မာဆေးလ် – မာဆေးလ်အသင်းဟာ ချယ်လ်ဆီး နဲ့ စပါးအသင်းတွေရဲ့ နည်းပြဟောင်း ဘိုအက်ရှ် Andre Villas-Boas ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။ ဘိုအက်ရှ် ဟာ မာဆေးလ်အသင်းနဲ့ (၂)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး ဇူလိုင်(၁)ရက်နေ့မှာ အသင်းကို တရားဝင်ကိုင်တွယ်သွားမှာဖြစ်ပါတယ်။

ဘာစီလိုနာ – ဘာစီလိုနာအသင်းနည်းပြ ဗယ်လ်ဗာဒီ Valverde ဟာ အသင်းမှာပဲဆက်ရှိနေမှာဖြစ်တယ်လို့ သိရပါတယ်။ မနေ့ညက ဗယ်လ်ဗာဒီ ဟာ ဘာစီလိုနာအသင်းနည်းပြ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီလို့ ကောလာဟလသတင်းတွေထွက်ပေါ်ခဲ့ပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်နေရသူဖြစ်ပါတယ်။

မန်ယူ – မန်ယူတိုက်စစ်မှူး လူကာကူ Lukaku ဟာ စီးရီးအေကလပ် အင်တာမီလန်အသင်းကို ပြောင်းရွှေ့ဖို့သဘောတူညီမှုရရှိခဲ့ပြီလို့ သတင်းတွေထွက်ပေါ်နေပါတယ်။ လူကာကူ ဟာ အင်တာမီလန်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အမြဲလိုလိုထွက်ပေါ်နေသူဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာတော့ လူကာကူ ဟာ မန်ယူအသင်းအတွက် သွင်းဂိုး(၁၅)ဂိုးသွင်းယူခဲ့ပါတယ်။

အင်တာမီလန် – ချယ်လ်ဆီးအသင်းနည်းပြဟောင်း ကွန်တီ Conte ဟာ (၃)နှစ်စာချုပ်နဲ့ အင်တာမီလန်အသင်းနည်းပြသစ် ဖြစ်လာဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ ကွန်တီ ဟာ အီတလီမြေမှာ အောင်မြင်မှုတွေရယူခဲ့သူဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းနဲ့ စီးရီးအေချန်ပီယံဆုကို (၃)နှစ်ဆက်ရရှိခဲ့ပါတယ်။

Al Sadd – ဘာစီလိုနာ ဂန္ထ၀င်ကစားသမားဟောင်း ဇာဗီ Xavi ဟာ (၂)နှစ်စာချုပ်နဲ့ ကာတာကလပ် Al Sadd အသင်းရဲ့ နည်းပြဖြစ်လာခဲ့ပြီလို့ သိရပါတယ်။ ဇာဗီ ဟာ သူ့ရဲ့ကစားသမားဘ၀ကို Al Sadd အသင်းနဲ့ အဆုံးသတ်ခဲ့တာဖြစ်သလို ကစားသမားဘ၀ကနေ အနားယူအပြီးမှာပဲ Al Sadd အသင်းနည်းပြရာထူးကို ရယူခဲ့တာဖြစ်ပါတယ်။

Ref: BBC Sports , Goal.com , Metro
Photo: Premier League , Šport TV , Everything Barca , Marseille Twitter
Ko Kyue(Akhayar)
www.akhayar.com