[Zawgyi]

တစ္ပတ္အတြင္းေရပန္းအစားဆံုး အႏုပညာရွင္တို႔ရဲ႕ပံုရိပ္မ်ား

Facebook လူမႈကြန္ရက္ေပၚမွာ ျမန္မာအႏုပညာရွင္ေတြေျမာက္ျမားစြာရွိေနျပီး ေန႔စဥ္ေန႔တိုင္းမွာ သူတို႔ရဲ႕ အေကာင္႔ေတြကေန စိတ္ဝင္စားစရာဓာတ္ပံုေတြနဲ႔ အေၾကာင္းအရာေတြျမင္ေတြ႔ေနရပါတယ္။ ဒီထဲကေနမွ ပရိသတ္ေတြစိတ္ဝင္စားမႈအမ်ားဆံုးျဖစ္ေစခဲ႔တဲ႔ဓာတ္ပံုေတြနဲ႔အေၾကာင္းအရာေတြကိုစုစည္းတင္ဆက္ေပးလိုက္ပါတယ္။

စစ္ေရးေလ႔က်င္႔ေနတဲ႔ သြန္းဆက္

သီလရွင္ဝတ္ထားျပီး လက္ရွိမွာေတာ႔ ဆံပင္တုိတုိနဲ႔ပဲ က်ရာဇာတ္ရုပ္ကိုပီပီျပင္ျပင္သရုပ္ေဆာင္ေနသူက သြန္းဆက္ပါ။ စစ္ကိုမုန္း၍တိုက္ရသည္ဆိုတဲ႔ဇာတ္ကားကို လက္ရွိရိုက္ကူးေနျပီး ဒီဇာတ္ကားအတြက္ စစ္ေရးေလ႔က်င္႔ေနတဲ႔ရိုက္ကြင္းပံုေတြကို ဒီဇင္ဘာလ ၃ ရက္ေန႔က သူမအေကာင္႔မွာတင္ထားခဲ႔တာျဖစ္ပါတယ္။ သူမရဲ႕လက္ရွိပံုစံနဲ႔ လိုက္ဖက္စြာသရုပ္ေဆာင္ေနတဲ႔ပံုကို Like လုပ္သူ 3.7 K ရွိခဲ႔ပါတယ္။

Thoon Sat

ေဖ႔စ္ဘြတ္ခ္ကေန လာႏႈတ္ဆက္တဲ႔ ေမသက္ခိုင္

မ်က္ႏွာခ်ိဳခ်ိဳ ၊ မ်က္ခံုးထူထူေလးနဲ႔ ခ်စ္စရာေကာင္းတဲ႔ ေမသက္ခိုင္က အႏုပညာအလုပ္လုပ္စဥ္ကလည္း သူ႔ကိုခ်စ္တဲ႔ပရိသတ္ေတြအမ်ားၾကီးရွိခဲ႔ပါတယ္။ လက္ရိွမွာေတာ႔ သူမကဘန္ေကာက္ကိုေရာက္ရွိေနျပီး သူမရဲ႕ေဖ႔စ္ဘြတ္ခ္ကေန ပရိသတ္ေတြကို ႏႈတ္ခြန္းဆက္တဲ႔စာသားေလးေရးသားလာခဲ႔ပါတယ္။ အႏုပညာအလုပ္ေတြနားလိုက္တာ ၄ ႏွစ္ေလာက္ရွိျပီဆိုတဲ႔အေၾကာင္းနဲ႔ အႏုပညာရွင္တစ္ေယာက္အေနနဲ႔မဟုတ္ဘဲ ေပါ႔ေပါ႔ပါးပါးပဲခင္မင္ၾကပါလို႔ ေရးသားထားခဲ႔တာျဖစ္ပါတယ္။ သူမရဲ႕ပံုရိပ္ေတြနဲ႔စာသားကို အြန္လိုင္းေပ႔ခ်္ေတာ္ေတာ္မ်ားမ်ားက ေဖာ္ျပခဲ႔ၾကျပီး ဒီတစ္ပတ္အတြက္ေတာ႔ သူမပံုရိပ္ေတြက ေဖ႔စ္ဘြတ္ခ္မွာ အေတာ္ေလးေရပန္းစားခဲ႔ပါတယ္။

