[Zawgyi]

ဗုဒၶဟူးေန႔ ေဘာလံုးသတင္းတိုမ်ားစုစည္းေဖာ္ျပမႈ

ရီးယဲလ္မက္ဒရစ္ – ရီးယဲလ္မက္ဒရစ္အသင္း ဥကၠဌပီရက္ဇ္ Perez ဟာ စီေရာ္နယ္လ္ဒို Cristiano Ronaldo အေနနဲ႔ အသင္းကို တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္မွာ ျပန္လာမယ္လို႔ ယံုၾကည္ေနပါတယ္။ စီေရာ္နယ္လ္ဒိုဟာ ရီးယဲလ္မက္ဒရစ္အသင္းမွာ (၉)ႏွစ္ၾကာကစားခဲ႔သူပါ။

ခ်ယ္လ္ဆီး – ခ်ယ္လ္ဆီးအသင္းပိုင္ရွင္ ေအဘရာမိုဗစ္ခ်္ Abramovich ဟာ ခ်ယ္လ္ဆီးအသင္းကို ေပါင္(၃)ဘီလီယံ အနည္းဆံုးရရင္ ေရာင္းခ်ဖို႔ရိွေနပါတယ္။

PSV – PSV လူငယ္ေတာင္ပံကစားသမား လြန္ဇာႏို Lozano ကိုေခၚယူဖို႔အတြက္ လာလီဂါ ထိပ္သီးအသင္းေတြျဖစ္ၾကတဲ႔ ရီးယဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာအသင္းတို႔က ေစာင္႔ၾကည္႔ေနၾကပါတယ္။

Pogba

Pogba

မန္ယူ – မန္ယူအသင္းကြင္းလယ္လူ ေပါ႔ဘာ Pogba ဟာ အသင္းကေနထြက္ခြာဖို႔ အသင္႔ရိွေနပါတယ္။ ေပါ႔ဘာကို ေခၚယူဖို႔ အသင္းေဟာင္း ဂ်ဴဗင္တပ္စ္နဲ႔ ဘာစီလိုနာအသင္းတို႔က စိတ္၀င္စားေနၾကပါတယ္။ မန္ယူအသင္းဟာ ေပါ႔ဘာအတြက္ ေပါင္သန္း(၂၀၀)ခန္႔ အလိုရိွေနပါတယ္။

ဘာစီလိုနာ – ဘာစီလိုနာအသင္းဟာ လိုင္လီေတာင္ပံကစားသမား ပီပီ Pepe ကိုေခၚယူဖို႔စိတ္၀င္စားေနပါတယ္။

၀က္စ္ဘရြန္း – ၀က္စ္ဘရြန္းအသင္းဟာ ပဲေလ႔စ္ေတာင္ပံကစားသမားေဟာင္း ဆာကို Sako ေခၚယူဖို႔ နီးစပ္ေနပါတယ္။

အာဆင္နယ္ – အာဆင္နယ္အသင္းနည္းျပေဟာင္း အာစင္၀င္းဂါး Arsene Wenger ဟာ နည္းျပဘ၀ကေန အနားမယူေသးပါဘူး လို႔ေျပာၾကားခဲ႔ပါတယ္။

လာလီဂါ – ဒီေန႔ မနက္အေစာပိုင္းက ကစားခဲ႔တဲ႔ လာလီဂါပြဲစဥ္မွာ အက္သလက္တီကိုအသင္းဟာ ဟူဆကာအသင္းကို ( ၃ – ၀ )နဲ႔ အႏိုင္ရရိွခဲ႔ပါတယ္။

စီးရီးေအ – ဒီေန႔ မနက္အေစာပိုင္းက ကစားခဲ႔တဲ႔ စီးရီးေအပြဲစဥ္မွာ အင္တာမီလန္အသင္းဟာ ဖီအိုရင္တီးနားအသင္းကို ( ၂ – ၁ )နဲ႔ အႏိုင္ရရိွခဲ႔ပါတယ္။

Ref: BBC Sport , Goal.com , Ronaldo.com
Photo: Business Insider , The Telegraph
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်အသင်း ဥက္ကဌပီရက်ဇ် Perez ဟာ စီရော်နယ်လ်ဒို Cristiano Ronaldo အနေနဲ့ အသင်းကို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ပြန်လာမယ်လို့ ယုံကြည်နေပါတယ်။ စီရော်နယ်လ်ဒိုဟာ ရီးယဲလ်မက်ဒရစ်အသင်းမှာ (၉)နှစ်ကြာကစားခဲ့သူပါ။

ချယ်လ်ဆီး – ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ် Abramovich ဟာ ချယ်လ်ဆီးအသင်းကို ပေါင်(၃)ဘီလီယံ အနည်းဆုံးရရင် ရောင်းချဖို့ရှိနေပါတယ်။

PSV – PSV လူငယ်တောင်ပံကစားသမား လွန်ဇာနို Lozano ကိုခေါ်ယူဖို့အတွက် လာလီဂါ ထိပ်သီးအသင်းတွေဖြစ်ကြတဲ့ ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့က စောင့်ကြည့်နေကြပါတယ်။

Pogba

Pogba

မန်ယူ – မန်ယူအသင်းကွင်းလယ်လူ ပေါ့ဘာ Pogba ဟာ အသင်းကနေထွက်ခွာဖို့ အသင့်ရှိနေပါတယ်။ ပေါ့ဘာကို ခေါ်ယူဖို့ အသင်းဟောင်း ဂျူဗင်တပ်စ်နဲ့ ဘာစီလိုနာအသင်းတို့က စိတ်ဝင်စားနေကြပါတယ်။ မန်ယူအသင်းဟာ ပေါ့ဘာအတွက် ပေါင်သန်း(၂၀၀)ခန့် အလိုရှိနေပါတယ်။

ဘာစီလိုနာ – ဘာစီလိုနာအသင်းဟာ လိုင်လီတောင်ပံကစားသမား ပီပီ Pepe ကိုခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။

ဝက်စ်ဘရွန်း – ဝက်စ်ဘရွန်းအသင်းဟာ ပဲလေ့စ်တောင်ပံကစားသမားဟောင်း ဆာကို Sako ခေါ်ယူဖို့ နီးစပ်နေပါတယ်။

အာဆင်နယ် – အာဆင်နယ်အသင်းနည်းပြဟောင်း အာစင်ဝင်းဂါး Arsene Wenger ဟာ နည်းပြဘဝကနေ အနားမယူသေးပါဘူး လို့ပြောကြားခဲ့ပါတယ်။

လာလီဂါ – ဒီနေ့ မနက်အစောပိုင်းက ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ အက်သလက်တီကိုအသင်းဟာ ဟူဆကာအသင်းကို ( ၃ – ၀ )နဲ့ အနိုင်ရရှိခဲ့ပါတယ်။

စီးရီးအေ – ဒီနေ့ မနက်အစောပိုင်းက ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ အင်တာမီလန်အသင်းဟာ ဖီအိုရင်တီးနားအသင်းကို ( ၂ – ၁ )နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Ref: BBC Sport , Goal.com , Ronaldo.com
Photo: Business Insider , The Telegraph
Ko Kyue(Akhayar)
www.akhayar.com