အခရာပရိသတ်ကြီးရေ.. Scarpe Nike Italia မင်္ဂလာပါခင်ဗျ။ ရုံးတွေလည်း ပြန်တက်ရပြီဆိုတော့ နည်းနည်းတော့ ဘူနေတာလေးတွေ ရှိမှာပေါ့နော်။ ဘာပဲ ဖြစ်ဖြစ် ညစ်နေတာလေးတွေ လစ်သွားအောင် အားလပ်ချိန်လေးကို ရုပ်ရှင်လေးသွားကြည့်ပြီး ဖြေဖျောက်လိုက်ရအောင်လား။ ဒီတော့ ဒီတစ်ပတ်အတွက် ရုံတင်ဇာတ်ကားတွေက ဘယ်ကားတွေ ဖြစ်မလဲ ကြည့်ရအောင်ဗျာ။

၁။ Ghost in the shell

ghost in shell ဒီတစ်ပတ်အတွက် အသစ်စက်စက်ရုံဝင်လာတဲ့ ကားကတော့ Ghost in the shell ပါပဲ။ ဇာတ်လမ်းအမြည်းလေး မပြောခင် Scarlett Johansson ရဲ့ အလှတရားနဲ့ သရုပ်ဆောင်မှုနဲ့တင် ဒီကားကို ကြည့်ရတာ တန်သွားမှာပါလို့ ပြောပါရစေ 😛 ။ ဒါရိုက်တာ Rupert Sanders ရိုက်ကူးထားတဲ့ Ghost in the shell ဟာ ၂၀၁၇ ခုနှစ်အတွင်း ထွက်ရှိလာတဲ့ American Science Fiction Action Film ဖြစ်ပြီးတော့ ဂျပန် Manga “Ghost in the shell” ကိုပဲ အခြေခံပြီး ပြန်ရိုက်ထားတာပါ။ ဒီကားမှာ Scarlett Johansson ဟာ အဓိက မင်းသမီးနေရာကပါဝင်ထားပြီး Takeshi Kitano၊ Michael Pitt၊ Pilou Asbaek၊ Chin Han၊ Juliette Binoche တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ မဝေးတော့တဲ့ အနာဂတ်ကာလမှာ လူသားနဲ့ စက်ရုပ်ကြား မျဉ်းဟာ ပါးပါးလေးပဲ ခြားနေမှာ ဖြစ်ပြီး Cyborg Supersoldier တစ်ယောက်ဖြစ်တဲ့ Major (Johansson) ရဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ US မှာ မတ်လ ၃၁ရက်၊ ၂၀၁၇ မှာ ရုံတင်ပြီး ကျွန်တော်တို့ဆီမှာလည်း တင်တာ သိပ်မကွာတော့ အချိန်နဲ့ တပြေးညီ ကြည့်ရတယ်လို့ ပြောလို့ ရမှာပါ။ Paramount Pictures က ဖြန့်ချီပြီး လက်ရှိ Box Office မှာ အဆင့် ၁၉ နေရာမှာ ရှိနေပြီး IMDB rating မှာ 6.8 ရထားတဲ့ ကားဖြစ်ပါတယ်။ ပြသနေတဲ့ ရုံတွေကတော့ ရန်ကုန် – နေပြည်တော်၊ မင်္ဂလာစံပြ၊ မင်္ဂလာ (ဂမုန်းပွင့်လှည်းတန်း)၊ JCGV Junction City၊ JCGV Junction Square မန္တလေး – JCGV Mingalar Mandalay၊ မင်္ဂလာဒိုင်းမွန်း https://youtu.be/G4VmJcZR0Yg

၂။ ကြိုးဖြင့်ချည်ထားသော ဗာရာဏသီ

ဗာရာဏသီ ဗေလုဝရဲ့ ကိုယ်တိုင်ရေးဝတ္ထုကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပြီးတော့ ဗေလုဝ၊ မြင့်မြင့်ခိုင်၊ ခိုင်နှင်းဝေ၊ ခိုင်သင်းကြည်၊ နေမျိုးအောင်၊ နေဒွေး ၊ ခင်လှိုင်၊ ဒိန်းဒေါင်၊ တက္ကသိုလ်ဂွမ်းပုံ၊ စံရတီမိုးမြင့်၊ ထားထက်ထက်၊မင်းတော်ဝင်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီကားမှာ ရွာသူရွာသားတွေရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်တဲ့ လူတစ်စုက ဗာရာဏသီကို ဘယ်လို ကြိုးနဲ့ ချည်မှာလဲ ဆိုတာကတော့ ပြသနေတဲ့ ရုံတွေကတော့ ရန်ကုန် – သမ္မတ၊သွင်၊ မင်္ဂလာ (သိမ်ကြီးဈေး)၊ Top Royal၊ မင်္ဂလာစံပြ၊ မင်္ဂလာ (ဂမုန်းပွင့်လှည်းတန်း)၊ JCGV Junction City၊ JCGV Square၊ JCGV Mawtin၊ လှည်းတန်းစင်တာ Red Radiance ။ မန္တလေး – JCGV Mingalar Mandalay၊ ဝင်းလိုက်၊ မြို့မ၊ မင်္ဂလာမန်းနေပြည်တော် (ဆိုင်းတန်း) https://www.facebook.com/1396311663752174/videos/1431662766883730/