May Thet Khaing

May Thet Khaing

ၾကည္ႏူးမႈေတြမ်ွေဝတဲ႔ ဒါဒါတို႔စံုတြဲ

သရုပ္ေဆာင္စိုးျမတ္နႏၵာက သူမရဲ႕ေပ႔ခ်္မွာ သရုပ္ေဆာင္စိုးသူနဲ႔စံုတြဲရိုက္ကူးထားတဲ႔ပံုရိပ္ကို Cover Photo အေနနဲ႔ ခ်ိန္းလိုက္ပါတယ္။ ဒီပံုကို ဒီဇင္ဘာလ ၁ ရက္ေန႔ကတင္လိုက္တာျဖစ္ျပီး ဒီဇင္ဘာကိုၾကိဳဆိုႏႈတ္ဆက္တဲ႔အေနနဲ႔ ပံုေပၚမွာ စာသားတင္ထားတာေတြ႔ျမင္ရပါတယ္။ ဒီပံုကို Like လုပ္သူ 26 K နဲ႔ Share 225 ရွိခဲ႔ပါတယ္။ အခက္အခဲေတြၾကားက ရဲရဲၾကီးေရွ႕ဆက္ခ်စ္ခင္ေနဆဲ သူတုိ႔ႏွစ္ဦးကို အားေပးတဲ႔ ကြန္းမန္႔ေတြအမ်ားၾကီးရွိခဲ႔တာေတြ႔ရပါတယ္။

Soe Thu and Soe Myat Nandar

Soe Thu and Soe Myat Nandar

ခ်စ္သူနဲ႔မိတ္ဆက္ေပးလိုက္တဲ႔ ထြန္းထြန္း

သရုပ္ေဆာင္ထြန္းထြန္းက Instagram မွာ သူ႔ရဲ႕ခ်စ္သူေလးကို အလင္းျပလိုက္ပါျပီ။ အလင္းျပလိုက္ျပီဆိုေပမယ္႔ နွစ္ေယာက္လံုးက အေကာင္ပံုေလးေတြနဲ႔ရုပ္ဖ်က္ထားပါတယ္။ ဒါေပမဲ႔ ကြန္းမန္႔ေတြကိုၾကည္႔ျပီး သူမရဲ႕ေကာင္မေလးက ဘယ္လုိပံုပန္းသြင္ျပင္ရွိတယ္ဆုိတာကိုပါ ေတြ႔ျမင္ႏိုင္ပါျပီ။ ထြန္းထြန္းက Instagram မွာသာ ခ်စ္သူကိုမိတ္ဆက္တာျဖစ္ေပမယ္႔ သူရဲ႕ဒီပို႕စ္က ေဖ႔စ္ဘြတ္မွာေရာ အြန္လိုင္းေပ႔ခ်္ေတြမွာေရာ ပ်ံ႔ႏွ႔ံခဲ႔တာေတြ႔ရပါတယ္။ မၾကာခင္ေတာ႔ ခ်စ္သူေကာင္မေလးကို ပြင္႔ပြင္႔လင္းလင္း ထုတ္ေဖာ္မိတ္ဆက္ေပးလာေတာ႔မယ္ထင္ပါတယ္။

Tun Tun Girlfriend

Tun Tun Girlfriend

ပရိသတ္ေတြမနည္းမေနာရထားတဲ႔ မေနာနဲ႔ေရႊထူး

တရုတ္ျပည္ေရႊလီမွာ သီခ်င္းဆိုရင္းေတြ႔ခဲ႔ၾကတဲ႔ အဆိုေတာ္မေနာနဲ႔ ေရႊထူးတို႔ရဲ႕ပံုပါ။ အဆိုေတာ္မေနာက သူ႔အေကာင္႔မွာ ေရႊထူး ၊ G Fatt တို႔နဲ႔တြဲရိုက္ထားတဲ႔ ပံုေတြကို ႏိုဝင္ဘာ ၂၈ ရက္ေန႔က သူ႔ရဲ႕အေကာင္႔မွာတင္ထားခဲ႔တာျဖစ္ပါတယ္။ နာမည္ေက်ာ္တဲ႔ အဆုိေတာ္ႏွစ္ဦးကိုတြဲဖက္ေတြ႔ရတာမို႔ Like လုပ္သူ 15K ရွိခဲ႔သလို Share လုပ္သူ 385 ေယာက္ ရွိခဲ႔ပါတယ္။ မေနာအေကာင္႔ထဲမွာေတာ႔ မေနာကိုအားေပးသူအေျမာက္အျမားက အားေပးတဲ႔ကြန္းမန္႔ေတြေရးထားတာေတြ႔ရပါတယ္။

