အခရာပရိသတ်ကြီးရေ…. Nike TN Requin 2017 ဒီလို အင်မတန်ပူပြင်းလှတဲ့ နွေရာသီမှာ အားလပ်ရက်၊ ပိတ်ရက်တွေ များတာတောင် အပြင်ကို မထွက်ချင်ဘူးဖြစ်နေတယ် မလား၊ ထွက်ရင်လည်း ပူပူလောင်လောင် နေရာတွေ မသွားဘဲ အေးအေးလူလူရှိတဲ့ ရုပ်ရှင်ရုံတွေဆီ သွားပြီး ကိုယ်ကြိုက်တဲ့ ရုပ်ရှင်လေးကို အပန်းဖြေအနားယူကြည့်ဖို့ အကောင်းဆုံး အချိန်ပါပဲ။ ဒီတော့ အခရာပရိသတ် ရုပ်ရှင်ဝါသနာအိုးများအတွက် ဒီတစ်ပတ် ရုပ်ရှင်ရုံမှာ ဘာကားတွေ တင်နေသလဲဆိုတာကို ဒီလိုလေး လက်တို့ပါရစေ။

၁။ Guardians of the Galaxy Vol : 2

Guardians of the Galaxy vol 2 Marvel က ထုတ်တဲ့ရုပ်ရှင် ဖြစ်တဲ့ Guardians of The Galaxy Vol 2 ဟာ ဒီတစ်ပတ်သောကြာနေ့မှာ မြန်မာနိုင်ငံက ရုံတွေကို စတင်ဝင်လာပါပြီခင်ဗျာ။ Marvel ပရိသတ်ကြီးအတွက်တော့ သတင်းကောင်းပါပဲ။ Tokyo မှာ ဧပြီလ ၁၀ ရက်နေ့က အကြိုပြသထားတဲ့ GOTG 2 ဟာ ကြာချိန် ၁၃၆ မိနစ်ရှိပြီး Walt Disney က ဖြန့်ချိကာ Budget အနေနဲ့တော့ $200 Million လောက် သုံးထားတဲ့ ကားဖြစ်ပါတယ်။ ပထမကားဖြစ်တဲ့ Guardians of the Galaxy ဟာ ကမ္ဘာအနှံ့က ရုံဝင်ငွေ ဒေါ်လာ 773 သန်းကျော်ရရှိခဲ့ပြီး အမေရိကန်ပြည်တွင်းမှာတော့ ဒေါ်လာ သန်း 440 ကျော် ရရှိထားခဲ့တာပါ။ လက်ရှိမှာ ရုံဝင်ငွေ သန်း 100 ကျော်ခဲ့ပြီဖြစ်တဲ့ GOTG 2 ဟာ မာဗယ်ရုပ်ရှင်တွေထဲမှာတော့ ၀င်ငွေအကောင်းဆုံး စူပါဟီးရိုး ရုပ်ရှင် 5 ကားစာရင်းထဲ ပါဝင်ဖို့ရာ အလားအလာကောင်းနေပါတယ်။ ဒါရိုက်တာ James Gunn ရိုက်ကူးထားပြီး ဒီကားဟာ IMDB Rating မှာ 8.2 ရရှိထားပါတယ်။ နာမည်ကြီး ကြယ်ပွင့်တွေ ဖြစ်တဲ့ Chris Patt ၊ Zoe Saldana ၊ Dave Bautista ၊ Vin Diesel ၊ Bradley Cooper ၊ Michael Rooker ၊ Karen Gillan ၊ Pom Klementieff ၊ Elizabeth Debicki ၊ Chris Sullivan ၊ Sean Gunn ၊ Sylvester Stallone နဲ့ Kurt Russell တို့ ပါဝင် အားဖြည့်ထားတဲ့ ဒီ GOTG 2 ဟာ ပထမကား GOTG ကို မီမလား၊ ပိုမိုကောင်းမွန်သွားမလားဆိုတာတော့ .. Kanken Mini Baratas ပြသနေတဲ့ ရုံတွေကတော့ ရန်ကုန် – နေပြည်တော်၊ မင်္ဂလာဒဂုံစင်တာ(၂) ၊ မင်္ဂလာစံပြ၊ မင်္ဂလာဂမုန်းပွင့်လှည်းတန်း၊ JCGV Junction City ၊ JCGV Square ၊ JCGV Mawtin ၊ Mega Ace Cineplex (တာမွေ၊ ရွှေဗဟို)၊ Mega Ace Cineplex (မြောက်ဥက္ကလာ၊ ကန်သာယာ)၊ မန္တလေး – မင်္ဂလာဒိုင်းမွန်း ၊ JCGV Mingalar Mandalay https://youtu.be/3AYQDq9efdk

