ဘင်ဖီကာ – ဘင်ဖီကာလူငယ်ကွင်းလယ်တိုက်စစ်ကစားသမား ယာအိုဖိလစ် Joao Felix ဟာ ရာသီကုန်မှာ ဘင်ဖီကာအသင်းကနေ ထွက်ခွာဖို့အတွက် မျှော်လင့်နေတယ်လို့ သိရပါတယ်။ ယာအိုဖိလစ် ရဲ့ စာချုပ်ပါလျော်ကြေးဟာ ပေါင်သန်း(၁၀၀)ဖြစ်ပြီး သူ့ကိုခေါ်ယူဖို့အတွက် မန်စီးတီး ၊ မန်ယူနဲ့ ဂျူဗင်တပ်စ်အသင်းတွေက စိတ်ဝင်စားနေကြပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာ ယာအိုဖိလစ် ဟာ ဘင်ဖီကာအသင်းအတွက် ပွဲပေါင်း(၃၉)ပွဲကစား (၁၈)ဂိုးသွင်းယူထားပါတယ်။

အေစီမီလန် – အေစီမီလန်အသင်းဟာ ဘာစီလိုနာလူငယ် တောင်ပံကစားသမား မဲလ်ကွန်Malcom ရဲ့ အေးဂျင့်နဲ့တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။ ဘာစီလိုနာအသင်းမှာ ရုန်းကန်နေရတဲ့ မဲလ်ကွန် ဟာ အေစီမီလန်အသင်းရဲ့ ထိပ်တန်းပစ်မှတ်ကစားသမားဖြစ်ပြီး ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် သွင်းဂိုး(၄)ဂိုးသွင်းယူထားပါတယ်။

အာဆင်နယ် – အာဆင်နယ်အသင်းဟာ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာမယ့် ရမ်ဆေး Ramsey ရဲ့နေရာမှာ အစားထိုးဖို့အတွက် ဆမ်ဒိုးရီးယားကွင်းလယ်ကစားသမား Praet ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အသက်(၂၄)နှစ်အရွယ်ရှိပြီဖြစ်သူ Praet ဟာ ဒီနှစ်ဘောလုံးရာသီမှာ ဆမ်ဒိုးရီးယားအသင်းအတွက် (၂၇)ပွဲကစား(၂)ဂိုးသွင်းယူထားပါတယ်။

စတုတ်စီးတီး – စတုတ်စီးတီးအသင်းဟာ ဂိုးသမား ဘတ်လန်း Butland အတွက် ပြောင်းရွှေ့ကြေးပေါင်သန်း(၃၀)တောင်းဆိုဖို့ရှိနေတယ်လို့ သိရပါတယ်။ ဘတ်လန်း ကိုခေါ်ယူဖို့အတွက် လက်ရှိမှာ ပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်တဲ့ ဘုန်းမောက်နဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတွေက ပစ်မှတ်ထားနေကြပါတယ်။

နယူးကာဆယ် – နယူးကာဆယ်အသင်းဟာ နည်းပြဘင်နီတက်ဇ် Benitez ရဲ့နေရာမှာ အစားထိုးဖို့အတွက် အေစီမီလန်နည်းပြ ဂတ်တူဆို Gattuso ကို မျက်စိကျနေတယ်လို့သိရပါတယ်။ နည်းပြဘင်နီတက်ဇ် ဟာ ဒီနှစ်ဘောလုံးရာသီကုန်မှာ နယူးကာဆယ်အသင်းကနေ ထွက်ခွာဖို့ရှိနေတာကြောင့် အသင်းရဲ့နည်းပြသစ်ဘယ်သူဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

Ref: BBC Sports , Goal.com
Photo: Gist Junction , SempreMilan , Everything Barca
Ko Kyue(Akhayar)
www.akhayar.com