မန်ယူ – မန်ယူနည်းပြဆိုးလ်ရှား ဟာ အသင်းရဲ့ပင်တိုင်ပယ်နယ်တီကန်သွင်းသူအဖြစ် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် Rashford ကို သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။ ၀ုလ်ဗ်အသင်းနဲ့ ပွဲမှာ ပေါ့ဘာ Pogba ဟာ ပယ်နယ်တီ လွဲချော်ခဲ့တာကြောင့် ရက်ရှ်ဖို့ဒ် က အသင်းရဲ့ပင်တိုင်ပယ်နယ်တီကန်သွင်းသူဖြစ်လာတာ ဖြစ်ပါတယ်။

ဒေါ့မွန် – ဒေါ့မွန်အသင်းဟာ လူငယ်တောင်ပံတိုက်စစ်ကစားသမား ဆန်ချို Sancho ကို ကာလရှည်စာချုပ်သစ် ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ လက်ရှိစာချုပ်သစ်မှာ ဆန်ချို ဟာ တစ်ပတ်လုပ်ခပေါင်(၁၉၀၀၀၀)ထိ ရရှိသွားမှာဖြစ်ပါတယ်။

ဂျူဗင်တပ်စ် – ဂျူဗင်တပ်စ်အသင်းဟာ ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ် Suarez ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဆွာရက်ဇ် ဟာ လက်ရှိမှာ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။

ဖီနာဘာချီ – ဖီနာဘာချီအသင်းဟာ မန်ယူနောက်ခံလူ ရိုဟို Rojo ကို အငှားနဲ့ ခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ရိုဟို ဟာ မန်ယူအသင်းကနေ ထွက်ခွာဖို့ ရှိနေသူဖြစ်ပါတယ်။

အာဆင်နယ် – အာဆင်နယ်အသင်းဟာ လူငယ်ကွင်းလယ်လူ ဂွမ်ဒိုဇီ Guendouzi ကို (၅)နှစ်စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ဒီစာချုပ်မှာ ဂွမ်ဒိုဇီ ဟာ တစ်ပတ်လုပ်ခပေါင်(၇၀၀၀၀)ရရှိသွားမှာဖြစ်ပါတယ်။

နာပိုလီ – PSV လူငယ်တောင်ပံကစားသမား လိုဇာနို Lozano ဟာ နာပိုလီအသင်းကို ပြောင်းရွှေ့ဖို့အတွက် အီတလီကိုရောက်ရှိနေပြီလို့ သိရပါတယ်။ နာပိုလီအသင်းဟာ လိုဇာနို ကိုခေါ်ယူဖို့အတွက် ယူရို(၃၈)သန်းပေးချေခဲ့ရတယ်လို့လည်း သတင်းတွေက ဖော်ပြနေကြပါတယ်။

မိုနာကို – မိုနာကိုအသင်းဟာ ဆောက်သမ်တန်ကွင်းလယ်လူ လီမီနာ Lemina ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ သိရပါတယ်။ လီမီနာ ကို မိုနာကိုအသင်းဟာ ကနဦးမှာ တစ်ရာသီအငှားနဲ့ခေါ်ယူသွားမှာဖြစ်ပြီး အပြီးသတ်ခေါ်ယူခွင့်ကိုလည်း ထည့်သွင်းထားတယ်လို့ သိရပါတယ်။

ရိုးမား – ချယ်လ်ဆီး ညာနောက်ခံလူ ဇက်ပါကော်စတာ ဟာ Zappacosta ဟာ ရိုးမားအသင်းကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့တော့မှာဖြစ်တယ်လို့ သိရပါတယ်။ ဇက်ပါကော်စတာ ဟာ ချယ်လ်ဆီးအသင်းမှာ ပုံမှန်နေရာပျောက်ဆုံးနေသူဖြစ်ပါတယ်။

ဖီအိုရင်တီးနား – ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာခဲ့တဲ့ ရီဘာရီ Ribery ဟာ ဖီအိုရင်တီးနားအသင်းကို ပြောင်းရွှေ့ဖို့အတွက် ဆေးစစ်မှုခံယူတော့မှာဖြစ်တယ်လို့ သိရပါတယ်။ သိပ်မကြာခင်မှာတော့ ရီဘာရီ ရဲ့ အပြောင်းအရွှေ့ကို မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

စပါး – စပါးအသင်းကွင်းလယ် တောင်ပံကစားသမား N’Koudou ဟာ ဘက်ဆစ်တက်အသင်းကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။ စပါးအသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ ၀မ်ယာမာ ကိုလည်း ကလပ်ဘရုဂေးအသင်းက ခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီးအသင်းတိုက်စစ်မှူး ဘတ်ရှုအာယီ Batshuayi ဟာ အသင်းမှာဆက်ရှိနေမှာဖြစ်ပြီး ပုံမှန်နေရာအတွက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာတော့ ဘတ်ရှုအာယီ ဟာ ချယ်လ်ဆီးအသင်းအတွက် တစ်ပွဲမှမကစားရသေးပါဘူး။

Ref: BBC Sports , Mirror , The Sun
Photo: Squawka
Ko Kyue(Akhayar)
www.akhayar.com