ကင်မရွန်း – ကင်မရွန်းအသင်းဟာ နည်းပြဆီးဒေါ့ဒ် Seedorf နဲ့ လက်ထောက်နည်းပြကလွိုက်ဗက် Kluivert တို့ကို ရာထူးတွေကနေ ထုတ်ပယ်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၉ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ ကင်မရွန်းအသင်း အောင်မြင်မှုမရရှိခဲ့တာကြောင့် အခုလိုမျိုး ရာထူးကနေ ထုတ်ပယ်ခဲ့တာပါ။ ၂၀၁၉ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ ကင်မရွန်းအသင်းဟာ (၁၆)သင်းရှုံးထွက်အဆင့်နဲ့ သာကျေနပ်ခဲ့ရပါတယ်။

အာဆင်နယ် – အာဆင်နယ်အသင်းဟာ ရီးယဲလ်အသင်းရဲ့ ကွင်းလယ်လူ စီဘယ်ယို့စ် Ceballos ကို ခေါ်ယူဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ လက်ရှိအပြောင်းအရွှေ့ဈေးကွက်ထဲမှာ အာဆင်နယ်အသင်းရဲ့ လှုပ်ရှားပုံတွေဟာ အားနည်းနေတာကြောင့် ပရိသတ်တွေက မကျေမနပ်ဖြစ်နေကြပါတယ်။

အက်သလက်တီကို – အက်သလက်တီကိုအသင်းဟာ စပါးညာနောက်ခံလူ ထရစ်ပီယာ Trippier ကို ပေါင်သန်း(၂၀)နဲ့ ခေါ်ယူနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိဈေးကွက်ပေါက်ကွဲမှုအနေအထားကြောင့် ထရစ်ပီယာ ကို ဒီဈေးနဲ့ ခေါ်ယူနိုင်ခဲ့တာက အက်သလက်တီကိုအသင်းအတွက် တန်ခဲ့တယ်လို့ ပြောရပါလိမ့်မယ်။

ဝက်စ်ဟမ်း – ၀က်စ်ဟမ်းအသင်းဟာ ဖရန့်ဖတ်အသင်းရဲ့ တိုက်စစ်မှူး ဟော်လာ Haller ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ သိရပါတယ်။ ဟော်လာ ကို ၀က်စ်ဟမ်းအသင်းဟာ ကလပ်အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်(၄၅)သန်းနဲ့ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။

PSG – မန်ယူအသင်းကနေ PSG အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ကွင်းလယ်လူ ဟာရဲရား Herrera ဟာ Dynamo Dresden အသင်းကို (၁ – ၆ )နဲ့ အနိုင်ရရှိခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ အသင်းအတွက် စတင်ပွဲထွက်ကစားခဲ့တယ်လို့ သိရပါတယ်။ ဒီပွဲမှာတော့ ဟာရဲရား ဟာ PSG အသင်းအတွက် သွင်းဂိုးတစ်ဂိုးဖန်တီးပေးခဲ့ပါတယ်။

စပါး – စပါးအသင်းရဲ့ ရာသီကြိုစင်ကာပူခြေစမ်းခရီးစဉ်ကို ဘယ်နောက်ခံလူ ဒန်နီရိုစ့် Danny Rose က လိုက်ပါသွားမှာမဟုတ်ဘူးလို့ သိရပါတယ်။ လက်ရှိအနေအထားတွေအရတော့ ဒန်နီရိုစ့် ဟာ အသင်းကနေ ထွက်ခွာဖို့ ရာခိုင်နှုန်းများနေခဲ့ပါပြီ။

အေစီမီလန် – အေစီမီလန်အသင်းဟာ ရီးယဲလ်ကွင်းလယ်လူ မိုဒရစ် Modric ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ မိုဒရစ် ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကတည်းက အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်ခဲ့သူဖြစ်ပါတယ်။

Ref: BBC Sports , Goal.com , Daily Mail
Photo: The Guardian
Ko Kyue(Akhayar)
www.akhayar.com