[Zawgyi]






Ramsey

Ramsey






Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

စပါး – စပါးအသင်းဟာ ဘုန်းမောက်နောက်ခံလူ အကီ Ake နဲ့ ဆမ်ဒိုးရီးယားနောက်ခံလူ Joachim Andersen တို့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ဘာစီလိုနာ – ဘာစီလိုနာအသင်းဟာ ဗဟိုနောက်ခံလူတစ်ဦးခေါ်ယူလိုနေပြီး ဒီနေရာအတွက် အေဂျက်စ်အသင်းရဲ့ လူငယ်နောက်ခံလူ ဒီလိဂ် De Ligt ကိုမျက်စိကျနေပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီးအသင်း နောက်ခံလူ မားကို့စ်အလွန်ဆို Marcos Alonso ဟာ လာမယ့်ရက်ပိုင်းအတွင်းမှာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ရှိနေပါတယ်။

အာဆင်နယ် – အာဆင်နယ်ကွင်းလယ်လူဟောင်း ပီရက်စ် Pires ဟာ အာဆင်နယ်အသင်းအနေနဲ့ ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ ထိပ်သီး(၄)သင်းအတွင်းဝင်ဖို့ ရာနှုန်းပြည့်သေချာတယ်လို့ ပြောကြားခဲ့ပါတယ်။

Ramsey

Ramsey

အဲဗာတန် – အဲဗာတန်အသင်းဟာ အာဆင်နယ်ကွင်းလယ်လူ ရမ်ဆေး Ramsey ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့ ကစားသမား ဘေးလ် Bale နဲ့ ချယ်လ်ဆီး ကစားသမား ဟာဇက် Hazard တို့ကို အလဲအလှယ်လုပ်ဖို့ စိတ်ဝင်စားနေပါတယ်။

ဂျီနိုအာ – ဂျီနိုအာ တိုက်စစ်မှုး ပီယာတက် Piatek ရဲ့အကြောင်းကို ကလပ်အသင်းတော်တော်များများက မေးမြန်းခဲ့ကြတယ်လို့ သူ့ရဲ့ အေးဂျင့်ကပြောကြားခဲ့ပါတယ်။

ကာဂလီယာရီ – ကာဂလီယာရီ အသင်းရဲ့ မြောက်ကိုရီးယားတိုက်စစ်မှုး Han Kwang-song ကို ဂျူဗင်တပ်စ်နဲ့ အင်တာမီလန်အသင်းတွေက ခေါ်ယူဖို့စိတ်ဝင်စားနေကြပါတယ်။

အင်တာမီလန် – အင်တာမီလန်တိုက်စစ်မှုး အီကာဒီ Icardi ဟာ ရီးယဲလ်မက်ဒရစ်အသင်းအတွက် သင့်တော်တဲ့ ကစားသမားဖြစ်တယ်လို့ ဝါရင့်နည်းပြ ကာပယ်လို Capello က အကြံပြုခဲ့ပါတယ်။

Ref: BBC Sport , Goal.com , Sportskeeda , Ronaldo.com
Photo: Yahoo Sport UK , TheWorldNews
Ko Kyue(Akhayar)
www.akhayar.com