၂။ Bahubali 2 : The Conclusion

Bahubali 2 : The Conclusion ပထမကားမှာတည်းက အရမ်းနာမည်ကြီးခဲ့တဲ့ Bahubali ဟာ ခုဆို No. Fjallraven Kanken No.2 2 ထွက်ရှိလာပါပြီ။ Bahubali 2 : The Conclusion ( အင်္ဂလိပ်လို ဆိုရင်တော့ the one with strong arms : the conclusion) လို့ အမည်ရတဲ့ ဒီဇာတ်ကားဟာ ၂၀၁၇ ခုနှစ်ထွက် အိန္ဒိယ သမိုင်းနောက်ခံ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုဖြစ်ပြီး Bahubali : The Beginning ရဲ့ အဆက်လည်း ဖြစ်ပါတယ်။ Bahubali 2 ကို ဒါရိုက်တာ S.S Rajamouli ရိုက်ကူးတင်ဆက်ခဲ့ပြီး ကမ္ဘာ့တစ်ဝှမ်းကိုတော့ ဧပြီလ ၂၈ရက်နေ့မှာ တင်ဆက်ပြသခဲ့ပါတယ်။ USD 39 Million အကုန်အကျခံရိုက်ကူးထားတဲ့ ဒီကားဟာ သုံးရက်အတွင်း ကမ္ဘာအဝှမ်းဝင်ငွေ 5 Billion ကျော်ရရှိခဲ့တဲ့ ပထမဆုံး အိန္ဒိယရုပ်ရှင်ကားဖြစ်ပြီး အိန္ဒိယနိုင်ငံအတွင်းမှာလည်း ၅ရက်အတွင်း ဝင်ငွေ 5.65 billion ရရှိပြီး ဝင်ငွေအကောင်းဆုံးဇာတ်ကားအဖြစ် စာရင်းဝင်ခဲ့ပြန်ပါတယ်။ ဒီထက်ကြမ်းတဲ့ အချက်ကတော့ ဒီကားဟာ IMDB Rating 9.2 ရထားပြီး Box Office မှာ အိန္ဒိယဇာတ်ကားတစ်ကားအနေနဲ့ ထူးထူးခြားခြား No. Asics Pas Cher 3 နေရာရရှိထားတယ်ဆိုတော့ကာ ဘယ်လိုကောင်းမလဲ၊ ဘယ်လောက်ကောင်းမလဲဆိုတာတော့ ဆက်လက်ရှုစားကြရမှာပါ။ ပြသနေတဲ့ ရုံတွေကတော့ ရန်ကုန် – ရှေ့ဆောင်၊နေပြည်တော်၊ မင်္ဂလာ(ဂမုန်းပွင့်လှည်းတန်း)၊ မန္တလေး – မင်္ဂလာဒိုင်းမွန်း https://youtu.be/G62HrubdD6o

၃။ ခေါက်ထီးကလေး မလုံ့တလုံ့

ခေါက်ထီးကလေး မလုံ့တလုံ စာရေးဆရာမကြီး စမ်းစမ်းနွဲ့ (သာယာဝတီ)ရဲ့ နာမည်ကြီး ဝတ္ထု “ခေါက်ထီးကလေး မလုံ့တလုံ့” ကို ပြန်ရိုက်ထားတဲ့ ဒီကားဟာ ဇာတ်ညွှန်း မိုးနီလွင်၊ ဒါရိုက်တာ မီးပွားရိုက်ကူးထားပြီး အကယ်ဒမီမင်းမော်ကွန်း၊ အကယ်ဒမီ စိုးပြည့်သဇင်နဲ့ အေးမြတ်သူတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ အယုံလွယ်တတ်တဲ့ မိန်းကလေးတွေအတွက်နဲ့ ဘဝမှာ အမှားတွေရှိခဲ့ရင် အမှန်ကို ပြန်ပြုပြင်ဖို့ သင်ခန်းစာတွေ အများကြီးပေးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး ဇာတ်ကားကြော်ငြာစာသား “အရိပ်မှတ်လို့ ခိုလိုက်တာ အမှောင်ဖြစ်သွားတယ်….”ဆိုပြီး စိတ်ဝင်စားဖွယ်ရေးထားတဲ့အတွက် ဇာတ်ကားကောင်း မကောင်းကိုတော့ ရုံမှာ အပြေးအလွှား သွားကို သွားကြည့်သင့်တဲ့ သဘောရှိနေပါပြီဗျာ။ ပြသနေတဲ့ ရုံတွေကတော့ ရန်ကုန် – သမ္မတ၊ သွင်၊ မင်္ဂလာစံပြ၊ မင်္ဂလာ (ဂမုန်းပွင့်လှည်းတန်း)၊ JCGV Junction City ၊ JCGV Square ၊ မန္တလေး – ဝင်းလိုက်၊ JCGV Mingalar Mandalay