၃။ The Fate of the Furious

The Fate of the Furious F8 ဟာ Paul Walker ကြီး မရှိတော့ပေမယ့် အရင်အတိုင်း Vin Diesel၊ Dwayne Johnson (The Rock)၊ Jason Statham၊ Michelle Rodriguez၊ Tyrese Gibson၊ Charlize Theron နဲ့ အခြားနာမည်ကြီး သရုပ်ဆောင်တွေ အများကြီး ပါဝင်ထားပြီး Director ကတော့ F Gary Gary ဖြစ်ပါတယ်။ သူ့ ဇနီး Letty (Michelle Rodriguez) Dom တစ်ယောက် Honeymoon ထွက်ရင်း အနားယူအပန်းဖြေနေတဲ့ အချိန်မှာ ဆိုက်ဘာအကြမ်းဖက်သမားတစ်ယောက်လည်းဖြစ်၊ Hacker တစ်ယောက်လည်းဖြစ်တဲ့ Cipher (Theron) က ချဉ်းကပ်ပြီး သူ့အတွက် အလုပ်လုပ်ပေးဖို့ ချိမ်းခြောက်အကျပ်ကိုင်တဲ့ အခါမှာ ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကို ရှူစားရမှာပါ။ Box Office မှာ No. air max 1 နေရာကို ရယူထားပြီးတော့ လက်ရှိအချိန်ထိ IMDB Rating 7.3 ရရှိထားပါတယ်။ ကျွန်တော်တစ်ယောက်တည်း အမြင်အရ ပြောရရင်တော့ ဘာဇာတ်လမ်းမှ မယ်မယ်ရရမရှိဘဲ ကြမ်းပြ၊ ရမ်းပြထားတဲ့ ကားပါပဲ။ ယုတ္တိလွန်ဇာတ်ကွက်တွေကို ဖောဖောသီသီတွေ့ရမှာ ဖြစ်ပြီး နောက်ဆုံးပေါ် လက်နက်ပစ္စည်းဆန်းအစုံနဲ့ ကားအလန်းစားတွေ မောင်းပြီး ကြမ်းပြ၊ရမ်းပြတာကို ကြည့်ချင်ရုံဆိုရင်တော့ သင့်တော်တဲ့ ကားမျိုးပါ။ အားမနာတမ်းပြောရရင်တော့ ဒီတိုင်းသာ ဆက်ရိုက်နေမယ်ဆိုရင် နောက်တစ်ကားထပ်မထွက်သင့်တော့တဲ့ ကားမျိုး ဖြစ်သွားပါပြီ။ ပြသနေတဲ့ ရုံတွေကတော့ ရန်ကုန် – ရှေ့ဆောင်၊ နေပြည်တော်၊ မင်္ဂလာဒဂုံစင်တာ(၂)၊ မင်္ဂလာစံပြ၊ မင်္ဂလာ (ဂမုန်းပွင့်လှည်းတန်း)၊ JCGV Junction City၊ JCGV Square၊ JCGV Mawtin၊ Mega Ace Cineplex (တာမွေ၊ရွှေဗဟို)၊ Mega Ace Cineplex (မြောက်ဥက္ကလာပ၊ကန်သာယာ) မန္တလေး – မင်္ဂလာဒိုင်းမွန်း၊ JCGV Minglar Mandalay https://youtu.be/JwMKRevYa_M

၎။ Power Rangers

Power Rangers ကျွန်တော်တို့ရဲ့ ငယ်ဘဝပါဝါရိမ်းဂျားတွေ ပြန်လာပါပြီ။ ဒါကတော့ ၂၀၁၇ အမေရိကန် Superhero ရုပ်ရှင်ဖြစ်ပြီး ဒါရိုက်တာ Dean Israelite ကရိုက်ကူးထားပါတယ်။ ကြာချိန် ၁၂၄ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကို Lionsgate ကနေ ဖြန့်ချိတာပါ။ ငယ်ငယ်က ကြည့်တဲ့ ပါဝါရိမ်းဂျားစီးရီးစ်တွေလိုပဲ Zordon ဟာ အထက်တန်းကျောင်းက ကျောင်းသူ၊ကျောင်းသားလေး ၅ ယောက်ကို စုစည်းပေးပြီးကမ္ဘာ့ကို ဖျက်ဆီးဖို့ ကြံတဲ့ စုန်းမကြီး Rita ရဲ့ ဂြိုဟ်သားတွေရန်က ကာကွယ်ခိုင်းမှာပါ။ သေချာတာကတော့ ငယ်ငယ်ကထက် ပါဝါရိမ်းဂျားတွေရဲ့ အစွမ်းတွေ၊ လက်နက်တွေရဲ့ ထိရောက်မှုတွေ၊ စက်ရုပ်တွေကတော့ ပိုမိုက်မှာ သေချာပါတယ်။ ဘယ်လိုမိုက်မလဲဆိုတာကတော့…. 2017 nike air max pas cher ပြသနေတဲ့ ရုံတွေကတော့ ရန်ကုန် – နေပြည်တော် ။ https://youtu.be/5kIe6UZHSXw

၅။ Boss Baby

The Boss Baby Boss Baby လေးဟာလည်း ဒီတစ်ပတ် ရုံတွေမှာ ဆက်ရှိနေပါသေးတယ် ခင်ဗျ။ 3D Animation Movie ဖြစ်တဲ့ Boss Baby ဟာ ဒါရိုက်တာ Tom McGrath ရဲ့ လက်ရာဖြစ်ပြီးတော့ 20th Century Fox ကနေ ဖြန့်ချိခဲ့ပါတယ်။ မင်းသားကြီး Alex Baldwin နဲ့ Miles Bakshi က အသံနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး လက်ရှိတော့ Box Office မှာ ဝင်ငွေ $128 Million နဲ့ လက်ရှိ နံပါတ် ၁ နေရာကို ချိတ်ဆွဲထားဆဲပါ။ Boss Baby ဘယ်လောက်ချစ်ဖို့ ကောင်းတယ်၊ ဇာတ်လမ်းက ဘယ်လိုဆိုတာတော့….