Shwe Htoo and MaNaw

Shwe Htoo and MaNaw

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

တစ်ပတ်အတွင်းရေပန်းအစားဆုံး အနုပညာရှင်တို့ရဲ့ပုံရိပ်များ

Facebook လူမှုကွန်ရက်ပေါ်မှာ မြန်မာအနုပညာရှင်တွေမြောက်မြားစွာရှိနေပြီး နေ့စဉ်နေ့တိုင်းမှာ သူတို့ရဲ့ အကောင့်တွေကနေ စိတ်ဝင်စားစရာဓာတ်ပုံတွေနဲ့ အကြောင်းအရာတွေမြင်တွေ့နေရပါတယ်။ ဒီထဲကနေမှ ပရိသတ်တွေစိတ်ဝင်စားမှုအများဆုံးဖြစ်စေခဲ့တဲ့ဓာတ်ပုံတွေနဲ့အကြောင်းအရာတွေကိုစုစည်းတင်ဆက်ပေးလိုက်ပါတယ်။

စစ်ရေးလေ့ကျင့်နေတဲ့ သွန်းဆက်

သီလရှင်ဝတ်ထားပြီး လက်ရှိမှာတော့ ဆံပင်တိုတိုနဲ့ပဲ ကျရာဇာတ်ရုပ်ကိုပီပီပြင်ပြင်သရုပ်ဆောင်နေသူက သွန်းဆက်ပါ။ စစ်ကိုမုန်း၍တိုက်ရသည်ဆိုတဲ့ဇာတ်ကားကို လက်ရှိရိုက်ကူးနေပြီး ဒီဇာတ်ကားအတွက် စစ်ရေးလေ့ကျင့်နေတဲ့ရိုက်ကွင်းပုံတွေကို ဒီဇင်ဘာလ ၃ ရက်နေ့က သူမအကောင့်မှာတင်ထားခဲ့တာဖြစ်ပါတယ်။ သူမရဲ့လက်ရှိပုံစံနဲ့ လိုက်ဖက်စွာသရုပ်ဆောင်နေတဲ့ပုံကို Like လုပ်သူ 3.7 K ရှိခဲ့ပါတယ်။

Thoon Sat

Thoon Sat

ဖေ့စ်ဘွတ်ခ်ကနေ လာနှုတ်ဆက်တဲ့ မေသက်ခိုင်

မျက်နှာချိုချို ၊ မျက်ခုံးထူထူလေးနဲ့ ချစ်စရာကောင်းတဲ့ မေသက်ခိုင်က အနုပညာအလုပ်လုပ်စဉ်ကလည်း သူ့ကိုချစ်တဲ့ပရိသတ်တွေအများကြီးရှိခဲ့ပါတယ်။ လက်ရှိမှာတော့ သူမကဘန်ကောက်ကိုရောက်ရှိနေပြီး သူမရဲ့ဖေ့စ်ဘွတ်ခ်ကနေ ပရိသတ်တွေကို နှုတ်ခွန်းဆက်တဲ့စာသားလေးရေးသားလာခဲ့ပါတယ်။ အနုပညာအလုပ်တွေနားလိုက်တာ ၄ နှစ်လောက်ရှိပြီဆိုတဲ့အကြောင်းနဲ့ အနုပညာရှင်တစ်ယောက်အနေနဲ့မဟုတ်ဘဲ ပေါ့ပေါ့ပါးပါးပဲခင်မင်ကြပါလို့ ရေးသားထားခဲ့တာဖြစ်ပါတယ်။ သူမရဲ့ပုံရိပ်တွေနဲ့စာသားကို အွန်လိုင်းပေ့ချ်တော်တော်များများက ဖော်ပြခဲ့ကြပြီး ဒီတစ်ပတ်အတွက်တော့ သူမပုံရိပ်တွေက ဖေ့စ်ဘွတ်ခ်မှာ အတော်လေးရေပန်းစားခဲ့ပါတယ်။