၎။ အရွယ်သုံးပါးချစ်တတ်သည်

အရွယ်သုံးပါးချစ်တတ်သည် ဒါရိုက်တာ မောင်မျိုးမင်းရဲ့ လက်ရာ အရွယ်သုံးပါးချစ်တတ်သည် ကားကြီးမှာ ရန်အောင်၊ရဲအောင်၊ ပြေတီဦး၊ မို့မို့မြင့်အောင်၊ မေသဉ္စာဦး၊ ခိုင်သင်းကြည်၊ ဝတ်မှုံရွှေရည် နဲ့ ကျော်ကျော်တို့ ပါဝင်သရုပ်ဆောင်ထားပြီး ညွှန်းထားတာကတော့ ယောက္ခမဆိုတာ တစ်ခါတုန်းက သမက်ပါပဲ (၂) လို့ ညွှန်းဆိုထားပါတယ်။ ပထမကား ယောက္ခမဆိုတာ တစ်ခါတုန်းက သမက်ပါပဲကတော့ အတော်ကို ရယ်ရခဲ့တဲ့ ကားကောင်းတစ်ကားဖြစ်တော့ ဒီကားကရော ပထမကားကို မီမလားဆိုတာ စောင့်ကြည့်သင့်ပါတယ်။ အနုပညာရှင်တွေ စုံစုံလင်လင် အများကြီး ပါဝင်ထားတဲ့ ဒီဟာသရုပ်ရှင်ဇာတ်ကားကြီးကတော့ ဒီတစ်ပတ်သောကြာ ရုံစဝင်လာပြီဖြစ်တဲ့ အတွက် အမောအပန်းပြေအောင် သွားကြည့်လိုက်ကြပါဦး။ ပြသနေတဲ့ ရုံတွေကတော့ ရန်ကုန် – ရှေ့ဆောင်၊ မင်္ဂလာ (သိမ်ကြီးဈေး)၊ Top Royal ၊ မင်္ဂလာစံပြ ၊ မင်္ဂလာ (ဂမုန်းပွင့်လှည်းတန်း)၊ မင်္ဂလာဝဇီရာ၊ JCGV Junction City ၊ JCGV Square ၊ JCGV Mawtin ၊ Mega Ace Cineplex (သာကေတ၊ မြရတနာ)၊ (တာမွေ၊ ရွှေဗဟို)၊ (မြောက်ဥက္ကလာပ၊ကန်သာယာ)၊ မန္တလေး – မြို့မ၊ မင်္ဂလာမန်းနေပြည်တော် (ဆိုင်းတန်း)၊ JCGV Mingalar Mandalay၊ Mega Ace Cineplex (ချမ်းအေးသာဇံ၊ မြို့ဂုဏ်ရောင်)။

၅။ The Fate of the Furious

F8 ဟာ Paul Walker ကြီး မရှိတော့ပေမယ့် အရင်အတိုင်း Vin Diesel၊ Dwayne Johnson (The Rock)၊ Jason Statham၊ Michelle Rodriguez၊ Tyrese Gibson၊ Charlize Theron နဲ့ အခြားနာမည်ကြီး သရုပ်ဆောင်တွေ အများကြီး ပါဝင်ထားပြီး Director ကတော့ F Gary Gary ဖြစ်ပါတယ်။ သူ့ ဇနီး Letty (Michelle Rodriguez) Dom တစ်ယောက် Honeymoon ထွက်ရင်း အနားယူအပန်းဖြေနေတဲ့ အချိန်မှာ ဆိုက်ဘာအကြမ်းဖက်သမားတစ်ယောက်လည်းဖြစ်၊ Hacker တစ်ယောက်လည်းဖြစ်တဲ့ Cipher (Theron) က ချဉ်းကပ်ပြီး သူ့အတွက် အလုပ်လုပ်ပေးဖို့ ချိမ်းခြောက်အကျပ်ကိုင်တဲ့ အခါမှာ ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကို ရှူစားရမှာပါ။ Box Office မှာ No.