[Zawgyi]






Victoria Beckham

Victoria Beckham





Chris Pratt

Chris Pratt





Katie Holmes

Katie Holmes


Rihanna

Rihanna


Jessica Alba

Jessica Alba


Hilary Duff

Hilary Duff


Priyanka Chopra

Priyanka Chopra


Yoe Lu (Akhayar)

www.akhayar.com

Ref : eonline.com
[Unicode]

တစ်ပတ်အတွင်း ထင်ရှားကျော်ကြား ကမ္ဘာကျော် အနုပညာရှင်တို့ရဲ့ ပုံရိပ်များ

အခရာပရိသတ်ကြီးရေ.. ဒီတစ်ပတ်ရဲ့ နိုင်ငံတကာက ထင်ရှားကျော်ကြားသူတွေရဲ့ အမှတ်ထင်ထင်ပုံရိပ်တွေကို စုစည်းပေးရမယ်ဆိုရင်တော့ဖြင့် Rihanna လည်း ပါရဲ့၊ Jessica Alba လို နာမည်ကြီးတွေလည်း ပါရဲ့။ သူတို့ရဲ့ တစ်ပတ်အတွင်း အမှတ်ထင်ထင်ဓာတ်ပုံတွေကတော့…

John Legend ကို သူ့မိသားစုနဲ့ တွေ့ရပုံပါ

John Legend ကို သူ့မိသားစုနဲ့ တွေ့ရပုံပါ

All of Me ရဲ့ အဆိုရှင် John Legend ကို သူ့မိသားစုနဲ့ ပွဲတက်လာတဲ့ ပုံပါ။

Victoria Beckham

Victoria Beckham

David Beckham ရဲ့ ကတော် Victoria Beckham ကို ပါရီမြို့က သူတည်းတဲ့ ဟိုတယ်နားမှာ မရိုးနိုင်တဲ့ ဂျင်းဖက်ရှင်နဲ့ တွေ့ခဲ့ရပါတယ်။

အာပြဲစိန် Harry Styles

အာပြဲစိန် Harry Styles

Harry Styles တစ်ယောက်တော့ စတိုင်မကျနိုင်တော့ပါဘူး။ နယူးယောက်မြို့ရဲ့ ပွဲတစ်ခုမှာ ဖျော်ဖြေနေတုန်း Snap မိသွားပုံ ရပါတယ်။

Chris Pratt

Chris Pratt

Jurassic World : Fallen Kingdom ကို ကြည့်ြ့ပီးပြီဆိုရင်တော့ သူ့ကို အမှတ်ရကြမှာပါ။ မင်းသား Chris Pratt တစ်ယောက် LA မြို့ထဲမှာ လျှောက်သွားနေတဲ့ပုံ ဖြစ်ပါတယ်။

Patrick Schwarzenegger

Patrick Schwarzenegger

မင်းသားကြီးအာနိုးရဲ့ သား၊ မော်ဒယ်လည်း လုပ်၊ သရုပ်ဆောင်လည်း လုပ်တဲ့ Patrick Schwarzenegger ကတော့ ဟာဝိုင်ယီမှာ ရေငုပ်ဖို့ လုပ်ရင်း သူ့ ခန္ဓာကိုယ်အလှကို လှစ်ပြခဲ့ပါတယ်။

Katie Holmes

Katie Holmes

Tom Cruise ရဲ့ ဇနီးဟောင်း Katie Holmes ကတော့ ပျော်ပျော်ရွှင်ရွှင်ပါပဲ။ နယူးယောက်မြို့ရဲ့ Rockefeller Center မှာ တွေ့ရပုံဖြစ်ပါတယ်။

Rihanna

Rihanna

Rihanna ကတော့ ဒီတစ်ခါ ဖက်ရှင်ပုံထူးထူးခြားခြားနဲ့ပါ၊ အဖြူရောင် Jumpsuit နဲ့ Louis Vuitton Paris Fashion Week Men’s Show ကို ပွဲတက်လာခဲ့ပါတယ်။

Jessica Alba

Jessica Alba

မတွေ့တာကြာတဲ့ Jessica Alba ကို ဆန်ဖရန်စစ္စကိုမြို့က ပွဲတစ်ခုမှာ တွေ့ရပုံ ဖြစ်ပါတယ်။

Hilary Duff

Hilary Duff

Hilary Duff ကိုတော့ သူ့ရဲ့ သားငယ်လေး Luca ကို တိရစ္ဆာန်ရုံလိုက်ပို့တုန်း မီဒီယာတွေက တွေ့ရှိခဲ့တာပါ။

Priyanka Chopra

Priyanka Chopra

ဘယ်လိုတောင် ရယ်လိုက်တာလဲ Priyanka Chopra ရယ်။ နယူးယောက်မှာ လုပ်တဲ့ ၂၀၁၈ ခုနှစ် Forbes အမျိုးသမီးများ တွေ့ဆုံပွဲမှာ စတိတ်ပေါ်စကားပြောရယ်မောနေတုန်း Snap မိသွားတာပါ။

Yoe Lu (Akhayar)

www.akhayar.com

Ref : eonline.com