[Zawgyi]






Paul-Scholes

Paul-Scholes






Ref: BBC Sport , Goal.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

PSG – PSG အသင်းဟာ မန်ယူအသင်းမှာ အဆင်မပြေဖြစ်နေတဲ့ ကွင်းလယ်လူ ပေါ့ဘာ Pogba ကိုခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။

စပါး – စပါးအသင်းဟာ PSG ကွင်းလယ်လူ ရာဘီယူ Rabiot ကို လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ကမ်းလှမ်းဖို့ အသင့်ရှိနေပါတယ်။

ဝက်စ်ဟမ်း – ဝက်စ်ဟမ်းအသင်းဟာ PSV ကွင်းလယ်လူ Hendrix ကိုခေါ်ယူလိုနေပါတယ်။

ဒေါ့မွန် – ဒေါ့မွန်အသင်းဟာ အသင်းရဲ့ အင်္ဂလန်လူငယ်တိုက်စစ်မှုး Sancho ကို (၂၀၂၂) ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။

Paul-Scholes

Paul-Scholes

မန်ယူ – မန်ယူဂန္ထဝင် ကွင်းလယ်လူ ပေါလ်စခိုးလ် Paul Scholes ဟာ ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ မော်ရင်ဟို Mourinho အထုတ်မခံခဲ့ရတာကို သူ့အနေနဲ့ အံသြမိတယ်လို့ ပြောကြားခဲ့ပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီးအသင်းဟာ နောက်ခံလူ ဒေးဗစ်လူးဝစ်ဇ် David Luiz ကို (၁)နှစ်သက်တမ်းတိုး စာချုပ်ကမ်းလှမ်းဖို့ရှိနေပါတယ်။

မန်စီးတီး – မန်စီးတီးအသင်းဟာ ဟော်ဖန်ဟင်မ် လူငယ်ကွင်းလယ်လူ Elmkies ကို ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။

အာဆင်နယ် – အာဆင်နယ် တိုက်စစ်မှုး ဝဲလ်ဘတ် Welbeck ဟာ ကွင်းလယ်လူ ရမ်ဆေး Ramsey လိုမျိုး ရာသီကုန်မှာအသင်းကနေ ထွက်ခွာဖို့ရှိနေပါတယ်။

လီဗာပူးလ် – လီဗာပူးလ်အသင်းဂိုးသမား အယ်လစ်ဆန် Alisson က လီဗာပူးလ်ကို မပြောင်းရွှေ့ခင် ရိုးမားအသင်းမှာပဲ ဆက်နေဖို့ စဉ်းစားခဲ့ပြီး ရိုးမားကနေ ထွက်ခွာလာချိန်မှာတော့ ငိုကြွေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

Ref: BBC Sport , Goal.com
Photo: The Times , World Report
Ko Kyue(Akhayar)
www.akhayar.com