ချယ်လ်ဆီး – ချယ်လ်ဆီးတိုက်စစ်မှူး ဂျရူး Giroud ဟာ အသင်းနဲ့ (၁)နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ စာချုပ်သစ်အရ ဂျရူး ဟာ ချယ်လ်ဆီးအသင်းမှာ ၂၀၁၉ – ၂၀၂၀ ဘောလုံးရာသီကုန်ထိ ဆက်ရှိသွားမှာဖြစ်ပါတယ်။ ဂျရူး ဟာ လက်ရှိအချိန်ထိ ချယ်လ်ဆီးအသင်းအတွက် ပွဲပေါင်း(၆၂)ပွဲကစား (၁၇)ဂိုးသွင်းယူထားပါတယ်။

ရီးယဲလ် – ရီးယဲလ်ကွင်းလယ်လူ အစ္စကို Isco ကို ယူရိုသန်း(၁၂၀)နဲ့ ခေါ်ယူဖို့အတွက် မန်ယူ နဲ့ မန်စီးတီးအသင်းတွေက အပြိုင်ဖြစ်နေကြပါတယ်။ အစ္စကို ဟာ အခုအပြောင်းအရွှေ့ကာလမှာ ရီးယဲလ်အသင်းကနေ ထွက်ခွာနိုင်ခြေရှိသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက တော့ အစ္စကို ဟာ ရီးယဲလ်အသင်းအတွက် ပွဲပေါင်း(၃၇)ပွဲကစား (၆)ဂိုးသွင်းယူထားပါတယ်။

မန်ယူ – မန်ယူအသင်းဟာ ဘာစီလိုနာကွင်းလယ်လူ ရာကီတစ် Rakitic ကိုခေါ်ယူသွားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းကလည်း ရာကီတစ် ကိုရောင်းချဖို့ရှိနေပြီး အင်တာမီလန်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေတယ်လို့လည်း သိရပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီးနည်းပြဆာရီ Sarri ကို ဂျူဗင်တပ်စ်အသင်းဟာ နည်းပြအယ်လီဂရီ Allegri ရဲ့နေရာမှာ အစားထိုးဖို့အတွက် ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ နည်းပြဆာရီ ကို ရိုးမားအသင်းကလည်း စိတ်ဝင်စားနေပါတယ်။

မန်စီးတီး – ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ မန်စီးတီး တောင်ပံတိုက်စစ်ကစားသမား ဆာနေး Sane ဟာ အသင်းမှာပဲ ဆက်ရှိနေလိမ့်မယ်လို့ အသင်းဖော် ဂန်ဒိုဂန် Gundogan ကပြောကြားခဲ့ပါတယ်။ ဆာနေး ဟာ ဒီရာသီ မန်စီးတီးအသင်းရဲ့ ပွဲစဉ်တချို့မှာ အရန်အဖြစ်သာရှိနေသူဖြစ်ပြီး ဂန်ဒိုဂန် ကတော့ အသင်းရဲ့ ကွင်းလယ်မှာ ခြေစွမ်းကောင်းတွေကို ပြသနိုင်ခဲ့သူဖြစ်ပါတယ်။

Ref: BBC Sports , Goal.com , Ronaldo.com
Photo: Daily Mail , Goal.com , The Independent , British GQ
Ko Kyue(Akhayar)
www.akhayar.com