မန်ယူ – မန်ယူအသင်းဟာ လာမယ့်ဇန်န၀ါရီ အပြောင်းအရွှေ့ကာလမှာ စပါးကွင်းလယ်လူ အဲရစ်ဆင် Eriksen ကို ခေါ်ယူဖို့ ကြိုးစားသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဲရစ်ဆင် ရဲ့ စာချုပ်သက်တမ်းဟာ ဒီရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်တာကြောင့် သူ့ရဲ့ပြောင်းရွှေ့ကြေးက လျော့ကျသွားမှာဖြစ်ပါတယ်။ မန်ယူအသင်းဟာ အဲရစ်ဆင် ကိုခေါ်ယူဖို့အတွက် အင်တာမီလန်အသင်းနဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။

ကိုပင်ဟေဂင် – အာဆင်နယ်တိုက်စစ်မှူးဟောင်း ဘန်တနာ Bendtner ဟာ ဒိန်းမတ်ထိပ်သီး ကိုပင်ဟေဂင်အသင်းကို ဒီနှစ်ကုန်အထိ စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တယ်လို့ သိရပါတယ်။ ကိုပင်ဟေဂင်အသင်းမှာ ဘန်တနာ ဟာ ကျောနံပါတ်(၃၂)ကို ၀တ်ဆင်ကစားသွားမှာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ် – ဂျူဗင်တပ်စ်အသင်း ခေါင်းဆောင် နောက်ခံလူ ချီလီနီ Chiellini ဟာ ဒူးအရွတ်စုတ်ပြဲဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့တယ်လို့ သိရပါတယ်။ ဒီအနေအထားကြောင့် ချီလီနီ ဟာ (၆)လကြာ အနားယူသွားရဖို့ ရှိနေပါတယ်။

အာဆင်နယ် – အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါး Arsene Wenger ဟာ နည်းပြလောကထဲကို ပြန်လာဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ အာစင်ဝင်းဂါး ဟာ အာဆင်နယ်အသင်းကနေ ထွက်ခွာခဲ့တဲ့ အချိန်ကစပြီး ဘောလုံးလောကနဲ့ ဝေးကွာနေသူဖြစ်ပါတယ်။

ဂျူဗင်တပ်စ် – ဂျူဗင်တပ်စ်အသင်းရဲ့ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်အတွက် ကစားသမား (၂၂) ဦးစာရင်းမှာ ကွင်းလယ်လူ အမ်မရီချန် Can နဲ့ တိုက်စစ်မှူး မန်ဇူကစ် Mandzukic တို့ချန်လှပ်ခံခဲ့ရတယ်လို့ သိရပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာ ဂျူဗင်တပ်စ်အသင်းဟာ ကစားသားကောင်းတွေကို ခေါ်ယူခဲ့တာကြောင့် အခုလို လူစာရင်းမှာ ဒီကစားသမား(၂)ဦးချန်လှပ်ခံခဲ့ရတာဖြစ်ပါတယ်။

မန်ယူ – မန်ယူကွင်းလယ်လူ မာတစ် Matic ဟာ နည်းပြဆိုးလ်ရှား Solskjaer နဲ့ ဘာပြဿနာမှမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ မာတစ် ဟာ မန်ယူအသင်းမှာ ပုံမှန်ကစားခွင့် ပျောက်ဆုံးနေသူဖြစ်ပါတယ်။

စပါး – စပါးအသင်းဟာ ဖူလ်ဟမ်အသင်းရဲ့ လူငယ်ကစားသမား စတီဗင်ဆက်ဆီနွန် Steven Sessegnon ကို ခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ စတီဗင်ဆက်ဆီနွန် ဟာ စပါးအသင်းကစားသမားသစ် ရိုင်ယန်ဆက်ဆီနွန် Ryan Sessegnon ရဲ့ အမွှာညီအစ်ကိုဖြစ်ပြီး ခံစစ်အစွန်လူနဲ့ ကွင်းလယ်နေရာတွေမှာ ကစားနိုင်သူဖြစ်ပါတယ်။

နယူးကာဆယ် – နယူးကာဆယ်အသင်းကစားသမားဟောင်း ဘင်အာဖာ Ben Arfa ဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလက ကလပ်အသင်းတစ်ချို့ရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ လက်ရှိမှာတော့ ဘင်အာဖာ ဟာ ကလပ်အသင်းလက်မဲ့ ဖြစ်နေပါတယ်။

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး မာရီယာနို Mariano ဟာ အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင်မှာ ရှော်လ်ကေးအသင်းကို ပြောင်းရွှေ့ဖို့ အခွင့်အရေးရခဲ့ပေမယ့် ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ မာရီယာနို ဟာ ရီးယဲလ်အသင်းမှာ ပွဲကစားခွင့်ရဖို့ ခက်ခဲနေပါတယ်။

ပါတီဇန်ဘဲလ်ဂရိတ် – လီဗာပူးလ်ကွင်းလယ်ကစားသမားဟောင်း မာကိုဗစ် Markovic ဟာ ပါတီဇန်ဘဲလ်ဂရိတ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီလို့ သိရပါတယ်။ မာကိုဗစ် ဟာ ဘင်ဖီကာအသင်းကနေ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့လာခဲ့အပြီးမှာ အခက်အခဲပေါင်းများစွားနဲ့ ကြုံတွေ့ခဲ့ရသူဖြစ်ပါတယ်။

Ref: BBC Sports , Goal.com , Mirror , Sportskeeda
Photo: Metro
Ko Kyue(Akhayar)
www.akhayar.com