတယ်။

SMS , APP နဲ့ ဖုန်းနံပါတ်တွေကို Backup & Restore ပြုလုပ်ပေးနိုင်မယ့် App

Super Backup ဆိုတဲ့ App ကတော့ အသုံးပြုရတာရိုးရှင်းလွယ်ကူသလို Function တွေလည်းအတော်များများစုံလင်တာကိုတွေ့ရှိရပါတယ်။ အကောင်းဆုံးကတော့ SMS တွေကို Backup ပါ Backup လုပ်ပေးနိုင်တဲ့အတွက်SMS တွေကိုမပျက်အောင်ထိန်းသိမ်းနေရသူတွေအတွက် တော့ ဆောင်ထားသင့်တဲ့ Backup App ကောင်းတစ်ခုပဲဖြစ်ပါတယ်။

ဖုန်းထဲမှားဖျက်မိတဲ့ ပုံတွေကို Recovery လုပ်ပေးနိုင်တဲ့ App
DiskDigger photo recovery ကတော့ မတော်တဆ ဖုန်းထဲက ဓါတ်ပုံတွေကို မှားပြီး Delete လုပ်မိတဲ့အခါမျိုးမှာ ပြန်လည်ရှာဖွေပေးနိုင်မှာဖြစ်ပါတယ်။ သူ့ရဲ့အားသာချက်ကတော့ ဖုန်းမှာ Root လုပ်ထားစရာမလိုတဲ့အတွက် ဖုန်းအားလုံးနီးပါး အလွယ်တစ်ကူအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။