May Thet Khaing

May Thet Khaing

ကြည်နူးမှုတွေမျှဝေတဲ့ ဒါဒါတို့စုံတွဲ

သရုပ်ဆောင်စိုးမြတ်နန္ဒာက သူမရဲ့ပေ့ချ်မှာ သရုပ်ဆောင်စိုးသူနဲ့စုံတွဲရိုက်ကူးထားတဲ့ပုံရိပ်ကို Cover Photo အနေနဲ့ ချိန်းလိုက်ပါတယ်။ ဒီပုံကို ဒီဇင်ဘာလ ၁ ရက်နေ့ကတင်လိုက်တာဖြစ်ပြီး ဒီဇင်ဘာကိုကြိုဆိုနှုတ်ဆက်တဲ့အနေနဲ့ ပုံပေါ်မှာ စာသားတင်ထားတာတွေ့မြင်ရပါတယ်။ ဒီပုံကို Like လုပ်သူ 26 K နဲ့ Share 225 ရှိခဲ့ပါတယ်။ အခက်အခဲတွေကြားက ရဲရဲကြီးရှေ့ဆက်ချစ်ခင်နေဆဲ သူတို့နှစ်ဦးကို အားပေးတဲ့ ကွန်းမန့်တွေအများကြီးရှိခဲ့တာတွေ့ရပါတယ်။

Soe Thu and Soe Myat Nandar

Soe Thu and Soe Myat Nandar

ချစ်သူနဲ့မိတ်ဆက်ပေးလိုက်တဲ့ ထွန်းထွန်း

သရုပ်ဆောင်ထွန်းထွန်းက Instagram မှာ သူ့ရဲ့ချစ်သူလေးကို အလင်းပြလိုက်ပါပြီ။ အလင်းပြလိုက်ပြီဆိုပေမယ့် နှစ်ယောက်လုံးက အကောင်ပုံလေးတွေနဲ့ရုပ်ဖျက်ထားပါတယ်။ ဒါပေမဲ့ ကွန်းမန့်တွေကိုကြည့်ပြီး သူမရဲ့ကောင်မလေးက ဘယ်လိုပုံပန်းသွင်ပြင်ရှိတယ်ဆိုတာကိုပါ တွေ့မြင်နိုင်ပါပြီ။ ထွန်းထွန်းက Instagram မှာသာ ချစ်သူကိုမိတ်ဆက်တာဖြစ်ပေမယ့် သူရဲ့ဒီပို့စ်က ဖေ့စ်ဘွတ်မှာရော အွန်လိုင်းပေ့ချ်တွေမှာရော ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ မကြာခင်တော့ ချစ်သူကောင်မလေးကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်မိတ်ဆက်ပေးလာတော့မယ်ထင်ပါတယ်။

Tun Tun Girlfriend

Tun Tun Girlfriend

ပရိသတ်တွေမနည်းမနောရထားတဲ့ မနောနဲ့ရွှေထူး

တရုတ်ပြည်ရွှေလီမှာ သီချင်းဆိုရင်းတွေ့ခဲ့ကြတဲ့ အဆိုတော်မနောနဲ့ ရွှေထူးတို့ရဲ့ပုံပါ။ အဆိုတော်မနောက သူ့အကောင့်မှာ ရွှေထူး ၊ G Fatt တို့နဲ့တွဲရိုက်ထားတဲ့ ပုံတွေကို နိုဝင်ဘာ ၂၈ ရက်နေ့က သူ့ရဲ့အကောင့်မှာတင်ထားခဲ့တာဖြစ်ပါတယ်။ နာမည်ကျော်တဲ့ အဆိုတော်နှစ်ဦးကိုတွဲဖက်တွေ့ရတာမို့ Like လုပ်သူ 15K ရှိခဲ့သလို Share လုပ်သူ 385 ယောက် ရှိခဲ့ပါတယ်။ မနောအကောင့်ထဲမှာတော့ မနောကိုအားပေးသူအမြောက်အမြားက အားပေးတဲ့ကွန်းမန့်တွေရေးထားတာတွေ့ရပါတယ်။

 

Shwe Htoo and MaNaw

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။