[ Zawgyi ]
Android စမတ်ဖုန်းတွေနဲ့ပတ်သက်တဲ့သတင်းတွေကို Up-to-Date ရရှိနိုင်မယ့် website တွေကတော့ www.gsmarena.com နဲ့ www.androidauthority.com မှာ အကောင်းဆုံးလေ့လာဖတ်ရှုနိုင်နိုင်မှာဖြစ်ပါတယ်။
[ Unicode ]
#1 Facebook Application ကိုတရားဝင်မဟုတ်တဲ့ App တွေကနေတစ်ဆင့်အသုံးပြုသင့်သလား ?
လုံခြုံရေးအရ ဆိုရင်တော့ မသုံးတာအကောင်းဆုံးဖြစ်ပါတယ်။ လက်ရှိမှာ Facebook ကုမ္ပဏီက Facebook နဲ့ Facebook lite ဆိုပြီး App ၂မျိုးကိုတရားဝင်ထုတ်ပေးထားပါတယ်။ အခြား ပုံစံတူတွေ အရောင်မတူတာတွေကတော့ ကျွမ်းကျင်တဲ့ Facebook အသုံးပြုသူတွေက ပြန်လည်ပြုပြင်ဖန်တီးထားတာဖြစ်ပြီး ပြန်လည်ပြုပြင်သူက မရိုးသားတဲ့နည်းလမ်းတွေထည့်သွင်းထားမယ်ဆိုရင် မိမိရဲ့အကောင့်အတွက်ဆိုးကျိုးတွေများစွာဖြစ်ပေါ်နိုင်ပါတယ်။ ဒါကြောင့် Facebook ကနေတရားဝင်ထုတ်ပေးထားတဲ့ App တွေမဟုတ်ဘူးဆိုရင် မသုံးတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
#2 Play Store မှာ Application ကိုမြင်ပြီး Download လုပ်လို့မရခဲ့ရင် အလွယ်ဆုံးနည်းလမ်းနဲ့ဘယ်လို Download လုပ်လို့ရမလဲ ?
ခုလိုဖြစ်ရတဲ့အကြောင်းအရင်းကတော့ အဆိုပါ App ကိုကျွန်တော်တို့နိုင်ငံမှာအသုံးပြုခွင့်မပေးသေးတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ နည်းလမ်းကတော့ နှစ်နည်းရှိပါတယ်။ ပထမတစ်နည်းကတော့ VPN ကိုသုံးပြီး Download ဆွဲနည်းပါ။ ဒုတိယနည်းကတော့ <a href=”http://www.apkmirror.com/” target=”_blank” rel=”nofollow noopener”>www.apkmirror.com</a> မှာ ကိုယ်လိုချင်တဲ့ App ကိုရှာပြီး Download ရယူနိုင်မှာဖြစ်ပါတယ်။
#3 MPT ၊ Telenor ၊ Ooredoo ဖုန်းလိုင်းတွေရဲ့ဝန်ဆောင်မှုအားလုံးကို တစ်နေရာတည်းမှာအပြည့်အစုံရယူနိုင်မယ့် Application
MPT ၊ Telenor ၊ Ooredoo ဖုန်းလိုင်းတွေရဲ့ဝန်ဆောင်မှုအားလုံးကို တစ်နေရာတည်းမှာအပြည့်အစုံရယူနိုင်မယ့် Application ကတော့ MyanSIM ဆိုတဲ့ Application ပဲဖြစ်ပါတယ်။ ဒီ App ကနေပြီးတော့ ဖုန်း Operator ၃မျိုးလုံးလုံးနဲ့ပတ်သက်တဲ့ Service ဝန်ဆောင်မှုအားလုံးကိုရယူနိုင်မှာပဲဖြစ်ပါတယ်။ အသုံးပြုရတာလည်း ရိုးရှင်းလွယ်ကူတဲ့အပြင် File size ကလည်း 6MB လောက်တာရှိတာကြောင့် ဆောင်ထားသင့်တဲ့ Application တစ်မျိုးပဲဖြစ်ပါတယ်။
#4 Android စမတ်ဖုန်းတွေနဲ့ပတ်သက်ပြီးလေ့လာနိုင်မယ့် နည်းပညာသတင်း website ၂ခု
Android စမတ်ဖုန်းတွေနဲ့ပတ်သက်တဲ့သတင်းတွေကို Up-to-Date ရရှိနိုင်မယ့် website တွေကတော့ <a href=”http://www.gsmarena.com/” target=”_blank” rel=”nofollow noopener”>www.gsmarena.com</a> နဲ့ <a href=”http://www.androidauthority.com/” target=”_blank” rel=”nofollow noopener”>www.androidauthority.com</a> မှာ အကောင်းဆုံးလေ့လာဖတ်ရှုနိုင်နိုင်မှာဖြစ်ပါတယ်။
#5English-Myanmar Dictionary ကောင်းတာလေးဘာရှိမလဲ ?
လက်ရှိမြန်မာနိုင်ငံအတွက် အကောင်းဆုံးကတော့ Shwe Book Dictionary ပါပဲ ။ ဖုန်းမှာ Zawgyi font မရှိရင်တောင် အဆင်ပြေပြေအသုံးပြုနိုင်အောင် ဖန်တီးပေးထားပါတယ်။ အသုံးပြုသူအနေနဲ့ ကိုယ့်အတွက် မှန်ကန်တဲ့ဖောင့်ကို တစ်ကြိမ်သာ ရွေးချယ်ပေးဖို့လိုပါတယ်။ သဘောကျစရာအချက်တစ်ခုကတော့ မိမိရှာခဲ့သမျှ Meaning History တွေကို အချိန်မရွေး ပြန်လည်ကြည့်ရှုပြီးလေ့လာနိုင်တာပါပဲ။